ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 4 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago
တိတ်ဆိတ်မှု ဟာ
အသွေးအသားထဲမှာ လည်ပတ်နေသ၍
တစ်ယောက်ထဲ နေနိုင်အောင်
နေနေ သ၍
စိတ်ကလေး မနာမကျန်း
မရှိ သ၍
တစ်စုံ တစ်ယောက်ကိုယ်
တောင်းတနေတာမျိုး မဖြစ်သ၍
လိုအင်ဟူသမျှ ကိုယ်
အပူအပင်တွေနဲ့ နေတတ် သ၍
ဒီအတိုင်းလေးပဲ
ဆက်ရှင်သန်နိုင် သ၍
ပူလိုက် အေးလိုက်
ဘဝလေးထဲမှာ ပျော်အောင်နေနိုင် သ၍
ကမ္ဘာဟာလည်း အေးချမ်းမှုတွေနဲ့ပြည့်နေ သလို
ကိုယ်ဟာလည်း ပျော်ရွင်မှုတွေ တိုးနေမယ်........။
လက်ရှိတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကမ္ဘာ့အရေးပေါ်အခြေ အနေကြညာထားတဲ့ မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိထားပြီဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သတိပြုဆင်ခြင်နေထိုင်ဖို့ လိုအပ်လာပြီဆိုတာ အသိပေးတင်ပြလိုက်ပါတယ်။
#Crd ခေတ်သစ်မီဒီယာ
အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါ
ရန်ကုန်| ဩဂုတ် ၂၃
မျောက်ကျောက်ရောဂါ -Mpox (monkeypox) ကူးစက်မှုဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီလို့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ လက်တလော ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါပိုးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ကူးစက်လာနိုင်တဲ့ အလားအလာတွေရှိနေလို့ သတိပြုဆင်ခြင်ရမယ့် အခြေအနေဖြစ်ပါတယ်။
ဒီရောဂါဟာ ၁၉၅၈ ခုနှစ်က သုတေသနပြုလုပ်ဖို့ သိမ်းဆည်းထားတဲ့ မျောက်အုပ်စုတွေမှာ ပထမဆုံးတွေ့ရှိခဲ့လို့ မျောက်ကျောက်ရောဂါ-Mpox (monkeypox) လို့ နာမည်တပ်ခဲ့က ၁၉၇၀ ပြည့်နှစ်တွေမှာ လူသားတွေထံ ကူးစက်လာတာကို စတင်တွေ့ရှိခဲ့ပါတယ်။
ဒီရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်တွေကတဆင့် ကူးစက်တာအပြင် လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားစေလို့ WHOက အခုအချိန်မှာ ကူးစက်မှု အရေးပေါ်အခြေအနေကြေညာထားတာ ဖြစ်ပါတယ်။
သတိပြုရမယ့် မျောက်ကျောက် ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်အိပ် (Lymph node) တွေရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာ အနီကွက် (သို့) အဖုအပိန့်တွေ၊ အရည်ကြည်ဖုတွေထွက်တာတို့ဘဲဖြစ်ပါတယ်။
လက္ခဏာတွေထဲကတခုဖြစ်တဲ့ အနီကွက်တွေကို စတင်ဖျားပြီး တစ်ရက်ကနေ သုံးရက်အတွင်း အရေပြားပေါ်မှာ တွေ့ရပြီးနောက် အဖုအပိန့်တွေ၊ အရည်ကြည် (သို့) အဝါရောင်အရည်တွေပြည့်နေတဲ့ အရည်ကြည်ဖု၊ ပြည်ဖု အနေ အထားတွေနဲ့ တွေ့လာရတတ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ နောက်ပိုင်း ပေါက်ထွက်ပြီး ခြောက်သွေ့ကာ အနာဖေးအနေနဲ့ ကွာကျသွားပါတယ်။
လူနာတစ်ယောက်စီမှာ အဖုအပိန့်တွေကို အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပြီး အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ မျက်စိတွေမှာ တွေ့ရတတ်ပါတယ်။
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလားဆိုရင်တော့ လူနာအများစုက ရက်သတ္တပါတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးတွေဖြစ်ပွားပြီး သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့ အရေပြားမှာ အနာဖြစ်တာ၊ အဆုတ်ရောင်တာ၊ စိတ် ကယောင်ခြောက်ခြားဖြစ်တာနဲ့ မျက်လုံးကို ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။
မျောက်ကျောက် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေရဲ့ သတင်းအချက်အလက်ပေးပို့မှုတွေအရ လူနာ ၃ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပြီး ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ အများစုသေဆုံးတယ်လို့ WHOက ဆိုပါတယ်။
ဒီအချက်အလက်တွေက ရောဂါဖြစ်ပွားမှုများတဲ့ နိုင်ငံတွေရဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့စနစ်လိုအပ်ချက် အကန့်အသတ်ကြောင့် ပိုမိုတွက်ချက်ခန့်မှန်းထားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီရောဂါကူးစက်ပုံက ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့လို့ လူကို ကူးစက်စေသလို ရောဂါလက္ခဏာခံစားနေရတဲ့ လူအချင်းချင်း အနီးကပ် ကိုင်တွယ်ထိတွေ့ထိတာကနေလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူတဦးဟာ ရောဂါလက္ခဏာခံစားနေရချိန် ၂ပါတ်ကနေ ၄ ပတ်( ၁လ)အတွင်း တခြားသူကို ကူးစက်စေနိုင်ပါတယ်။
ဒါ့အပြင် ရောဂါလက္ခဏာခံစားနေရသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းကလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ အထူးသဖြင့် လူနာရဲ့ အနီကွက်တွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ (အရည်ပြား အဖုအပိန့်က ထွက်တဲ့အရည်၊ ပြည် ၊ သွေး) နဲ့ အနာဖေးတွေက တဆင့် ကူးစက်စေသလို ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးတဲ့ ဗိုင်းရပ်စ်ကပ်ညိနေသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ ၊ စားသောက်ရာမှာ သုံးတဲ့ပစ္စည်းတွေ၊ ပန်းကန်တွေကို ကိုင်တွယ်ထိတွေ့ခြင်းကနေလည်း တစ်ဆင့်ကူးစက်စေပါတယ်။
ထူးခြားတာက ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူတွေဟာ မျောက်ကျောက်ရောဂါဖြစ်ပွားတာကနေ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်တယ်လို့ WHOက ဆိုပါတယ်။
ကျောက်ကြီးရောဂါပပျောက်သွားတဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းရပ်နားထားခဲ့လို့ ငယ်ရွယ်သူတွေက ကျောက်ကြီးရောဂါ ကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့အတွက် လူငယ်တွေ ပိုသတိထားသင့်တယ်လို့လည်း WHOက သတိပေးထားပါတယ်။
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများက မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေး ဆေးအသစ်တစ်မျိုး ဖြစ်တဲ့ MVA-BN၊ Imvamune၊ Imvanex of Jyynneo က မျောက်ကျောက်ရောဂါ ကူးစက်တာကာကွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ခွင့်ပြုချက်ရရှိထားပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။
Good night! ပါရှင့် ????
ကောင်းသောညလေး ဖြစ်ပါစေနော်
May နားပါပြီနော်
"ဘဝမှာ..
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။
"ဘဝမှာ..
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။
ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။
ဒါကြောင့်...
ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။
အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။
လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။
တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။
မြန်မာတို့ရေ ကျွန်တော်တို့ရှုံးပြီ....။
မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီးတစ်ယောက်နဲ့
ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ
စကားနည်းနည်း ပြောဖြစ်ကြတယ်။
ဂျပန်မိတ်ဆွေကပြောတယ်။
ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး…
ဟုတ်လို့လား ကျွန်တော်ကတော့ ကွာတယ်လို့ ထင်ပါတယ်၊
ရှင်းပြပါဦး လို့ ပြန်ပြောလိုက်တယ်။
တကယ်တမ်းက ဂျပန်တစ်ယောက်နဲ့ မြန်မာ တစ်ယောက်
Level တူ Ground field မှာ
ပညာရပ် ဖြစ်ဖြစ်၊တီထွင်မှုဖြစ်ဖြစ်
တစ်ခုခုကို ပြိုင်ခိုင်းရင်
တစ်ခါတစ်ရံ ဂျပန်လည်း နိုင်နိုင်တယ်။
ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။
တစ်ယောက် တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်။
၅၀% ခန့် ရှိတယ်။
မျှော်လင့်လို့ ရတယ် ပေါ့လေ…။
အဲဒီတော့…
ကျွန်တော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်သေးတယ်။
ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်။
ဒါပေမယ့်ဆရာ…
ခင်ဗျားနဲ့ကျွန်တော်
တစ်ယောက်ချင်းပြိုင်ရင် နိုင်ချင်တဲ့အခါ နိုင်မယ်။
ပညာပေါ့နော်၊ အားကစား၊ နည်းပညာ တီထွင်မှုပေါ့။
ဂျပန်က ဖြတ်ထိုးဉာဏ်ထက်
လုံ့လ ဝီရိယ ပိုအားကောင်းတယ်။
မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။
ဒါပေမယ့် ဆရာ…. တဲ့။
ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့
ဂျပန် ငါးယောက် ပြိုင်ရင်တော့
ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး။
၁၀၀% မနိုင်ဘူး တဲ့။
ဘာဖြစ်လို့လဲဆိုတော့
ခင်ဗျားတို့က တစ်ဦးချင်း အရည်အချင်း စွမ်းရည် ရှိပေမဲ့
အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက် ပေါင်းလုပ်ခဲ့ရင်
အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ…။
အဲဒီ cultural ခင်ဗျားတို့မှာအားနည်းတယ်။
အဲဒီလိုရှင်းပြတော့ ကျွန်တော် မင်သက်မိတယ်။
တစ်ဆက်တည်း
ကျွန်တော့်ဘေးကလူတွေ၊
ကျွန်တော့်မိတ်ဆွေတွေ၊
ကျွန်တော့် အသိုင်းအဝိုင်းတွေ၊
ကျွန်တော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊
သမိုင်းကြောင်းတွေ အားလုံး
တန်းစီ စဉ်းစားမိရောပေါ့ဗျာ…။
သူပြောတာ ဟုတ်နေတာကိုး…။
အတော်ကို ဟုတ်နေတာ…..
ကျွန်တော်တို့ ရှုံးနေဦးမှာပဲလေ။
တစ်ဦးချင်း၊တစ်ယောက်ချင်း ဘယ်လောက်တော်တော်
ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲအရည်အချင်းရှိရှိ
အချင်းချင်း မညီညွတ်ကျတော့…..။
အမြဲတမ်း ရှုံးနေဦးမှာပါ။
ညီအစ်မတွေ ဆိုတာ??
ဖတ်ကြည့်နော်…
1- ရယ်စရာရှိရင်
အတူတူ ရယ်ကြတယ်။
ဝမ်းနည်းစရာ တွေ့ရင်
အတူတူ ငိုကြတယ်။
2- တစ်ဦးတစ်ယောက်က
အသည်းကွဲခဲ့ရင်
နောက်တစ်ယောက်ကလည်း
အလိုလို ရင်နာကြတာပါ။
3- ရင်ဖွင့်စရာရှိရင်
သူငယ်ချင်းဖြစ်သွားပြီး
ဆုံးမစရာရှိရင်
မိခင်တွေ ဖြစ်သွားတတ်ကြပါတယ်။
4- တစ်ယောက်က
ဓာတ်ပုံလှလှလေး ရဖို့
ပို့စ်ပေးနေစဉ်
ကျန်တစ်ယောက်က
ကပျက်ကချော် လုပ်ပြီး
စတတ်တာမျိုး။
5- ခဏတိုင်း လိုလို
စကားများ ရန်ဖြစ်ကြပေမဲ့
ပြီးကျတော့လည်း
ဘာမှ မဖြစ်သလိုနဲ့
ပြန်တည့်သွားတတ်တာမျိုး။
6- တစ်ယောက်သိမ်းထားတဲ့ အရာ
ဘာလဲဆိုတာ
တစ်ယောက်က
အလွန် စပ်စုတတ်တာမျိုး။
7- ဘယ်လိုပဲ မတည့် မတည့်
တိုင်ပင်စရာတွေ ရှိလာရင်
ကိုယ့်ညီမ အချင်းချင်းပဲ ပြောပြပြီး
လျှို့ဝှက် တိုင်ပင်တတ်တာမျိုး။
8- ကိုယ့်ညီမ အချင်းချင်းပဲ သိတဲ့
အကြောင်းအရာတွေကို ဆိုရင်
ဘယ်သူ လာမေးမေး
နှုတ်လုံတာမျိုး။
9- အချင်းချင်းသာ
ခဏတိုင်း ရန်ဖြစ်ချင် ဖြစ်မယ်
ဒါပေမဲ့…
သူစိမ်းတစ်ယောက်က လာပြီး
ရန်စရင်တော့
ညီအစ်မတစ်တွေ စည်းလုံးပြီး
ပြန် ရန်တွေ့တတ်တာမျိုး။
10-နှစ်ယောက်လုံးကြောင့် အိမ်မှာ
ပစ္စည်းတစ်ခုခု လွတ်ကျခဲ့ရင်
သူ့ကြောင့် နင့်ကြောင့် ဆိုပြီး
လွှဲချတတ်တာမျိုး။
11-စကားတွေ ဖွဲ့နွဲ့ပြီး မပြောတတ်ပေမဲ့
စိတ်ထဲမှာတော့
တစ်ယောက်ကို တစ်ယောက်
အမြဲတမ်း ရှိနေတတ်တာ ညီအစ်မတွေပါ။
12-နှလုံးသားချင်း ထပ်တူကျတဲ့
ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပေါ့။
12-တကယ်တော့…
ညီအစ်မဆိုတာ
အကောင်းဆုံး သူငယ်ချင်းလိုပါပဲ။
မူရင်း Credit-
(သမီးလေးဖတ်ဖို့ knowledge)
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
Good morning everyone
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 4 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago