Why Pay for Entertainment? Access Thousands of Free Downloads Now!

PSLF/TNLA News

Description
This is PSLF/TNLA News Official Channel.
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago

1 month ago

တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းဆိုင်ရာ အသိပေး ထုတ်ပြန်ခြင်း

၂၀၂၄ခုနှစ်၊ မတ်လ (၂၆)ရက်
တအာင်းပြည်နယ်

တအာင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် တအာင်း(ပလောင်)လက်ဖက်အသင်းမှ ဉီးဆောင်ပြီး တအာင်းဒေသရှိ လက်ဖက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးအား ၂၀၂၄ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နမ့်ဆန်မြို့၊ ကျောက်မဲမြို့၊ မိုးကုတ်မြို့၊ မန်တုံမြို့နယ် လက်ဖက်အသင်း နှင့် လက်ဖက်ကုန်သည်များ စုစုပေါင်း (၆၆)ဉီး တက်ရောက်ခဲ့ပြီး တအာင်းဒေသ လက်ဖက်လုပ်ငန်းဆိုင်ရာ အခြေအနေ အရပ်ရပ်ကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အောက်ပါအတိုင်း သဘောတူညီခဲ့သည်။
(၁) လက်ဖက်ရွှေဖီဉီးအား ဧပြီလကုန်အထိ လက်ဖက်ရွက်စိမ်း ၁ပိဿာ အနိမ့်ဆုံးစျေး (၂၅၀၀) ကျပ် သတ်မှတ်ခြင်း။

(၂) လက်ဖက်ခြောက် ၁ပိဿာ၏ အလေးချိန်အား ၃.၆ပေါင် ပြည့်ရမည်ဟု အလေးချိန် သတ်မှတ်ခြင်း။

(၃) လက်ဖက်စိမ်း(ရွက်စိမ်း) လက်ဖက်စို ၁ ပိဿာ၏ အလေးချိန်အား (၄)ပေါင် ပြည့်ရမည်ဟု အလေးချိန် သတ်မှတ်ခြင်း။

(၄) လက်ဖက်အားချိန်တွယ်ရာတွင် အိတ်ခွံနှင့် ရေအလျော့တွက်ခြင်း မရှိစေရ။

(၅) လက်ဖက်လုပ်ငန်းရှင်ကြီးများအနေဖြင့် အခြားလုပ်ငန်းရှင်များအား ထိခိုက်ပျက်စီးစေမည့် အပြုအမူလုပ်ရပ်များ မပြုလုပ်ရန်ဟူသည့် အချက်(၅)ချက်အား သဘောတူခဲ့ကြသည်။

ထို့အပြင် ရောင်းတန်းမဝင်သည့် လက်ဖက်များအား ကုန်သည်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ချမှတ်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

1 month ago
PSLF/TNLA News
1 month, 1 week ago

အမှားပြင်ဆင်ချက်

၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် PSLF/TNLA မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့မြို့နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း (၄၀၀၀) ကျော် ကူညီထောက်ပံ့သည့် သတင်းကို မိမိတို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းသည် မပြည့်စုံသည့်အတွက် မှားယွင်းစွာ ဖော်ပြမိခဲ့သည့်အတွက် ပြန်လည်ဖြုတ်သိမ်းပြီး ဌာနမှ တောင်းပန်အပ်ပါသည်။

1 month, 1 week ago
သတိပေး ထုတ်ပြန်ကြေညာခြင်း

သတိပေး ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

1 month, 1 week ago
PSLF/TNLA News
1 month, 1 week ago

နမ္မတူမြို့ခံ လူထုကို PSLF/TNLA ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံဆွေးနွေး

နမ္မတူ ၊ မတ်လ ၁၈ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့က ဒေသခံလူထုတွေကို တအာင်းတပ်မတော် PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ယနေ့ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

လူထုတွေ့ဆုံပွဲကို နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်၊ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အပြင် အုပ်ချုပ်ရေးဌာနမှ ဌာနမူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒု-ဌာနမှုူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်နှင့် ဒေသတွင်း စစ်ဘက်ရေးရာမှ တာဝန်ရှိသူများနှင့် နမ္မတူမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ PSLF/TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ ရှင်းလင်းပြောကြားခြင်း၊ နမ္မတူမြို့နယ်အတွင်း ရှေ့ဆက် ဆောင်ရွက်သွားမည့် ပညာ‌ရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

တအာင်းတပ်မတော် PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့အပါအဝင် မန်တုံနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်မှုအခြေအနေများ ရှိခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်မှ စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးအမိန့်နှင့်စပ်လျဥ်း၍ ဖြစ်နိုင်ဖွယ်ရာအခြေအနေများကို အသေးစိပ် ရှင်းလင်းပြောကြားကာ စစ်ကောင်စီတပ်၏ အရပ်သားလူထုအပေါ် ပြုကျင့်လေ့ရှိသည့် စစ်ရာဇဝတ်မှုများကို ပြည်သူများအနေဖြင့် အမြဲတစေ ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် PSLF/TNLA၏ အုပ်ချုပ်ရေးဌာနမူး ဗိုလ်မှူးချုပ်တားဂူးဂျားက နမ္မတူမြို့နယ်အတွင်း PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှုကိုယ်စားများနှင့် ဒေသခံ အရပ်သားလူထုများက နမ္မတူမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ ပရဟိတဆိုင်ရာလုပ်ငန်းများနှင့် သိရှိလိုသည်များကို မေးမြန်း၊ အကြံပြု ဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗိုလ်မှူးချုပ် တားဂူးဂျားတို့မှ အသေးစိပ် ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့သည်။

နမ္မတူမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် တအာင်း အစရှိသည့် လူမျိုးများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့ များ စုစုပေါင်း လူဦးရေ(၃၀၀)ခန့် တက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

1 month, 1 week ago
PSLF/TNLA News
1 month, 1 week ago
PSLF/TNLA News
1 month, 1 week ago

တအာင်းဥပဒေ အကယ်ဒမီကျောင်းအပတ်စဉ် (၂) ဖွင့်လှစ်၊ ကယန်းပြည်မှ ကျောင်းသား/သူ(၄)ဦးအပါအဝင် (၅၀)ဦး တက်ရောက်ခွင့်ရ

နမ္မတူ၊ မတ်လ ၁၈ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့တွင် တအာင်းဥပဒေ အကယ်ဒမီကျောင်းအပတ်စဉ် (၂)ကို ယမန်နေ့ မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်း၌ စတင်ဖွင့်လှစ်လိုက်သည်။

ယခု ဖွင့်လှစ်လိုက်သည့် အပတ်စဉ်(၂)တွင် တအာင်းပြည်နယ်အတွင်းရှိ နေရပ်အသီးသီးက တအာင်းလူငယ်မောင်မယ်များအပြင် ကယန်းပြည်မှ ကျောင်းသား/သူ(၄)ဦးလည်း ပါဝင်ရာ စုစုပေါင်းကျောင်းသား/သူ (၅၀)ဦး တက်ရောက်ခွင့်ရရှိသည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား/သူများအနေဖြင့် သင်တန်းကာလ(၂)နှစ်အတွင်း၌ ဥပဒေပညာရပ်များကို အခြေခံကျကျလေ့လာသင်ယူရန်လိုအပ်ကြောင်း တိုက်တွန်း‌ပြောကြားပြီး နောင်တွင် ဒီပလိုမာဘွဲ့အဆင့်ထက် မြင့်မားသည့် တက္ကသိုလ်ဘွဲ့များ ပေးအပ်နိုင်ရန် စီစဥ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တအာင်းဥပဒေအကယ်ဒမီကျောင်း၏ တာဝန်ခံဖြစ်သူ မိုင်း‌မျိုး‌အောင်ကလည်း တအာင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် တအာင်းပြည်နယ်အတွင်း လိုအပ်နေသည့် ရှေ့နေနှင့် တရားသူကြီးများ ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်ဟု ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ရှေ့ဆက်ဖွင့်လှစ်မည့် တအာင်းဥပ‌ဒေအကယ်ဒမီကျောင်း၏ အပတ်စဉ်များတွင် မည်သည့်လူမျိုးကိုမဆို တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းကို တက္ကသိုလ် ဝင်တန်းအောင်အဆင့် သတ်မှတ်ထားသည်။

တအာင်းဥပဒေ အကယ်ဒမီကျောင်းကို တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ TLAF (Ta’ang Law Academy Foundation ) က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ကမကထ ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ်(၁)တွင် ကျောင်းသား/သူ(၃၀)ကျော် မွေးထုတ်နိုင်ခဲ့သည်။ အပတ်စဥ်(၁)ကျောင်းပြီးသွားသော ကျောင်းသား/သူများသည် လက်ရှိတွင် တအာင်းပြည်နယ်အတွင်း တရာဥပဒေစိုးမိုးရေးအတွက် အရပ်ဘက် တရားရုံးတွင်လည်းကောင်း၊ PSLF/TNLA၏ စစ်ဘက်တရားရေးဌာနတို့တွင်လည်းကောင်း ရှေ့နေအဖြစ် တရားစီရင်ရေးတာဝန်များ အသီးသီး ပြန်လည် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

1 month, 2 weeks ago
PSLF/TNLA News
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago