ᵖᵒᵉᵐˢ ᶠᵒʳ ᵗʰᵃᵗ ᵒⁿᵉ ᵖᵉʳˢᵒⁿ

Description
ကြော်ငြာစုံစမ်းရန် - @huko98
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

1 year ago

"ငါပြောလိုက်ရင် သူစိတ်မကောင်းဖြစ်သွားမလား" ဆိုတဲ့ အသိလေးက
ဆက်ဆံရေးတိုင်းအတွက် တကယ်လိုအပ်တယ်
စကားဖြစ်ရင်ပြီးရော ပြောချင်ရာဇွတ်ပြောတဲ့လတွေကို
တကယ် ကြောက်တယ်
သူတို့ပြောလိုက်တာက ဘာမှမဟုတ်သလိုလေး ဆိုပေမယ့်
ကိုယ့်အတွက် အနည်းနဲ့အများတော့ စိတ်ထဲ ခံစားရလို့။

:ctto

1 year ago

“အနွေးထွေးဆုံးခံစားချက်ဟာ သူ့ဆီကပဲရမိတယ်”

တနေ့တာကြုံတွေ့ခဲ့ရသမျှ ပင်ပန်းမှုတွေအဆင်မပြေမှုတွေ
သူ့ဆီဖွင့်ပြောမိတဲ့အခါ သူဟာဘယ်တော့မှမငြီးမငြူ
ကိုယ်စကားတွေကို စိတ်ရှည်စွာနားထောင်ပေးတတ်တယ်။

သူဟာ ကိုယ့်ကိုအမြဲအလေးထားတယ်
ကိုယ့်ဆီကိုသတိတရပို့တဲ့messageတွေကအစ
ကိုယ်ကြိုက်တတ်တာလေးဝယ်လာပေးတာအဆုံး
သူ့ဆီကပဲအမြဲဖြစ်နေတတ်တာ။

တွေ့ရတဲ့အခါ လက်ကလေးကိုင်ထားပေးပါအုံး
ပင်ပန်းနေတဲ့အခါ အာဘွားလေးပေးပါအုံး
အဆင်မပြေတဲ့အခါ ဖက်ထားပေးပါအုံး
ပြောစရာမလိုအောင် သူ့ဟာကိုယ့်အရိပ်အခြေကိုကြည့်ပီး
အမြဲလေ့လာနေတော့တာ။

နာကြင်ခဲ့ရတဲ့အကြောင်းတွေပြောပြတဲ့အခါ
သူဟာကိုယ့်ကိုနာကြင်စေမဲ့အရာတွေကို
တကုတက တမင်ရှောင်ကျဉ်နေခဲ့သလိုမျိုးပဲ။

ဘုရား‌ေရှ့မှာလဲနားပူနဆာမလုပ်ခဲ့သလို
မေမေ့ဆီမှာလဲ မပူဆာခဲ့မိပါဘူး။
ဒါပေမဲ့ သူဟာကိုယ့်ဆီပဲဆိုက်ဆိုက္မြိုက္မြိုက်ရောက်လာခဲ့ပီး
ကိုယ်လက်ကလေးကအစ ကိုယ့်ဘဝတခုလံုး အဆုံး
အကုန်နွေးထွေးစေခဲ့တော့တာ။

မတောင်းပဲရလာခဲ့တာမို့
သူမတောင်းဆိုပဲ ကိုယ်ကအမြဲအနားရှိပေးဖို့
နေ့ရောညရော အမြဲတွေးပေးရတာပေါ့။

#ချစ်ရသူဟာတိမ်တွေကြားမှာ☁️
#jucekerlufer

1 year, 2 months ago

ဘယ်လိုပုံစံနဲ့ စိတ်ထဲကထုတ်နိုင်သွားလဲဆိုရင်
နေ့စဉ်ရက်ဆက် စောင့်ကြည့်နေရင်းက
ထုတ်နိုင်သွားတယ်လို့ ပြောရမှာပဲ။
တစ်ယောက်ယောက်ကို နွေးထွေးနေတယ်လို့
မြင်ရသိရရင်
သြော်ကိုယ်လည်း ဒီနွေးထွေးမှုတွေ ရခဲ့ဖူးတယ်။
တစ်ယောက်ယောက်နဲ့ အဆင်မပြေဘူးလို့
သိရရင်လည်း
ကိုယ်နဲ့တုန်းကလည်း ဒီလိုပဲ လက်တွဲဖြုတ်ခဲ့ရတာ
ဆိုပြီး ကိုယ်မပါဝင်တော့လည်း
သူ့ဘဝလေးက ပုံမှန်လည်ပတ်နေမှာလို့
ပုံသေတွက်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်ခဲ့ရတာ။

- Lionel Sn -

1 year, 2 months ago

လူတွေ တစ်ယောက်နဲ့တစ်ယောက် အစပိုင်းအရမ်းချစ်ကြပြီး နောက်ပိုင်းဘာလို့ လမ်းခွဲသွားကြလဲဆိုတော့
တယောက်အရေးပါမှုကို တယောက်က သာမာန်လို့ပဲထင်လာတဲ့အခါ
လှလား လို့ မေးရင်တောင် သာမာန်လိုပဲပြုမူတတ်တဲ့အခါ
အမှတ်တရလေးတွေဖန်တီးကို အလေးမထားလာကြတဲ့အခါ
အလုပ်တွေလုပ်ရင် တကယ့် ဘဝ အလုပ်တွေက်ို မေ့လာတဲ့အခါ

လူနှစ်ဦး ပေါင်းစပ်မှုဟာ တနေ့တာလုံး အချိန်တွေပိုင်ဆ်ိုင်ထားမှမဟုတ်ဘူး
၂မိနစ်အချိန်ရလို့ အဲ့ဒီ ၂မိနစ်လေးမှာ ၁ဦးပေါါ၁ဦး take careလုပ်ပေးနိုင်တာလဲ ချစ်ခြင်းမေတ္တာပဲ
သာမာန်ဆိုတာ သူစိမ်းတွေမှ ဆက်ဆံတာပါ
ရင်နှီးချစ်ကျွမ်းဝင်မှုဟာ ကိုယ်တို့ ဘလောက် attentionပေးသလဲ ဆ်ိုင်ပါတယ်
အားလပ်ရက်တခုမှာ
ကိုယ်တို့အပြင်သွားမယ်
အပြင်သွားရင်း ရုတ်တရက် ပန်းလေး လှမ်းခူးပီး ပန်ပေးလိုက်တာကလဲ ချစိခြင်းမေတ္တာပေါ့
ကျနော်တိူ့တွေဟာ အချစ်ကိုတွေ့ရှိကာမှ
သာမာန်လူတွေလိုသာ ဆက်ဆံနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာ လို့မဟုတ်ဘူး တဥိးကိုတဦး သိတာလို့ပဲခေါ်တယ်
ချစ်သူတွေဆိုတာ အလေးထားရတယ်
ရင်ခုန်အောင်လုပ်ပေးတတ်ရတယ်
အဖိုးအဖွားတွေ အသက်-၈၀ကျော်တဲ့ထိ အချစ်တွေခိုင်မြဲနေတယ်ဆိုတာကလေ
ရင်ရွှေ ချက်ပေးတဲ့ဟင်းလေးကမှ စားကောင်းတာ ပါဆ်ိုပီး အဖွားရှေ့မာ ပြောလိုက်ရင် အဖွားအချစ်တွေ အသစ်တဖန်မွေးဖွာခဲ့ပြီ

အချစ်က အမြဲသစ်နေဖို့လိုတယ်
Romantic ဆန်ရတယ်
ငိုရတယ်
ငြင်းခုန်ရမယ်
အမှတ်တရတွေ ဖန်တီး ကြမယ်
တယောက်ခံစားချက်ကိုတယောက်က နားလည်ပေးနိုင်ရမယ်
ဒါမှ ချစ်သူလို့ပဲသတ်မှတ်ကြတာပေါ့

ချစ်သူဘဝမှာ သာမာန်လူတွေလ်ုပဲ သွားချိန်တန်သွား/ ဘာမှ romantic မဆန်/attentionမပေးရင် အလကားပါပဲ

ညနေစောင်းမှာ ကော်ဖီတခွက် သောက်ပီး
ဒီနေ့အရမ်းလှနေတယ်ဆိုတဲ့ စကားတခွန်းဟာ သိပ်အရေးပါတယ်နော်။

#Aurum

1 year, 2 months ago

အခုနောက်ပိုင်း အတတ်နိုင်ဆုံး
ဘယ်လိုကိစ္စမဆို နားလည်လိုက်ဖို့
စိတ်ကို မပူလောင်ရအောင်နေဖို့ပဲ တွေးတော့တယ်။
စိတ်အတွက်အမှိုက်ဖြစ်စေနိုင်တာမှန်သမျှ
ခပ်မြန်မြန်ဖယ်ထုတ်ရှင်းလင်းလိုက်တယ်။

“စွဲလမ်းတာတွေ လျော့နည်းလာလေလေ
ရှင်သန်ရတာပျော်စရာ ပိုကောင်းလာလေလေ”ပဲလေ။

crd

1 year, 3 months ago

ဘာကိုမှမယုံချင်တော့တာရာသီဥတုက အစ
ပန်းတွေပွင့်တာအဆုံး တစ်စုံတစ်ယောက်ဆီက ရရှိမဲ့
ချစ်ခြင်းမေတ္တာတွေ တစ်နေ့နေ့ဆိုတာတွေကို
မယုံချင်တော့ဘူး ကိုယ့်ကိုကိုယ်လည်း မယုံကြည်ဘူး
အချိန်အကြာကြီးအထိ ပိုင်ဆိုင်ခဲ့ဖူးတာလည်း မရှိပါဘူး။
- ခက်နှောင်

1 year, 3 months ago

တစ်ခါက အမြဲတမ်းဆိုသလို
မျက်မှန်းတန်းမိခဲ့တဲ့ သူတစ်ယောက်ရှိတယ်။

အမြဲတမ်းလည်းမြင်နေ တွေ့နေရတော့
ဆုံတိုင်းကြုံတိုင်း သူ့အကောင့်ထဲ ဝင်ကြည့်ဖြစ်တယ်။

ပျင်းစရာကောင်းလိုက်တာဆိုတဲ့စိတ်နဲ့
အမြဲတမ်းကျော်သွားခဲ့တယ်။

အချိန်တန်လာတော့ ကံကြမ္မာကြီးက
သူ့နားတွန်းပို့ခဲ့တယ်။

အစောထဲက ဆုံဖို့ ၊ ကြုံဖို့
ကံပါလာတာ က တစ်ကြောင်း…
ဝဋ်လေးကလည်း လည်ဖို့ရှိတာ တစ်ကြောင်းနဲ့
တစ်ယောက်ကိုတစ်ယောက်
အရမ်း Chemistry မိခဲ့ကြတယ်။

နောက်တော့ လိုအပ်တာထက် ပိုရင်းနှီးသွားကြပြီး
“သူ့နှလုံးသားလေး အပိုင်ပေးရမလား”ဆိုတဲ့
ခွင့်ပန်ချက်နဲ့ ဘဝကြီးထဲ ဝင်လာခဲ့တယ်။

လောကသဘာဝအရကိုယ်နဲ့တူတဲ့သူ
ကြုံလာခဲ့ရင် ချိန်ခွင်တစ်ဖက်က
အမြဲအလေးသာတတ်တာမို့
လက်ခံပေးခဲ့မိတယ်။

အင်း… သူဝင်လာခဲ့တယ်။
သူပဲ ပြန်ထွက်သွားခဲ့တယ်။

ခုတော့ ငါတို့နှစ်ယောက်က လျှောက်ကြတဲ့
လမ်းချင်းတူနေတာတောင်
လမ်းခွဲပြီးတဲ့နောက်မှာအကွာအဝေးတစ်ခုနဲ့
အရင်ကထက် ပိုစိမ်းသွားခဲ့ပြီ။

ဘာသိလိုက်ရလဲဆို…
လူနှစ်ယောက်ဟာ ကံပါလာရင်
ဘယ်လို ဖြစ်ရပ်မျိုးနဲ့ပဲ ကြုံကြုံ ဘဝတစ်ကွေ့မှာ
ဝင်တိုက်ကို တိုက်မိကြတယ်။

နောက်တစ်ခုက ရင်းနှီးပြီးတဲ့
သူစိမ်းတွေက ပိုစိမ်းတဲ့အကြောင်းနဲ့
ဝေးချင်ရင် ဘယ်လောက်နီးနီး
ဝေးကို ဝေးတယ်ဆိုတဲ့အကြောင်း…

မိုးလင်းလာတဲ့ မနက်ခင်းမှာ
ပထမဆုံး ခလုတ်တိုက်မိတဲ့ မင်းအတွက် …
တစ်သီးတစ်သန့် နောက်ဆုံးလွမ်းချင်းလေး
တစ်ပုဒ်လို့ပဲ ဆိုရလေမလား???

မင်းလည်းလွတ်မြောက်စေ ၊
ငါလည်း လွတ်မြောက်စေ ။
ရှင်သန်ရတဲ့ဘဝခရီးလမ်းမှာ
ငါတို့နှစ်ယောက်လုံး ဖြောင့်ဖြူးနိုင်ပါစေ။

#Thiri?

1 year, 3 months ago

ချစ်ဖို့ကောင်းတဲ့ လူတန်းစားတစ်ရပ်ရှိတယ်။

ကိုယ်တိုင်ကျ ပြိုလဲနေတယ်
ဒါပေမယ့် ကိုယ့်ရှေ့လဲကျနေသူတွေ့ရင်
ထူမပေးတတ်ကြတယ်

ကိုယ်တိုင်ကျ မျက်ရည်တွေနဲ့ ..
ဒါပေမယ့် သူတစ်ပါး ငိုနေတာတွေ့ရင်
ကိုယ့်မျက်ရည်ထက် သူတစ်ပါးမျက်ရည်ကို
ပိုဦးစားပေး နှစ်သိမ့်ပေးတတ်ကြတယ်

ကိုယ်တိုင်ကျအမှောင်ထဲမှာ
ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ခွန်အားလေးနဲ့
အမှောင်ထဲက ကိုယ်လိုသူလို ဘဝတူတွေကို
အလင်းပြန်ပေးနေတတ်ကြတယ်

ဘယ်လောက်ချစ်ဖို့ကောင်းတဲ့လူတန်းစားတွေလဲ ..


#ရွှေစွန်ညို

1 year, 3 months ago

ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။

- မြကျေး

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago