Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

Description
Public Online University established by NUG-MOE ( First Autonomous University in Myanmar)
[email protected]
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 4 months ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 3 years, 3 months ago

1 Jahr, 5 Monate her

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ။ မြန်မာ့နွေဦးတက္ကသိုလ် ၏ ယဥ်ကျေးမှုနှင့်အနုပညာမဟာဌာန တွင် တက်ရောက်ပညာ သင်ယူနေကြသော ပထမနှစ် ကျောင်းသားကျောင်းသူ အချို့ ၏ 2024 Ending Feeling ခေါင်စဉ် ဖြင့် စွမ်းရည်ပြ ဖန်တီးထားသည့် အနုပညာလက်ရာမွန်ပန်းချီများကို နှစ်သစ်ကူးအမှတ်တရ အဖြစ်တင်ဆက်လိုက်ပါသည်။

1 Jahr, 5 Monate her
ကရင်နှစ်သစ်ကူးနေ့

ကရင်နှစ်သစ်ကူးနေ့
ဒီဇင်ဘာလ ၃၀ ရက်

ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ယခုအထိဆက်လက်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးမှာကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများက တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုလက်ခံပေးခဲ့တာ များစွာရှိပါတယ်။ ဒါ့ပြင်တော်လှန်ရေးကာလအတွင်းမှာလည်း တတ်နိုင်တဲ့ဖက်ကနိုင်ရာဝန်ထမ်းရင်း တက်ညီလက်ညီရှေ့ဆက်နေကြတုန်းဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ကအသိမှတ်ပြုကျေးဇူးတင်ဂုဏ်ပြုလိုက်ရပါတယ်။
ဒီနေ့ကရင်နှစ်သစ်ကူးမှစပြီး ကရင်တိုင်းရင်းသားများနဲ့အတူ မြန်မာနိုင်ငံရှိတိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ စစ်အာဏာရှင်စနစ်ကို အမြန်တွန်းလှန်ပြီးအောင်ပွဲခံနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#ကရင်နှစ်သစ်ကူးနေ့

1 Jahr, 5 Monate her
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
1 Jahr, 5 Monate her
Merry Christmas!

Merry Christmas!
ဒီဇင်ဘာ ၂၅ ရက်

ဒီနေ့လေးကတော့ အားလုံးပဲမှတ်မှတ်ရရရှိနေတဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့လေးဖြစ်ပါတယ်။
ခရစ္စမတ်နေ့လေးမှာ အားလုံးပဲချစ်ခြင်းမေတ္တာတွေခံစားရရှိပြီး ဆုတောင်းတွေအမြန်ပြည့်နိုင်ပါစေ။ အိမ်နဲ့ဝေးနေရသူများလည်း အိမ်အမြန်ပြန်နိုင်ပြီး ခရစ္စမတ်တိုင်းကိုချစ်ရသူနဲ့ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။

စာဖတ်နေသူတွေကရော Santa ဆီမှာ ဆုတောင်းခွင့်ရမယ်ဆိုရင် ဘယ်လိုဆုမျိုးတောင်းချင်လဲနော်။ Merry Christmas to you all! ပျော်ရွှင်စရာ ခရစ္စမတ်လေးပါ။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#ခရစ္စမတ်နေ့

1 Jahr, 5 Monate her
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
1 Jahr, 5 Monate her
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
1 Jahr, 5 Monate her
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
1 Jahr, 5 Monate her

International Migrants Day 
ဒီဇင်ဘာလ ၁၈ ရက် 

ဒီဇင်ဘာလ ၁၈ ရက်နေ့က “International Migrants day” ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲလာမှု နဲ့ နိုင်ငံရဲ့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အကြောင်းရာအမျိုးမျိုးတို့ကြောင့် နေရာဒေသရွှေ့ပြောင်းနေထိုင်နေရသူအများကြီးရှိပါတယ်။ ဒီလိုမျိုးရွှေ့ပြောင်းနေကြရတဲ့အခါ သူတို့မှာ ကျန်းမာရေးချို့တဲ့တာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာအပြင် နေရာပြောင်းရွှေ့ပြီးမှအသက်အန္တရာယ်ရှိလာတာ၊ အသက်ဆုံးရှုံးရတာမျိုးတွေထိ ကြုံတွေ့ကြရပါသေးတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ဆုံးရှုံးမှုတွေပိုများလာတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတို့အတွက် အကာကွယ်ပေးနိုင်ဖို့နဲ့ အဖက်ဖက်ကလိုအပ်ချက်တွေကိုအထောက်ပံ့ပေးနိုင်ဖို့ “International Migrants Day” ကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 
International Migrants Day က SDG goals တွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲတာကိုလျှော့ချနိုင်ဖို့နဲ့ ဒီအပြောင်းလဲရဲ့ဒဏ်ကြောင့်ဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျန်းမာရေးအဆင့်တန်းမြှင့်တင်နိုင်ဖို့အတွက်ပါရည်ရွယ်တာကြောင့် SDGs target ပြည့်နိုင်ဖို့အတွက်တွန်းအားတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင်ဒီနေ့လေးက အစိုးရအဖွဲ့စည်းများနဲ့ ပြည်သူလူထုတစ်ဦးတစ်ယောက်စီတိုင်းကိုပါ နေရာရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့အခက်ခဲကိုနားလည်ပြီး သူတို့ကလည်းနိုင်ငံရဲ့ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့အတွက်တွန်းအားတစ်ခုဖြစ်တယ်ဆိုတာ သိနားလည်နိုင်ဖို့သတိပေးနေတဲ့နေ့လေးပါပဲ။ 
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးနဲ့ စီးပွါးရေးတို့ကြောင့် အသက်ရွယ်မရွေးပြည်သူများ၊ ပြည်တွင်းရော၊ ပြည်ပကိုပါရွှေ့ပြောင်းနေထိုင်ရသူများစွာရှိပါတယ်။ ခုလိုနေရတဲ့အခါ တွေ့ကြုံရတဲ့အခက်ခဲတွေကိုလည်း အားလုံးကနားလည်ထားကြပြီလို့ထင်ပါတယ်။ ဒါ့ကြောင့် ဒီလိုနေ့လေးမှာ ကိုယ်သိရှိထားတဲ့ နေရာဒေသပြောင်းရွှေ့နေထိုင်သူများရှိရင် ကူညီဖေးမကြပြီး ပိုမိုကောင်းမွန်လှပတဲ့နိုင်ငံတော်ကိုအမြန်ဆုံးတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 

၂၀၂၄ ခုနှစ် International Migrants Day ရဲ့ theme ကတော့ Honouring the Contributions of Migrants and Respecting their Rights “နိုင်ငံတစ်နိုင်ငံအတွက် နေရာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးပါပုံကိုအသိမှတ်ပြုရန်၊ သူတို့ရဲ့အခွင့်ရေးတွေကို တန်ဖိုးထားပေးရန်” ဖြစ်ပါတယ်။ 

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#international_migrants_day 

1 Jahr, 5 Monate her

မနက်ဖြန် ၁၄ ရက်နေ့ ကစပြီး ချန်နယ်အသီးသီးကိုစိစစ်မှုတွေစတင်ပြုလုပ်သွားမှာဖြစ်လို့ နာမည်မပြောင်းလဲရသေးသော ကျောင်းသားများအနေဖြင့် ယနေ့ည နောက်ဆုံးထား ပြောင်းလဲပေးကြပါရန် နှိုးဆော်အပ်ပါသည်။

1 Jahr, 6 Monate her

နာမည်မပြောင်းလဲထားရသေးသောကျောင်းသား/သူများ ၁၃ ရက်နေ့အမီပြောင်းလဲထားပေးကြပါရန်။

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 4 months ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 3 years, 3 months ago