Unlock a World of Free Content: Books, Music, Videos & More Await!

𝑵𝑶𝑳𝑨𝑵 {𝑹𝒆𝒗𝒊𝒆𝒘𝒔}

Description
Welcome to Nolan!(A Noble Place)

Leave = ban🍾


Channel (Re)Start Date: Oct.18.2023
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

6 days, 21 hours ago
1 week, 1 day ago

**𝚄𝚗𝚝𝚒𝚝𝚕𝚎𝚍 𝙳𝚘𝚌𝚞𝚖𝚎𝚗𝚝

༻﹡﹡﹡﹡﹡﹡﹡༺**

ငွေကြေးမချမ်းသာလာခင်၊ LGBTQ ကို လူအများက လက်သင့်မခံလာခင်ကတည်းက သတ္တိရှိရှိနှင့် လက်တွဲခဲ့ကြသည့် အဂ္ဂါနှင့်မိုးသောက် တို့နှစ်ဦး။ ပြည့်စုံလာပါမှ တဖြေးဖြေးဝေးကွာကြတော့မည်တဲ့။

ပြတ်ဆဲကြတော့မည့် စုံတွဲတွေကြားက အမှတ်တရများကို ပြန်တူးဖော်ကာ အချင်းချင်းညှိနှိုင်းကာ ပြန်လည်အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် Back To Love ဆိုသည့် အစီအစဉ်လေးဟာ တခြားအတွဲများကိုပြန်ပြီးပြေလည်စေခဲ့သကဲ့သို့ သူ့၏ Founder ဖြစ်သည့် အဂ္ဂါနှင့် မိုးသောက်တို့နှစ်ဦးကိုရော ပြန်လည်ပြေလည်စေမည်လား။

အောင်မြင်လာတာနဲ့အမျှ များပြားလာတဲ့တာဝန်တွေ၊ အလုပ်လုပ်ရချိန် ပိုပြီးများလာ‌တာတွေဟာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ ပြတ်စဲနေကြတဲ့ စုံတွဲများရဲ့ အဓိကလက်သည်လို့ပြောနိုင်မယ်လို့ထင်ပါသည်။

ဖိအားတွေ၊တာဝန်တွေထမ်းနေရင်းကြားက ချစ်ရသူကိုအချိန်မပေးနိုင်တဲ့အခါ ကတောက်ကဆတွေဖြစ်လာမည်။ တစ်ဖက်လူရဲ့အမြင်မှာလည်း မိမိကိုအချိန်မပေးဘဲ အလုပ်ချည်းဆက်တိုက်လုပ်နေသည့် ချစ်သူကို ကြာလာတော့ အမြင်မကြည်ကာ သေးသေးလေးကအစ အပြစ်မြင်လာလိမ့်မည်။

ဤသို့ ဤသို့ သေးသေးကလေးတွေစုပြုံလာသည့်အခါတွင် အဆုံးစွန်ဖြစ်တဲ့ ပြတ်စဲကြသည့် အဆင့်ထိပါ‌ရောက်လာကြလိမ့်မည်။

ထိုအခါမျိုးတွင် BTL အစီအစဉ်လေးကဲ့သို့ ဖြတ်သန်းခဲ့ဖူးသည့်နေ့ရက်များ၊ မှတ်ဉာဏ်ထဲ စွဲထင်နေသည့် အမှတ်တရများကို ပြန်လည်တွေးကြည့်ကာ တကယ်ပဲ ဒီလိုပြတ်သားလိုက်မှာလား ဆိုသည်ကိုပြန်တွေးကြည့်ပြီး၊ ဤကဲ့သို့ အေးစက်နေသည့် အခြေအနေတွင် နှစ်ဦး နှစ်ဖက် စုံတွေ့ကာ မိမိအတွက် မည်သည်က အဆင်မပြေ‌ဖြစ်နေကြောင်း၊ ဘယ်အရာကိုစိတ်ခုနေကြောင်း ပွင့်ပွင့်လင်းလင်းဖြေရှင်းရမည်လို့ ဖတ်နေရင်း အတွေးထဲပေါ်လာမိပါသည်။
အလျင်စလိုဆုံးဖြတ်ခြင်းဟာ အဆိုးများကိုသာ ဦးတည်သွားတတ်ကြောင်းကိုလည်း သိလိုက်ရ‌ပါသေးသည်။

စိတ်ကောက်နေသည့် ဇာတ်ညွှန်းရေးဆရာလေးအား မသိမသာတစ်ဖုံ၊ ‌သိသိသာသာတစ်ဖုံနှင့် ပြန်ချော့နေသည့် ဒါရိုက်တာကြီးတို့ရဲ့ဇာတ်လမ်းကလေးဟာ တွေးရင်တွေးနိုင်သလောက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်သလို၊ ပေါ့ပေါ့ပါးပါးကြိုက်တတ်တဲ့သူတွေအတွက်လည်း စာရေးဆရာမ၏ သေသပ်ပြေပြစ်သည့်ရေးဟန်က ပေါ့ပေါ့ပါးပါးနှင့် ဆွဲခေါ်သွားပါလိမ့်မည် ဟုပြောရင်း Review လေးကိုနိဂုံးချုပ်လိုက်ပါတယ်ရှင်...။

Link: မြတ်နိုးရာသို့ဦးတည်ချီသော Page မှာ ဝယ်ဖတ်လို့ရပါတယ်

#Amora
#Review
#OneShot
#Untitled_Document

2 weeks, 1 day ago

လွန်ခဲ့တဲ့သုံးရက်က Green Apple ချန်နယ် 9လပြည့်နဲ့ Nolan ရဲ့6လပြည့်ဆိုတာ မေ့သွားတာ အပြစ်လား😭

#wine

3 months ago

[သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး]

(တစ်ပိုင်းတစ်ပိုင်းကို တိုတိုလေးနဲ့ပါ ဇာတ်ကောင်နှစ်ယောက်ပဲပါပီး နာမည်မမှတ်မိ ဘာသာပြန်မဖတ်ချင်ဘူးဆိုတဲ့သူတွေအတွက် ကွက်တိပါ🍓)

ဝူးထုန်ပင်လေးဟာ ကလေးပေါက်စလေးတစ်ခုသူ့ကို လာကန်လိုက်ချိန်တွင် ဝိဉာဉ်ရှိလာခဲ့သည်။

သူ သူသေမည့်အချိန်ကို စောင့်နေချိန်တွင် လူသားပေါက်စလေးတစ်ယောက်က သူ့ကို ကယ်တင်ခဲ့တယ်။ထိုသူ သူ့ကို ကယ်ပေးရခြင်းမှာ သူ့၏ခြေထောက်အောက်မှာရှိတဲ့ အဖိုးကြောင့်သာဖြစ်ပါသည်။

ထိုကောင်လေးသည် နေ့တိုင်းသူဖြစ်ပျက်ခဲ့သည့်ကိစ္စများကို လာရောက်ပြောပြတတ်သည်။အားရပါးရလည်း ငိုကြွေးတတ်ပါသေးသည်။

သူ ရှင်းလျဲ့ကို နှစ်သိမ့်ပေးချင်သည်။ဖက်ထားချင်သည်။သူတစ်ယောက်ထဲ မဟုတ်တော့ဘူးလို့ပြောပြချင်သည်။ရှင်းလျဲ့သည် သူ့ကို ထုန်ဟု အမည်ပေးခဲ့‌သည်။

အရွယ်ရောက်လာတာနှင့် သူတို့တွေ့ရတဲ့အချိန်တွေ နည်းလာသည်။ထို့နောက် သူတို့မတွေ့ရတဲ့အချိန် ၁၀နှစ်တိတိပင်ဖြစ်သွားသည်။

တစ်နေ့တွင် ထုန်သည် လူသားအဖြစ်ပြောင်းသွားကာ ရှင်းလျဲ့ကို ရှာဖို့ထွက်လာခဲ့တော့သည်။

https://www.wattpad.com/story/281617688

#wine
#review

(လက်ပါသူများ ရီအက်ပေးရန်!)

Wattpad

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳

Novel Title : It's Really Hard to be a Tree / 做树真的好难 / သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး/သစ္ပင္ျဖစ္ရတာ တကယ္လြယ္မေနဘူး Origi...

[သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး]
3 months, 1 week ago

Unသွားလို့ epubနဲ့pdf fileပဲရှိတော့မယ်🥹

3 months, 1 week ago

--Hate Speech Of Alpha--

***"ခင်ဗျားနားလည်တဲ့အချစ်ကိုဘယ်လိုဖော်ပြလဲမသိပေမဲ့ကျုပ်နားလည်တဲ့အချစ်ကိုဖော်ပြရမယ်ဆိုရင် Mount Everest ပဲ"

"ဧဝရက်တောင်ပေါ်တက်ကြတဲ့သူတွေကဘာလို့ဒီလောက်အန္တရာယ်များတာကိုတက်ကြတာလဲ။ဒီလောက်အန္တရာယ်များပြီးအဆုံးသတ်မရှိတဲ့အရာကိုလုပ်ကြတာကိုတကယ်နားမလည်ခဲ့ဘူး။ဒါပေမဲ့ခင်ဗျားကြောင့်ကျုပ်နားလည်ခဲ့တာရှောင်းကျန့်"

"ရှောင်းကျန့်ကိုကို ကိုချစ်ရတာကအန္တရာယ်အများဆုံးပဲ။ဘဝမှာချစ်လို့ချစ်မှန်းမသိခဲ့ဘူး။အမှားအယွင်းတစ်ခုလည်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့သေချာတာတစ်ခုရှိတယ်ရှောင်းကျန့်ကိုကိုလို့ခေါ်တဲ့ခင်ဗျားက ကျုပ်ရဲ့Mount Everst"***

☯ ☯ ☯ ☯ ☯

ဝမ်ရိပေါ်ဟာ သူတို့တစ်အိမ်လုံးရဲ့အချစ်ခံလေးဖြစ်ကာ တစ်နေ့ ရှောင်းကျန့်‌ဆိုသော သူ့အဖေ အချစ်ဦးရဲ့သား ရောက်လာချိန်တွင် အရာအားလုံးပြောင်းလဲသွားလေသည်။

ဒါပေမယ့် ဝမ်ရိပေါ်မသိခဲ့တာက အရာအားလုံးက ဟန်ဆောင်ထားတယ်ဆိုတာပါပဲ..

ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို တိတ်တခိုးချစ်မိနေသော်လည်း ဝမ်ရိပေါ်ပြောလေ့ရှိသော ငါက ယောင်္ကျားလေးတွေကို ဘယ်တော့မှမလုပ်ဘူးဆိုသော စကား‌တွင် သူ၏မျှော်လင့်ချက်များပျောက်ဆုံးခဲ့လေသည်။

ဝမ်ရိပေါ်သည် ယောင်္ကျားလေးအိုမီဂါတွေကို မုန်းသည် သို့သော် ထိုလူကိုတော့..

နှလုံးသားလွန်ဆွဲပွဲတစ်ခုတွင် မည်သူက အနိုင်ရမည်လော?..ရှောင်းကျန့်လား သို့မဟုတ် ဝမ်ရိပေါ်လား...

#wine
#review

3 months, 1 week ago

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ်

ရှဲ့ယန် ရိုက်ကူးရေးလုပ်နေစဉ်တွင် မတော်တဆမှု တစ်ခုကြုံတွေ့ရကာ သူနှင့်နာမည်တူ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းခဲ့လေသည်။

သူကူးပြောင်းသွားသော ကမ္ဘာသည် ABO World ဖြစ်နေပြီး သူသည်လည်း omega တစ်ယောက်ဖြစ်နေခဲ့သည်။

သူကူးပြောင်းလာခဲ့သော ဂလက်တစ်အင်ပါယာအစွန်အဖျားက မာဒိုလို့ခေါ်သည့် အပန်းဖြေဂြိုလ်တစ်ခုတွင် ယာဉ်တစ်ခုပျက်ကျလာကာ ထိုယာဉ်အတွင်း အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားပါလာပြီး အိမ်ရှေ့စံမင်းသားမှ ထိခိုက်လာကာ အတိတ်မေ့သွားခဲ့သည်။

သူဝင်ထားတဲ့ခန္ဓာကိုယ်က ဘာဖြစ်နေမလဲ??
အိမ်ရှေ့စံမင်းသားက အတိတ်ကို ပြန်သတိရသွားရင်ကော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ....

https://www.wattpad.com/story/258758430?utm_source=android&utm_medium=link&utm_content=share_reading&wp_page=reading_list_details&wp_uname=ThawHtinAung

(Review စုတ်ချာနေတာသည်းခံပေးကြပါ😆)

#wine
#reivew

Wattpad

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ် - Complete

Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 b...

အစားကောင်းလေးတွေက ငါ့ကိုနာမည်ကြီးစေတယ်
3 months, 1 week ago

ယွမ်ချင်းစီက အမျိုးသားဧကရီတစ်ပါးဖြစ်ကာ သူသည် မောက်မာထောင်လွှားပြီး လူသားဆန်စိတ်ကင်းမဲ့လှသည်။

သူသည် ပြစ်မှုတစ်ခုကိုသာ ကျုးလွန်ခဲ့သည်ဟုဆိုနိုင်သည်။ထိုပြစ်မှုသည် ဧက္ကရာဇ်အား အလွန်အကျူးချစ်မြတ်နိုးမိခြင်း...။

ဧကရာဇ်သည် သူ့တစ်မိသားစုလုံးကို ဖျက်စီးလိုက်တာက်ို အမှုမထား။သို့သော် အအေးနန်းဆောင်ကို ပို့ဆောင်ခံလိုက်ရသည်ကိုတော့ လွန်စွာ စိတ်နှလုံးထိခိုက်သွားရသည်။

ယွမ်ချင်းစီသည် အလွန်သဝန်တိုစိတ်များကာ ထောင်လွှားသည်။ထို့ကြောင့် သူ့ဂုဏ်သတင်းသည် စုတ်ပြတ်သတ်နေတော့သည်။

သူသည် ဧကရာဇ်ကို အခြားမိဖုရားများနှင့်အိပ်ဆောင်ဝင်ခွင့်မပြုချေ။ကြင်ယာတော်နဉ်ဆီကို ဧကရာဇ်သွားရောက်စဉ်တွင် လူရှေ့သူရှေ့တွင် ဧကရာဇ်ကို ဆေးသုတ်ထားသော အပ်တစ်ချောင်းဖြင့် ထိုးစိုက်ကာ သူ့အဆောင်တော်အား သယ်ဆောင်စေခဲ့သည်။

ဧကရာဇ်၏မြင့်မြတ်သော ခန္ဓာအား ထိခိုက်ဒဏ်ရာရစေခဲ့ပြီး အရှက်ရအောင် လုပ်ဆောင်ခဲ့သောကြောင့် ဧကရာဇ်သည် ယွမ်ချင်းစီအား ခေါင်းကို ရိုက်ခွဲခဲ့ပြီး ခါးမှာ ပြတ်ရှဒဏ်ရာရှိနေသည့်တိုင် အမတ်ချုပ်အိမ်တော်ကို ပြန်ပို့ဆောင်ခဲ့သည်။

ယွမ်ချင်းစီသည် သူ၏ဖခင်အား သူတို့ကြား ဝင်ရောက်ဖြန်ဖြေပေးရန် သူ့ကိုယ်သူ ထိခိုက်စေပြီး အကြပ်ကိုင်ခဲ့သည်။အမတ်ချုပ်ယွင်သည် ဧကရာဇ်ဆီ အခစားဝင်ခဲ့ရကာ ကျန်းရှန်းနန်းတော်ရှေ့တွင် တစ်ရက်နှင့်တစ်ည ဒူးထောက်ခဲ့ရ၏။

သူ့ရင်သွေးအား ခွင့်လွှတ်ရန်တောင်းဆိုနေသော ‌ဖခင်အိုကြီးသာ ဖြစ်သော်လည်း နောက်ကွယ်မှ အင်အားကြောင့် ဧကရာဇ်သည် သံသယဝင်ခဲ့သည်။သူ့ဖခင်၏ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်သည် ယိုယွင်းလာကာ နာမကျန်းဖြစ်နေသော်လည်း ယွမ်ချင်းစီသည် ဂရုမမူဘဲ "သူ ကျွန်တော့်ကို လိုချင်သေးရဲ့လား"ဟု သာမေးခဲ့သည်။

အမတ်ချုပ်ကြီးသည် "အင်း" လို့ဖြေဆိုလိုက်သောအခါ သူကျယ်လောင်စွာ ရယ်မော‌လိုက်သည်။ထိုအခြေ‌အနေတွင် မည်သူမျှမရယ်နိုင်ကြ..။

ထိုမှ စ၍ ယွင်မိသားစု၏ပျက်စီးကိန်းစတော့သည်..။ယွင်မိသားစုအား ဧကရာဇ်လီယင်းမှ ကြောက်ရွံ့လာကာ ယွင်မိသားစုသည် ကိုယ်ပိုင်အကျိုးအမြတ်အတွက် အုပ်စုတစ်ခု ဖွဲ့ထားကြောင့်သိရှိလိုက်ရသည်။အမတ်ချုပ်ကြီးသည် ယွင်မိသားစုရှင်သန်နိုင်ရန် ဤသို့ လုပ်‌ေဆာင်မိခဲ့ရသည်။

ယွင်မိသားစုအား ဧကရာဇ်မှ ဖျက်စီးလိုက်ကာ အသုံးမဝင်‌ေတာ့‌ေသာ ဧကရီကို နန်းချလိုက်သည်။ဧကရီသည် စိတ်နှလုံးကြီးမားစွာ ထိခိုက်၍ နန်းမျှော်စင်မှ ခုန်ချသေဆုံးသွားတော့သည်။

ယွမ်ချင်းစီသည် အမတ်ချုပ်အိမ်‌ေတာ်သို့ ပို့ဆောင်ခံလိုက်ရချိန်တွင် ပြန်လည်မွေးလာခဲ့လေသည်..။

သူဒီတစ်ချိန်မှာ အချစ်မှာ အရူးအမှုးဖြစ်မနေတော့ဘူး..။သူ့မိသားစု‌ကာကွယ်တော့မယ်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်..။

Link-->https://www.wattpad.com/story/348494949

(ရီအက်နိ!!!)

#wine
#reivew

Wattpad

ဧကရီလေးShouလေးပြောင်းလဲသွားပြီ

translation

ယွမ်ချင်းစီက အမျိုးသားဧကရီတစ်ပါးဖြစ်ကာ သူသည် မောက်မာထောင်လွှားပြီး လူသားဆန်စိတ်ကင်းမဲ့လှသည်။
3 months, 1 week ago

ရှန်းလျိုရှန့်က ကြာပန်းဖြူshouနှင့်သူ၏အလွယ်တကူခွန်အားကြီးလာနိုင်တဲ့လမ်းစဉ်အကြောင်းရေးထားတဲ့ ဝတ္ထုကို ညလုံးပေါက်ဖတ်ရှုနေခဲ့သည်။

ထိုဝတ္ထုမှ သူနှင့်နာမည်တူဗီလိန် ရှန်းလျိုရှန့်သည် မိမိကိုယ်တိုင်သည် လှပ‌သော်လည်း ဓားသခင်ယဲ့ပင်းရန်၏အာရုံစိုက်မှုကို ရရှိရန် ကြာပန်းဖြူ shouဖြစ်သော စုပိုင်ချယ့်ကို အတုခိုးခဲ့သည်။

သို့သော် ရွံ့ရှာမှုကိုသာ ဖြစ်ပေါ်စေခဲ့ပြီး အများ၏ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

ရှန်းလျို့ရှန့်သည် ယဲ့ပင်းရန်အတွက် ဧက္ကရာဇ်အရှင်ဖြစ်သော ဖခင်နှင့်အဆက်အသွယ်ဖြတ်ကာ ဂိုဏ်းထဲက စီနီယာအကိုတွေနှင့်လည်း သံယောဇဉ်ဖြတ်ခဲ့သည်။သူ့သွေးသောက်ညီနောင်နဲ့လည်း သေလုမျောပါးအခြေအနေထိ တိုက်ခိုက်ခဲ့သည်။

ယဲ့ပင်းရန်ကတော့ ရှန်းလျို့ရှန့်ပေးသည့် တန်ဖိုးကြီးပစ္စည်းအားလုံးကို စုပိုင်ချယ့်ကို ပေးလိုက်ကာ ရှန်းလျို့ရှန့်အား ဘယ်တော့မှ ပြန်လှည့်မကြည့်ခဲ့ပေ။နောက်ဆုံး ရှန်းလျို‌ရှန့် သူ့အတွက်အသေခံပေးခဲ့တာတောင် သူ့စိတ်နှလုံးကို မလှုပ်ရှားစေနိုင်ခဲ့ပေ။

သို့သော် စုပိုင်ချယ့်နှလုံးသားကို ယဲ့ပင်းရန်လည်း မပိုင်နိုင်ခဲ့ပါချေ...။

ထိုဝတ္ထုသည် f-hearmအမျိုးအစားဖြစ်ပြီး gongမှာ ရှန်းလျိုရှန့်၏တပည့် ကျိုးရွမ်လန်ဖြစ်ပေသည်။ရှန်းလျို့ရှန့်သည် ကျိုးရွမ်လန်ကိုလည်း နှိပ်စက်ခဲ့လေသည်။

မိုးလင်းလာသောအခါ ရှန်းလျို့ရှန့်သည် သူသည် ဝတ္ထုထဲသို့ကူးပြောင်းလာသည်ကို တွေ့ရှိလိုက်ရသည်။

ရှန်းလျိုရှန့်သည် မူလဗီလိန် ရှန်းလျိုရှန့်က ယဲ့ပင်းရန်အတွက် အပြင်လူများဖတ်လို့ပင်မရသော အဆင့်မြင့်နည်းစနစ်တစ်ခုကို ယူပေးခဲ့ပြီး ဓားသခင်ယဲ့က ထိုသို့ကိစ္စများကို မကြိုက်တာကြောင့် ချင်းလင်ဂိုဏ်းကို နည်းစနစ်ကို ပြန်ပေးခဲ့ကာ ရှန်းလျို့ရှန့်သည် လူသိရှင်ကြားအရှက်ကွဲအကျိုးနည်းဖြစ်သွားသော အချိန်ကို ရောက်ရှိလာခဲ့သည်။

သူသည် ဓားသခင်ယဲ့နောက်ကို လိုက်ခြင်းအား ရပ်တန့်ကာ သူ့တပည့် ကျိုးရွမ်လန်အား ကောင်းပေးရန်‌ အစီအစဉ်ဆွဲ‌ေတာ့သည်။

သူသည် တစ်ဖြည်းဖြည်းနှင့်ဝတ္ထုတစ်ပုဒ်လုံးကို ပြောင်းပြန်လှန်ပြစ်လိုက်‌တော့သည်....။

Link--> https://www.wattpad.com/story/352029929

https://www.wattpad.com/story/356642710

(ရီအက်နိ)

#wine
#reivew

Wattpad

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်း

This is not my own story.

ရှန်းလျိုရှန့်က ကြာပန်းဖြူshouနှင့်သူ၏အလွယ်တကူခွန်အားကြီးလာနိုင်တဲ့လမ်းစဉ်အကြောင်းရေးထားတဲ့ ဝတ္ထုကို ညလုံးပေါက်ဖတ်ရှုနေခဲ့သည်။
3 months, 1 week ago
[ Deceive ]

[ Deceive ]

ချန်ယွီကမူးယစ်ဆေးရောင်းဝယ်နေသူတစ်ဦးဖြစ်ပြီး ညီလေးဖြစ်သူရှောင်ဟိုင်မှာ လျှို့ဝှက်ရဲ၏သတင်းပေးမှုကြောင့် ရေနစ်သေဆုံးသွားသဖြင့်
ရဲတွေကိုမုန်းတီးနေသူဖြစ်သည်

ယီနန်ကတော့ ချန်ယွီရဲ့ကောင်လေးပေါ့

ပြီးတော့... လျို့ဝှက်ရဲတစ်ယောက်

*______

"ရှောင်ဟိုင့်အကြောင*်း ချန်ယွီတွေးတိုင်း ဆေးလိပ်အဆက်မပြတ်သောက်တတ်တာ ယီနန်သိသည်"

-ယီနန်

"လူညစ်လေး ရေဘယ်လိုကူးရမလဲတောင်မသိပဲ ကိုယ့်ကိုရေကူးတတ်တယ်ဆိုပြီးလှည့်စားတယ်နော်"

-ချန်ယွီ

Link--- https://www.wattpad.com/story/296280226

#ivy

-One short ပါနော်

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago