Nolan(Reviews)

Description
Welcome to Nolan!(A Noble Place)

Leave = ban🍾


Channel (Re)Start Date: Oct.18.2023
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago

hace 1 año

ကိုယ် exam ရှိလို့ 5ရက်နေ့အထိမရမ်းနိုင်ဘူးနော် ငယ်လေးတို့🐬

#wine

hace 1 año

လိုင်းပေါ်မှာပုံလေးတွေ့တော့ တောက်စ် အတော်ချောတဲ့မိန်းမပဲလို့ တွေးနေတာ ပြီးမှ ကိုယ်မှန်းသိတယ်>3

#wine

hace 1 año

မှန်ထဲကြည့်လိုက်တိုင်း နတ်သမီးတစ်ပါးကိုမြင်နေရတယ်

#wine

hace 1 año, 3 meses

Title:နူးညံ့သော အမျိုးသမီးအရံဇာတ်ကောင် Aနှင့်အာဏာရှင်အမျိုးသားဇာတ်လိုက် O

ချောင်းမိုက ဝတ္ထုတစ်ပုဒ်ထဲသို့ကူးပြောင်းလာခဲ့ပြီး သူမက ဇာတ်လိုက်မရဲ့အစားထိုးလေးဖြစ်ပါတယ်။

မြင့်မားတဲ့လစာနဲ့ဇိမ်ခံပစ္စည်းတွေကိုက သူမကို မကျေနပ်စေနိုင်ဘဲ ချွမ်းရှီကုမ္ပဏီ၏ဥက္ကဌကျန်းလော့ကျစ်၏ဇနီးဖြစ်ချင်ခဲ့သည်။

ပိုင်ယွဲ့ကွမ်းကို အမျိုးမျိုးနှောက်ယှက်ခဲ့ပြီး အဆုံးမှာတော့ အဆုံးသတ်မလှခဲ့ပါဘူး။

ချောင်းမိုက ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ‌Zergဘုရင်ကိုဖျက်စီးဖို့ပစ္စည်းကို တီထွင်ခဲ့ပြီး လူသားမျိုးနွယ်ကို အမှောင်ထုကနေလွတ်မြောက်စေခဲ့ပါတယ်။

ဒါပေမယ့် သူမက သက်တမ်း၃၀၀ရှိတဲ့လူသားမျိုးနွယ်မှာ အသက်လေးဆယ်ပဲရှိသေးပေမယ့် စိတ်စွမ်းအင်ကုန်ဆုံးမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ကူးပြောင်းလာပြီးနောက် သူမဆီမှာ အမျိုးသားဇာတ်လိုက်ကိုအပိုင်သိမ်းကာ အမျိုးသမီးဇာတ်လိုက်ဖြစ်လာစေရန် စနစ်တစ်ခုပါရှိလာခဲ့ပါတယ်။

သူမက ထိုစနစ်ကို စိတ်မဝင်စားခဲ့ဘဲ ယခင်ဘဝလူသားမျိုးနွယ်ကို ကယ်တင်ခဲ့ပေမယ့် ယွမ်တစ်သောင်းပဲရခဲ့ပြီး အခုတော့ ဘာမှမလုပ်ပဲ ယွမ်ငါးသောင်းရနေတာကိုပဲစိတ်ဝင်စားနေခဲ့ပါတယ်။

ဘဝတစ်လျှောက်လုံးဓါတ်ခွဲခန်းမှာဘဲနှစ်မြုပ်ထားခဲ့ပြီး အခုတော့ ငါးဆားနူဘဝကိုပဲ ခံစားဖို့ပဲပြင်ပါတော့တယ်။

သူမကသာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို shipနေခဲ့ပေမယ့် ထိုကမ္ဘာက AOB world ဖြစ်နေတဲ့အခါမှာတော့...

အာဏာရှင်ဇာတ်လိုက်က Omegaတစ်ယောက်ဖြစ်နေခဲ့ပြီး သူမကတော့ Alpha ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် လွမ်းမိုးနိုင်စွမ်းပျင်းတဲ့အာဏာရှင်ဇာတ်လိုက်က သူမကို ဒူးထောက်ပြီး အမှတ်အသားပေးဖို့ မျက်ရည်တွေအပြည့်နဲ့တောင်းဆိုလာချိန်မှာတော့....

https://www.wattpad.com/story/347997666

#wine
#fic
#review

hace 1 año, 3 meses
hace 1 año, 3 meses
Title:1970ခုနှစ်မှလှပသော အရံဇာတ်ကောင်လေး

Title:1970ခုနှစ်မှလှပသော အရံဇာတ်ကောင်လေး

ယွမ်ရိက ဒီဇိုင်နာတစ်ဦးဖြစ်ကာ ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။

ထိုဝတ္ထုထဲတွင် သူမ၏ဖခင်နှင့်မိခင်က ဇာတ်လိုက်မ ရဲ့ချူးဝမ်နှင့်သူမမောင် ရဲ့ဖန်တို့ကို မွေးစားခဲ့ကာ တစ်မိသားလုံးတွင် ရဲ့ချူးဝမ်ကို အလိုလိုက်ဆုံးဖြစ်ပြီး သူတို့ကို သားသမီးများကိုပင် သူမနာမည်ပါအောင်ပေးထားခဲ့ကြသည်။

အကောင်းဆုံးဆိုတဲ့အရာမှန်သမျှက သူမအပိုင်ဖြစ်သလို ‌သူမရွေးကျန်သည့်အရာများကိုမှ ကျန်လူများက ယူကြရသည်။

မူလယွမ်ရိသည် မြို့ပေါ်ရောက်လာပြီးနောက် ထုံအအနဲ့ဖြစ်သောကြောင့် ထက်မြက်ကာတော်လှသော ဇာတ်လိုက်မနဲ့နှိုင်းယှဉ်ခံရကာ အငုံစိတ်များပေါ်လာပြီး နှောက်ယှက်သော်လည်း မအောင်မြင်ခဲ့ပါချေ။

မူလယွမ်ရိကို ရဲ့ချူးဝမ်နှင့်သူမမောင်တို့ကို ပြုစုပျိုးထောင်ရပြီး မိသားစုအဆင်မပြေသောကြောင့် တောင်ပေါ်ပို့ထားခဲ့ကြပြီး အနည်းငယ်ပြေလည်လာသောအခါ ကလေးများတစ်ယောက်ပြီးတစ်ယောက်ယူဖြစ်ကာ ခုနှစ်ယောက်မြောက်ကလေးမွေးအပြီး သူမအသက် ၁၆နှစ်မှာပြန်ခေါ်ခဲ့ကြပါတယ်။

ယွမ်ရိသည် ကူးပြောင်းလာပြီးနောက် အပ်ချုပ်ပညာကို ဖန်းမင်းတောင်၌ တစ်ဦးတည်းသော အပ်ချုပ်ဆရာဆံမှ အယောင်ပြသင်ကြားခဲ့ပြီး သူမရဲ့ခေတ်သစ်မှအမြင်ကြောင့် အောင်မြင်ခဲ့ပါတယ်။

ခေတ်သစ်က အမြင်တွေနဲ့သူမဘယ်လို ထင်ရှားလာမလဲ?

ကြိုတင်သိထားတဲ့စီးပွားရေးအခွင့်အလမ်းတွေကို ဘယ်လိုအသုံးချမလဲ?

၁၉၇၇ခုနှစ်မှာ ကျင်းပမည့်တက္ကသိုလ်စာမေးပွဲကို ဖြေဆိုဖို့ဘယ်လိုတွေပြင်ဆင်ကြမလဲ?

အချိန်သုံးနှစ်ကြာပြီး သူမအဖေပြန်လာခေါ်ပြီး အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မိသားစုအသစ်မှာ ဘာတွေကြုံတွေ့ရမလဲ?ဆိုတာ ဖတ်နိုင်မှာဖြစ်ပါတယ်။

---

Romanceသိပ်မပါပေမယ့် So Sweetပါပဲ

https://www.wattpad.com/story/340747016

#wine
#fic
#review

hace 1 año, 3 meses
Title:အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့ဖူးဖူးမှုတ်ခံရသူလေး

Title:အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့ဖူးဖူးမှုတ်ခံရသူလေး

ယွီယောင်မှာ သူငယ်ချင်းမလေးတစ်ယောက်ရှိခဲ့ပြီး သူမက အချစ်ဝတ္ထုတွေကို ဖတ်ရတာနှစ်သက်ပြီး ယွီယောင်က ဝတ္ထုထဲက ဇာတ်ပို့နဲ့နာမည်ဆင်နေတာကြောင့် ‌တစ်နေ့ကျိန်းသေကူးပြောင်းသွားမည်ဆိုကာ ဖတ်ခိုင်းခဲ့သည်။

ထိုဝတ္ထုသည် သမီးအတုနှင့်သမီးအရင်းအကြောင်းရေးသားထားဝတ္ထုတစ်ပုဒ်ဖြစ်သည်။သမီးအတုကို လူတိုင်းကချစ်ခင်ကြကာ သမီးအရင်းကိုတော့ ရွံ့ရှာခဲ့ကြပါတယ်။

ယွီယောင်ကသမီးအရင်းဖြစ်ခဲ့ပြီး သူမအစ်ကိုသုံးယောက်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီး စိတ်ကျန်းမာဆေးရုံကို သင်ခန်းစာပေးရန်ပို့ဆောင်ခဲ့သည်။

တဏှာရူးဒါရိုက်တာဟာ ယွီဟောင်ကို နှိပ်စက်ခဲ့ပြီး ထိုအရာက အစပဲရှိပါသေးတယ်။သူမကို ပြန်ခေါ်ခဲ့အပြီးမှာတော့ သူမတတိယအစ်ကိုအနုပညာရှင်က သူမကို ဆိုရှယ်အကြမ်းဖက်မှုကို ကြုံတွေ့စေခဲ့ပြီး သူမက မကောင်းတဲ့သူတစ်ယောက်ရဲ့လှည့်စားခြင်းခံရကာ အရှက်ကွဲခဲ့ပါတယ်။

ထို့နောက်တွင်တော့ သူမဟာ မကောင်းတဲ့ယောင်္ကျားတစ်ယောက်နဲ့လက်ထပ်ခဲ့ရပြီး အိမ်တွင်းအကြမ်းဖက်မှုကြုံတွေ့ခဲ့ရပြီး စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံခဲ့ရပါတယ်။

ယွီမိသားစုဒေဝါလီခံရလုဆဲဆဲမှာ သူမက ကူညီပေးခဲ့ပြီး သေဆုံးသွားခဲ့ကာ သူမရဲ့အစ်ကိုများက ပြန်လည်မွေးဖွားလာခဲ့ကြပြီး သူမအပေါ်ကောင်းပေးရန်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

ဒါပေမယ့် ကံမကောင်းတာကတော့ သူမက မူလယွီယောင်မဟုတ်တော့တာပါပဲ။ယွီမိသားစုနဲ့ဝေးဝေးနေရန်ဆုံးဖြတ်ပြီး အိမ်ပြောင်းသွားပေမယ့် သူမရဲ့အစ်ကိုတွေက သူမကို ဆက်အလိုလိုက်နေဆဲပါပဲ။

သူမ‌လေးက အကောင်းမြင်တတ်ကာ တောက်ပလင်းလက်ပြီး ယခင်ဘဝကလုပ်ခဲ့တဲ့အလုပ်ကိုပဲပြန်လုပ်ခဲ့ပြီး သူမကမ္ဘာက မြင့်မားတဲ့နည်းပညာတွေနဲ့လူထုကို အံ့အားသင့်စေခဲ့ပါတယ်။

အစ်ကိုသုံးယောက်က ယွီယောင်ရဲ့ခွင့်လွှတ်မှုကို ရနိုင်ခဲ့ပါ့မလား?

သမီးအတုကိုရော ဘယ်လိုတွေ ပညာပေးမလဲ?

မကောင်းမှုတွေကို ဘယ်လိုတိုက်ထုတ်မလဲ?

ဆိုတာတွေကို ဖတ်နိုင်မှာပါ။Romanceတော့ သိပ်မပါပါဘူး။အဆုံးထိတောင် MCနဲ့MLက မညားသေးပေမယ့် ရှယ်ချိုပါတယ် ဟဲဟဲ။

https://www.wattpad.com/story/332350610

#wine
#fic
#review

hace 1 año, 3 meses

မင်ယူနာ ရီဗျူးရေးဖို့အဆင်‌မပြေမှုအချို့ရှိလို့ တောင်းပန်ပါတယ်ဗျာ့
ပြန်ကြိုးစားနေပါတယ်

#????????
#??????ᴳᵃⁿᵗᴳᵃʷ

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago