ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated 5 months, 3 weeks ago
Last updated 2 months ago
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated 2 months, 2 weeks ago
အမေပြောပြတဲ့ ပုံပြင်
သိပ်ကိုနားထောင်ကောင်းခဲ့တာ
အခုလည်း ပုံပြင်တွေအများကြီး
နားထောင်ဖြစ်ဆဲပါပဲ ...
ထူးခြားချက်ကတော့ အိပ်မပျော်တော့ဘူး။
#ငယ်သွေး
တရားမရှိ ဘုရားတွေပိနေတဲ့
ကျတ်ကုန်းမှာ များများစားစား
မမျှော်လင့်နဲ့ ဆန့်ငင်ဆန့်ငင်
အသက်ရှင်နေရရင်ပဲ တော်တော်လေး
ကံကောင်းပါရဲ့......
အထူးသဖြင့် မေတ္တာရေးလည်းပါသပေါ့။
#ငယ်သွေး
" နိဗ္ဗာန် "
မရောက်ဘူးတော့ မသိဘူး...
လမ်းထိပ်မှာ မရှိတာတော့သေချာတယ် ။
သစ္စာတရားတွေ မဂ်ဖိုလ်တရားတွေက
ငါတို့နဲ့ဝေးသေးတယ် .....
မဖြစ်ချင်တဲ့ အမှန်တရားတွေကိုသာ
လက်ခံလိုက် စကားလုံးထက်ပိုတဲ့
အေးချမ်းမှုတွေအပြည့်အဝပဲ။
#ငယ်သွေး
" ဆုံးရှုံးမှု "
ကြောက်ပါတယ်
လက်မြှောက်ပါတယ်
ဒူးထောက်ပါတယ် ဆိုတဲ့ကောင်ကိုမှ
ကြိုးတုပ်ပြီး ရိုက်သလိုပေါ့။
#ငယ်သွေး
"နောက်ဆုံး"(၁)
ဆည်းဆာလည်း ညို
မောင်လည်း ငို
ရနံ့တရှိုက်
လွမ်းတခိုက်နှင့် မျှော်ရပါတယ်။
အရှေ့ကိုမလျှောက်ဘဲ
အနောက်ကို မကြာမကြာ
လှည့်ခဲ့ပါတယ် ချစ်သောရေ။
မီးစာမကုန်ခင်စပ်ကြား
နောက်ဆုံးတစ်ခေါက်တော့
အလည်ရောက်ပါရစေ။
# မိုးနှောင်း
"ရင်နင့်အောင်ချစ်ရတဲ့အကို"
အကို : ဟိတ် ခလေးမ...
မေ : အမလေး လန့်လိုက်တာအကိုရာ..
အကို : ဟော.... ဒီခလေးမ ဘာမဟုတ်တာတွေလုပ်နေလို့လန့်သွားတာလဲ.....ပြောပါအုန်း......
မေ : လုပ်ပါဘူးဗျာ စာရေးနေတာပါ မပြီးသေးလို့......ဒါနဲ့ အကို စာသင်ပြီးပြီပေါ့......
အကို : ပြီးပြီလေကွယ် ထမင်းစားနားချိန်ကိုအခုက အချိန်လဲကြည့်ပါအုန်း စာတွေဘဲ အသည်းသန်ကုန်းရေးမနေနဲ့အုန်း ခလေးမရဲ့
မေ : ဟီး" အကိုကလဲ မေက နာရီမကြည့်မိလိုက်လို့ပါ....အခု အကို ဒီကိုလာတာဘာဖြစ်လို့လဲအကို......
အကို : အော် ဟုတ်သားဘဲ....မေ့ကို အကို မိတ်ဆက်ပေးစရာရှိလို့.......
မေ : ဟုတ် အကို ဘယ်သူနဲ့လဲ အကို......အမယ် အကို့မျက်နှာက ဆက်ဖြဲ"နဲ့ မိတ်ဆက်ပေးမယ့်သူက ရိုးကောရိုးရဲ့လား
(အကိုရယ် မေလေ အကို့သိပ်ချစ်တာဘဲ အကို မေ့အချစ်ကိုမမြင်ဘူးသိလား အားတင်းပြီးပြုံးနေပါတယ်အကို)
အကို : ဒီကလေးမလေးကတော့ ကိုယ့်ညီမလေးမို့ အကိုက သူလေးနဲ့လာမိတ်ဆက်ပေးတာကို...
မေ : ဘယ်သူလေးလဲ အကိုပြောတဲ့ ဟိုအကို့ crh လေးလား
အကို : ဟုတ်တယ်အမွှေစိန်လေးရေ သူလေးနဲ့ အခုသူငယ်ချင်းတွေဖြစ်သွားပြီလေ အဲ့ကြောင့် ညဉ်းမမွှေနဲ့အုန်းနော် အမွှေစိန်
မေ : မလုပ်ရပါဘူးအကိုရယ်
အကို : ညဉ်းကို ယုံရတာမဟုတ်ဘူး........ဟောပြောရင်းနဲ့ ဟိုမှာ သူလာနေပြီ
(အကိုရယ်..နာတယ်..နာတယ်....ရင်နင့်အောင်ကိုနာနေတာ ပြုံးနေပါတယ်အကိုရယ် အပြုံးမပျက်အောင်နေပါ့မယ်?)
Part-1
short story
#Hnaung
အကို...အကိုက ဝက်ဝံကြီး?...သိလား
မေက...အမွှေစိန်..လေအကို..
တစ်ခုတော့ရှိတယ်အကို...
ဝက်ဝံကြီးမှာ...သူသိပ်ချစ်ရတဲ့...
ဝက်ဝံမကြီးရှိတယ်လေ?❄️...အဲ့တော့
အမွှေစိန်ဆိုတဲ့..မေက ငေးကြည့်နေပါတော့မယ်?
နောက်ဆုံးအနေနဲ့...မေ..အကို့ကို ပြောချင်တယ်
မေ..အကို့ကို...သိပ်ချစ်တယ်??
#Hnaung
သူမထွက်ခွာသွားပြီးနောက်ဝယ်
ဒီနေ့ကစပြီးတိတ်ဆိတ်နိုင်အောင်လုပ်တော့မယ်ပြီးတော့တစ်ယောက်ထဲနေမယ်သူပြန်မလာမှန်းသိပေမဲ့ထိုင်စောင့်နေမယ်သူမကြိုက်တဲ့အရက်တွေသောက်မယ်သူ့အကြောင့်တွေးမယ်အမှတ်တရလေးတွေပြန်မြင်ယောင်ပြီးသူ့ကိုဘယ်လောက်ချစ်မိခဲ့ကြောင်းပြန်တွေးတောမယ်..ဒီနေ့ကစဒီလူကြီးက သူပြန်လာမှာကိုစောင့်နေတော့မယ်....
_ကိုထက်
''လေးစားမှု''
လေးစားမှုဆိုတဲ့စကားလုံးကို လူတိုင်း ကြားဖူးကြသလို သိလဲသိကြပါတယ်။
သို့သော် လူတိုင်း လေးစားမှုဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို ''လေးလေးနက်နက်'' ''တိတိကျကျ'' ''သေသေချာချာ'' မသိကြသလို နားမလည်ကြသေးပါဘူးး။
ဒါ့ကြောင့်တစ်ယောက်ယောက်ကိုဝေဖန်တော့မယ်ဆိုရင် ရင့်သီးတဲ့စကားမျိုးနဲ့ဝေဖန်သင့်လား
အဲ့စကားလုံးမျိုးနဲ့ဝေဖန်လို့ရလား
ဆိုတော့ လူယဥ်ကျေးမဟုတ်တဲ့ လူတန်းစားတွေအတွက်တော့ ရတယ်
ဘာလို့ဆို သူတို့ကို လေးစားမှုအကြောင်းသင်ပေးလို့ မရလို့ပဲ။
# Army
ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated 5 months, 3 weeks ago
Last updated 2 months ago
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated 2 months, 2 weeks ago