ကဗျာသံစဥ်များ

Description
စာပေသည် စိတ်၏ပြတင်းပေါက်။
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

1 year, 6 months ago

ဝဋ်ဆိုတဲ့အရာက
ချစ်ခြင်းမေတ္တာမှာ ပိုလည်တတ်တာမျိုး။

- အောင်ဆောင်းခိုင်
ချစ်ခြင်း - (၆)

1 year, 6 months ago

ငါလည်း
ငါ့ကို ထိုးမယ့် ဓားတွေကို
သိပ်လှပတယ်လို့
ထင်ခဲ့ဖူးပါတယ်။

- နော်ယာ

1 year, 6 months ago

ချစ်ရသူနဲ့ ခွဲခွာရမှာ စိုးရွံ့လွန်းလို့
ကာလကြာညောင်းစွာရှိချင်လွန်းလို့
အတူရှိနေရတဲ့အချိန်တိုင်း လက်ပတ်နာရီလေးကိုတောင် စက်ရပ်ထားခဲ့မိတယ် ။

- အောင်ဆောင်းခိုင်
ချစ်ခြင်း - (၅)

1 year, 8 months ago

မင်း မရှိလည်း အေးဆေးပါကွာဆိုတဲ့
စောက်ချိုး ခဏခဏချိုးမိတာလည်း ကိုယ်ပဲ
တကယ်တမ်း မပြတ်နိုင်မဖြတ်နိုင်
တိတ်တိတ်လေးကြေကွဲရင်း
လွမ်းနေမိတာလည်း ကိုယ်ပါပဲ
နေနိုင်သူတွေက နေနိုင်ကြလေတယ် ။      

-လင်းမာအို

1 year, 8 months ago

တောင်ပေါ်မြို့လေးကို
ခရီးအတူတူထွက်နိုင်တဲ့ နေ့ကျမှ
မင်းကို ပိိုပိုသာသာချစ်ပြမယ်....

အခုတော့
လွမ်းယုံပေါ့။..။

-ဖရော်ဆန်

1 year, 8 months ago

နှစ်ဖက်မိဘတွေ
အဆင်ပြေမဲ့တစ်နေ့ ဆိုတာ
အခုတော့ မရောက်နိုင်တော့တဲ့ ခရီးလိုပါပဲ
ရောက်ရာအရပ်မှာ
မင်းပျော်ရွှင်ပါစေကွယ် ။

- ဂန္ဓမာ

1 year, 11 months ago

အဆောင်အယောင်ပစ္စည်းကြီးတစ်ခုလို
ကိုယ့်ကို အကဲခတ်ကြတိုင်း..

မင်းလက်ဖဝါး​သေးသေးလေးတွေထဲ
မျက်နှာအပ်ပြီး ပုန်းခိုချင်တယ် ။

- ပြည့်စုံဝင်း

1 year, 11 months ago

ကျနော့် မေတ္တာတွေ
ခများ မြင်လာတဲ့နေ့ ...ကျနော်
ဒီကမ္ဘာ ထဲရှိပါအုံးမလား..

-မာန်သွေး

1 year, 11 months ago

ညို့ယူလွန်းတဲ့မျက်ဝန်းတစ်စုံ
ကျရှုံးဆဲပါ နစ်မွန်းဆဲပါ...။

- မောင်လူပိုအေး

1 year, 11 months ago

**လွမ်းခွင့်ရှိသေးတယ် မလား။
ချစ်ခွင့်ရော...
ငေးခွင့်ရော...
မျှော်နေခွင့်ရော...
ပိုင်ဆိုင်ခွင့်ရော...
ရှိသေးရဲလားဗျာ။
တဘဝလုံးစာ ဆိုရင်...
အားးးး...
တောင်းပန်ပါတယ်။
ရှေ့ဆက်ရမဲ့ နေ့ရက်တွေက ညှိုးနွမ်းသွားခဲ့ပါလေပြီ။

-ခမောက်နဲ့ကောင်လေး**

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot