အမှတ် (၁) စစ်ဒေသ

Description
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ တရားဝင် သတင်းထုတ်ပြန်ရေး ပလက်ဖောင်းဖြစ်သည်။
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated hace 1 año, 11 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated hace 1 año, 7 meses

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated hace 3 años, 6 meses

1 year, 7 months ago
အမှတ် (၁) စစ်ဒေသ
1 year, 7 months ago

ချင်မြစ်ကျင်းရွာမှ ထွက်လာသော စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ရာ လက်နက် (၅) လက် သိမ်းဆည်းရ
ဖေဖော်ဝါရီလ ၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ရွာ မြောက်ဘက်၌ ချင်မြစ်ကျင်းရွာ ပျူ‌စောထီးစခန်းမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းအား ကင်းယူရန် ဆိုင်ကယ် (၄) စီးဖြင့် ထွက်လာသော စကစ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈) ဦးအား ကန့်ဘလူခရိုင် တပ်ရင်း-၄ နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၃) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။
ရန်သူ့ဘက်မှ (၄) ဦး သေဆုံးပြီး G-3 (၃) လက်၊ ကာဘိုင် (၂) လက်၊ ကျည် (၂၄၉) တောင့်၊ ကျည်အိမ် (၁၁) ခု သိမ်းဆည်းရသည်။
အမှတ် (၁) စစ်ဒေသ

1 year, 7 months ago

နွားထိုးကြီးမြို့နယ်အတွင်း တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအား တိုက်ခိုက်ရာ လက်နက် (၃၉) လက် သိမ်းဆည်းရ
ဇန်နဝါရီလ ၃၀ ရက်
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅) နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်အား တိုက်ခိုက်ရာ လက်နက် (၃၉) လက် သိမ်းဆည်းရမိသည်။
၎င်းစစ်ကြောင်းအား ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်းတွင် မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူးပေါင်းအဖွဲ့တို့မှ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရ၍ (၈) ဦး ဖမ်းဆီးရမိသည်။
သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်းများမှာ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ဖြစ်သည်။
၎င်းတိုက်ခိုက်မှုအတွင်း တံတားဦးမှ ထွက်လာသော Mi-35 (၁) စီးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။
အမှတ် (၁) စစ်ဒေသ

1 year, 9 months ago
အမှတ် (၁) စစ်ဒေသ
1 year, 9 months ago
အမှတ် (၁) စစ်ဒေသ
1 year, 9 months ago

အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီအဖွဲ့ထံမှ လက်နက် (၉) လက် သိမ်းဆည်းရ
နိုဝင်ဘာလ (၂၁) ရက်
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
၎င်းရန်သူ့အဖွဲ့သည် မန္တ‌လေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့်
MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရသည်။
၁၇၀၉၁၅ ချိန် နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ၁၇၁၁၀၃ ချိန် မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်၍ ၁၇၁၃၄၅ ချိန် ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
အမှတ် (၁) စစ်ဒေသ

2 years ago

သပိတ်ကျင်းမြို့နယ်ရှိ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား သိမ်းပိုက်ရရှိ
ဩဂုတ်လ (၃၀) ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃၊ စခတ-၂၊ သနတ-၁ ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် ဩဂုတ်လ (၂၉) ရက်နေ့မှ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီထံမှ လက်နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Drone Slayer (၂) လက်၊ ၆၀ မမ ဗုံးသီး (၄၃) လုံး၊ အီနာဂါ (၆) လုံး၊ ကျည်အိမ် (၂၂) ခု သိမ်းဆည်းမိသည်။
အမှတ် (၁) စစ်ဒေသ

2 years ago

ချပ်ကြီးရွာတွင် အခြေပြုနေသော စစ်ကောင်စီ အဖွဲ့ထံမှ လက်နက်ငယ် (၃) လက် သိမ်းဆည်းရ
ဩဂုတ်လ (၃၀) ရက်
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာ တောင်ဘက်၌ ချပ်ကြီးရွာမှ ထွက်လာသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂) နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ ဩဂုတ်လ (၂၇) ရက်‌နေ့တွင် ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်မှ (၃) ဦး (အလောင်းရ) သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် (၃) လက်၊ ကျည် (၈၃၂) တောင့်၊ ကျည်အိမ် (၃) ခု၊ Equipment (၃) ခု၊ ယူနီဖောင်း (၃) စုံ၊ လက်ထိပ် (၃) ခု၊ ဓား (၁) ချောင်း သိမ်းဆည်းရသည်။
အမှတ် (၁) စစ်ဒေသ

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated hace 1 año, 11 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated hace 1 año, 7 meses

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated hace 3 años, 6 meses