ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago
ONE CHAMPIONSHIP အဖွင့်ပွဲစဉ်မှာ ဘရော်နီကာက အမှတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ဘက်ချီလီသူဘက်က လောင်းခဲ့တဲ့ ဘရော်နီကာရဲ့ မိခင်က ကျပ်ကိုးသောင်းအနိုင်ရ
CJ Platform
ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မနေ့ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ ညပိုင်းမှာ ကျင်းပခဲ့တဲ့ ONE CHAMPIONSHIP အဖွဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်သူ ချီလီနိုင်ငံသူ ဖရန်ဆစ်ဆကာဗဲရာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ ဘရော်နီကာရဲ့ မိခင်ဖြစ်သူက ဗဲရာဘက်ကနေ လောင်းကြေးထပ်ခဲ့တာကြောင့် ကျပ်ကိုးသောင်း အနိုင်ရသွားခဲ့တယ်လို့ ဘရော်နီကာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။
“အော…ကျေးဇူးပဲ မေမေ။ ပြိုင်ဘက်ဖက်ကို ပါလို့။ ကိုးသောင်း ရတယ်ဆိုပဲ။ မျက်ရည်နှစ်စက်” လို့ ဘရော်နီကာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဘရော်နီကာရဲ့ ONE CHAMPIONSHIP အဖွင့်ပြိုင်ပွဲမှာ ပြိုင်ဘက် ဗီရာကို အကောင်းဆုံး ထိုးသတ်ခဲ့ပေမဲ့ ၃ချီထိုးသတ်အပြီးမှာ အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဗဲရာကို အနိုင်ပေးခဲ့တာပဲဖြစ်ပါတယ်။
ONE CHAMPIONSHIP ကတော့ ပြိုင်ပွဲအပြီးမှာ ဘရော်နီနဲ့ ဗီရာကို အပိုဆုကြေးငွေ ဘတ်သုံးသိန်းခွဲစီ ပေးအပ်ခဲ့ပါတယ်။
#CJPlatform #ဘရော်နီကာ #ONE-CHAMPIONSHIP #ဖရန်ဆစ်ဆကာဗဲရာ
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/15-2-2025-5/
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
Instagram : https://www.instagram.com/burmacjplatform/
YouTube :https://www.youtube.com/@cjplatform
ONE CHAMPIONSHIP အဖွင့်ပွဲစဉ်မှာ ဘရော်နီကာက အမှတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ဘက်ချီလီသူဘက်က လောင်းခဲ့တဲ့ ဘရော်နီကာရဲ့ မိခင်က ကျပ်ကိုးသောင်းအနိုင်ရ
တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအနေနဲ့ Federal Wings ရဲ့ နည်းပညာအကူအညီကို ရယူဖို့လိုအပ်တယ်ဆိုရင် ကူညီဖို့ အသင့်ရှိတယ်လို့ဆို
CJ Platform
Federal Wings ရဲ့ နည်းပညာ အကူအညီ ရယူဖို့လိုအပ်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့ အသင့်ရှိသလို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ မေးစရာမေးခွန်းတွေ ကို Federal Wings ရဲ့ Page ကို အချိန်မရွေး လာရောက်ဆက်သွယ်နိုင်တယ်လို့ ဒီကနေ့မှာ Federal Wings က ထုတ်ပြန်လာပါတယ်။
အဲဒီလို အကူအညီပေးရာမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန MOCIT ကတဆင့် Federal Wings နဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ညွန်းထားတာဖြစ်တယ်လို့ နားလည်ရပါတယ်။
“MOCIT ကတဆင့် Federal Wings နဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ အနေနဲ့ ဘယ်အဖွဲ့အစည်းခေါင်းစဉ်/နာမည်နဲ့ တော်လှန်ရေးမှာဆက်လက်လှုပ်ရှားနေသည်ဖြစ်ပါစေ Federal Wings ရဲ့ နည်းပညာအကူအညီကို ရယူဖို့လိုအပ်တယ်ဆိုရင် Federal Wings က ကူညီဖို့ အသင့်ရှိပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
MOCIT ကနေ တဆင့် ချိတ်ဆက်ခဲ့ကြတဲ့ တချို့တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေက နည်းပညာဆိုင်ရာ အခက်အခဲတွေရှိနေပေမဲ့ Federal Wings ရဲ့ အခြေအနေမှန်ကို မသိရှိပဲ ဝေဝါးနေကာ မဆက်သွယ်ရဲပဲ အခက်အခဲ ကြုံတွေ့နေရတယ်ဆိုတာကို ကြားသိရတယ်လို့လည်း ဆိုပါတယ်။
Federal Wings အနေနဲ့ တော်လှန်ရေးက လမ်းခွဲသွားတာမဟုတ်ပဲ စစ်အာဏာရှင်စနစ် တိုက်ထုတ်နေသူတိုင်းကို Federal Wings ရဲ့ တော်လှန်ရေးမိတ်ဆွေ ရဲဘော်ရဲဘက်တွေလို့ ခံယူထားပြီး စစ်အာဏာရှင်စနစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ဆက်လက်တိုက်ထုတ်နေတယ်လို့ ဖော်ပြရေးသားထားပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ်က စတင်ကာ NUG နဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အောင်မြင်မှုမရှိခဲ့ပဲ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးနဲ့ ဆက်သွယ်ကာ Federal Wings Committee - MOCIT တစ်ခု သီးသန့်ဖွဲ့စည်းပြီး တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
Federal Wings နဲ့ MOCIT တို့ကြား ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ကလောမြို့က ဟိုတယ် မဲဖောက်မယ့် The Key Project နဲ့ ပတ်သတ်ကာ အမြင်သဘောထားများကွဲလွဲခဲ့တဲ့အပြင် Federal Wings Facebook Page Admin ဖြစ်သူနဲ့လည်း မကျေလည်မှုတွေရှိခဲ့ရာကနေ ငွေစာရင်းရှင်းတမ်းများ တောင်းခံရာက နှစ်ဖက်အကြား ကွဲလွဲလာခဲ့တာ ဖြစ်တယ်လို့ MOCIT နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရှိရပါတယ်။
ဒါ့အပြင် ငွေစာရင်းရှင်းတမ်းတောင်းခံခြင်းဟာ စတင်ဖွဲ့စည်းစဉ်က သဘောတူညီမှုတွေနဲ့ ကွဲလွဲနေတဲ့အပြင် ငွေကြေးသုံးစွဲတဲ့အဖွဲ့၊ ပစ္စည်းလက်ဝယ်ထားရှိတဲ့အဖွဲ့က ငွေစာရင်းမတင်ပြပဲ Federal Wings Committee ငွေကြေးစိုက်ထုတ်သူအဖွဲ့ကို ငွေစာရင်းရှင်းလင်းဖို့ Federal Wings Facebook Page တွင်ရေးသားခဲ့တာကြောင့် Federal Wings Committee ဖျက်သိမ်းဖို့ ဖြစ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
Federal Wings Committee – MOCIT ကနေ ရှင်းလင်းချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က အပြီးတိုင်ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Federal Wings
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/15-2-2025-3/
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
Instagram : https://www.instagram.com/burmacjplatform/
YouTube :https://www.youtube.com/@cjplatform
ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်၊ သောကြာနေ့အတွက် ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖိုရှိသလဲ?
(၁)ထိုင်းမှာ အာဆီယံဝန်ကြီးတွေ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးတဲ့သတင်း
(၂)ရန်ကုန်မှာ လျှပ်စစ်မီးအပြင် ရေပြတ်တောက်မှုတွေပါ ကြုံနေရတဲ့အတွက် မြို့ခံတွေအခက်တွေ့နေရတဲ့သတင်း
(၃)အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးထပ်ခတ်မယ့်အစီအစဥ်ကို အိန္ဒိယဒေသခံတွေ မိုးရေးမြို့မှာ ကန့်ကွက်ဆန္ဒပြတဲ့သတင်း
(၄)န်ကုန်မြို့ စက်သုံးဆီဈေးကွက်အတွင်း ဒီကနေ့မှာပဲ စက်သုံးဆီဈေးတွေအပြောင်းအလဲဖြစ်သွားတဲ့သတင်း
(၅)ဟားမားမြို့ကို ဆီးရီးယားသူပုန်တွေ ထပ်သိမ်းခံရတဲ့သတင်း
စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။
YouTube တွင် ကြည်ရှုရန် >>> https://youtu.be/VaAoaGLuIJs
ဆိပ်ကမ်းကူးသန်းပို့ဆောင်ခွင့်မှာ ကားတင်သံခွန်သမားတွေဟာ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတွေဖြစ်တာကြောင့် လုပ်ကိုင်ရအဆင်ပြေပေမဲ့ အရပ်သား ကားတင် ပြန့်ဖောင်သမားတွေကိုတော့ ခွဲခြားဆက်ဆံမှုတွေကြုံနေကြရတယ်လို့ သိရပါတယ်။
"တပ်ရင်းတပ်ဖွဲ့တွေထောင်ထားတဲ့ကားကြီးတွေတင်လို့ရတဲ့ သံခွန်တွေကိုဦးစားပေးပြီး ပြည်သူကထောင်ထားတဲ့ ဖောင်တွေကျဦးစားမပေးဘူး။ နိုင်တဲ့ဖောင်တွေကို ကားတွေမျှမပေးဘဲနဲ့ သူတို့ သံခွန်ရေယာဥ်တွေကို ဦးစားပေးတယ်။ ဒါက အလှည့်ကျဖြစ်ရမှာ သူတို့နိုင်ရင်တင် တစ်ခုခုဖြစ်ရင် သူတို့လျော်ရမှာ။ ခုက သူတို့နဲ့ဆက်စပ်တဲ့သူတွေပဲဦးစားပေးတယ်" လို့ အမည်မဖော်လိုတဲ့ အသက် ၄၅ နှစ်ခန့်ရှိ အဲဒီဒေသက အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိပြေးဆွဲနေတဲ့ သံခွန်၊ ပြန့်ဖောင်နဲ့ စက်လှေပြေးဆွဲလိုတဲ့ဒေသခံတွေဟာ ဆိပ်ကမ်းတာ၀န်ရှိသူတွေဆီ ပြေးဆွဲခွင့်တောင်းခံရတာကြောင့် အသစ်ပြေးဆွဲလိုသူတွေအနေနဲ့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
"ခုနောက်ထပ် ပြေးဆွဲချင်ရင် မရတော့ဘူး။ စာရင်းပိတ်ပြီတဲ့။ ခု ပြန့်ဖောင်တွေကို သိန်းရာဂဏန်းနဲ့ချီပြီး ဆောက်လုပ်ရတာ၊ သူတို့စာရင်းမပိတ်ခင်တည်းကလုပ်နေတာ။ အဲဒါကို လုပ်ခွင့်မပေးဘူး။ ခွင့်မပြုဘဲလုပ်ရင် မီးရှို့ပစ်မယ်လို့ပြောတယ်။ သူတို့ကတောက်ကဆ ကူးတို့သမားတွေနဲ့ဖြစ်ရင် သေနတ်ဖောက်ပြောဆိုတာတွေပါရှိတယ်" လို့ အမည်မဖော်လိုတဲ့ အသက် ၃၀ ခန့်ရှိ ပြန့်ဖောင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဝက်လက်ဒေသခံတွေအနေနဲ့ NUG လက်အောက်ခံ ပအဖ၊ ပကဖနဲ့ တပ်ရင်း-၂ တာ၀န်ရှိသူတွေရဲ့ သတ်မှတ်အခွန်အခအတိုင်းကောက်ခံရေး၊ အရင်းအနှီးများစွာသုံးထားရတဲ့ ပြန့်ဖောင်အသစ်တွေကို စီမံပေးစေလိုခြင်းနဲ့ လုပ်ငန်းခွင်ခွဲခြားလုပ်ဆောင်မှုတွေကို ပြင်ဆင်ပေးစေရေးတို့ကို လိုလားနေပါတယ်။
ဒါပေမဲ့ အခုအခွန်ဦးဆောင်ကောက်နေတဲ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၂ ရဲ့လုပ်ဆောင်ပုံတွေကိုမနှစ်မြို့လို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG ဆီ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။
အဲဒီ တပ်ရင်း ၂ က တပ်စိတ်မှူးက သူ့ကိုပြန်မကြိုက်တဲ့ မိန်းကလေးတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် NUG က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခံရခဲ့ပါတယ်။
အခု တပ်ရင်း-၂ ခွင့်ပြုချက်နဲ့လုပ်ကိုင်နေတဲ့ ရေယာဉ်ပြေးဆွဲမှုတွေဟာ ၀က်လက်နယ်ထဲ အရင်နှစ်တွေကတည်းက ရှိနေခဲ့တာပါ။
အဲဒီနယ်က သစ္စာနယ်မြေဖြစ်တာကြောင့် ပြန့်ဖောင်၊ စက်လှေတွေကရရှိတဲ့၀င်ငွေကနေ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ "သစ္စာရ" ဘုရားပွဲမှာ ရွှေသင်္ဃန်းအတွက် ၀တ္ထုငွေအဖြစ်ကပ်လှူရတဲ့ ဓလေ့ရှိပါတယ်။
ဒါပေမဲ့ အခုအခွန်ငွေတွေကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ရင်း-၂ က တာဝန်ရှိသူတွေ ဘယ်လိုစီမံခန့်မလဲဆိုတာ မသိရသေးပါဘူး။
မင်းထက်
ဓာတ်ပုံ - ပေးပို့
ပုံစာ- ဝက်လက်မြို့နယ် ဆိပ်ကမ်းဖြတ်သန်းခွင့် အခွန်စာရွက်
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/6-12-2024-8/
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
Instagram : https://www.instagram.com/burmacjplatform/
YouTube :https://www.youtube.com/@cjplatform
Twitter :https://twitter.com/CjPlatform
Telegram : https://t.me/cjplatform
တို့တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#CJPlatform #ဝက်လက်မြို့ #လာဘ်စားမှု #စစ်ကိုင်းတိုင်း
လာဘ်စားမှု၊ ခြိမ်းခြောက်မှုတွေ ရောပြွမ်းနေတဲ့ ဝက်လက်နယ်က ဘုရားလှူလေ့ရှိတဲ့ ရေယာဉ်အခွန် ကောက်ခံမှု
CJ Platform
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ကုန်းလမ်းအစား ရေလမ်းကို ဒေသခံတွေ အားကိုးအားထားပြု သွားလာနေရပါတယ်။
အဲဒီအချိန်မှာပဲ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်ကြီး/ငယ်တွေအားလုံးကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ရွှေဘိုခရိုင် တပ်ရင်း-၂ တို့ပူးပေါင်းပြီး အခွန်ကောက်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
"မတ္တရာမြောက်တကြောလုံး မိုးကုတ်ထိပါမယ်။ အဲဒီတကြောလုံးက ရေလမ်းကိုသုံးကြရတာ။ မတ္တရာကမဖြတ်ရတော့ ရေလမ်းကနေ ရွှေဘိုခရိုင်ချင်းဆက်လမ်းကိုဖြတ်ပြီးမောင်းရတာ" လို့ ဝက်လက်မြို့နယ်အတွင်းပြေးဆွဲနေတဲ့ ဆိပ်ကမ်းတစ်ခုက ဒေသခံ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီပူးပေါင်းအဖွဲ့ဟာ ရေယာဉ်အကြီး ဒေသအခေါ် ကားတင် သံခွန်နဲ့ ပြန့်ဖောင်တွေအတွက် တစ်ရက်၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအပြင် စက်လှေ(အငယ်၊ အလတ်၊ အကြီး)တွေကိုတော့ ၁၀၀၀ ကနေ ၅၀၀၀ ကျပ်အထိ ဆိပ်ကမ်းဖြတ်သန်းခအနေနဲ့ ကောက်ယူနေတယ်လို့ သိရပါတယ်။
အဲဒီမြို့နယ်တပ်ရင်း-၂ ဟာ ဆိပ်ကမ်းဖြတ်သန်းခွင့်အတွက် လွန်ခဲ့တဲ့စက်တင်ဘာလကတည်းက အခွန်ကောက်ခံနေတာဖြစ်ပြီး ကားတင် သံခွန်၊ ပြန့်ဖောင်နဲ့ စက်လှေတွေကလည်း မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့မှ ပြေးဆွဲခွင့်ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
အရင်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဧရာ၀တီမြစ်ကူးဖို့အတွက် ကူးတို့ပို့ဆောင်မှုတွေရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေထဲ မန္တလေးတိုင်းဘက်ကစစ်ရေးအခြေအနေတွေကြောင့် မတ္တရာမြို့ကို ကုန်းလမ်းကနေဖြတ်သန်းခွင့်မရတော့တာကြောင့် သံခွန်နဲ့ ပြန့်ဖောင်တွေကို အားထားအသုံးပြုပြီး ရေလမ်းကြောင်းပို့ဆောင်ရေး တွင်ကျယ်လာတာဖြစ်ပါတယ်။
ရေလမ်းကြောင်းပို့ဆောင်ရေးအတွက် သံခွန် ၁၀ စီး၊ ပြန့်ဖောင် ၁၅ စီးကျော်နဲ့ စက်လှေအကြီး၊ အလတ်၊ အငယ်တွေဟာ ၀က်လက်မြို့နယ်၊ ရေလည်မော်ဆိပ်ကမ်းအပါအ၀င် ဆိပ်ကမ်းလေးခုခန့်ကနေ ဧရာ၀တီမြစ်တစ်ဖက်ကမ်းကို ဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။
အဲဒီဆိပ်ကမ်းတွေမှာ သံခွန်တွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေ၊ သူတို့ရဲ့နီးစပ်သူတွေက ပြေးဆွဲနေပြီး ပြန့်ဖောင်နဲ့ တခြားစက်လှေတွေကိုတော့ အရပ်သားတွေက တည်ထောင်ပြေးဆွဲနေပါတယ်။ အဲဒီကရေယာဉ်တွေဟာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပြေးဆွဲနေကြပါတယ်။
ဒါပေမဲ့ ဒီလိုအခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ စာတင်ထားဆဲအဆင့်သာရှိသေးပြီး တရားဝင်ခွင့်ပြုတာမျိုးမရှိသေးဘူးလို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဆိပ်ကမ်းအုပ်ချုပ်ခွင့်တာ၀န်ကို NUG ရဲ့ ၀က်လက်မြို့နယ် ပအဖ၊ ပကဖတွေက တပ်ရင်း ၂ ဒုတပ်ရင်းမှူး ကိုဖက်တီးကို တာ၀န်ပေးထားတယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ခရိုင်အဆင့်က အစည်းအဝေးပြီးသွားလို့ NUG ဆီစာတင်ထားတာ တစ်လကောင်းကောင်းရှိပေမဲ့ စာကမပေးသေးဘူး။ ကျန်တဲ့တပ်ရင်းတပ်ဖွဲ့တွေရှိတယ်လေ။ သူတို့တစ်ရင်းတည်းရှိတာမှမဟုတ်တာ။ သူတို့ကို အခွန်ကောက်ခွင့်ပေးတာမဖြစ်နိုင်ဘူးလေ။ NUG က ခွင့်မပြုဖြစ်သေးဘူးလေ။ ကျန်တပ်ရင်းတွေက သူတို့လိုလစာရတာမှမဟုတ်တာ။ သုံးလမှတစ်ခါရတာ။ ပြီးတော့ ပလဖတွေ၊ ရပ်ကျေး၊ တိုက်နယ်တွေရှိတယ်။ သူတို့ပဲပေးလို့ ဘယ်ဟုတ်ပါ့မလဲ" လို့ NUG ၊ ခရိုင်အဆင့် တာ၀န်ရှိသူတစ်ဦးက အခွန်ကောက်ခံနေမှုနဲ့ပတ်သက်ပြီး ပြောပါတယ်။
ဆိပ်ကမ်းတာ၀န်ရှိသူတွေဟာ တရားမ၀င်အခွန်ကောက်ယူနေတာဖြစ်တယ်လို့ သူက မှတ်ချက်ပေးပြောပါတယ်။
ဒီလိုအခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေဆီ CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်တုံ့ပြန်ဖြေဆိုတာမျိုးတော့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းအထိ မရှိသေးပါဘူး။
အကောက်ခွန်တွေနဲ့ပတ်သက်ပြီး ရေကြောင်းပို့ဆောင်ရေးလုပ်ကိုင်နေသူတွေကို ၀က်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ ဆိပ်ကမ်းတာ၀န်ရှိသူတွေက ခြိမ်းခြောက်ပြောဆိုတာမျိုးတွေလည်း လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၃၀ ခန့်ရှိ ပြန့်ဖောင်ပြေးဆွဲနေသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ဖြတ်ပိုင်းမှာရေးထားတာက ၁၀ ရာခိုင်နှုန်း တကယ်တမ်းယူတာက ၁၅ ရာခိုင်နှုန်းဗျ။ ဒီလိုကောက်တာတွေနဲ့ပတ်သက်ပြီး တိုင်တာတန်းတာလုပ်ရင် လုပ်ခွင့်ပယ်ဖျက်မယ်လို့ပြောတယ်" လို့ သူက ပြောဆိုပါတယ်။
အခုတပ်ရင်း-၂ က ပြေးဆွဲခွင့်ပေးထားတဲ့ ကားတင်သံခွန်တွေဟာ ခြောက်ဘီး၊ ၁၂ ဘီး ကားတွေ အပါအ၀င် ကား ၁၀ စီးခန့်အထိ သယ်ဆောင်နိုင်ပြီး ပြန့်ဖောင်တွေကတော့ လိုက်ထရပ်လို ကားသေးတွေကို လေးစီးလောက်ပဲ အများဆုံးသယ်နိုင်တယ်လို့ သိရပါတယ်။
သယ်ဆောင်ခကို ကားအမျိုးအစားနဲ့ ကုန်ပါ၀င်မှုအပေါ်မူတည်ပြီး တစ်စီးကို ကျပ်နှစ်သိန်းကနေ ကျပ်နှစ်သိန်းငါးသောင်းအထိ ရရှိနေတာဖြစ်တဲ့အတွက် တစ်ခေါက်ကို ဝက်လက်ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ကျပ်သိန်း ၂၀ နဲ့အထက် ရရှိနေတာဖြစ်ပါတယ်။
NUG အနေနဲ့ မင်းကင်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးခြင်းမရှိတဲ့အပြင် အရေးယူဆောင်ရွက်တာမျိုးတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာကြောင့် ဒီလိုအာဏာတလွဲအသုံးပြုသူတွေဖြစ်ပေါ်လာရတဲ့အတွက် ဒေသခံတွေကို ထိခိုက်စေတယ်လို့ ပြောဆိုနေကြပါတယ်။
ဒီလိုရွှေမျောလုပ်ကိုင်ခွင့်တွေ ဒေသခံတွေရဲ့သဘောမပါဘဲ ချထားပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောကြားထားတာမျိုး မရှိသေးပါဘူး။
Justino
ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း
ပုံစာ - ချင်းတွင်းမြစ်ဘေး ရွာတစ်ရွာမှ စစ်ကောင်စီကို ဆန္ဒထုတ်ဖော်နေတာကို တွေ့ရစဉ်(ပုံဟောင်း)
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/23-11-20242/
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
Instagram : https://www.instagram.com/burmacjplatform/
YouTube :https://www.youtube.com/@cjplatform
Twitter :https://twitter.com/CjPlatform
Telegram : https://t.me/cjplatform
တို့တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#CJPlatform #စစ်ကိုင်းတိုင်း #မင်းကင်းမြို့ #ရွှေမျောလုပ်ကွက်
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 2 years ago