ANTS - ပုရွက်ဆိတ်များ

Description
ANTS Fundraising Team's Official Telegram Channel
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months ago

2 years ago

•Week 10 တုန်းက ကိုအေအန်န်အမ်မ်တီ ဆိုခဲ့တဲ့ သီချင်းလေးက်ိုမှတ်မိလား ။ ပုံမှန်ကြားနေကြ ပုံစံမျိုး မဟုတ်တဲ့ သီချင်းလေးလေ။

•တစ်ခါပဲလာတောင်းပြီး တန်းမဲပေါက်သွားတဲ့သီချင်းလေးပေါ့။ ယခင်ကတည်းကနေ ယနေ့ခေတ်အချိန်ထိ အောက်ခြေလူတန်းစားတွေမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖော်ထုတ်ပြထားတဲ့ 'လက်ထဲကအိပ်မက်' ဆိုတဲ့ သီချင်းလေးပါ။

•အခု YouTube မှာတင်ထားပါတယ်ခင်ဗျ။ ပုလဲလုံးလေးတွေလည်းထွက်ပါတယ်ခင်ဗျ။

Facebook Post Link
https://www.facebook.com/100083843695750/posts/pfbid035vrd7Z6GMcaqo3tyfVSKmQYkWHqBjvvp7B28DRuriT8ps1R7sbV7Q1cbWtYG5vpwl/?d=n&mibextid=qC1gEa

•ထုံးစံအတိုင်း တစ်ခုခုရေးပြီး Share သွားကြပါဦးခင်ဗျ။ ကျွန်တော် ဒီရက်ပိုင်း နေသိပ်မကောင်းလို့ Comment တွေကို နောက်မှဖြည်းဖြည်းချင်း Reply ပြန်ပါမယ်ခင်ဗျ။

Facebook

Log in or sign up to view

See posts, photos and more on Facebook.

2 years ago

•ပုလဲသေတ္တာနဲ့ ပတ်သက်ပြီး တစ်ခုလောက် သတိပေးချင်လို့ပါခင်ဗျ။

•ရဲဘော်တွေအတွက် ဝင်ငွေ ပိုရအောင် ပုလဲသေတ္တာ playlist ကို ဆက်တိုက်ဖွင့်ထားကြတာကို နားလည်ပါတယ်ခင်ဗျ။

•သို့ပေမယ့် playlist ကို ဆက်တိုက်ဖွင့်ထားတာထက်စာရင်

•သီချင်းနှစ်ပုဒ်၊ သုံးပုဒ်လောက် ပြီးတိုင်း တခြားတော်လှန်ရေး Channel တွေက video တွေသွားကြည့်တာမျိုး။

•Paerl Box Playlist ထဲက သီချင်းနာမည်တွေကို Search bar မှာ အနောက်ကနေ Radio Melody ထပ်ထည့် ၊ပြန်ရိုက်ရှာပြီး နားထောင်တာမျိုး။ (ဥပမာ - အချစ်ကအမှား Radio Melody )

•အပေါ်ကပြောထားတဲ့အချက်လေးတွေကို အချိန်ရရင် လုပ်ပေးပါခင်ဗျ။ ပိုက်ဆံရဖို့ ရည်ရွယ်ချက်ရှိရှိကြည့်တာမျိုးမဟုတ်ဘဲနဲ့ ပုံမှန် YouTube သုံးတဲ့ user တစ်ယောက်လိုမျိုးဖြစ်ရင် အကောင်းဆုံးပါပဲ။ နှင့်မို့ဆို ကိုယ်က VPN လည်းခံထားပါရက်နဲ့ ကြော်ငြာမတက်တာမျိုးတွေ ဖြစ်တတ်လို့ပါခင်ဗျ။

•အားလုံးပဲ ကျွန်တော်တို့ အတူတူဆက်ရုန်းကြမယ်ဗျာ။

2 years ago

•သီချင်းအသစ် နှစ်ပုဒ်တင်ထားပါတယ်။
ယုံပါ( Week 9က ကျန်ခဲ့တဲ့အပုဒ်)နဲ့ Week 10 က သဘာဝရဲ့ရင်သွေးငယ် ပါ။

•သဘာဝရဲ့ရင်သွေးငယ် က copyright မိလို့ ပုလဲလုံးလေးတွေ ထွင်မှာမဟုတ်ပါဘူး။

•ယုံပါကတော့ ပုလဲသေတ္တာထဲပါတာမို့ ပုလဲလုံးလေးတွေ ရှယ် ထွက်မှာပါ။

•အခုပဲ သီချင်းနာမည်နောက်မှာ Radio Melody ဆိုပြီး ရိုက်ရှာပြီး သွားနားထောင်ကြပါခင်ဗျာ။

•တစ်ခုခုရေးပြီး မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။

2 years ago

•စာနည်းနည်းရှည်ပါမယ်။ 21.22 MHz YouTube နားထောင်တဲ့သူတွေ မဖြစ်မနေ ဝင်ဖတ်စေချင်ပါတယ်။

•ကျွန်တော်တို့က သီချင်းတွေကို Cover ဆိုပြီး YouTube မှာတင်တဲ့အတွက် Copyrights ပြသနာကရှိနေပါတယ် ။ Copyrights ထိတဲ့ သီချင်းတွေက ရနှုန်းအင်မတန်မှ နည်းပါတယ်။ လုံးလုံး မရတာတော့မဟုတ်ဘူးပေါ့နော်။ ဥပမာပြောရရင် copyright မမိတဲ့ ကျောင်းသားအထုပ္ပတ္တိက RPM 7.7SGD လောက်ရနေတဲ့အချိန် Copyright မိတဲ့ ဆု က RPM 0.72 SGD ပဲရပါတယ် ။ စင်ကာပူဒေါ်လာ တစ်ဒေါ်လာတောင် မပြည့်ဘူးပေါ့ဗျာ။

•အခုဒီ week 10 ၊ ကျွန်တော်တို့ တင်ထားတဲ့လေးပုဒ်ထဲမှာ ကော်လံပေါ်ကနှုတ်ခမ်းနီဆို copyright မိတယ်ပေါ့နော်။

•အဓိကပြောပြချင်တာက ပြည်သူအများစုက အချိန်ကုန်ခံ နားထောာင်ပေးပြီး ထင်သလောက် ပိုက်ဆံမရတဲ့အခါကျွန်တော်တို့ဘက်ကလည်း အင်မတန်ကိုမှ အားနာရပါတယ်။

•ဒါကြောင့် ဒီနေ့ကျွန်တော်အားတာနဲ့ copyright မမိတဲ့ သီချင်းတွေကို သပ်သပ် playlist တစ်ခုလုပ်ထားပေးပါမယ်ခင်ဗျ။ ဒီသီချင်းတွေပဲ မဖြစ်မနေနားထောင်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ဘူးနော်။ တစ်ခုခုလုပ်နေရင်းနဲ့ နားထောင်မယ်ဆို Mood ပေါ်မှာ မူတည်ပြီးနားထောင်ပါ။ ဒီအတိုင်း နားကြပ်တပ်ပြီး နားမထောင်ဘဲ ဖွင့်ထားမယ်ဆို copyrights မမိတာတွေပဲ အဓိကထားနားထောင်စေချင်ပါတယ်။

•RPM ဆိုတာက ကြော်ငြာကြည့်ရှုသူဦးရေ တစ်ထောင်ပြည့်တိုင်း ကျွန်တော်တို့ရတဲ့ ပမာဏပါ။

•ကြော်ငြာတွေမှာ skip လို့ပေါ်လာတာနဲ့ ရဲရဲသာနှိပ်ပြီး ကျော်လို့ရပါတယ်။ ကျော်သာကျော်ချလိုက်ပါ။

•ဒီပို့စ်ကို 21.22 MHz YouTube နားထောင်နေတဲ့သူတွေမြင်အောင် တစ်ခုခုရေးပြီး၊ share လုပ်ပြီး မျှဝေပေးပါဦးခင်ဗျ။

Facebook Post Link
https://m.facebook.com/story.php?story_fbid=pfbid02RXBictXibTCEWjDUncV5SHw8C3XWwZshGjhXkhESYmKQeLSwwAWPPbeDLKEy5P6Bl&id=100083843695750&mibextid=qC1gEa

Facebook

Log in to Facebook

Log in to Facebook to start sharing and connecting with your friends, family and people you know.

2 years ago

•YouTube မှာ Week 10 က သီချင်း သုံးပုဒ်တင်ထားပြီးပါပြီခင်ဗျ။

•နားထောင်ပြီးရင် ဘယ်သီချင်းအကြိုက်ဆုံးလည်းဆိုတာကို တစ်ချက်ပြောခဲ့ပေးပါဦးခင်ဗျ။

•VPN ခံဖို့ မမေ့နဲ့နော်။

•Playlist Link ပါခင်ဗျာ။ ကျန်တဲ့သီချင်းတွေကလည် တဖြည်းဖြည်းတင်သွားပါမယ်ခင်ဗျ။

Week 10 ( RM S2 )
https://www.youtube.com/playlist?list=PLQ-AD_od6CagJEevFgQm-UmQe6JNOES-f

2 years ago

•မနက်စောစောစီးစီး တစ်ခုလောက် ချီးကျူးပါရစေ။

•အရင်တုန်းက 21.22 MHz YouTube ကနေ တစ်ရက်ကို ဝင်ငွေပျမ်းမျှ SGD 7 လောက်ပဲရခဲ့ပေမယ့် အခုဆို သိသိသာသာတက်လာခဲ့ပါယ်။

•အခု ဒီတစ်ပတ်ဆို တစ်ရက်ကို SGD 15 လောက် ပျမ်းမျှရနေပါပြီ။

•ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့ ရွေ့လာတာက ကျွန်တော်တို့ကြိုးစားလို့ဆိုတာထက် ပြည်သူတွေရဲ့ ရုန်းအားတွေကြောင့်ပါ။

•ဒါကြောင့် ပါဝင်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျန်းမာရေး၊ လုံခြုံရေး အစစအရာရာ ဂရုစိုက်ပါလို့ ဒီနေကနေလည်း သတိပေးချင်ပါတယ်ခင်ဗျာ။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သေချာစောင့်ကြည့်ကြပါ။

•နိုင်ငံတွင်းကနေ Post တွေ ရှယ်လ်မယ် comment ရေးမယ်ဆို Profile Lock ထားတာအကောင်းဆုံးပါပဲ။ အပြင်သွားရင်ပြောင်းဖို့လည်း အကောင့်တစ်ခုဖွင့်ထားပါ။ ဒါတွေက သိပြီးသား အရာတွေဖြစ်ပေမယ့် သေချာဂရုစိုက်ကြပါခင်ဗျာ။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တစ်ဦးတစ်ယာက်ချင်းစီရဲ့ လုံခြုံရေးက အရေးကြီးပါတယ်ခင်ဗျာ။

•တတ်နိုင်တဲ့ဘက်ကနေ အဆင်ပြေမယ့်နေရာက အကောင်းဆုံးပါဝင်ကြပြီး ကျွန်တော်တို့အတူတူ ဆက်ရုန်း ကြစို့ဗျာ။

2 years ago

•မနေ့ညကရော ၊ ဒီနေ့မနက်ပိုင်းရော သီချင်းနားထောင်ဖို့ ပို့စ်တင်ပြီး သတိမပေးမိပေမဲ့ YouTube ကို အလွမ်းပြေ နားထောင်နေမယ်လို ယုံကြည်ပါတယ်ခင်ဗျ။

•မကြာခင်မှာ Radio Melody ကို ယခင်ထက် အစစအရာရာပိုကောင်းတဲ့ အသစ်တွေနဲ့ ချပြနိုင်အောင် အစီအစဉ်တွေ စပြီးဆွဲနေပါပြီခင်ဗျာ။

•ဒီကြားကာလမှာတော့ ကြော်ငြာတွေ ရှယ်တက်နေတဲ့ YouTube ကို အလွမ်းပြေနားထောင်ထားကြပါဦးခင်ဗျာ။

•s2, Week 5 လောက်ကစပြီး သီချင်းတွေမှာ motion တွေ , lyrics တွေပါလာတာကြောင့် အဲ့နောက်ပိုင်း သီချင်းတွေက ရှေ့က သီချင်းတွေထက် ရနှုန်းမြင့်ပါတယ်ခင်ဗျ။

•နားထောင်တာကတော့ မုဒ် ရှိသလို နားထောင်ကြပါ။သီချင်းတွေက အနည်းနဲ့အများ သူ့နှုန်းထားနဲ့သူ ရကြတာပါပဲခင်ဗျ။

https://youtube.com/@ANTSforPeople

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 8 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months ago