Brilliant Tomorrow Learning Center

Description
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 1 week, 6 days ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 6 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 4 weeks ago

1 month, 2 weeks ago

ခေတ်ကာလရဲ့တောင်းဆိုမှုတွေများလာတဲ့အခါ ကိုယ်တကယ်လိုချင်နေတဲ့ ကိုယ့်ရဲ့ဆန္ဒတွေကိုဖြည့်စည်းပေးဖို့ကိုတော့ ‌သတိမမူမိဘဲရှိနေတတ်ပါတယ်။ အခုလို ကိုယ့်အတွက်မဟုတ်ဘဲ တခြားသောပြင်ပကိစ္စရပ်တွေကို ဦးစားပေးနေရတဲ့အခါ မိမိဆိုတဲ့ ဖြစ်တည်မှုတစ်ခုပျောက်ကွယ်သွားပြီး self-care ဆိုတာလဲမရှိတော့ဘဲနေတတ်ပါတယ်။ ဒါကြောင့် အခုလိုအချိန်ကာလမျိုးမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး treat လုပ်နိုင်မလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။🌻💛

🍁 ပထမဆုံးနည်းလမ်းကတော့ Meditation လုပ်တာပဲဖြစ်ပါတယ်။ တစ်နေ့ကိုအများဆုံး ၁၅ မိနစ်လောက်တရားထိုင်ပေးခြင်းက စိတ်ကိုငြိမ်သက်စေပြီး၊ ကိုယ်လုပ်ရမယ့်အလုပ်တွေအပေါ်မှာလဲ ကောင်းမွန်စွာအာရုံစိုက်နိုင်စေပါတယ်။ အခုလိုတရားထိုင်တဲ့အခါမှာလဲ 4-7-8 breathing techniques ကိုသုံးဖို့အကြံပြုချင်ပါတယ်။ 4-7-8 breathing techniques ဆိုတာကတော့ 4စက္ကန့်ကြာ အသက်ရှုမယ်၊ ရှုလိုက်တဲ့ လေကို 7စက္ကန့်ကြာ အောင့်ထားမယ်၊ ပြီးရင် 8စက္ကန့် ကြာပြန်ထုတ်ရပါမယ်။ အခုလိုနည်းနဲ့တရားထိုင်ခြင်းအားဖြင့် anxiety တွေကိုလဲလျော့ပါးသွားစေမယ်၊ ညဘက်တွေလဲ အိပ်ကောင်းခြင်းနဲ့အိပ်ရမှာဖြစ်တဲ့အတွက် အချိန်သိပ်ပေးစရာမလိုဘဲ ကိုယ့်ရဲ့စိတ်ကိုငြိမ်း‌အေးစေပါတယ်။

🍁 ဒုတိယတစ်နည်းကတော့ Cognitive Behavioral Therapy(CBT) လို့ခေါ်တဲ့ ကိုယ့်ရဲ့ negative thoughts တွေကိုဖယ်ရှားပစ်နိုင်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီ therapy ဟာဆိုရင် ကိုယ့်ဟာကိုယ်တစ်ယောက်တည်းနဲ့လဲဆောင်ရွက်လို့ရသလို counselor တွေနဲ့လဲ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ CBT cycle က ကိစ္စတစ်ခုလုပ်မိတယ်၊ အဲ့ဒီကိစ္စရပ်ပေါ်မှာ negative thoughts တွေဖြစ်လာတယ်၊ ဖြစ်လာတဲ့အတွေးတွေက ထပ်ပြီး မကောင်းတဲ့အရာလုပ်မိဖို့ကို တွန်းအားပေးနေတယ်၊ ဒါမျိုးနဲ့ သံသရာလည်နေတာမျိုးပါ။ အခုလို cycle ကိုချိုးဖြတ်နိုင်ဖို့အတွက် ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲ၊ ဘလိုကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာတွေကို စဉ်းစားပြီး မကောင်းတဲ့အတွေးတွေအစား ကိုယ့်ရဲ့တကယ့်အခြေနေကိုပြန်ပြီး analyze လုပ်ကြည့်ရပါမယ်။ ကိုယ့်စီမှာ negative thoughts တွေမရှိတော့တဲ့အခါ နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာလဲ အကောင်းမြင်လာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ရမယ်ဆိုတာကိုလဲ သေချာပေါက်သတိထားမိသွားမှာဖြစ်ပါတယ်။

"Don’t just survive—thrive in your mind." ဆိုတဲ့စာသားလေးအတိုင်း နေ့စဉ်နဲ့အမျှရှင်သန်ဖို့ပဲကြိုးစားနေတာမျိုးမဟုတ်ဘဲ ကောင်းတာတွေလဲများများတွေးပြီး မိမိဆိုတဲ့ဖြစ်တည်မှုလေးကို အသိမှတ်ပြုပေးဖို့ မှာကြားလိုပါတယ်။🫂💙

🔎Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

🔎Facebook page link;
https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL

#brillianttomorrowlearningcenter
#knowledge

1 month, 3 weeks ago

ယနေ့ကတော့ 2018 ခုနှစ် United Nations General Assembly ကနေ International Day of Education အဖြစ်သတ်မှတ်ခဲ့တဲ့နေ့လေးပဲဖြစ်ပါတယ်။ 2019 ခုနှစ်မှာတော့ UNESCO နဲ့ collaborate လုပ်ပြီး နှစ်စဉ်နှစ်တိုင်း မတူညီတဲ့ theme တစ်ခုစီနဲ့ event လေးတွေကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ " AI and education: Preserving human agency in a world of automation " ဆိုတဲ့ theme လေးနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလို Ai era ထဲရောက်လာတာနဲ့အမျှ ဒီပညာရေးကိုပဲအခြေခံပြီး တစ်ဦးတစ်ယောက်ချင်းစီကနေစလို့ community တစ်ခုထိတိုင်အောင် technological progress တွေကို ပိုပြီးနားလည်လာအောင်၊ အဆိုးအကောင်းခွဲခြားသိမြင်နိုင်အောင်နဲ့ ပိုကောင်းမွန်တဲ့နည်းပညာခေတ်ကြီးကိုပုံဖော်နိုင်အောင်ရည်ရွယ်ပြီး ဒီ theme လေးနဲ့ကျင်းပရခြင်းပဲဖြစ်ပါတယ်။

🔎Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

🔎Facebook page link;
https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL

#brillianttomorrowlearningcenter
#knowledge
#internationaldayofeducation

1 month, 4 weeks ago

စာပိုဒ်အရှည်ကြီးတွေဆို အသံနာတဲ့ထိအော်ကျက်ပြီး ဦးနှောက်ထဲမဆွဲနေဘူး။ ခနခနပြန်ပြန်ကျက်နေရတော့ နောက်လဲမကျက်ဘူး ကျက်လဲမနောက်တော့ဘူးဖြစ်နေတဲ့ သူလေးတွေရှိကြလား👀❓

ရှိတာပေါ့ဗျာဆိုရင်တော့ အသံလဲမနာဘူး ခေါင်းထဲလဲအကြာကြီးဆွဲနေစေမယ့် Study method လေးကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ရှေ့အပတ်ကလဲမိတ်ဆက်ပေးပြီးပြီဖြစ်တဲ့ SQ3R ဆိုတဲ့ method လေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို Educational psychologist တစ်ဦးဖြစ်တဲ့ Sir. Francis Pleasant Robinson က 1941 ခုနှစ်မှာ သူထုတ်ဝေခဲ့တဲ့ Effective Study ဆိုတဲ့ စာအုပ်လေးထဲမှာ ပထမဆုံး introduced လုပ်ခဲ့တာပဲဖြစ်ပါတယ်။

  1. S - survey 🔎
        Survey လုပ်တယ်ဆိုတာကတော့ Chapter ထဲမှာပါဝင်တဲ့ headings, subheadings နဲ့ introduction တွေကို skimming ဖတ်လိုက်တာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ်လေ့လာမယ့် အကြောင်းအရာကို အရင်ဆုံး approach လုပ်လိုက်တဲ့သဘောမျိုးပါ။

  2. Q - questions 💭
        အရှေ့မှာ အပေါ်ယံဖတ်ခဲ့ပြီးတဲ့ headings တွေ subheadings တွေနဲ့ပတ်သတ်ပြီး ကိုယ်တိုင် questions တွေထုတ်ကြည့်ရမှာဖြစ်ပါတယ်။ မင်မင်က bio သမားဆိုတော့ bio နဲ့ပတ်သတ်တဲ့ example လေးတစ်ခုပြချင်ပါတယ်။
    heading က photosynthesis အကြောင်းဆိုရင် အဲ့ဒီ photosynthesis နဲ့ပတ်သတ်ပြီး ဘယ်လိုချိန်မှာဖြစ်တာလဲ? ဘာကြောင့်ဖြစ်ရတာလဲ? စတဲ့ Wh questions (Why, Where, What, How, Who) တွေကိုအသုံးပြုပြီး မေးခွန်းလုပ်ရမှာပါ။ အခုလိုမျိုး ကိုယ်တိုင်မေးခွန်းထုတ် ကိုယ်တိုင်ပြန်ဖြေကြည့်တဲ့အခါ လေ့လာနေတဲ့အကြောင်းရာပေါ်ကို ပိုပြီး focus လုပ်ဖြစ်တာပေါ့။

  3. R1 - read📖
        အခုကတော့ ကိုယ်ဖန်တီးထားတဲ့မေးခွန်းတွေကို အဖြေရဖို့အတွက် အကြောင်းအရာ‌ပေါ်မှာပြန်ပြီး detail ကျကျဖတ်ရမှာဖြစ်ပါတယ်။ ဖတ်နေရင်းနဲ့ key points လေးတွေတွေ့ရင်လဲ တစ်ခါတည်း highlight လုပ်ထားဖို့အကြံပြုချင်ပါတယ်။

  4. R2 - recite🧠
        content တွေကိုသေချာလဲနားလည်ပြီးပြီ အဖြေတွေလဲရပြီဆိုရင် ပြန်ပြီး summarize လုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး ခုနကရထားတဲ့အဖြေတွေကို story telling လိုမျိုး ကိုယ့်ဟာကိုယ်တစ်ယောက်တည်း ပြန်ပြောကြည့်တဲ့အခါမှာလဲ ခေါင်းထဲကို သေချာလေးစွဲမြဲသွားစေမှာဖြစ်ပါတယ်။

  5. R3 - review🎯
         နောက်ဆုံးအဆင့်‌အနေနဲ့ ကိုယ် highlight လုပ်ထားတဲ့အကြောင်းရာတွေ၊ ထုတ်ထားတဲ့ notes တွေကို revision ပြန်တာမျိုးဖြစ်ပါတယ်။

ဒီအဆင့် 5 ဆင့်နဲ့သေချာလေးစာလုပ်ပြီး ကျက်လိုက်မေ့လိုက်ဖြစ်နေတဲ့ သံသရာကို အခုပဲချုပ်ငြိမ်းလိုက်လို့ရပါပြီ buddies လေးတို့ရေ😝🎉

🔎Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

🔎Facebook page link;
https://www.facebook.com/profile.php?id=61551300385701&mibextid=ZbWKwL

#brillianttomorrowlearningcenter
#knowledge

4 months ago

ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ စာအနေနဲ့ကြီးပဲလေ့လာရင် ကြာတော့ ဒီအရာကိုလေ့လာရတာ ညီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် မင်မင်တို့တွေ ဒီတစ်ခါတော့ ရုပ်ရှင်လေးတစ်ကားကြည့်ရင်း လေ့လာကြည့်ရအောင်ပါ။ ငါကတော့ ခုမှ intermediate ပဲရှိသေးတာ သူတို့ပြောတာတွေ နားမလည်ပါဘူးဆိုပြီး မနေလိုက်ပါနဲ့။ ကြည့်နေရင်းနဲ့ပဲ သူတို့ရဲ့ စကားအသွားအလာတွေကိုလေ့လာပြီး ဘယ်လိုစကားမျိုးကို ဘလိုမျိုးပြန်တုန့်ပြန်လိုက်တယ်ဆိုတာကို ကိုယ်ရသလောက်လေးမိအောင်ဖမ်းပါ။ ဒီလိုမျိုး နဲနဲချင်းရအောင်လုပ်ရင်း နောက်ဆို တစ်ကားလုံးကို အထာကျကျနဲ့ မြန်မာစာတန်းထိုးမပါဘဲ ကြည့်လို့ရသွားမှာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် ကြည့်ဖြစ်အောင်ဖြစ်ဖို့ recommend ပေးချင်တဲ့ ကားလေးကတော့ မင်းသားကြီး Robert De Niro နဲ့ မင်းသမီး Anne Hathaway တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ The Intern ဆိုတဲ့ movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးနဲ့ စာလဲလေ့လာလို့ရသလို ဘဝအတွက်သင်ခန်းစာတွေကိုလဲ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။?

? ( ကြည့်ရှုနိုင်မယ့် link လေးကို comment box မှာချပေးထားပါတယ်။ )

Channel Link;
https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#theintern
#knowledge

4 months, 1 week ago

Fashion စိတ်ဝင်စားတဲ့ buddies လေးတို့ အထာကျကျ communicate လုပ်နိုင်ဖို့တွက် fashion related slangs words လေးတွေမျှဝေပေးလိုက်ပါတယ်။??

Telegram Channel Link;

https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#slangwords
#knowledge

4 months, 1 week ago

မင်္ဂလာပါ buddies လေးတို့ရေ။ ဒီနေ့မှာတော့ သင်ခန်းစာမဟုတ်ဘဲ ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာကတော့ words origin အကြောင်းလေးပဲဖြစ်ပါတယ်။?

sharing လုပ်ပေးသွားမယ့် စာလုံးလေးကတော့ ဘိုဆန်တဲ့ အကိုတို့အမတို့ မနက်စာအဖြစ်စားရတာသိပ်ကြိုက်တဲ့ cereal လေးပဲဖြစ်ပါတယ်။ မနက်တိုင်းတော့ အထာကျကျ မနက်စာအဖြစ်စားနေပြီး သူ့ရဲ့စာလုံးဖြစ်ပေါ်လာပုံလေးကိုလဲ သိထားဖို့တော့လိုတာပေါ့။?

? ဒီ cereal ဆိုတဲ့စာလုံးလေးရဲ့ အစမူလက လယ်ရာစိုက်ပျိုးရေးနဲ့ ကောက်ပဲသီးနှံတို့ကို ကြည့်ရှုစောင့်ရှောက်ပေးတယ်လို့ ရောမတို့ယုံကြည်ကြတဲ့ Roman နတ်ဘုရားမရဲ့အမည်  Ceres ဆိုတာကို အမှီသဟဲပြုပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းခေတ်တွေပြောင်းလဲလာပြီးတော့ cereal ဆိုတဲ့ စာလုံးလေးဖြစ်ပေါ်လာပြီး နှံစားပြေားပင်နဲ့ ၎င်းတို့ကနေထုတ်လုပ်တဲ့ အစားအစာတွေကို ရည်ညွှန်းသုံးဆွဲဖို့ဖြစ်လာပါတော့တယ်။

ဒီတစ်ပတ် မျှဝေပေးသွားမယ့် word origin လေးကတော့ ဒီလောက်ပါပဲ။ buddies လေးတို့စီမှာလဲ စိတ်ဝင်စားစရာကောင်းတဲ့ စာလုံးဖြစ်ပေါ်လာပုံလေးတွေရှိတယ်ဆိုရင် comment မှာ မျှဝေပေးသွားလို့ရပါတယ်။??‍♀️?

Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#wordorigin
#knowledge

4 months, 1 week ago

? Important announcement for Batch-5  intermediate and upper intermediate students ?

?Batch 5 သင်တန်းသားခေါ်ယူခြင်းကို 31.10.2024 ရက်နေ့ထိ လက်ခံခေါ်ယူပြီးဖြစ်ပါသည်။ သို့သော် intermediate and upper intermediate အတန်းများကိုတော့ 12.11.2024 (အင်္ဂါနေ့) ထိထပ်တိုးလက်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ( Elementary and pre-intermediate ကတော့ လူပြည့်သွားပါပြီ။ )

?ဒါ့အပြင် intermediate and upper intermediate class များအတွက် Sunday တစ်ရက် အချိန်ပြောင်းလဲမှုရှိကြောင်းကိုလဲ ကျောင်းသားဟောင်းများရော ကျောင်းသားသစ်များပါ သိ‌စေလိုရန် သတိပေးအကြောင်းကြအပ်ပါသည်။
( ပြောင်းလဲသွားသည့် Sunday အချိန်အား အောက်ဖော်ပြပါပုံတွင်အသေးစိတ်လေ့လာနိုင်ပါသည်။ )

Brilliant Tomorrow Learning Center နှင့်အတူလက်တွဲပေးသည့် တစ်ဦး‌တစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါသည်။
သာယာရွှင်လန်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။    ။?✨

Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#joinwithus
#knowledge

4 months, 2 weeks ago

Welcome back ပါ buddies လေးတို့ရေ?
ဒီနေ့မှာတော့ conversation လေးတစ်ခုနဲ့အတူ technology related idioms လေးတွေကို လျ့လာကြည့်ရအောင်နော်?

Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#idioms
#knowledge

4 months, 2 weeks ago

တည်နေရာကိုညွှန်ပြတဲ့အခါ ပိုပြီးအထာကျကျနဲ့ လွယ်လွယ်ကူကူအသုံးပြုနိုင်တဲ့ Directional phrase လေးတွေကို ဒီနေ့ရဲ့ သင်ခန်းစာအဖြစ်မျှဝေပေးလိုက်ပါတယ်နော်?️?

Telegram Channel Link;
https://t.me/brillianttomorrowlearningcenter

#brillianttomorrowlearningcenter
#directionalphrases
#knowledge

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 1 week, 6 days ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 6 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 4 weeks ago