ယောအလင်းတန်း

Description
ယောနယ်အတွင်းရှိ တော်လှန်ရေးသတင်း စခသတင်းမျာကို အချိန်နဲ့တစ်ပြေးညီ ‌ဖော်ပြပေးသွားပါမည်။

အရေးတော်ပုံ အောင်ရမည်
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana

8 months, 3 weeks ago

ထီးလင်းစစ်ကြောင်း ရွှေအောင်ကင်းစခန်းသို့ ရောက်ပြီ

19.6.2024 ၊ထီးလင်း

ယနေ့မနက် ၁ နာရီခွဲခန့်က ရွှေထီးခန်းမကနေထွက်လာတဲ့ အင်အား ၇၀ ခန့်ပါထီးလင်းစစ်ကြောင်းဟာ ယနေ့နေ့လည် ၁၁ နာရီမိနစ် ၃၀ ခန့်မှာ ရွှေအောင်သာရွာရှိကင်းစခန်းကိုရောက်ရှိသွားကြပြီဖြစ်ကြောင်းသိရပါတယ်။

စစ်ကြောင်းဟာ ရွှေအောင်သာကင်းစခန်းက ရိက္ခာနဲ့လ-က်-န-က်-ခဲ-ယ-မ်း-များ သယ်ဆောင်ပြီး ထီးလင်းမြို့ဖက်ကို ယနေ့ညနေပိုင်းမှာပြန်ဆုတ်နိုင်တယ်လို့လည်းသိရပါတယ်။

မိဘပြည်သူများနဲ့စစ်ကြောင်းလာနိုင်ရာလမ်းကပြည်သူများကြိုတင်သတိထားနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း

8 months, 3 weeks ago

နေပြည်တော်⚠️

နေပြည်တော်လေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။

#WaiHin
Jun 19, 12:48 PM
?သတင်းပို့ရန် @WaiHinScout_Bot

8 months, 3 weeks ago

မကွေး⚠️

မကွေးလေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။

#WaiHin
Jun 19, 12:29 PM
?သတင်းပို့ရန် @WaiHinScout_Bot

8 months, 3 weeks ago

#ဂန့်ဂေါသတင်း

19.6.2024

ဂန့်ဂေါမြို့အဝင်ဂိတ်တခုဖြစ်တဲ့ We Love Gangaw တံတားက စခဂိတ်မှာ မြို့ထဲအဝင်/အထွက် ပြည်သူတွေရဲ့ဖုန်းမှာ VPN ပါ/မပါ စစ်ဆေးနေကြောင်းသိရပါတယ်။

မိဘပြည်သူများနဲ့ရပ်နီး၊ရပ်ဝေးကခရီးသွားပြည်သူများ မိမိတို့ရဲ့ဖုန်းရဲ့လုံခြုံရေးကို ကြိုတင်သတိထားပြီးမှသွားလာကြပါ။ VPN ပါရင် ဒ-ဏ်-ကြေး-ပေးဆောင်ရနိုင်သလို ဖ-မ်း-ဆီး-ခြင်းတွေကိုပါခံရနိုင်ပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း

8 months, 3 weeks ago

ဝေဟင်သတိ

မကွေး⚠️

မကွေးလေတပ် ကလခမှ F-7M Fighter Jet (1)စီး အနောက်‌​မြောက်အရပ်သို့ ပျံတက်။

#NAS
Jun 19, 10:01AM
?သတင်းပို့ရန် @infonas

8 months, 3 weeks ago

19.06.2024
08:05 am
ကျောက်ထုသတင်း

ကျောက်ထုတပ်ထဲမှစခ(အင်အားစိစစ်ဆဲ)တွေဟာ မြို့ပေါက်ကျေးရွာဖြတ်ကာ ချီချောင်းဘက်ဆင်းသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ချောင်းကူး၊
ယောမြို့ ကျေးရွာဘက်မိဘပြည်သုများနှင့် အနီး အနား ကျေးရွာမိဘပြည်သူများအနေဖြင့် အစစ အရာရာအထူး ဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

စခတွေဟာ ချီချောင်းအတိုင်းဆန်တက်သွားတယ်လို့သိရှိရပြီး လက်ရှိမှာ ယောမြို့ကြိုးတံတားဘက်ရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။

ကျောက်ထုဘုန်းကြီးကျောင်းနားလဲ ဖောကားတစ်စီးဖြင့် စခတွေလာချသွားတယ်လို့သိရပါတယ်ခင်ဗျာ။ မင်းကြည့်ကျေးရွာဘက်မိဘပြည်သူများ အထူးဂရုစိုက်ကြပါခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

-------------------------- Aung Gyi -------------------------

ယောအလင်းတန်း

8 months, 3 weeks ago

ယောနယ်ရှိ စကစ တပ်စခန်းများကို ပျူများဖြင့်သာ အင်အားဖြည့်နေရ

19.6.2024 ၊ယော

ယခုလ ဇွန်လ ၁၇ ရက်နေ့က Mi 17 စကစ ထောက်ပို့ရဟတ်ယာဥ်ဖြင့် ဂန့်ဂေါမြို့ခလရ ၅၀ တပ်တွင်းကို ဂန့်ဂေါနယ်မြောက်ပိုင်း ဟံသာဝတီရွာ၊မြောက်ခင်ရန်းရွာစတဲ့ပျူရွာများနဲ့အနီးဝန်းကျင်ကပျူရွာတွေက ပျူ ဦးရေ ၄၀ ချထားခဲ့ကြောင်းသိရပါတယ်။စကစ စခတပ်သား တစ်ဦးမှမပါဝင်ဘဲ ဒေသခံပျူများသာဖြစ်ကြောင်းကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသတင်းပေးပို့လာပါတယ်။

အဆိုပါ ဂန့်ဂေါခလရ ၅၀ ကိုရောက်နေတဲ့ ပျူတပ်သား ၄၀ အနက်မှ ပျူ တပ်သား ၂၀ ဦးကိုခွဲကာ မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုမြို့ကအမြောက်တပ်ထဲကို ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က စကစ ထောက်ပို့ရဟတ်ယာဥ် Mi 17 နဲ့ပြန်လည်အင်အားဖြည့်ချထားခဲ့ကြောင်းကိုလည်း စစ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နောက်ဆက်တွဲသတင်းများကိုဆက်လက်အတည်ပြုစုံစမ်းဆဲပါ။

@မင်းဒဿ
ယောအလင်းတန်း

8 months, 3 weeks ago

#ဂန့်ဂေါသတင်း

19.6.2024

#edit-ခလရ ၅၀ တပ်ထဲမှာ စစ်ရဟတ်ယာဥ်တစ်စီးထားရှိတော့မယ်လို့ကနဦးသိရပါတယ်။

ယမန်နေ့ညနေကနောက်ဆုံးအကြိမ်ဆင်းသက်ခဲ့တဲ့ Mi 17 စကစရဟတ်ယာဥ်တစ်စီးဟာ ဂနွဂေါမြို့ခလရ ၅၀ တပ်ထဲမှာပင်ညအိပ်ရပ်နားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ Mi 17 ရဟတ်ယာဥ်တွေနဲ့ယမန်နေ့ဇွန်လ ၁၇ ရက်နေ့က ချင်းပြည်နယ်၊မတူပီမြို့ ခလရ ၃၀၄ တပ်ရင်းကို ပြည်-သူ့-တော်-လှ-န်-ရေးအင်အားစုများက အပြီးပိုင်သိ-မ်း-ပို-က်ခဲ့ရာမှာ ထွ-က်ပြေး-လွ-တ်-မြော-က်နေခဲ့ကြတဲ့ မ​ေ သ ကျ-န် စခများနဲ့စခလူနာများကို ဂန့်ဂေါမြို့ထိ သယ်ယူပို့ဆောင်နေရတာဖြစ်ကြောင်းခိုင်လုံတဲ့သတင်းရပ်ကွက်က သိရပါတယ်။ဂန့်ဂေါကမှတဆင့် အခြားတနေရာကိုလည်းပြန်လည်ပို့ဆောင်နေကြတယ်လို့သိရပါတယ်။

ယနေ့ဇွန်လ ၁၉ ရက်နေ့မှာလည်း ခလရ ၅၀ ဂန့်ဂေါတပ်တွင်းကို စစ်ရဟတ်ယာဥ်များနောက်ထပ်ဆင်းသက်ပျံသန်းမှု့တွေထပ်ရှိလာနိုင်သေးတယ်လို့လည်းသိရပါတယ်။

မိဘပြည်သူများနဲ့နယ်သူ၊နယ်သားများ ကြိုတင်သတိထားနေထိုင်ပေးကြပါ။အားလုံးဘေးကင်းကြပါစေ။

#နွေဦးရောင်နီ

ယောအလင်းတန်း

10 months, 2 weeks ago

ရွှေအောင်သာရွာအထိုင် စခကင်းတပ်စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တဖွဲ့က ဒ-ရုန်း-မိုးရွာချ

25.4.2024 ၊ရွှေအောင်သာ

ဧပြီလ ၂၅ ရက် ယနေ့မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ ထီးလင်းနယ်၊ကျောက်ထုနယ်နဲ့ချင်းပြည်နယ် မင်းတပ်နယ် သုံးပွင့်ဆိုင်နယ်စပ်နေရာဖြစ်တဲ့ မင်းတပ်နယ်ရွှေအောင်သာရွာ စခအထိုင်ကင်းတပ်စခန်းတခုကို ထီးလင်းမြို့နယ်ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဒ-ရုန်းနဲ့ ဗုံ း သီးကြဲ ချ တို-က်-ခို-က်-ခဲ့တယ်လို့သိရပါတယ်။

"ဟုတ်ပါတယ်ဗျ၊ ကျနော်တို့အဖွဲ့ကနေပြီးမနက်ပိုင်းမှာတစ်ကြီမ် ဗုံ း သီးတစ်လုံး ကြဲချတို-က်-ခို-က်-ခဲ့တာပါ။နောညနေပိုင်းမှာလည်း ဗုံ းသီး ၂ လုံးနဲ့ ၂ ကြိမ် ဒ-ရုန်းနဲ့ ဗုံ းသီး-ချ-တို-က်-ခို-က်-ခဲ့တာပါ။အခုလို ဝေဟင်အမြင့်ကနေ ကြဲ=ချ ချိန် လေကလည်း ငြိမ်တာကြောင့် လိုချင်တဲ့ပ-စ်-မှ-တ်ကို-ထိ-ပါတယ်။စခ အ-ထိ-အ-ခို-က်- ရှိပါတယ်"လို့ ၎င်း ဒရုန်းနဲ့တို-က်-ခို-က်-မှု့မှာဦးဆောင်ပါဝင်ခဲ့တဲ့တာဝန်ရှိသူတစ်ဦးက ယောအလင်းတန်းကိုအတည်ပြုပြောကြားသွားပါတယ်။

အထက်ပါ ဖြစ် စဥ်အသေးစတ်နဲ့ စခ ထိခိုက်​ေ သ ဆုံ း မှု့ကို သက်ဆိုင်ရာ အဖွဲ့ကသာ ထု-တ်-ပြ-န်-ကြေညာပါလိမ့်မယ်။

#ဒရုန်း
#ဗုံ း သီး
#ကြဲ ချ

@မင်းဒဿ
ယောအလင်းတန်း

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana