DDMSC

Description
Democracy Movement Strike Committee
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3

2 months, 2 weeks ago
DDMSC
2 months, 2 weeks ago
DDMSC
2 months, 2 weeks ago
DDMSC
2 months, 3 weeks ago
DDMSC
2 months, 3 weeks ago
DDMSC
2 months, 3 weeks ago
DDMSC
3 months ago

■ His Excellency U Kyaw Moe Tun, Our Ambassador, Myanmar Voice ■ ငါတို့အားလုံးရဲ့အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း DDMSC / သြဂုတ် ၂၅ ရက် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း…

3 months ago

■ His Excellency U Kyaw Moe Tun, Our Ambassador, Myanmar Voice

■ ငါတို့အားလုံးရဲ့အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း

DDMSC / သြဂုတ် ၂၅ ရက်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီကနေ့ သြဂုတ် ၂၅ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ လာမယ့် စက်တင်ဘာလအတွင်း ကျင်းပမယ့် ကမ္ဘာ့ကုလသမဂ္ဂ Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ(UN) အဖွဲ့ဝင် နိုင်ငံအသီးသီးက ခေါင်းဆောင်များကို တောင်းဆို တင်ပြလိုသည်မှာ _

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုထိ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကို နေစဥ်နဲ့ အမျှ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အဲဒီလို ပြည်သူတွေကို နေ့စဥ်နဲ့အမျှအကြမ်းဖက်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်သလို အဲဒီ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ဖို့ တော်လှန်ရေးတရပ်ကို ဆင်နွှဲလျက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ဆန့်ကျင်အုံကြွတော်လှန်မှုကြောင့် အာဏာသိမ်း စစ်တပ်ကဟာ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး စတဲ့ ကဏ္ဍတွေမှာ အရေးနိမ့်လျက်ရှိပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ(UN) အဖွဲ့ဝင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်လိုမှုကို အမှန်တကယ်လေးစားပြီး မြန်မာပြည်သူတွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံနေရမှုတွေကနေ အဆုံးသတ်စေချင်တဲ့ ဆန္ဒရှိလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

အဲဒါကြောင့် ကမ္ဘာကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ စစ်မှန်တဲ့ အသံတွေကို ကိုယ်စားပြုပြောကြား ပေးနိုင်ဖို့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက်ခန့်အပ်နိုင်ရေး ကူညီပေးကြဖို့ တောင်းဆိုလိုပါတယ်။

.......................

On the afternoon of August 25, Democracy Movement Strike Committee (Dawei) organized a protest against the military dictatorship in Myanmar.

The protest aimed to urge the United Nations Credential Committee to appoint U Kyaw Moe Tun as the official Myanmar Ambassador to the UN during its upcoming meeting in September.

We wish to bring to the attention of the leaders of UN member states the following points:

Since the military coup on February 1, 2021, the people of Myanmar have endured widespread arrests, torture, and killings at the hands of the Myanmar military junta.

The coup regime, which treats its own citizens as enemies, does not represent the legitimate government of Myanmar.

We, the people of Myanmar, are actively engaged in a revolution to dismantle the coup regime and establish a federated nation built on democracy and social justice.

As a result of this widespread revolution, supported by all ethnic groups in Myanmar, the coup regime is facing significant failures in all areas, including politics, legitimacy, diplomacy, and even military operations.

We firmly believe that the leaders of UN member states respect our people’s desire for freedom and are committed to ending the ongoing arrests, torture, and killings of Myanmar citizens by the military regime.

Therefore, we call on the United Nations to recognize U Kyaw Moe Tun as the legitimate Myanmar Ambassador to the UN.

His appointment will ensure that the voices of the people of Myanmar are properly represented in UN meetings and that their struggle for freedom is acknowledged and supported by the international community.

#DDMSC

DDMSC ရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အောက်ပါ Channel တွေမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်။

YouTube Channel >
https://youtube.com/@ddmsc3578

Telegram Channel>
https://t.me/ddmsc1

X Channel> https://x.com/ddmscdawei

Tik Tok Channel>
http://www.tiktok.com/@user518610415881

3 months ago
DDMSC
5 months, 2 weeks ago
DDMSC
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3