Dagon Information

Description
We recommend to visit

?ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
Admin Account ?❣️

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 year, 10 months ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 3 months, 2 weeks ago

Admin Account-
@quoodnbcuisbns

Last updated 1 year, 5 months ago

1 year ago

စစ်ကောင်စီသည်၎င်းတို့ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း‌ကြောင့် ဖြစ်လာသည့်အမှားကို ရွှေဆိုင်ပိုင်ရှင်များထံ ထိုးချကာဓားစာခံ လုပ်ခြင်းဖြစ်သည်

"ဒီနိုင်ငံမှာ ရွှေဈေးပြောင်းလောက်အောင် ဆော့နိုင်တာ လူတန်းစားတစ်ရပ်ပဲရှိတယ်။ အဲဒါ စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းပဲ။ ဖမ်းရင်သူတို့ကိုအရင်ဖမ်းရမှာ။ ရွှေဆိုင်ပိုင်ရှင်တွေက အရောင်းအဝယ်ကမြတ်တဲ့အမြတ်ကိုပဲမက်ကြတာ။ ခု ရွှေဈေးတက်တော့ ရွှေဆိုင်ပိုင်ရှင်တွေ ပျော်တဲ့သူမရှိဘူး။ ဒီလိုဈေးတွေကမောက်ကမဖြစ်နေတော့ အရောင်းအ၀ယ်မှမရှိတာ ကျနော်တို့က ပုံမှန်အရောင်းအဝယ်လေးနဲ့ နေ့စဉ် ရောင်းဝယ်  ရှေ့ဆက်ချင်ကြသူချည်းပဲ" ဟု ရွှေဆိုင်ပိုင်ရှင်တဦး ကပြောသည်။

စစ်ကောင်စီက ငွေအသစ်များရိုက်ထုတ်‌နေခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမရှိတော့ခြင်း၊နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားခြင်း၊နိုင်ငံဘတ်ဂျက်အလွန်မင်းလိုငွေပြလာခြင်း စသည့်စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာသော ရွှေစျေးတက်ခြင်းကို ရွှေဆိုင်ပိုင်ရှင်များအား ဖမ်းဆီးရန်ကြိုးစားခြင်းသည် ၎င်းတို့ စောက်သုံးမကျမှုကြောင့်ဖြစ်ပေါ်လာသောအပြစ်ကို ကောင်းရောင်းကောင်း၀ယ်လုပ်စားနေသည့် ရွှေဆိုင်ပိုင်ရှင်များထံ ပုံချပြီး ရှောင်လွှဲဖို့ကြိုးစားနေခြင်းသာဖြစ်သည်။

1 year ago

တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော် (၁၃၈၆ ခုနှစ်)

နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ ကာလမှာ ဘုရားကျောင်းကန် စေတီပုထိုးတွေဆီ သွားရောက် ရေသပ္ပာယ်ကြ၊ ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြရင်းဖြတ်သန်လေ့ရှိကြပါတယ်။

ယခုကာလဟာ ဖက်ဆစ်အာဏာရူးတသိုက်ကို လူထုအားနဲ့ ခုခံတွန်းလှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးကာလဖြစ်ပါတယ်။

ဒီတော့ ဒီနှစ် မေလ ၂၂ ရက်နေ့၊ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း တော်လှန်ရေးဆန်ဆန် ဆင်နွှဲကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

တော်လှန်ရေးဆန်ဆန် ဆင်နွှဲတယ်ဆိုရာမှာ စစ်ကောင်စီ ထိန်းချုပ်ရာဒေသတွေမှာတော့ ဥပမာအားဖြင့် -

-  ညောင်ရေအိုးများမှာ တော်လှန်စာ၊
- တော်လှန်ဆုတောင်းများ ရေးသားကြတာ၊
- လက်သုံးချောင်း တော်လှန်ရေးသက်ေတ ရေးဆွဲကြတာ၊

- ညောင်ရေသွန်းလောင်းကြရင်းနဲ့ အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးပါ‌စေ၊
တော်လှန်ရေးကြီး အမြန် အောင်မြင်ပါစေ ....

အစရှိသဖြင့် တော်လှန်ရေးအတွက် ဆုတောင်းဆုပန် ပြုကြတာ၊ လပြည့်နေ့ ကုသိုလ်ကောင်းမှုပြုကြရာမှာ တော်လှန်ရေးကို တိုက်ရိုက်အကျိုးပြုမယ့် ကူညီ၊ ထောက်ပို့၊ လှူဒါန်းမှုများ ပြုကြတာ အစရှိသဖြင့် မိမိတို့ အဆင်သင့်သလို၊ ဉာဏ်ရှိသလို ဖော်ဆောင်ကြတာကို ဆိုလိုပါတယ်။

တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသများမှ ပြည်သူလူထုအနေနဲ့ကတော့ ကဆုန်လပြည့် တော်လှန်ညောင်ရေသွန်းလောင်းပွဲတော်ကို တော်လှန်ရေးပုံရိပ်များ ဝေဝေဆာဆာနဲ့ အင်ပြည့်အားပြည့် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ အားခဲထားကြပါတယ်တဲ့ခဗျာ။

ကျနော်တို့ အဆုံးသတ်အောင်ပွဲမှတ်ကို အမြန်ဆုံးရောက်ရှိဖို့အတွက်ကလည်း ပြည်သူ့အား၊ ပြည်သူ့ရုန်းကန်မှု၊ ပြည်သူ့အထွေထွေအုံကြွတော်လှန်မှုက အခရာအကျဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ယောက်ချင်းစီအနေနဲ့  တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း အာဏာရူး စစ်ကောင်စီ ရဲ့ ဆုံးမှတ် ဖြစ်စေဖို့  ချီတက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#May22
#FullMoonDayMovement
#တော်လှန်ညောင်ရေသွန်းပွဲ
#AJAY

1 year, 2 months ago

အကြမ်းဖက်စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း အပါအဝင် လူထုအပေါ် ဖိနှိပ်နေမှုများနှင့်စပ်လျဥ်း၍ အသိပေးထုတ်ပြန်ချက်

၁။  အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ သံတမန်မျက်နှာစာအသီးသီးတို့တွင် အကြီးအကျယ် ရှုံးနိမ့်ပြိုကျနေသည့်အပြင် စစ်ဗိုလ်ချုပ်များ၏ ညံ့ဖျင်းသည့် စီးပွားရေးမူဝါဒများကြောင့် လူထု၏ လူမှုစီးပွား စားဝတ်နေရေး အထွေထွေအကျပ်အတည်းကြီးမှာလည်း တနေ့တခြား ပိုမိုဆိုးရွားလျက်ရှိသည်။

၂။  စစ်အုပ်စုသည် အရှုံးကိုလက်မခံပဲ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များ၏ အာဏာနှင့် အကျိုးစီးပွားအတွက် လူထုကို အငတ်ဘေးနှင့် သေတွင်းထဲ လျင်လျင်မြန်မြန်ရောက်စေမည့် မတရား စစ်မှုထမ်း စေခိုင်ခြင်းကို  ရန်ကုန်မြို့အပါအဝင် စကစ ထိန်းချုပ်ဒေသများတွင် အတင်းအဓမ္မပြု ဖော်ဆောင်လျက်ရှိသည်။

၃။  နောက်ဆက်တွဲ တွေ့ရှိမှုများအရ   စကစ ဒေါက်တိုင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ၊ စုဆောင်းရေးလုပ်ငန်းစဥ်တွင် ပါဝင်သည့် စစ်ဗိုလ်၊ စစ်သားများက ဖိနှိပ်ခြိမ်းခြောက် ငွေညှစ်ခြင်းအပါအဝင်၊ လက်နက်ဖြင့် တဖုံ အာဏာနှင့် တသွယ် ဓားပြတိုက် အနုကြမ်းစီးနေခြင်းများကို ရန်ကုန်တိုင်းအတွင်းရှိပြည်သူများ ကြုံတွေ ခံစားနေရသည်။

၄။  ထို့အပြင် အဓမ္မစုဆောင်းခံရသူအချို့  နှိပ်စက်သတ်ဖြတ်ခံရခြင်း၊ လူငယ်များ၏ မိဘများ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းနှင့် အဓမ္မရွေးချယ်ခြင်းခံရသည့် လူငယ်များကိုယ်တိုင် မိမိကိုယ်ကို အဆုံးစီရင်ကြသည်အထိ ပြင်းထန်သည့် ဝမ်းနည်းပူးဆွေးမှုများမှာ လူထုအများတွင် တွေ့ကြုံခံစားရလျက်ရှိသည်။
ဤအဓမ္မစစ်သားစုဆောင်းမှုသည် စစ်ရာဇဝတ်မှုကြီး တခုဖြစ်ပြီး စစ်အုပ်စုနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသူမှန်သမျှကိုလည်း “ပြည်သူ့ ရန်သူ”၊ “လူ့အဖွဲ့အစည်း၏ ရန်သူ”  “စစ်ရာဇဝတ်ကောင်” များအဖြစ် သတ်မှတ်သည်။

၅။  ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားလုံး မိမိတို့ရာထူးတာဝန်များမှ အမြန်ဆုံး နှုတ်ထွက်အနားယူ၍ မိမိရပ်ကွက်အတွင်း လစဥ် လတိုင်း စစ်အုပ်စုအတွက် အဓမ္မစစ်သားစု၍ လူထုအပေါ် ဖိနှိပ် သွေးစုပ်နေမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် ရပ်ကွက်နေလူထုနှင့် အတူတကွ ရပ်တည် ပူးပေါင်းကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်သည်။

၆။  ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း ၊ ကိုယ့်ပတ်ဝန်းကျင်ကို ပူးပေါင်းကာကွယ်ကြခြင်းဖြင့်သာ  ကိုယ့်သွေးသား၊ ကိုယ့်မိသားစုဝင်ကို ကာကွယ်နိုင်လိမ့်မည်ဟု မိမိတို့ ယုံကြည်သည်။ သို့ဖြစ်ပါ၍ မိဘပြည်သူ လူထုတရပ်လုံးအနေဖြင့် ကိုယ့်ရပ်ကွက်၊  ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်းကို ကာကွယ်နိုင်ရေးအတွက် အချင်းချင်း ဖေးမ ၊  စောင့်ရှောက် ကြပါရန်နှင့် “လူ့အဖွဲ့အစည်း၏ ရန်သူ”များကို မျက်ခြေမပြတ် ဆန့်ကျင်ကြပါရန်လည်း အလေးအနက်တိုက်တွန်းသည်။

၇။  လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များ၏ ကြွယ်ဝမှုနှင့် အာဏာအတွက် လူငယ်များ၏ ဘဝနှင့် အနာဂတ်များအပါအဝင် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း တခုလုံး ယိုယွင်းပျက်စီးနေပြီဖြစ်ရာ ပြည်သူတဦးချင်းဆီ၏ အနာဂတ်များနှင့် လွတ်လပ်ခွင့်တို့အတွက် စစ်အုပ်စု အလုံးစုံပျက်သုဥ်းရေး တိုက်ပွဲတွင်  လူထုတရပ်လုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ကြရန်လည်း အထူးပင် တိုက်တွန်းနှိုးဆော်လိုက်သည်။

သေမြေကြီး ရှင်ရွှေထီး
တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲဖော်ကြ

AJAY Telegram Link - https://t.me/ajayyangon

AJAY Facebook Link - https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL

Telegram

Anti - Junta Alliance Yangon(AJAY)

Anti - Junta Alliance Yangon(AJAY) https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL

အကြမ်းဖက်စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း အပါအဝင် လူထုအပေါ် ဖိနှိပ်နေမှုများနှင့်စပ်လျဥ်း၍ အသိပေးထုတ်ပြန်ချက်
1 year, 2 months ago

တောင်ဒဂုံ

(69)ရပ်ကွက် ရုံးမှာ ဒီည8နာရီခွဲစစ်မှူးထမ်းဖို့ဆေးစစ်မည်ဟုသိရ။

ရုံး၏တည်နေရာ - နဝဒေးနှင့် ထီးလှိုင်ရှင်လမ်းထောင့်

9:16 Pm
@SDG_informer

1 year, 2 months ago

တောင်ဒဂုံ

ပုလဲရတနာလမ်း နှင့်မြိတ်လမ်းထောင့်တွင်‌ ဘေးတွဲနှစ်စီး ဆိုင်ကယ်နှစ်စီး စခ နှစ်ကောင် ပျူ ငါးကောင်ရပ်စောင့်နေ။

5:40 Pm
@SDG_informer

1 year, 4 months ago
Dagon Information
1 year, 4 months ago
Dagon Information
1 year, 4 months ago
Dagon Information
1 year, 4 months ago

စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတ လက်(၃)ချောင်းပုံ GPS Strike ကို ရန်ကုန်မြို့ Downtown ဧရိယာအတွင်းမှ ပြည်သူများ ပုံဖော်

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မြောက်မည်ဖြစ်သည့် နွေဦးတော်လှန်ရေးကြီးကို အကြိုလှုံ့ဆော်သည့်အနေဖြင့် ရန်ကုန်မြို့ Downtown ဧရိယာတွင် လက်( ၃) ချောင်းပုံဖော်ကာ လမ်းလျှောက်၍ GPS Strike ကို မြို့တွင်းနေ ပြည်သူများနှင့် တော်လှန်သောလူငယ်များမှ ပူးပေါင်း ပုံဖော်ခဲ့ကြသည်။

" စစ်ကောင်စီက မည်သို့ ပင် ထိန်းချုပ်ဖိနှိပ်ဖို့ ကြိုးစားသည် ဖြစ်စေ မိမိတို့ မြို့ကို မိမိတို့ ပိုင်ကြောင်း ပြသရန်နှင့် အမျိုးမျိုးသော လူထု ပုံစံများဖြင့် အာခံ ဆန့်ကျင်နေမည်ဖြစ်ကြောင်း "၊  နက်ဖြန် အသံတိတ်သပိတ်တွင်လည်း ပြည်သူအားလုံးပါဖို့ အတွက်လည်း ရည်ရွယ်ပါကြောင်း ဤလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ပန်းဘဲတန်း မြို့ခံတဦးက ပြောသည်။

ထို လှုပ်ရှားမှုကို GPS ဖွင့်၍ လမ်းလျှောက်ခြင်း စက်ဘီးစီးခြင်းတို့ဖြင့် ပုံဖော်ခဲ့ကြခြင်းဖြစ်ပြီး ထိုကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းလမ်းများကိုလည်း ပြည်သူများမှ အလွယ်တကူလိုက်ပါလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်းနှင့် လွယ်ကူစွာ လုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ဆက်လက်အသိပေးမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

" နိုင်ငံတကာမှာဆိုရင် မြို့တွေ အများကြီးကိုပတ်ပြီးတော့မှ ငြိမ်းချမ်းရေး သင်္ကေတတွေဆွဲတာမျိုး၊ စက်ဝိုင်းပုံ ပုံဖော်တာမျိုးလုပ်ပြီးမှ ကိုယ်ပေးချင်တဲ့ သတင်းစကားကို GPS Art ဆိုပြီး မှပုံဖော်ကြတာ၊ အခု ကျွန်မတို့ဆီမှာလည်း စစ်ကောင်စီကို အာခံဖို့ ဒီလိုနည်းလမ်းတွေနဲ့  လုပ်လို့ရနိုင်တယ်ဆိုပြီးမှ စလုပ်ကြည့်တာပါ၊ စက်ဘီးနဲ့ဖြစ်စေ၊ လမ်းလျှောက်ပြီးဖြစ်စေ.. ဧရိယာကျယ်တယ်ဆိုရင်တော့ ကားတွေပါသုံးပြီး ပုံကြီးကြီးပါ ဖော်လို့ရတယ်” ဟု ဤလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများမှ ပြောကြားခဲဲ့သည်။

We recommend to visit

?ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
Admin Account ?❣️

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 year, 10 months ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 3 months, 2 weeks ago

Admin Account-
@quoodnbcuisbns

Last updated 1 year, 5 months ago