ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated hace 7 meses
Last updated hace 3 semanas, 5 días
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated hace 1 mes, 1 semana
𝐇𝐞𝐥𝐥𝐨
ဒီနေ့ 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 လေးတို့ကို 𝐚𝐧𝐧𝐨𝐮𝐧𝐜𝐞 လုပ်စရာလေးရှိလို့ပါ...
အဲတာကတော့
𝗦𝗣𝗘𝗔𝗞.𝗘𝗭 က 𝐩𝐫𝐨𝐜𝐞𝐬𝐬 တွေကို ခေတ္တခဏ ရပ်နားထားရမှာမလို့ပါရှင့် 😿💔
အကြောင်းအမျိုးမျိုးကြောင့် 𝐩𝐚𝐠𝐞 လေး ခဏတာ ရပ်ဆိုင်းထားကြောင်း စိတ်မကောင်းစွာဖြင့် 𝐚𝐧𝐧𝐨𝐮𝐧𝐜𝐞 လာလုပ်တာပါရှင့်💔
▪️ 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 လေးတို့ထဲမယ် 𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 တွေ join ပြီး 𝐜𝐨𝐢𝐧𝐬 စုမိထားတဲ့ ကျောင်းသူကျောင်းသားတွေက 𝗦𝗣𝗘𝗔𝗞.𝗘𝗭 𝐩𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (or) 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 တွေကနေဆက်သွယ်ပြီး 𝐜𝐚𝐬𝐡 ထုတ်ယူနိုင်ပါတယ်ရှင့်။
[ 𝐜𝐚𝐬𝐡 ထုတ်ယူမယ့်ကျောင်းသူကျောင်းသားတွေက
- အမည်
- ကိုယ် 𝐜𝐨𝐢𝐧𝐬 ရခဲ့တဲ့အတန်း
တွေကိုပါ တွဲပြီးပို့ပေးပါရှင့် ]
💌 ကျန်းမာရေးဂရုစိုက်ကြပါနော်။ တစ်ခုခုကို နေ့စဉ်လေ့လာဆည်းပူးနေပါ။ 𝐩𝐚𝐠𝐞 ပြန် 𝐫𝐮𝐧 တဲ့အချိန်ကျ ပြန်စုံကြမယ်နော်။
𝗦𝗣𝗘𝗔𝗞.𝗘𝗭 ကို မမေ့သွားရဘူးနော် ㅜ ㅜ 𝗦𝗣𝗘𝗔𝗞.𝗘𝗭 𝘁𝗲𝗮𝗺 ကတော့ 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 လေးတို့ကို လွမ်းနေရတော့မှာ...
𝙃𝙖𝙫𝙚 𝙖 𝙨𝙬𝙚𝙚𝙩 𝙙𝙖𝙮...🌸
English Listening တိုးတက်ချင်လား...⁉️
ဒါဆိုရင် ဒီနေ့ မှာ Listening တိုးတက်ဖို့အတွက် တကယ့်ကို အသုံးဝင်မယ့် YouTube Channel လေးတွေကို ညွှန်းပေးလိုက်ပါမယ် ?
? အချိန်တိုပြီး စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို နားထောင်ရင်း Listening Skill မြှင့်တင်ဖို့
⇒ TED - Ed
https://youtube.com/@teded?si=Rvsk2SrBMktllHqQ
? News-based English နဲ့ Conversations များစွာ ပါဝင်တဲ့
⇒ BBC Learning English
https://youtube.com/@bbclearningenglish?si=eCjBiWLPYrX2KTJR
? EWord stress, connected speech, ထိပ်တန်း Pronunciation skills တွေကို တိတိကျကျနဲ့ Pronunciation တိုးချင်ရင်တော့
⇒ English with Lucy
https://youtube.com/@englishwithlucy?si=NEBO2Z6yZBu2q3N_
? Listening Comprehension Lessons: အလွယ်နားလည်နိုင်တဲ့ Lesson များ၊ Common mistakes တွေရှောင်ရှားဖို့ နည်းလမ်းတွေအတွက်တော့
⇒ Learn English with Emma
https://youtube.com/@engvidemma?si=3axUfQhogVuy3Rs0
? Idioms & Phrasal Verbs အသုံးအနှုန်းတွေ၊ Casual conversations နဲ့ daily topics၊ Interactive Learning ပုံစံတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်သင်ပေးတာကတော့...
⇒ English Addict with Mr Duncan
https://youtube.com/@englishaddict?si=ZTWQ63_CORojej0m
? ဒီနေ့မှာ ဖော်ပြပေးလိုက်တဲ့ YouTube Channel ၅ ခုက Listening အတွက် များစွာအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါမယ်။ နေ့စဉ်ပုံမှန်စာလေ့လာပါ။ များများနားထောင်ပါ။
Learners လေးတို့ရော လေ့လာနေကျ YouTube channel လေးတွေရှိရင် Sharing လုပ်ခဲ့ပါဦးနော်။
Sharing is Caring..!
------------?️--------------
FACEBOOK - Speak.EZ
TIKTOK - @speak_ez
EMAIL - speak.ez.mm@gmail.com
TELEGRAM - https://t.me/speak_ez_main
#speakEZ
#english
#listening
#youtube
#content_May
#graphic_Nicky
"Books are a uniquely portable magic".
- Stephen King
?️ Stephen King ရဲ့ "Books are a uniquely portable magic" ဆိုတဲ့ quote လေးဟာ စာဖတ်ခြင်းရဲ့ စွမ်းအားကို အလွယ်တကူထင်ပေါ်စေတဲ့ စကားစုလေးဖြစ်တယ်။ သူ့အမြင်အရ စာအုပ်တွေဟာ အင်မတန် ထူးခြားတဲ့စွမ်းအားရှိပြီး၊ ကိုယ့်စိတ်ကို တစ်နေရာကနေ နောက်တစ်နေရာကို လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ စိတ်ကူးယဉ်မေတ္တာတစ်ခုဖြစ်တယ်လို့ဆိုထားတယ်။
✨ စာဖတ်ခြင်းဟာ လူ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ စာဖတ်ခြင်းက အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုတွေရရှိပြီး ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေမယ်။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မျိုးစုံနဲ့ပတ်သတ်ပြီးတော့ စာအုပ်တွေမှာလေ့လာနိုင်တယ်၊ အဖြေရှာနိုင်တယ်။
?ဒါ့အပြင် ကိုယ့်ရဲ့စိတ်ကူးညဏ်စွမ်းရည်၊ ဖန်းတီးမှုတွေ တိုးတက်လာစေတယ်။ စိတ်ညစ်စရာတွေရှိရင်လည်း စာဖတ်ပြီးတော့ စိတ်တည်ငြိမ်အောင်လုပ်နိုင်တယ်။ စာအုပ်ကောင်းတစ်ခုဖတ်ရင်း စိတ်ပါဝင်စားပြီးမျောပါသွားတဲ့အခါ စိတ်အပန်းဖြေရာရောက်သလို ပင်ပန်းမှုတွေလည်း ပျောက်ကင်းစေပါတယ်။
? စာပေတိုင်းဖတ်ပါလို့ တချို့တွေကပြောကြလိမ့်မယ်။ ဒါပေမယ့် စာအုပ်စာပေတိုင်းက သင့်ကို ဗဟုသုတပေးနေမှာမဟုတ်ပါဘူး။ အပျော်ဖတ်စာပေးအမျိုးအစားတွေရှိသလို၊ တကယ့်ကို သေချာတွေးတောမှရမယ့် စာပေအမျိုးအစားတွေလည်းရှိနေပါတယ်။ ဒါကြောင့် ကိုယ်ကစာဖတ်မယ်ဆိုရင် ဘယ်လိုစာပေမျိုးကိုစိတ်ဝင်စားလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
? ထို့ပြင် စာဖတ်ခြင်းဟာ လူမှုရေးဆက်ဆံရေးများကို ပိုမိုကောင်းမွန်တိုးတက်လာစေတယ်။ စာအုပ်တွေက ကမ္ဘာအသစ်တွေကို ဖွင့်လှစ်ပေးပြီး၊ မျိုးစုံကွဲပြားတဲ့ အတွေးအခေါ်တွေနဲ့ လူမှုပတ်ဝန်းကျင်ကို ပိုမို နားလည်လာစေမှာဖြစ်ပါတယ်။
? Stephen King ပြောသလို စာအုပ်ဟာ တစ်နေရာကနေ နောက်တစ်နေရာသို့ ခေါ်ဆောင်သွားနိုင်တဲ့ မှော်ဆန်တဲ့အရာဝတ္ထုလေးတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တိုးတက်ချင်ရင်၊ အသိပညာရရှိချင်ရင်၊ အားလပ်ချိန်မှာ စိတ်ကိုသက်သာချင်ရင် စာဖတ်ခြင်းက အကောင်းဆုံး အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
Learners လေးတို့လည်း အားလပ်ချိန်မှာ စာဖတ်ဖို့ မမေ့ကြပါနဲ့နော်..!
Bye Bye ~~ Have a lovely day..!
JOIN OUR TEAM !! ? We are looking for volunteers.
?Graphic Designer - (M/F - 2 posts)
?Requirements
-Education နှင့် ပတ်သတ်တဲ့ Content များအတွက် ၁ ပတ်လျှင် Graphic ၂ ပုံ or ၃ ပုံခန့် ဆွဲပေးနိုင်ရပါမယ်။
-အနည်းဆုံး Canva basic တတ်မြောက်ရပါမယ်။
-Team နှင့်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် teamwork skill နှင့် communication skill ကောင်းမွန်ရပါမယ်။
-မိမိဖန်တီးထားသော graphic design နဲ့ပတ်သက်တဲ့ feedback များကို လက်ခံနိုင်ပြီး လိုအပ်လျှင်ပြန်လည်ပြုပြင်ပေးနိုင်ရပါမယ်။
-Deadline အမှီ ဆောင်ရွက်ပေးရပါမယ်။
-organization က စည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။
?Benefits
-Volunteer အနေဖြင့် အနည်းဆုံး ၃ လ ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၃ လ ပြည့်ပြီးပါက Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။
-Volunteer အနေဖြင့် ၆ လ ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီးပါက Recommendation letter ကိုလည်းရရှိနိုင်မည်ဖြစ်သည်။
-ဒါ့အပြင် ၆ လ ပြည့်ပါက speak.EZ က သီးသန့်ပေးအပ်တဲ့ အကျိုးခံစားခွင့်များလည်း ရနိုင်မှာဖြစ်ပါသည်။
❗️Other detailed terms and perks can be negotiated with the organization.
‼️November 8 ရက်နေ့ ည၉နာရီတွင် Registration form ကို ပိတ်သိမ်းသွားမှာဖြစ်သောကြောင့် ပေးထားသော deadline ထက် နောက်မကျဘဲ form ဖြည့်ပေးပို့ထားရန် လိုအပ်ပါတယ်နော်။‼️
?Selected candidate များကို Interview အတွက် ကျွန်မတို့ Speak.EZ မှ E-mail ကနေတဆင့် ဆက်သွယ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
Volunteer လုပ်ရန် စိတ်အားထက်သန်ပါက အောက်ပါ Registration form တွင် လိုအပ်သည်များကိုဖြည့်စွက်ကာ Submit လို့ရပါတယ်ရှင်။
⬇️⬇️⬇️
https://forms.gle/oDPWbJpzs3gvZwKe6
#speakEZ
#volunteer
#callingforvolunteers
#content_Kay
#graphic_AyeAye
ဟိန္ဒူဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ဒီပါဝလီနေ့ (Deepavali) ခေါ် ဒေဝါလီနေ့ (Diwali) မှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ Speak.EZ မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ?✨
Have you ever looked out over the water and thought you saw a fantastic creature break the surface? ?*?*
၁၈၄၈ ခုနှစ် ဩဂုတ်လမှာဆိုရင်ဖြင့် HMS Daedalus သင်္ဘောပေါ်ရှိ အမျိုးသားအများအပြားဟာ တောင်အတ္တလန္တိတ်ကို စူးစမ်းကြည့်တဲ့အခါမှာ သူတို့ရဲ့မျက်လုံးတွေကိုတောင် မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။ ဘာလို့ဆို သူတို့ဟာ "Sea Serpent" ဆိုတဲ့ထူးဆန်းတဲ့ပင်လယ်သတ္တဝါကြီးတွေကိုတွေ့ရှိခဲ့လို့ပဲဖြစ်ပါတယ်။ စိန့်ဟယ်လီနာကိုသွားရောက်ခဲ့တဲ့ ခရီးသည်များနဲ့ အရာရှိအများအပြားဟာလည်း သမုဒ္ဒရာရေပြင်ထက်တွင် ထူးခြားတဲ့ဦးခေါင်းပုံသဏ္ဌန်ရှိတဲ့ ပေ ၆၀ ရှည်သောသတ္တဝါတစ်ကောင်ကို စူးစမ်းတွေ့ရှိခဲ့ကြပါသေးတယ်။?️?
ဒီလောက်ဆိုရင် ကျွန်တော် Sharing လုပ်ပေးသွားမဲ့ National Dayလေးဟာ ဘာနေ့လည်းဖြစ်မလဲဆိုတာ Learners လေးတို့လည်း ခန့်မှန်းမိလောက်ကြမှာပါ။?
ဟုတ်ပါတယ် Learnersလေးတို့ခန့်မှန်းကြတဲ့အတိုင်း ဒီနေ့လေးဟာဆိုရင်တော့ "National Sea Serpent Day" လေးပဲဖြစ်ပါတယ်။??
"National Sea Serpent Day" ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းပေါ်မှာရှိတဲ့ ပင်လယ်မြူကြီး(တစ်နည်းအားဖြင့် ပြောရရင် မြွေနဂါးလိုထူးဆန်းတဲ့သတ္တဝါမျိုးတွေပါ။) တွေကို ဂုဏ်ပြုတဲ့နေ့ပါ။?✨
ဒီနေ့လေးကိုဆိုရင်ဖြင့် August 7 ရက်နေ့တိုင်း ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်ကြပါတယ်။ ဒီနေ့ စတင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ပင်လယ်မြူကြီးတွေဟာ ဒဏ္ဍာရီပုံပြင်တွေမှာသာ မပေါ်လာခဲ့ပေမဲ့ နည်းပညာရှေ့ပြေးတွေ၊ သုတေသနတွေမှာပါ၀င် စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေဖြစ်လို့ပါပဲ။ ဒါ့အပြင် ပင်လယ်မြူကြီးတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ သက်ရှိတွေဖြစ်တယ်ဆိုတာလည်း တင်ပြချင်တဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။
ဒီလိုနေ့ မျိုးမှာဆိုရင်တော့ ကမ္ဘာအရပ်ရပ်ကလူတွေဟာ National Sea Serpent Day အတွက် လူတွေက ပင်လယ်မြူကြီးတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ ပုံပြင်တွေ၊ ရုပ်ရှင်တွေကို ကြည့်တတ်ကြပါတယ်။ ပင်လယ်မြူကြီးတွေ အကြောင်း သုတေသနတွေကိုလည်း အားပေးတတ်ကြပြီး လူသိများအောင်လည်း ကြိုးပမ်းတတ်ကြပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ဒီလိုနေ့မျိုးမှာ ပင်လယ်မြူကြီးတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေဖတ်တာမျိုး၊ ပင်လယ်သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကြိုးစားဆောင်ရွက်တာမျိုး၊ သန့်ရှင်းရေး လှုပ်ရှားမှုတွေမှာပါ၀င်တာမျိုး စတဲ့လုပ်ဆောင်ချက်တွေလုပ်ဆောင်ပြီး National Sea Serpent Day ကိုပါ၀င်ဆင်နွှဲနိုင်ပါတယ်။?✨**#speakEZ#NationalSeaSerpentDay#content_jeon#graphic_ayeaye
ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated hace 7 meses
Last updated hace 3 semanas, 5 días
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated hace 1 mes, 1 semana