𝐋𝐍 𝐇𝐨𝐫𝐫𝐨𝐫 𝐅𝐚𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

1 month, 1 week ago
**IMDB - 7.2 / 10

**IMDB - 7.2 / 10

My Drama List - 8.2 / 10

Rotten Tomatoes - 100%

ရရှိထားတဲ့ ဒီ Parasyte: The Grey ဆိုတဲ့ ကားကိုခုညကြည့်ပါမယ်💅🏻

မနက်ဖြန် Review လာမယ်နော်💅🏻

Review ပေးရင်း Series link ပါပေးမာပါ💥**

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

1 month, 3 weeks ago

ကြည့်လို့ကောင်းတဲ့ Horror movie ဖြစ်ဖြစ် ညွှန်းပါအုံး😭****

2 months, 2 weeks ago

**Poor Things (2024)

ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အမျိုးတစ်ယောက်ကို
ပြန်အသက်သွင်းပြီး ကမ္ဘာကြီးကိုအစကနေလေ့လာတဲ့
ဇာတ်ကားဖြစ်ပါတယ်

LN Review 🌱 Oscars 11 Nomi ရထားသလို IMDb 8.4 Rating ရှိတဲ့ဇာတ်ကား
ဖြစ်လို့ မကောင်းမှာပူစရာမလိုပါဘူး။ Adult Content တွေတော့
အများကြီးပဲမို့ တစ်ယောက်တည်းကြည့်ဖို့အကြံပေးချင်ပါတယ်

ပထမဆုံး B&W နဲ့ Colours တွေကိုတစ်နေရာစီခွဲသုံးထားတာက
Movie ကို Metaphor ယှဥ်ပေးထားသလို မျက်စိပဒဿဖြစ်တယ်
Colour Aesthetic ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

ဇာတ်လမ်းရဲ့ Setting တွေကတော့ Studio ထဲက မထွက်ရိုက်ထားမှန်း
သိသာအောင် Vfx က ကာတွန်းကားဆန်လွန်းတယ်။ ဒါပေမယ့် အဲ့လို
ကြောင့်မို့လဲ ဒီဇာတ်ကားကပိုရုပ်လုံးပေါ်လာတာပေါ့

Movie ကို Part အမျိုးမျိုးခွဲပြီးပြပေးထားတာ သဘောကျတယ်။
မမ Emma Stone ရဲ့ Acting တွေက တစ်စက်မှပစ်ပယ်စရာ
မရှိအောင်ကောင်းလွန်းတယ်။ ဒါကြောင့်လဲ Golden Globe ပွဲမှာ
ဒီကားနဲ့ပဲ Best Actress ဆုရခဲ့တာ

ဇာတ်လမ်း Script ကတော့ တော်တော်ပိုင်နိုင်ပါတယ်။ Movie ရဲ့
Pace ကို ဖြည်းဖြည်းချင်းဆွဲပြီး Bella Baxter ဆိုတဲ့ Character
ရဲ့ စိတ်အပြောင်း အလဲကို သေချာပုံဖော်ထားတာ​က အပြင်မှာပါ
မြင်နေရသလိုပါပဲ

Dark Comedy ဆိုတဲ့အတိုင်း ရယ်စရာမကောင်းတဲ့ ရယ်စရာတွေ၊
လူတွေရဲ့အမှောင်ဘက်ခြမ်းကို သေချာဖော်ပေးထားတာတွေက
အသက်ဝင်ပါတယ်။ ဇာတ်ကားရဲ့နာမည်အတိုင်း ကြည့်ပြီးရင်တော့
သနားစရာကောင်းလိုက်တဲ့ သတ္တဝါတွေပါလားလို့ အတွေးဝင်မိမှာပါ

အတိုချုပ်ရရင် အပိုအလိုမရှိ Tempo ကို အထိန်းအချုပ်တအား
ကောင်းတဲ့ ဒီဇာတ်ကားကိုကြည့်ပြီးရင် လူဖြစ်ရတာတန်လိုက်တာ
ဆိုပြီး ပြောမိမှာပါပဲ။ Oscars မှာလဲ Nomi 11 ဆုမှာ အနည်းဆုံး
6 ဆုရနိုင်မယ်ထင်ပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်သင့်တယ်ပေါ့

LN Rating - 91/100 (Vfx ကြောင့်အမှတ်လျော့ထားတာ)**#𝐬𝐡𝐚𝐰𝐧

3 months, 1 week ago
*****‼️***ကြော်ငြာလေးတစ်ခုဝင်ပါမယ်***‼️***

*‼️ကြော်ငြာလေးတစ်ခုဝင်ပါမယ်‼️*

Pee Nak 4 Logo Sticker ရိုက် အင်္ကျီလေးပါ👻

Official မဟုတ်ပေမယ့် လိုဂိုလေးနဲ့ဆိုတော့ ရုံတင်လို့သွားကြည့်ရင် လန်းနေမာ အသေအချာပါပဲ👻

ဝယ်ချင်ရင်တော့ https://t.me/Swifties_Land1 ဒီChannel မှာသွားဝယ်လို့ရပါတယ်👻

ဈေးတွေကလည်း T-shirt အသားအပေါ်မူတည်ပြီး ရေးပေးထားပါတယ်👻🩵

Channel link -** https://t.me/Swifties_Land1

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

3 months, 1 week ago
**Blumhouse ရဲ့ ဟော်ရာရုပ်ရှင်သစ် "Imaginary 2024"

**Blumhouse ရဲ့ ဟော်ရာရုပ်ရှင်သစ် "Imaginary 2024"

ကလေးမလေးတစ်ယောက် ရှာတွေ့တဲ့ ဝက်ဝံရုပ်က သာမန်ဝက်ဝံရုပ်မဟုတ်ပဲ မကောင်းဆိုးဝါး တွေနဲ့ချိတ်ဆက်နေတဲ့ အရာဝတ္ထု တစ်ခုဖြစ်နေပါတယ်❤️‍🔥

မတ်လ ၈ ရက်နေ့မှာ ရုံတင်မှာဖြစ်ပါတယ်❤️‍🔥

Trailer link -** https://t.me/MissMyanmarzepeto/811

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

3 months, 1 week ago
**Wine the Pooh, Blood & Honey …

**Wine the Pooh, Blood & Honey 2 Poster ပါ

1 ထက်ပ်ုကောင်းမယ် သွေးထွက်သံယိုများမယ် လို့တော့ပြောထားပါတယ်

1တုန်းကတော့ တော်တော်ဘုတ်တော့ 2ကိုတော့ စောင့်ကြည့်ရပါအုံးမယ်🥹

Trailer link -** https://t.me/MissMyanmarzepeto/810

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

5 months, 1 week ago
**Tee Yod

**Tee Yod

စိုက်ခင်းတွေ သစ်ပင်တွေ မှာပဲအသက်ရှင် နေထိုင်တဲ့ မိစ္ဆာမက ယမ်ဆိုတဲ့ ကောင်မလေးကိုဝင်ပူးပါတော့တယ်။

LN RT

Plot - 100%
Scary - 100%
Jump Scare - 90%
Interest - 100%

မင်မင်ကြည့်ဖူးသမျှ ထိုင်းသရဲကားတွေထဲမှာ ဒီကားကိုတော်တော်လေးကြိုက်ပါတယ်။

ဟာသတွေပါတဲ့သရဲကားတေလို ပေါ့ပျက်ပျက်မဟုတ်ပဲ တောက်လျှောက်ကို ကြည့်ကောင်းတာပါ။

Digital ထွက်လာမှ ဖုန်းနဲ့ကြည့်မည့်သူတွေကတော့ ကြောက်လန့်မှု သိပ်ခံစားရမာမဟုတ်ပါဘူး။

ရုံမှာဆို ဘောက်တွေကောင်းမှုကြောင့် အနားကိုရောက်လာသလိုတောင်ခံစားရစေပါတယ်။

သရဲကားတော်တော်များများလို ပြီးခါနီးမှ ကြမ်းပြီးပြီးသွားတာမျိုးမဟုတ်ပဲ ကြမ်းလဲ ပြန်ငြိမ်သွားလိုက်နဲ့ကို ကောင်းတာပါ။

မင်မင်အထင် S-2 လာမယ်ထင်ပါတယ်။

ဆက်မပြောတော့ဘူး spoil တေမိကုန်မှာဆိုးလို့ပါ🥹

Digital ထွက်လာရင် တင်ပေးပါမယ်🩵

10/10**

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

5 months, 1 week ago
5 months, 2 weeks ago

**Chilling Adventures Of Sabrina (Season 1)

Sabrina ဆိုတဲ့ စုန်းတစ်ဝက်၊ လူတစ်ဝက် ကောင်မလေးဟာ
အသက် 16 နှစ်မှာ သူ့အဒေါ်တွေရဲ့ ဆန္ဒအတိုင်း စုန်းအဖြစ်ပဲ
ခံယူလိုက်ရမလား၊ လူအနေနဲ့ နေရမလား ဝေခွဲမရဖြစ်နေပါတယ်။
ဒါကတော့ သူ့ဆီကို ထူးထူးဆန်းဆန်း ကျရောက်လာတဲ့ ကံကြမ္မာ
ကြောင့် ရင်ဆိုင်ဆုံတွေ့ရမယ့် စွန့်စားခန်းတွေအကြောင်းပေါ့ 🫶🏻

LN RT

Plot - 70%
Interest - 95%
Acting - 68%
Cinematography - 90%
Theme - 100%
[ 323% ]

သင်ဟာ Wednesday လို Teen-Horror မျိုး ကြိုက်ရင်တော့
မဖြစ်မနေကို ဒီဇာတ်ကား ကြည့်သင့်ပါတယ်။ အရင်အပတ်က
ကြည့်ခဲ့တယ်ဆိုတဲ့ Netflix စီးရီးလေးပါ။ S4 ထိ ထွက်ထားပြီး
ကိုယ်ကတော့ S1 ပဲ ကြည့်ရပါသေးတယ် 🙄

Plot ကတော့ ဆန်းဆန်းပြားပြားနဲ့ Fictional ဆန်တယ်။ ဒါမဲ့
Fantasy ကြိုက်ရင်တော့ ကြည့်သာကြည့်ပါ။ ထွေထွေထူးထူး
မရှိပါဘူး။ Character Development က အပြစ်သိပ်မရှိပါဘူး

Interest ကတော့ တစ်ပိုင်းနဲ့တစ်ပိုင်း တစ်ထိုင်တည်း Binge-
Watch ရတဲ့အထိ ကောင်းပါတယ်။ အစ သုံးပိုင်းမှာတော့ နည်းနည်း
ပျင်းဖို့ကောင်းသလို ထင်ရပေမယ့် Storyline Build-Up လုပ်တာမို့
ကောင်းတာကြည့်ချင်ရင် အချိန်ပေးစောင့်ရမှာပေါ့။ တန်ပါတယ်

Totally Killer ထက် ဒီ Sabrina မှာ မင်းသမီးကို ပိုအားရမိတယ်။
အေးစက်စက်မဟုတ်ပဲနဲ့ Cool Girl အဖြစ် သရုပ်ဆောင်ထားတာ။
Side Character တိုင်းကလဲ Miranda Otto တို့လို Cast နဲ့ဆိုတော့
ကြည့်ရရှုရ အရသာရှိလှတယ်

Directing ပိရိတာက ကိုယ်တိုင် ဝင်ခံစားရသလိုပဲ။ တစ်ချို့ကတော့
ဒီကား ပျော့တယ်ပြောတယ်။ အမှန်ပါပဲ.. ပျော့ပေမယ့် သူမတူတဲ့
ဇာတ်လမ်းတစ်ပုဒ်ပါ။ Satan နဲ့ ပက်သက်တာတွေ၊ စုန်းအကြောင်း
ဇာတ်လမ်းမျိုး ကြည့်မယ်ဆိုရင် ဒါက Strong Choice ပါ 😎

Theme ကလဲ Riverdale နဲ့ မြို့ချင်းကပ်ရက်ဖြစ်တဲ့ Greendale
ကို Setting ချထားတာဖြစ်လို့ မှိုင်းနေမှာပါ။ စုန်း Theme အနေနဲ့
100% Perfect ပဲ။ Dark ကို အသားပေးထားတာမို့ ကြည့်ရတာက
Brightness လေး မြှင့်ထားမှ ကြည့်ရတာ သေချာမယ်ထင်တယ်။
ဒါပေမယ့် အဲ့လောက်ကြီးလည်း မဆိုးပါဘူး။ တော်တော်မိုက်ပါတယ်

ခရမ်းချဥ်သီးကတော့ ဖန်ကြိုက်မို့ ထည့်မပြောတော့ပါဘူး။ IMDB
ကို 7+ နဲ့ Season တိုင်း ရထားတာမို့ Horror / Thriller အတွက်တော့
တကယ်ကို မြင့်တဲ့ ပမာဏပါပဲ။ နောက် Season တွေတော့ မသိပေ
မယ့် S1 ကတော့ Must-Watch ထဲ ထည့်လို့ရတယ်

​နောက် Season ထပ်ကြည့်ဖို့ အားခဲနေပါတယ်။
8.1/10**#𝐬𝐡𝐚𝐰𝐧

5 months, 2 weeks ago
**Coraline Book

**Coraline Book

ဒါလေးကတော့ မင်မင် သဘောကျရဆုံး‌စာအုပ်လေးပေါ့နော်❤️‍🔥

အခုလို ဆောင်းတွင်းမှာဖတ်ရတဲ့ အရသာကလဲ အရမ်းမိုက်တယ်။

ကာတွန်းကားလဲထွက်ထားတာရှိတယ်။

ဖတ်ချင်ရင် မင်မင့်ဆီက မှာလို့ရပါတယ်။

Price - 8500ks(preorder)
Language - English

တော်တော်များလဲဖတ်ဖူးမယ်ထင်ပါတယ်။

မင်မင်တော့ ဒီစာအုပ်လေး ကြိုက်တယ်😭❤️‍🔥**

#𝐋𝐚𝐮𝐫𝐞𝐧ᴥ

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago