ANGÉL ALPHÁ's "À&Ķ" library

Description
အနုပညာအဖွဲ့ (Art)
Start Date - 1/2/2024 (Feb)

(Angél Alphá အဖွဲ့နဲ့ အတူ ပြင်ပစာ​ရေးဆရာများရဲ့ Arts & Comprehensive knowledge library)

(Angél Alphá အဖွဲ့ရဲ့ main channel link)
အောက်က link ကို copy ယူ၍ ဝင် join ပါ။
👇👇
(https://t.me/angelalpha21feb)
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 11 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 12 months ago

1 year ago

မာနထားစမ်းပါဆိုတဲ့စကားနဲ့ဖြေသိမ့်နေရပေမဲ့ အစ်ကိုကို့ ညီမလွမ်းတယ် အစ်ကိုကတော့ ညီမကိုလွမ်းမထင်ပါဘူး ညီမကိုစကားမပြောဘဲနဲ့တိတ်ဆိတ်‌ အေးစက်သွားတာကြာခဲ့ပြီလေ တစ်နေ့ညီမလည်းအစ်ကိုလိုတိတ်ဆိတ်ပြီမေ့နိုင်အောင်ကြိုးစားပါ့မယ် အခုတော့ညီမ အစ်ကိုကိုလွမ်းတယ်........

-နွေသံစဉ်

1 year ago

မနက်ဖြန်ချယ်နယ်မှာ
စာတွေမတင်ပါဘူးခင်ဗျာ

အခြားသော Admin
များလည်းမတင်ဖို့အကြံပြုပါရစေခင်ဗျာ

1.2.2021 ငါတို့မမေ့။❗️****

#𝐘𝐚𝐦

1 year ago

နွေ့အတွက်အလွမ်းတေး(၅)

သံသရာမှာလည်း နာကျင်မှာ မကြောက်ပါဘူး
စေတနာမပါမှန်းသိပေမဲ့
အပေါ်ယံ ဂရုစိုက်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်
မနာကျင်ခဲ့ရပါဘူး နွေ
နာလို့နာမှန်းပဲ ကိုမသိခဲ့တာပါ။

နေညို။။။။
(အတိတ်ကိုတူးစွခြင်း/၂၀၂၄)

1 year, 2 months ago
1 year, 2 months ago

좋은 아침이에요
joh-eun achim-ieyo ပါဗျ

မင်္ဂလာရှိ​သော နံနက်ခင်း​လေးဖြစ်ပါ​စေဗျ

#Khun
#ANGÉL_ALPHÁ

1 year, 2 months ago

"**ကျေနပ်မှုနဲ့ အိပ်ရာဝင်နိုင်ဖို့

ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့

အိပ်ရာ နိုးဖို့ လိုအပ်ပါတယ်**။"

Crd
#HanThar

1 year, 2 months ago

**မိဘ‌တွေမရှိတော့မှ
အမေက ဒါလေးကြိုက်တာ

အဖေက ဒါလေးကြိုက်တာဆိုပြီး
အလွမ်းသယ်မနေပါနဲ့။

မိဘတွေ ရှိနေတုန်းမှာ
ကျွေးနိုင်အောင် ကြိုးစားကြပါ။**

#???

1 year, 2 months ago

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သမိုင်းဆိုတာရှိသလို
လူတိုင်း လူတိုင်းမှာလဲ လူ့သမိုင်းဆိုတာရှိတယ်။
လူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးကြရတာပဲ။
လူတိုင်းမှာ သမိုင်းရှိတာချင်း တူညီပေမဲ့
လူတိုင်းရဲ့ သမိုင်းဟာ မတူညီကြဘူး။
ကိုယ့်သမိုင်းက ကောင်းသလား ဆိုးသလား ဆိုတာကတော့
ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ၊ လုပ်ရပ် ၊ ရည်မှန်းချက်
စတဲ့ အရာတွေနဲ့သက်ဆိုင်တယ်။

#Yoe

1 year, 2 months ago

? #စာဖတ်ပါ ?
??????

၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

#crd_to_owner_with_respect
#Khun@angelalpha9000

1 year, 3 months ago
လှူဒါန်းရခြင်းအကျိုးတွေ ထပ်ပြီး သိရှိလိုပါက

လှူဒါန်းရခြင်းအကျိုးတွေ ထပ်ပြီး သိရှိလိုပါက

https://t.me/Author_Mya_2710/611?single

ယခု လင့်လေးထဲမှာ တင်ပေးထားပါတယ်ရှင် ❤️

#Mya_MT

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 11 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 12 months ago