Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

ᴄʜᴀɴɴᴇʟ ʙʏ 𝑴𝑨𝒀𝑩𝑬𝑳

Description
#ချစ်စရာကလေးလေးမေဘယ်

#မောင်အာသာ
#ဆရာမဆိုရာ
#မောင်ဟူဂို
#မောင်ငဖိ
#မောင်သောမတ်
သတင်းမှန်ပြန်ကြားရေးး
https://t.me/maybel_thatinmhanpyankyaryay
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

2 months, 1 week ago

ချစ်ခြင်းမေတ္တာတွေက
အလျားအနံမရှိသလို´အသွားအပြန်လည်း´ မရှိဘူး။

#kaio

@maybel_thatinmhanpyankyaryay

2 months, 3 weeks ago

မေဘယ့်အရင်အကောင့်ကပျက်သွားတာနဲ့ ယခုချန်နယ်လေးကိုမရမ်းဖြစ်တော့ဘူးနော် အကောင့်သစ်နဲ့ချန်နယ်အသစ်ထောင်ထားတယ်ရှင့်🥺
ဝင်ခဲ့ကြနော် ဒီမေဘယ့်ချန်နယ်ကSubလေးတွေ
@Yuennaaaaa ဒီချန်နယ်အသစ်မှာ Gw အစီစဉ်တွေလည်းရှိတာမို့မြန်မြန်သာ Joinလိုက်တော့😗💖
လူနှစ်ရာပြည့်ရင် bill 2k ကိုသုံးယောက်မဲဖောက်ပေးဖို့ရှိပါတယ်ရှင့်💌💖

3 months ago

မင်းသိလား

ငါမင်းကိုပေးခဲ့တဲ့အရာတွေက
ငါတစ်ကြိမ်တစ်ခါမှတောင်မရဖူးတဲ့အရာတွေပေါ့.....

#kaio

@maybel_thatinmhanpyankyaryay

3 months, 1 week ago

မင်းအတွက်ဆို
အရာအာလုံးစွန့်လွှတ်နိုင်ပါတယ်

ကိုယ့်အတွက်ရော
မင်းအရာအားလုံးကိုစွန့်လွှတ်နိုင်လားဆိုတော့ သူမျက်နှာလေးကိုညိုးလို့

ကျွန်တော်ပြောတာတွေသူမယုံဘူးထင်ပါရဲ့

#KAIO

@maybel_thatinmhanpyankyaryay

3 months, 2 weeks ago

တက်နိုင်သလောက်တော့ ကိုယ်ချစ်ပြခဲ့တာပါ ပဲ မင်းထင်တာမြင်တာတွေကိုသာယုံပြီး ကိုယ်ဘာတွေလုပ်ခဲ့လည်းမင်းမမြင်သွားတာတော့ကိုယ်လည်းဘာမမတက်နိုင်ခဲ့ဖူးအချစ်ရယ် မင်းကိုတော့လက်မလွှတ်ချင်ဘူး ဖြစ်နိုင်ရင် ပြန်လာပေါ့ ကြိုဆိုနေဦးမယ် မင်းကို

#KAIO

@maybel_thatinmhanpyankyaryay

4 months, 1 week ago

အများတွေပြောတာ ကိုယ်နဲ့မင်း..
လမ်းခွဲကြတယ်တဲ့

ကိုယ်တို့ကလမ်းခွဲ ခဲ့ကြတာမှမဟုတ်တာ အစထဲကလမ်းလွဲ နေခဲ့တာလေ

ကိုယ်ချစ်သလောက်မင်းမှမချစ်ခဲ့တာ

အပြိုင်ဆက်သွားနေတဲ့မျဥ်းနှစ်ကြောင်းဟာ ဘယ်တော့မှမဆုံစည်းသလို..အဆုံးသတ်မှာ တစ်ယောက်တစ်နေရာဆီ ရောက်သွားယုံပေါ့ကွာ......☺️

#KAIO

@maybel_thatinmhanpyankyaryay

5 months ago

ဒီလောက်လေးနဲ့
ဖြစ်နေဖို့ လိုလို့လားဆိုတဲ့
မေးခွန်းတွေကြားမှာ
ငါပဲ အရမ်းသည်းသည်းလှုပ်ဖြစ်နေတာလား
ငါပဲ အပိုတွေ လုပ်မိနေတာလားဆိုပြီး
ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိတယ် ။

သူနေသလို နေလိုက်မယ်ဆိုရင်
ဘယ်အရာကမှ
နာကျင်စရာမရှိသလိုမျိုး
ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းဖြစ်မှာပါ

ဒါပေမယ့်
မနက် ဘယ်အချိန်နိုးလဲ
ည ဘယ်အချိန်အိပ်လဲ
တစ်ခုခုကော စားပြီးပြီလားဆိုတာကအစ
လိုက်ပူနေရတဲ့ ကိုယ့်မှာ
တကယ်ပဲ အဆင်မပြေတာတွေများတယ် ။

ကိုယ့်အတွက် ကိုယ်တောင်
အဲ့လောက်ထိ ဂရုမစိုက်ဖြစ်တဲ့ ကိုယ်က
ဘာလို့ အဲ့လောက်ထိ ဂရုစိုက်နေမိတာလဲ
အဖြေရှာကြည့်တော့

တစ်ခုတည်းပါ ...
ကိုယ်ချစ်တဲ့မင်းကို
နည်းနည်းလေးမှ အထိအခိုက်မခံနိုင်လို့ပေါ့

ဘာမှမဟုတ်တာလေးကအစ
နာကျင်နေရတယ်ဆိုတာ

သေးသေးမွှားမွှားတွေကအစ
စိတ်ထဲ ရှိနေလို့ပေါ့ ။

#KAIO

@maybel_thatinmhanpyankyaryay

5 months ago

လူတစ်ယောက်ကို ချစ်နေရင်းက ပင်ပန်းလာတတ်ပါတယ် ။

အရင်ကတွေးခဲ့ဖူးတာက လူတစ်ယောက်ကို ချစ်နေရရုံ သူ ပျော်နေတာလေးကို ငေးနေရုံနဲ့ အဆင်ပြေမယ်ထင်ခဲ့တာ ။ တကယ်တမ်းကျတော့ လူတစ်ယောက်ကို ချစ်နေရင်းက ပင်ပန်းလာတတ်တဲ့ စိတ်တွေကလဲ ရှိနေသေးတယ် ။ ငါ မချစ်ပဲ နေနိုင်ရင် ကောင်းမယ်ဆိုပြီး တွေးမိတဲ့ ရက်တွေနဲ့လဲ ကြုံရတတ်တယ် ။ ဘာကြောင့်လဲ မေးရင် ... တချို့ အချစ်တွေက တစ်ဖက်သတ်ဆန်လွန်းလို့ ။

နားလည်မှုဆိုတဲ့ စကားလုံးလေးကိုတောင်ရှာလို့မရတဲ့ ဆက်ဆံရေးတစ်ခုမှာ ဘယ်လောက်ကြာကြာ ကိုယ့်ဖက်ကချည်း နားလည် ကိုယ့်ဖက်ကချည်းခွင့်လွှတ်ရင်း ရှေ့ဆက်နိုင်မှာလဲ ။ သ၀န်တိုလို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နေရ ကျဥ်းကျပ်လာတဲ့ အချိန်တွေက တကယ်ချစ်တာကော ဟုတ်ရဲ့လားဆိုတဲ့ ကိုယ့်ကို တွေးစေတယ် ။ စိတ်မချလို့ စိတ်ပူလို့ သ၀န်တိုလို့ ခေါင်းစဥ်တွေ ပြောင်းသွားတာပဲရှိတာပါ အရာရာက သူ့အတ္တကို အရောင်တင်ဖို့ချည်းပါပဲ ။

ကိုယ်လည်း မှားခဲ့ပါတယ် ။ ကြီးကြီးမားမားရယ်လို့တော့ မဟုတ်ပါဘူး ။ ပိုချစ်ပြလိုက်မိတာရယ် အရမ်းအလိုက်သိလွန်းခဲ့တာရယ် ဒါလေးပါပဲ ။ ဒီအမှားတွေကပဲ ဒီအချိန်မှာ ကိုယ့်ကို ပိုလို့ပင်ပန်းစေတာပါ ။ ကိုယ့်ဖက်ကမှ စမခေါ်ရင် တိတ်ဆိတ်နေမယ့် Conservation လေးကို တစ်ရက်လောက်ဖြစ်ဖြစ် ကိုယ် တိတ်ပြီး ငေးကြည့်ချင်မိပါတယ် ။ အဲ့ဒီအချိန်တွေရောက်ရင် အရင်လို မဟုတ်တော့ဘူးဆိုတဲ့ စကားလုံးတွေနဲ့ စကားနာတွေထိုးဦးမယ် ။ ခဏနော်ဆိုပြီး အကြာကြီး စောင့်ခဲ့ဖူးတဲ့ ကိုယ်က ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးပေမယ့် မအားလို့ မကိုင်နိုင်လိုက်တဲ့ ဖုန်းတစ်ကောက ပြဿနာတွေ အများကြီး သယ်လာခဲ့ဖူးတယ် ။

သူပျော်နေတာလေးကို ငေးပြီး အဆင်ပြေအောင် နေတတ်ချင်ပေမယ့် ကိုယ် ငိုနေရတာကတော့ တကယ်အဆင်မပြေဘူး ။ ဒီဆက်ဆံရေးမှာ အများကြီး လိုအပ်နေတာမဟုတ်ပါဘူး ... နားလည်မှု ဒါမှမဟုတ် ကိုယ့်ဖက်သူ့ဖက် မျှတွေးတတ်တဲ့ အကျင့်လေးတစ်ခုပဲ လိုတာပါ ။ ခက်တာက အဲ့တာပဲ ရှိမနေခဲ့တာလေ ။ ချစ်တယ် ... အဲ့ဒီ ချစ်ခြင်းမေတ္တာတွေက ပါးစပ်ဖျားလေးကလာပြီး လုပ်ရက်တွေက ​မချစ်ပါလားဆိုတဲ့ အတွေးတွေ ၀င်စေတဲ့ နေ့ရက်တွေတိုင်းမှာ ကိုယ် သိပ်ပင်ပန်းရပါတယ် ။

အမောပြေလေးဆိုပြီး ထင်ထားတဲ့ လူတစ်ယောက်က အမောဆို့စရာ စကားလုံးတွေနဲ့ ကြိုတဲ့အခါ ကိုယ့်မှာ ငိုရပါတယ် ။ ရင်ဖွင့်ရာလေးလို့ ထင်ထားခဲ့ပေမယ့် ကိုယ် မျက်ရည်စို့တဲ့အခါ ကိုယ့်မျက်ရည် ပထမဆုံး အပြစ်တင်တတ်တဲ့ ကိုယ့်ရဲ့ နာကျင်စရာလေးပေါ့ ။ ကိုယ် ထွက်သွားဖို့ ပြင်တဲ့အခါ ငိုတစ်လှည့် ခြောက်တစ်လှည့် တားပြီး ကိုယ် ရှိနေတဲ့အခါ ကိုယ့်ကို မေ့ထားတတ်တဲ့ ဆက်ဆံရေးမျိုးကို ဘယ်လို ငရဲလို့ အမည်တပ်ရမရလဲ ။

လူတချို့က ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်ကြပြီး သူတို့ကို ချစ်ပေးနေတဲ့ လူတစ်ယောက်ကို ပြန်ဂရုစိုက်ရသင့်မှန်း သတိမရတတ်ကြဘူး ။ အမြဲတမ်း နားလည်ပေးတတ်တဲ့ လူတစ်ယောက်ကလဲ တစ်ခါတစ်လေ နားလည်ပေးမှုတွေ ပြန်လိုအပ်ကြောင်း မသိချင်ယောင်ဆောင်တတ်ကြတယ် ထင်ပါတယ် ။ လူတစ်ယောက်ကို ချစ်ရင် ဒီလောက် ပင်ပန်းရတတ်ကြောင်းကိုလည်း ကိုယ် တကယ်မသိခဲ့ဘူး ။

မင်းနှုတ်ခမ်းက အပြုံးလေးတွေကို နောက်ဆုံးထွက်သက်ထိ ငေးချင်မိတဲ့အထိ မင်းကိုချစ်ရပါတယ် ။ဒါပေမယ့် တချို့ရက်တွေမှာ မင်းကို ပြန်ငဲ့မကြည့်ပဲ ထွက်သွားဖို့ တွေးမိတဲ့အထိ ပင်ပန်းရပါတယ် ။ မင်းကို ချစ်ရတာ တကယ် ပင်ပန်းပါတယ် ။

#KAIO

@maybel_thatinmhanpyankyaryay

5 months, 1 week ago
5 months, 1 week ago

ဒါကတော့ ဒိုင်းနမစ်ရဲ့ ကြီးမားရှုပ်ထွေးလှတဲ့မျိုးဆက်များ ဖြစ်ပါတယ် ဒီချိန်ထိ ခု‌နှစ်တွေအတော်ကြာ ရှုပ်ထွေးလှတဲ့ Dynamic ရမ်းနည်းတွေကိုသိချင်ရင်လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်။ နယူးဘတ်တွေဂဲတွေ လီဒါတွေ အပြောင်းလည်းရှိပေမဲ့။ အိုးဘတ်ကတော့ တည်မြဲနေစဲပါ ‌စတင် ဖြစ်ပေါ်လာဖို့အကြောင်းဖန်လာထဲက Nick.jake.Zeepyarr. ဒီသံုးယောက်က အခုထိတိုင် အိုးဘတ်ကိုချုပ်ကိုင်ထားတုန်းပါ။

DYNAMIC ရဲ့ အသက်ဖြစ်တဲ့ ဒီသုံးယောက်ရဲ့အလုပ်လုပ်ပုံက jake က ဒေါသ Zeepyarrက ခန္ဓာကိုယ်ဆို Nickက ဦးနှောက်ပါပဲ။

ဘယ်တော့မှပြောင်းမသွားမဲ့ ဒိုင်းနမစ်ရဲ့တည်မြဲနေမဲ့ အကြီးကဲသုံးယောက်ဆို ဒီသုံးယောက်ပါပဲ။ နယူးဘတ်‌ထောင်လို့ရမဲ့ Permission ဘယ်သူထပ်ရမလဲဆိုတာ နောက်လသိရပါမယ်

We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago