Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

MOI

Description
To inform, To educate and To entertain
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago

3 days, 22 hours ago

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ

နေပြည်တော် ဧပြီ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။

ရှေးဦးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်းနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများထံ မေးမြန်းကြသည်။

ယင်းနောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ အာဆီယံပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းတို့ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/113711

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrn

3 days, 23 hours ago

အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့အရှေ့ဘက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၇ နာရီခန့်က လမ်းသွားလမ်းလာကားတွေကို တားဆီးစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါ ကောလာဟလသတင်းသည် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းဖြစ်ပြီး ၎င်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းသာရှိပြီး၊ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် လူငယ်များကို ဖမ်းဆီးထားသည်ဆို သည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် သတင်းအဆိပ်ခတ် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/iprdrnd/113709

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrn

3 days, 23 hours ago

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဧပြီလ ၂၄ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှုပြုလုပ်နေသည့် ကုန်ကားများနှင့် ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ချီပါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရပါသည်။

ထိုသို့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများက ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချရန် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/iprdrnd/113707

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrn

1 week, 3 days ago

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ ဧပြီ ၁၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှလူသုံး ကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီး၊ ၁၈ မိုင်တောရဆရာတော် ဒေါက်တာ အရှင်စင်္ကြာဝဠာ(ဣန္ဒသာရ)အား ဖူးမြော်ကြကာ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ ဝိပဿနာအလုပ်ပေးတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် ရွှေသိင်္ဂီ၊ တော်ဝင်သီရိ၊ အောင်ရတနာ၊ ရွှေလမင်းနှင့် အောင်ရတနာသီရိသင်္ဘောများ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာသော စားသောက်ကုန်များပစ္စည်းများအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်းရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

https://t.me/iprdrnd/113219

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

1 week, 3 days ago
MOI
1 week, 4 days ago

တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေသည့်နေရာသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၁၈

NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

ထိုသို့ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက သံဃာတော် ၄ ပါး ပင့်ဖိတ်၍ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော် (၂၂) ဝါနှင့် ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုန္ဒလဇောတိ၊ သက်တော် (၄၅) နှစ်၊ ဝါတော် (၂၅) ဝါတို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သီရိမာလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသသည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ သံဃာတော်များအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 weeks, 3 days ago

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး

ချမ်းအေးသာစံ ဧပြီ ၁၂

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေပိုင်းတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေး မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။

ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ရာ၌ ဖွင့်ပွဲ အစီအစဉ်ပါအတိုင်း နေရာအသီးသီး ယူကြပြီး ခရုသင်းမှုတ်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ယိမ်းအဖွဲ့များနှင့် အခြေခံပညာကျောင်းသူများ ယိမ်းသမီးပျိုလေး စုစုပေါင်းအင်အား ၉၀၀ ဦးတို့က အနုပညာဦးစီးဌာန၊ မန္တလေးဌာနခွဲမှ မင်္ဂလာစည်တော်၊ ဆိုင်းအဖွဲ့တို့နှင့် တွဲဖက်၍ သင်္ကြန်အဖွင့်သီချင်း၊ သင်္ကြန်ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခြင်းများကို ဝတ်စုံပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး မြို့မငွေငန်းအလှပြယာဉ်က မဏ္ဍပ်ရှေ့မှ ဖြတ်သန်းဂါရဝပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယိမ်းသမီးပျိုလေးများ၏ သင်္ကြန်ယိမ်းအကများဖြင့် ကပြမှုများကို ဆက်လက်ကြည့်ရှုအားပေးကာ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်

https://t.me/iprdrnd/112155

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 weeks, 3 days ago
MOI
2 weeks, 3 days ago

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဧပြီ ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းစက်ရုံသို့ သွားရောက် ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးစိုးကြည်ဝင်းက ကဏန်းပျော့များ၊ ငါး၊ ပုစွန်များ၊ ရေရူး၊ ကဏန်းများ မွေးမြူထုတ်လုပ်နေမှု၊ ကဏန်းပျော့များအား အအေးခန်းစက်ရုံတွင် ကုန်ချောများ ပြုလုပ်ကာ ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သံတွဲမြို့နယ်သည် ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် ဒေသဖြစ်ကြောင်း၊ အအေးခန်းစက်များလည်း များစွာတည်ရှိသည့် ခြင်းကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ များစွာ ရှာဖွေပေးနေသည်ကို တွေ့ရကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အအေးခန်းစက်ရုံများ လည်ပတ်နိုင်ရန်အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အအေးခန်းစက်ရုံများသည် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးသကဲ့သို့ ဒေသတွင်း ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက်လည်း များစွာအထောက်အကူပြုကြောင်း၊ နိုင်ငံတော်အကြီးအကဲက ငါး၊ ပုစွန်များ ဖမ်းဆည်းလုပ်ကိုင်ဆောင်ရွက်ခြင်းထက် မွေးမြူပြီး စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ TMP အနေဖြင့် မူဝါဒညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သည့်အတွက် လိုအပ်သည်များကို မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ရန်အတွက် နိုင်ငံတော်က MSME လုပ်ငန်းများကို မြှင့်တင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းလုပ်ကိုင်သူများနှင့် လုပ်ငန်းရှင်များ ချိတ်ဆက်ပြီး အတွေ့အကြုံများ၊ ရင်းနှီးမြှုပ်နှံမှု များကို ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဌာနဆိုင်ရာများ အနေဖြင့်လည်း လိုအပ်ချက်များကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အအေးခန်းစက်ရုံအတွင်း ကဏန်းပျော့များ၊ ငါး၊ ပုစွန်များအား ကုန်ချောပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ထုတ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ငပလီလေဆိပ်သို့ သွားရောက်ပြီး လေဆိပ်အတွင်း နိုင်ငံတကာ ခရီးသွားပြည်သူများနှင့် ပြည်တွင်းခရီးသွားပြည်သူများ အေးချမ်းစွာ သွားလာနေမှုအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခရီးသည်တင်လေယာဉ်များ ရောက်ရှိထွက်ခွာနေမှု၊ ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရန်အတွက် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ လေဆိပ်အတွင်း ဒေသထွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး ထုတ်ကုန်များ ရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုကာ လေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေး စီမံဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လေဆိပ်တာဝန်ရှိသူများအား ခရီးသွား ပြည်သူများ အေးချမ်းစွာ ခရီးသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ခရီးသည် အဝင်အထွက် နေရာများ၊ နားနေခန်းနေရာများနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)

https://t.me/iprdrnd/112150

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 weeks, 4 days ago

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် ဧပြီ ၁၀

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “မနှင်းအိမ်ခြံမြေ” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၈၅)ရပ်ကွက်နေ နှင်းနှင်းခိုင်အား ည ၈ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

https://t.me/iprdrnd/112077

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 3 weeks, 5 days ago

Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 day, 12 hours ago