Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Burmese Stoic

Description
Stoicism လေ့လာလိုသူများအတွက် ရည်ရွယ်၍ စေတနာများစွာဖြင့် 🙏🏻
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month ago

မြန်မာစာတန်းထိုးဇာတ်ကားများတင်ပေးပါသည်💁

👉မိမိလုပ်ငန်းကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
@Kavel_63
@Kavel_63

Last updated 1 month, 3 weeks ago

1 week ago

May 30th
ကြိုးစားပြီးလုပ်ရမှာလား ပင်ပင်ပန်းပန်းလုပ်ရမှာလား?

" လူတစ်ယောက်က စာတွေရေးတယ် စာတွေဖတ်၊ တစ်ညလုံးအလုပ်တွေလုပ်တယ်ဆိုတာနဲ့ ဒီလူကို ငါကတော့ ကြိုးစားတဲ့သူလို့မခေါ်နိုင်ဘူး။ သူဘာအတွက် ကြိုးစားနေတယ်ဆိုတာကို ငါအရင်သိဖို့လိုတယ်။ ဝရိယရှိယုံနဲ့တော့ ငါသူတို့ကိုတော်တယ်မပြောနိုင်ဘူး။ ဘယ်အချိန်မှာမှ အသိအမှတ်ပြုပေးနိုင်လဲဆိုရင် သူတို့အားလုံးလုပ်ပြီးသွားတဲ့အခါမှာ သူတို့ရဲ့ ယုံကြည်ချက်တွေအတိုင်း စည်းကမ်းရှိရှိလုပ်ခဲ့လား? ​ဖြစ်သလိုလုပ်သလား? သဘာဝတရားကြီးအလိုတော်အတိုင်းလုပ်သလားဆိုတာကြည့်ပြီးမှာသာ အသိအမှတ်ပြုပေးနိုင်မယ်။ "

—Epictetus, Discourse , 4.4.41; 43
———————————————

ကိုယ်သိတဲ့အထဲက တချိန်လုံးအရမ်းအလုပ်တွေများနေတဲ့သူတွေက တကယ်ရော အလုပ်နဲ့အချိန်ကုန်နေတာရောဟုတ်မဟုတ် ဆိုတာ သင်သိနိုင်ပါ့မလား? ကျနော်တွေက အလုပ်ရှုပ်နေတာကို ကောင်းတယ်လို့အထင်မှားပြီး တစ်ခုခုကိုအချိန်ပြည့်လုပ်နေလိုက်ရင် အကျိုးပြန်ခံစားရမယ်လို့မှတ်ယူမိတတ်ကြတယ်။

တကယ်တော့ ကိုယ်လုပ်လာတွေလုပ်နေတာလဲ? ကိုယ်ဘာကြောင့်အဲ့ဒါတွေကိုလုပ်နေရတာလဲ? ပြီးဆုံးသွားရင် ဘယ်လိုရလဒ်တွေကိုယူဆောင်လာပေးမှာလဲဆိုတာကို သေချာသိအောင်လုပ်ဖို့လိုတယ်။ ကိုယ့်မှာရေရာတဲ့ အဖြေမရှိနေဘူးဆိုရင် ဆက်မလုပ်တော့တာကောင်းတယ်။

@BurmeseStoic

1 week, 1 day ago

May 29th
အလုပ်က ကုစားမှုပဲ

" အလုပ်ကမြင့်မြတ်တဲ့စိတ်တွေကိုပျိုးထောင်ပေးတယ်။ "

—Seneca, Moral Letters, 31.5
———————————————

ရက်နဲနဲလောက် Gym ကိုမသွားပဲနေလိုက်ရင်ခံစားရတဲ့ခံစားချက်ကိုကို ခံစားဖူးမယ်ထင်ပါတယ်။ ပျင်းတွဲတွဲ စိတ်မပါလက်မပါ မသေချာမရေရာ သလိုလိုကြီးလေ။ တစ်ချို့ကတော့ အပန်းဖြေခရီးအကြာကြီးသွားရတဲ့အခါတွေ ပင်စင်ယူခါစလူတွေဆိုရင်လဲ ဒီလိုပဲခံစားရတယ်တဲ့ဗျ။ စိတ်နဲ့ခန္ဓာဆိုတာ အသုံးပြုဖို့အတွက် ရှိနေတာဗျ။ မသုံးမိပဲထားရင် ဆန္ဒပြတယ်။

စိတ်မကောင်းစရာတစ်ခုက အဲ့လိုမျိုးနေ့စဉ်ခံစားနေရတဲ့သူတွေအများကြီးကိုရှိတယ်။ ကိုယ့်ရဲ့ဖြစ်နိုင်ခြေတွေရှိပါရက်နဲ့ မလုပ်ပဲထိုင်နေတာမျိုး။ လုပ်စရာရှိတာတွေကိုမလုပ်ပဲထိုင်နေတာမျိုး အချိန်တွေအများကြီးရှိသေးတာပဲဆိုပြီး အချိန်ဆွဲတာမျိုးလုပ်ရင် ဒီလိုခံစားရတာပဲဗျ။ အဆိုးဆုံးကတော့ အဲ့ခံစားချက်ကြီးဝင်လာရင် ပျောက်သွားအောင်ဆိုပြီး ပစ္စည်းတွေဝယ်တာ၊ အပြင်တွေလျှောက်သွား သောက်စားတာ၊ ရန်ဖြစ်တာ ၊ drama တွေခင်းတာ။ ဒါတွေက လုပ်သင့်တာတွေကို မလုပ်ပဲရှောင်နေတဲ့သူတွေလုပ်တတ်တဲ့အရာတွေပဲဗျ။

ဖြေရှင်းနည်းကတော့ရှင်းပါတယ်။ အကျိုးရှိတဲ့ အလုပ်တစ်ခုခုလုပ်လိုက်ပါ။ ကောင်းသွားပါလိမ့်မယ်။

@BurmeseStoic

1 week, 2 days ago

May 28th
ဘာမှမလုပ်ခင် အရင်လုပ်ရမယ့် ၂ခု

" ပထမဆုံးတစ်ခုကတော့ အရမ်းမလောနဲ့။ အရာရာတိုင်းဟာ သဘာဝတရားကြီးရဲ့သဘောအတိုင်းပဲ ခဏလေးအတွင်းမှာတော့ ကိုယ်လုပ်ထားတာတွေက ဘာမှသိသာမှာမဟုတ်ဘူး။ ဘုရင်မင်းတွေဖြစ်တဲ့ Hadrian တွေ Augusts တွေတောင်မှ ဒီသဘောဟာတူတူပဲ။ နောက်တစ်ခုကတော့ ကိုယ်လုပ်ရမယ့်အရာတွေကို သေချာစဉ်းစားဖို့ပဲ။ ဘာပဲလုပ်လုပ် ငါလုပ်ရတဲ့ရည်ရွယ်ချက်က လူပီသဖို့ပဲ။ သဘာဝ တရားကြီးရဲ့အလိုကျ ကိုယ့်ကိုဖြစ်စေချင်တဲ့အရာတွေကိုလုပ်။ သမာသမတ်ကျကျ ပြောဆိုဆက်ဆံ သနားကျင်နာမှုထား၊ ယဉ်ကျေးပြူငှာ၊ ရိုရိုသေသေလေးလေးစားစားနေ။ "

—Marcus Aurelius, Meditations, 8.5

( ဘာသာပြန်သူ @thelapyae ရဲ့ဖြည့်စွက်ချက် - ဒီနေရာမှာ သဘဝတရားကြီးဆိုတာ God ကိုပြောချင်တာပါ။ သူတို့တွေက God ကို ဒီဘက်ခေတ်ကလူတွေလိုမျိုး တခြားဘုံ တစ်ခုမှာ နေနေတယ်လို့မယူဆဘူး။ ကျနော်နေတဲ့ ဘေးပတ်ဝန်းကျင်မှာပဲ မတူညီတဲ့ frequency တစ်ခုနဲ့နေနေတယ်လို့ယူဆတယ်။ ဒါကြောင့်သူတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကျလို့ပြောတဲ့အစား သဘာဝတရားကြီးရဲ့အလိုကျလို့ပြောကြတယ်။ )
———————————————

ခဏလောက်စိတ်ကူးယဉ်ကြည့်ပါ။ Marcus လိုဘုရင်တစ်ပါးဟာ ဘယ်လိုနေမလဲလို့။ အမတ်တွေကိုဦးဆောင်၊ စစ်သားတွေကို စစ်မြေပြင်မှာ ခေါင်းဆောင်လုပ်၊ စစ်သေနာပတိအဖြစ် မဟာအစီအစဉ်တွေကိုရေးဆွဲ။ ဒါနဲ့တင်မပြီးသေးဘူး တိုင်းသူပြည်သားတွေရဲ့ကိစ္စ၊ ရှေ့နေတွေ နိုင်ငံခြားရေးရာတွေ အစိုးရတွေနဲ့ကိစ္စတွေကရှိသေးတယ်။ ပြောရရင် အာဏာရောအလုပ်ရောအများကြီးရှိတဲ့သူ။ ဆုံးဖြတ်ချက်မှန်သမျှက သူ့စီကနေပဲလာရတာ။ တစ်နေ့လုံးတစ်ညလုံး ဆုံးဖြတ်ပြီးရင်းဆုံးဖြတ်နေရတာဗျ။

သူ့ရဲ့ဆုံးဖြတ်ချက်ချတဲ့နည်းကတော့ သွေးထွက်အောင်မှန်တယ်။ ဒါကြောင့်မလို့လဲ ကျနော်တို့လဲ သူလိုလုပ်နိုင်အောင်အတုယူရမယ်ဗျ။

ပထမဆုံး ဘာကိုမှ ဒေါသမထွက်နဲ့။ ဒေါသဆိုတဲ့ အရောင်းဆိုးလိုက်မိရင် လုပ်သမျှကိစ္စတိုင်းဟာ အဲ့ဆေးရောင်လိုက်ပြီးပေနေလိမ့်မယ်။ အဲ့လိုဆို ဆုံးဖြတ်ရတာခက်တယ် မှန်အောင်လုပ်ရတာခက်တယ်။

ဒုတိယအနေနဲ့ ကိုယ်ဘာကို တန်ဖိုးထားသလဲဆိုတာအမြဲသတိပေးပါ။ ဘာလုပ်လုပ် ကိုယ့်တန်ဖိုးထားတဲ့အရာနဲ့တိုင်း။ မကောင်းတဲ့ရွေးချယ်မှုတွေကိုပယ် ကောင်းတာတွေကိုလုပ်။

ဒေါသကိုပယ်။
မှန်တာကိုလုပ်။
ဒါပဲ။

@BurmeseStoic

2 weeks ago

May 23rd
ဘယ်လိုနေထိုင်ရမယ်ဆိုတာပြ

" ဘဝဆိုတာ ဘယ်လောက်ကြာကြာနေရလဲဆိုငါ့ကိုပြပါ။ တကယ်တော့ ဘယ်လိုနေထိုင်ခဲ့လဲကပိုအရေးကြီးတယ် ပြီးတော့ အကြာကြီးသာနေပြီး အပြည့်အဝမနေသွားခဲ့ရသူတွေကပေါတယ်။ "

—Seneca, Moral Letters, 49.10b
———————————————

တကယ်တော့ Seneca ကိုသွားရှာပြီးပြပေးဖို့မလိုဘူး ကိုယ့်ကိုယ်ကိုပြပေးရမှာ။ ဘယ်လောက်ပဲနှစ်ပေါင်းများစွာ နေရပါစေ အသက်ရှည်ရှည်နေပြီး အဓိပ္ပါယ်ရှိရှိနေသွားဖို့လိုတယ်။ ကျနော်တို့တွေအားလုံးအဲ့လိုလူတစ်ယောက်ကိုတော့တွေ့ဖူးမှာပါ။ ဆုံရှုံးခဲ့ပြီးမှ ငါသူလုပ်သလိုတစ်ဝက်လောက်လုပ်ခဲ့လိုက်မိရင် ငါဘဝကြီးကအဓိပ္ပါယ်ရှိတဲ့ဘဝလို့ တွေးနေမိလိမ့်မယ်။

အဲ့လိုလူတစ်ယောက်ဖြစ်လာဖို့ဆိုတာ ကျနော်တို့လက်ရှိမှာရှိနေတဲ့လုပ်စရာတွေကို ကိစ္စကြီးငယ်မရွေး အာရုံအပြည့်စိုက်ထားနိုင်ဖို့အရေးကြီးတယ်။ Seneca ပြောသလိုဆိုရင် လက်ရှိအချိန်ထဲကို အာရုံစိုက်မှုတွေကို ရည်ရွက်ချက်ရှိရှိ အပြည့်အဝ သွန်းလောင်းထည့်ထားဖို့လိုတယ်။

@BurmeseStoic

2 weeks, 1 day ago

May 22nd
ဒီနေ့ဟာ အရေးကြီးတဲ့နေ့ပဲ

" မင်းတန်ရာတန်ရာကိုရတာပါပဲ။ ဒီနေ့လူကောင်းဖြစ်ဖို့ထက် နောက်နေ့မှဖြစ်မယ်လို့ရွေးချယ်လိုက်တာကိုး။ "

—Marcus Aurelius, Meditations, 8.22

" အချိန်မရှိဘူးလို့ထိုင်မညည်းနေတော့ဘူး လုပ်လို့ရရင်နဲနဲလုပ်လိုက်တယ်။ ဒီနေ့ ဒီနေ့ဆိုမှဒီနေ့ ကနောက်နေ့တွေမှာ ပြန်ပြောဖို့ဆိုတဲ့အရာတွေဖြစ်လာမှာလေ။ ငါကတော့ ဘုရားတွေရဲ့အကူအညီကိုယူပြီး ကမ္ဘာကြီးကို ကိုင်လှုပ်မယ်။ "

—Seneca, Medea, 423-425

———————————————

များသောအားဖြင့်ကျနော်တို့တွေက ဘာကမှန်သလဲဆိုတာကိုသိတယ်။ ကျနော်တို့တွေ စိတ်ဆိုးလို့မရဘူးဆိုတာလဲသိတယ်။ ဖြစ်လာတာတွေကိုလဲ စိတ်နှစ်ပြီးမခံစားရဘူးလို့လဲသိတယ်။ ကျန်းမာရေးနဲ့မညီညွတ်တာတွေအစား အဟာရဖြစ်တာတွေကိုစားဖို့ ဆိုတာလဲ ကျနော်တို့သိတယ်။ တစ်ရက်ကိုတစ်နာရီလောက်ထိုင်ပြီး အာရုံစိုက်ပြီးအလုပ်လုပ်သင့်တယ်။ ခက်တာက လုပ်ဖို့အတွက် ဆုံးဖြတ်ပြီး တကယ်လုပ်ဖို့ပဲ။

ဘာတွေကကျနော်တို့ကိုတားဆီးနေတာလဲ? စာရေးဆရာ Steven Pressfiedl ကတော့ ဒါကို ခုခံမှု လို့နာမည်ပေးထားတယ်။ သူ့ရဲ့ The War of Art စာအုပ်ထဲကလိုပြောသလိုဆိုရင်ကျနော်တို့တွေက "ငါသည် ငါလုပ်စရာရှိတာတွေကို မလုပ်ဘူး" လို့တော့မပြောဘူး။ အဲ့အစား " ငါလုပ်စရာရှိတာတွေကိုမနက်ဖြန်မှစလုပ်မယ် " လို့ပြောကြတယ်။

တကယ်တော့ မနက်ဖြန်လို့ပြောနေလို့မဖြစ်ဘူး ဒီနေ့စမှကိုရမှာ။

@BurmeseStoic

2 weeks, 2 days ago

May 21st
သင်ကဘယ်လို နပမ်းသမားလဲ

" ဒဿနဆိုတာဘာလဲ ? ဘာလာလာအဆင်သင့်ဖြစ်နေရမယ်လို့ဆိုလိုတာမဟုတ်ဘူးလား? မင်းနားမလည်ဘူးလား ဒီီလောက်တောင်ထပ်ခါထပ်ခါပြောနေတာက ကြိုက်တာလာခဲ့ ငါခံနိုင်အောင်ကြိုးစားမယ်လို့ပြောနေတာလေ။ အဲ့လိုမှမဟုတ်ရင် အထိုးခံရတာနဲ့ နာလို့ ကြိုးဝိုင်းထဲကထွက်လာတဲ့ နပမ်းသမားလိုဖြစ်နေမယ်။ တကယ်တော့ ကြိုးဝိုင်းထဲကနေ ဘာမှမဖြစ်ပဲထွက်လာလို့ရတဲ့နည်းလဲရှိတယ်။ ဒါပေမယ့် ပညာကိုလေ့လာလိုက်စားမှုမလုပ်ပဲ ဘဝထဲကနေထွက်သွားလို့တော့မဖြစ်ဘူးမလား? ဒီတော့ ကျနော်တို့ကြုံတွေ့နေရတာတွေက ကျနော်တို့ကိုဘာပြောပြဖို့ကြိုးစားနေတာလဲ? အဲ့ဒါလေးကိုမြင်တတ်ဖို့ပဲလေ့ကျင့်နေရတာ အဲ့လိုမြင်တတ်ဖို့က စည်းကမ်းပဲ။ "

—Epictetus, Discourses, 3.10.6-7
———————————————

Stoic တွေက လက်ဝှေ့နဲ့ နပမ်းသတ်တာကို ဥပမာအနေနဲ့သုံးရတာကြိုက်ကြတယ် ကျနော်တို့ ဒီဘက်ခေတ်မှာ ဘောလုံးတော့ ဘေ့စ်ဘော တို့လိုမျိုးကို ဥပမာပေးသလိုပေါ့။ ဒါက အားသုံးပြီး လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းမို့လို့လဲနေမယ်။ ဒီနေ့ခေတ်ကျနော်တို့ TV မှာကြည့်နေတဲ့ UFC ထဲကလို ထိုးသတ်တာနဲ့မတူဘူး UFC ကအသေးစားလောက်ပဲရှိတယ် ရောမခေတ် ဂရိခေတ်မှာက အသက်နဲ့ကိုရင်းပြီးထိုးသတ်ရတာ။ လေ့လာစမ်းစစ်မှုတွေအရတော့ ထိုးသတ်တာများတဲ့သူတွေမှာ နားရွက်ထိခိုက်ဒါဏ်ရာကြောင့် ဖြစ်လေ့ရှိတဲ့ ပန်းဂေါ်ဖီပုံနားရွက် - cauliflower ear လို့ခေါ်တဲ့ နားရွက်ဟာ ဂရိရုပ်ထုတွေမှာတော်တော်များများတွေ့ရတယ်။ Stoic တွေက နပမ်းသတ်တာကို ညွှန်းတယ်ဆိုတာ သူတို့သိတာက ဒါပဲရှိတာကိုး။

Seneca ကတစ်ခါကရေးဖူးတယ် အမာရွတ်မရှိတဲ့ကောင်တဲ့ ကြိုးဝိုင်းထဲမှာ ကြာကြာမခံဘူး ဒါမေမယ့် ကံဆိုးမှုနဲ့ ရန်စရှိတဲ့သူကလဲ ဆင်းရဲဒုက္ခကို အမာရွတ်စွဲနေအောင်ခံရလေ့ရှိတယ်တဲ့ဗျ။ သူပြောတဲ့သူကတော့ မြေပေါ်လဲကျတာတောင် အရှုံးမပေးပဲ ကြိုစားထိုးသတ်နေတုန်းပါပဲ။

Epictetus ကလဲ အဲ့လိုပဲပြောပါတယ်။ မင်းဘယ်လို နပမ်းသမားလဲ ထိုးခံရရင် ကြိုးဝိုင်းကနေထွက်ပြေးတဲ့ နပမ်းသမားလား? နပမ်းမှာတော့ထိုးခံရမှာပဲ ထိုးခံရတာနဲ့ ဆက်မတိုက်တော့ဘူးလား?

@BurmeseStoic

3 weeks, 1 day ago

May 15th
ကံကောင်းမှုတွေကိုရေတွက်ကြည့်ပါ

" ကိုယ်မပိုင်းသေတဲ့အရာတွေအပေါ်မှာ စိတ်ကို ဒါငါ့ဟာတွေလို့မထားပါနဲ့။ အဲ့အစား ပိုင်နေပြီးသား ရထားပြီးသား ကောင်းချီးတွေကို ဒါတွေသာမရသေးရင် ငါဘယ်လောက်တောင်လိုချင်မိနေမလဲလို့တွေးကြည့်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို သတိထားပါ ဆုံးရှုံးရမယ်ဆိုတော့မှာ ဒါတွေကို နှမျောတမ်းတ လိုချင်မနေမိပါစေနဲ့။ "

—Marcus Aurelius, Meditations, 7.27
———————————————

မကြာခဏဆိုသလို ကျနော်တို့တွေဟာ သူများမှာရှိတာတွေကို ကိုယ့်မှာလဲရှိချင်ကြတယ်။ သူများရှိတွေကိုသာ ကိုယ်ကရှိဖို့အသဲအသန် ကျိုးစားနေတာ သူများတွေကလဲ ကိုယ့်မှာရှိနေတာတွေရှိဖို့ အသဲအသန် ကျိုးစားနေကြတာဗျ။

ရယ်ဖို့ခက် ငိုဖို့ခက်ကြီးဗျ။ ဒါကြောင့်မို့ ဒီနေကစပြီး သူများမှာ ရှိနေတာတွေကို လိုချင်မနေနဲ့တော့။ အဲ့လိုချင်ရမက်တွေကို ရအောင်ကျော်ဖြတ်။ အဲ့လို သူများရှိတာကိုယ့်မှာလဲရှိချင်တာက ဘဝရဲ့ စစ်မှန်တဲ့နေထိုင်နည်းမဟုတ်ဘူး။ ကိုယ့်မှာရှိနေတာတွေ ရထားတာလေးတွေကို တန်ဖိုးထား အဲ့စိတ်လေးနေ ကိုယ့်ရဲ့ လုပ်ရပ်တွေကို လမ်းပြပေးပါ။

@BurmeseStoic

3 weeks, 2 days ago

May 14th
ကျနော်တို့ရဲ့ကျန်းမာရေးက ကျနော်တို့လုပ်နေတဲ့အရာတွေပေါ်မူတည်တယ်

" ဂုဏ်မက်တဲ့သူတွေဟာ သူတို့ရဲ့ ကျန်းမာရေးကို သူများရဲ့လေးစားမှုကိုအားကိုတယ်၊ ပျော်ရွင်မှုကိုမက်တဲ့သူတွေက သူတဲ့ခံစားချက်တွေကိုအားကိုးတယ် ဒါပေမယ့် တကယ်နားလည်တဲ့သူကတော့ သူတို့လုပ်ရပ်တွေကိုသာအားကိုးတယ်။ လူတွေကိုဖားတတ်တဲ့သူတွေအကြောင်းတွေးကြည့်ပါ၊ တစ်ခုခုရဖို့ဆိုရင် တခြားသူနစ်နာသွားလဲဂရုမစိုက်ဘူး။ စဉ်းစားကြည့်လိုက်ရင် ဒါတွေက အချိန်ရဲ့တိုက်စားမှုကိုခံရမယ့်အရာတွေကြိီးပဲ။ ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ "

—Marcus Aurelius, Meditations , 6:51, 59
———————————————

သင့်ရဲ့ပျော်ရွင်မှုက တစ်ခုခုဖြစ်မြောက်သွားမှလို့ဆိုရင် မရလာတဲ့အခါ မပျော်နိုင်တော့ဘူးလား? တကယ်လို့ ကံဆိုးသွားခဲ့ရင်ရော? ပြိုလဲသွားခဲ့ရင်ရော? ပြင်ပ ပရောဂတွေက လာနှောက်ယှက်လိုက်ရင်ရော? ကိုယ်ကတော့ဖြစ်မြောက်သွားပါရဲ့ ကိုယ်အထင်ကြီးစေချင်တဲ့သူက မရှိတော့ရင်ရော? အဲ့ဒါပဲဗျ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို သွားပုံအပ်လိုက်ရင် ဒီလိုဖြစ်မှာပဲဗျ။ အဲ့ဒါရှုးမိုက်မှုပဲ။

တကယ်လို့ သရုပ်ဆောင်တစ်ယောက်ဟာ ဇတ်လမ်းထက် ပရိတ်သတ်လက်ခံမှုအပေါ်မှာ အရမ်းဂရုစိုက်နေရင် အဲ့ရုပ်ရှင်က ကောင်းသည်ဖြစ်စေ သူစိတ်ညစ်နေရမှာပဲ။ အဲ့လိုမှမဟုတ်ပဲ သရုပ်ဆောင်ရတာကို သဘောကျပြီး ဒီရုပ်ရှင်အလုပ်ကိုလုပ်ရတာကြိုက်နေရင် ဘယ်သူတွေဘာပြောပြော ကျေနပ်နေဦးမှာပဲ။ အဲ့လိုပဲ ကျနော်တို့လဲ ကျနော်တို့လုပ်နေတဲ့အရာတွေကိုသာ ပိုဂရုစိုက်သင့်တယ်။ ဘာဖြစ်လာမလဲဆိုတာတွေထက် ကိုယ်လုပ်နေတာတွေပေါ် ပိုအာရုံစိုက်သင့်တယ်။

နိုင်တာ မနိုင်တာက အရေးမကြီးဘူး အရေးကြီးတာ ကိုယ်အပြည့်အဝ ကြိုးစားအားထုတ်ခဲ့သလားဆိုတာအရေးကြီးတယ်။ ကျနော်တို့ရည်ရွက်ချက်ကိုက ကျေးဇူးတင်ခံချင်လို့ အသိအမှတ်ပြုခံချင်လို့လုပ်တာမျိုးမဖြစ်ရဘူး အဲ့အစား လူတွေကိုကူညီဖို့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့ပိုအရေးကြီးတယ်။ ကျနော်တို့ဟာ ငါဘာခံစားလိုက်ရတယ်ဆိုတာကို အာရုံစိုက်ရမှာမဟုတ်ဘူး ခံစားလိုက်ရတဲ့အပေါ်မှာ ငါဘယ်လို တုန့်ပြန်ရမယ်ဆိုတာကို အာရုံစိုက်ရမယ်။ အဲ့ဒါမှ ကျနော်တို့က ရောင့်ရဲ့တင်းတိမ်မှုနဲ့ လဲကျရင်ပြန်ထဖို့အားအင်တွေရလာပါလိမ့်မယ်။

@BurmeseStoic

3 weeks, 3 days ago

May 13th
အလေ့အကျင့်ကိုသေချာပြုစုပြိုးထောင်ပါ

" ကိုယ်လုပ်တဲ့အလေ့အကျင့်တွေက ကိုယ့်ကိုသန်မာလာအောင်လုပ်ပေးတယ်ဆိုတာ သေချာလေ့လာစမ်းစစ်ကြည့်ပြီးပြီး တကယ်အလုပ်ဖြစ်တယ်။ လမ်းလျှောက်တဲ့အကျင့်က လမ်းလျောက်တာကျွမ်းကျင်စေတယ်၊ ပြေးတဲ့အကျင့်က ပြေးတာကျွမ်းကျင်စေတယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တယ်ဆိုတဲ့အရာကို ထပ်ခါထပ်ခါလုပ်ရင်းနဲ့ အလေ့အကျင့်ကိုတည်ဆောက်လို့ရတယ်။ ဒါ့အပြင်တခြားမရှိဘူး။ အလားတူပဲ စိတ်နဲ့ပက်သက်လာရင်ဒီအတိုင်းပဲ ဒေါသထွက်လေ့ရှိရင် လူက ဘီလူးသရဲစိတ်ပေါက်လာပြီးတော့ မကောင်းတဲ့ အရာတွေလုပ်ဖို့ကိုပိုအားပေးတယ် လောင်နေတဲ့မီးကို ဆီထည့်ပေးသလိုပေါ့ အမှားလုပ်တဲ့အကျင့်က အမှားပိုများစေတယ်။ "

—Epictetus, Discourses, 2.18.1-5
———————————————

ကျနော်တို့ဟာ ကျနော်တို့ထပ်ခါထပ်ခါလုပ်နေတဲ့အရာများရဲ့ပေါင်းခြင်းရလဒ်သာဖြစ်တယ် ဒီတော့ တော်လာတယ်ဆိုတာလဲ ထပ်ခါထပ်ခါလေ့ကျင့်ခြင်းရဲ့ရလဒ်ပဲလို့ Aristotle ကပြောခဲ့တယ်။ Stoic တွေက ကျနော်တို့တွေဟာ ကျနော်တို့တွေရဲ့အတွေးတွေရဲ့ ရလဒ်ပဲတဲ့ ဒါကို Marcus Aurlius က မင်းဘာတွေးလေ့ရှိသလဲဆိုတာက မင်းစိတ်က ဘယ်လိုကောင်ဆိုတာကိုဖြစ်လာစေတာပဲလို့ပြောထားတယ်။

ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တာတွေ ဒီနေလုပ်မယ်ဆိုပြီးလုပ်ဖြစ်ခဲ့တာတွေ နောက်တစ်ပတ်မှာလုပ်မယ့်အရာတွေအကြောင်းတွေးကြည့်ပါ။ သင်ဘယ်လိုလူဖြစ်ချင်တာလဲ ဒါမှမဟုတ် ငါအခုလုပ်နေတာတွေက ငါဖြစ်ချင်တဲ့လူဖြစ်လာဖို့ နီးကပ်စေသလားဆိုတာစဉ်းစားကြည့်ပါ။ သင်ဘယ်အရာတွေကို ပြုစုပြိုးထောင်ပေးနေမိတာလဲ? ဘယ်လိုလူဖြစ်ဖို့လေ့ကျင့်နေမိတာလဲ? သေချာပြန်စဉ်းစားကြည့်ပါ။

@BurmeseStoic

2 months, 3 weeks ago

March 16th
အထွတ်အမြတ်ထားရတဲ့အပိုင်း

" နားလည်နိုင်စွမ်းရှိတယ်ဆိုတာ တော်တော်ကံကောင်းတယ်လို့ဆိုရမယ်။ နားလည်နိုင်စွမ်းရှိတဲ့အတွက် ကျနော်တို့ ချမှတ်ထားတဲ့စည်းတွေကိုဖောက်ပြီး ဘဘာဝမကျတဲ့ တခြားအရာတွေဝင်မလာနိုင်ကာကွယ်ပေးနိုင်တယ်။ နားလည်နိုင်စွမ်းဆိုတာ သေချာစစ်ဆေးဖို့၊ သူတစ်ပါးကိုဂရုစိုက်ဖို့၊ ဘုရားသခင်ကိုနာခံဖို့အတွက်ပါလိုအပ်တယ်။"

—Marcus Aurelius, Meditations, 3.9
———————————————

သင်ဒီစာတွေကိုဖတ်နိုင်တာ အတွင်းရောအပြင်ကိစ္စတွေကိုတွေးခေါ်နိုင်တာတွေက ကိုယ့်ပတ်ဝန်းကျင်နဲ့ အခြေအနေအချိန်အခါပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက်အောင်လုပ်နိုင်တယ်လို့ဆိုလိုတာပဲ။ ဒီအရည်အချင်းရှိတာကို ဂုဏ်ယူရမယ် ဘာလို့လဲဆိုတော့ လူတိုင်း ဒီအရည်အချင်းရှိဖို့ ကံမပါလာလို့ပဲ။

တကယ်ပြောတာ ဒါလေးများ အသေးအမွှားလေးပါလို့ကိုယ်ကထင်နေပေမယ့် သူများတွေက ဒီလိုတွေးတော့နိုင် နားလည်နိုင်ဖို့ဆိုတာ သူတို့အတွက် အရမ်းလိုချင်တဲ့အိမ်မက်တစ်ခုလိုပဲ။

ဒီနေ့အချိန်လေးနဲနဲယူပြီးတော့ ငါ့မှာ စဉ်းစားဆင်ခြင်နိုင်တဲ့စွမ်းရည်ရှိတယ် ယထာဘူတာ ကျကျတွေးနိုင်တယ် ကိုယ့်ဘဝအခြေအနေတွေကို ကိုယ်တိုင်ပဲ့ကိုင်နိုင်တယ်ဆိုတာ ကံကောင်းခြင်းပဲလို့သတိရပါ။ ဒီအရည်အချင်းလေးတစ်ခုနဲ့ အခြေအနေတွေကို အဆိုးကနေ အကောင်းဖြစ်အောင်ပြောင်းနိုင်တယ် သူများတွေကိုလဲပြောင်းလဲအောင်ကူညီပေးနိုင်တယ်ဆိုတာသတိရပါ။ အရည်အသွေးဆိုတာရှိလာရင် တာဝန်ဆိုတာရှိတယ်ဆိုတာကိုလဲ သတိရပါ။

@BurmeseStoic

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month ago

မြန်မာစာတန်းထိုးဇာတ်ကားများတင်ပေးပါသည်💁

👉မိမိလုပ်ငန်းကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
@Kavel_63
@Kavel_63

Last updated 1 month, 3 weeks ago