Burmese Stoic

Description
Stoicism လေ့လာလိုသူများအတွက် ရည်ရွယ်၍ စေတနာများစွာဖြင့် 🙏🏻
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 11 months, 3 weeks ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 5 months, 3 weeks ago

11 months ago

August 29th

ဘာမှမလိုချင်တော့ဘူး = အကုန်ရှိနေတယ်

" ဘယ်လူမှ လိုချင်ချင်တာ အကုန်လုံးရတဲ့လူလို့မရှိဘူး ဒါပေမယ့် မရှိတာကို ထပ်မလိုချင်တော့အောင်နဲ့ ရှိနေပြီးသားအရာတွေကို ပျော်ရွင်စွာအသုံးပြုဖို့အတွက် ကတော့ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိိတယ် "

— Seneca, Moral Letters, 123.3
———————————————
မတတ်နိုင်တဲ့အရာဆိုတာ မရှိလောက်အောင် ချမ်းသာတဲ့လူရှိသလား? ရှိကိုရှိမှာမဟုတ်။ ချမ်းသာပါတယ်ဆိုတဲ့လူတွေတောင်မှ မဲတွေဝယ်တာတွေ ၊ လေးစားမှု ၊ အဆင့်အတန်း၊ အချစ် နဲ့ မရောင်းတဲ့အရာတွေကို ဝယ်လို့ မအောင်မြင်ခဲ့ အကြိမ်ပေါင်းမနဲပါဘူး။

ပက်ပက်စက်စက် ချမ်းသာတာတောင်မှ လိုချင်တာကို အကုန်မဝယ်နိုင်ဘူးဆိုရင် ဒါကို ကုစားဖို့ တခြားဖြေရှင်းနည်းရောရှိ နိုင်သလား ? Stoic တွေအတွက်တော့ ဖြေရှင်းနည်းကရှိတယ်။ ဘာလိုချင်တယ်ဆိုတာကို ပြောင်းတဲ့နည်းပဲ။ ကိုယ့်ရဲ့အတွေးပုံစံကိုပြောင်းလိုက်ရင် ကိုယ်လိုချင်တာကို ရမယ်တဲ့ဗျ။ John D. Rockefeller ကပြောဖူးတယ် လူတစ်ယောက်ချမ်းသာမှုဆိုတာက သူရဲ့ လိုအင်နဲ့ ဝင်ငွေ ကို သုံးစွဲတဲ့ ချိတ်ဆက်မှု ရလဒ်ပဲတဲ့ဗျ။ လူတစ်ယောက်က $10 ချမ်းသာပြီး သူ့လိုအင်တွေလဲ အကုန်ရှိနေတယ်ဆိုအဲ့လူက ချမ်းသာတယ်လို့ဆိုနိုင်တယ်။

ဒီနေ့ကစလို့ ကိုယ့်ရဲချမ်းသာမှုကို တိုးအောင်လုပ်လို့ရသလို ဖြတ်လမ်းအနေနဲ့ လိုအင်တွေကိုနဲလိုက်လို့လဲရတယ်။

@BurmeseStoic

11 months, 1 week ago

August 19th

မလိုသည်များဖယ်ရှား

" စိတ်ရဲ့အေးချမ်းမှုကိုလိုချင်ရင် သိပ်အများကြီး မလုပ်နဲ့တဲ့။ ဒါပေမယ့် လိုတာပဲလုပ် အပိုမလုပ်နဲ့လို့ပြောရင် ကျနော်တို့နေနေတဲ့ စဉ်းစားဆင်ခြင်မှုရှိတဲ့ လူနေမှုဘဝနဲ့လဲ ပိုလို့တောင်ကိုက်ညီဦးမယ်မဟုတ်လားဗျ။ အဲ့လိုသာလုပ်နိုင်ရင် နဲနဲပဲလုပ်ပြီး စိတ်ချမ်သာမှုတင်မက လုပ်တဲ့အရာတွေကိုလဲ ပိုကောင်းကောင်းလုပ်နိုင်တာပေါ့။ ကျနော်တို့ သုံးနေတဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေရဲ့ အများစုက တကယ်တော့ မလိုဘူး အဲ့ဒါတွေကို ဖယ်ရှားလိုက်ရင် ကျနော်တို့အတွက် အေးဆေးသာယာနေနိုင်မယ့် အချိန်တွေအလျှံအပယ်ထွက်လာနိုင်တာပေါ့။ ဒါကြောင့်မို့ ကျနော်တို့တွေက တစ်ခုခုလုပ်တော့မယ်ဆိုတိုင်း ဒါတကယ်ရောလိုအပ်သလား၊ မလိုအပ်ဘူးလား ဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုတယ်။ ကျနော်တို့ကို မလိုအပ်တဲ့လုပ်ရပ် ကိုမလုပ်မိဖို့ဆိုရင် မလိုအပ်တဲ့ အတွေးတွေကိုပယ်နိုင်ရမယ်။ "

— “MARCUS AURELIUS, MEDITATIONS, 4.24”

———————————————

Stoic တွေက ဘုန်းကြီးတွေမဟုတ်ဘူး။ သူတို့က အချိန်တန် ဘုရားကျောင်း ဘုန်းကြီးကျောင်းတွေပြန်ရတဲ့သူတွေမဟုတ်ဘူး။ သူတို့တွေက နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ စစ်သား နဲ့ အနုပညာရှင်တွေ။ သူတို့ရဲ့ ဒဿနတွေကို အလုပ်တွေများနေတဲ့ကြားကပဲ လုပ်ကို လုပ်ရမယ့်အရာတစ်ခုအဖြစ် လေ့လာလိုက်စားကြတာ။

အဲ့လိုလုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံးကတော့ မလိုအပ်တာတွေကို ဘဝထဲကနေ ဖယ်ရှားနိုင်ဖို့ပဲ။ မာန က ဘာတွေခိုင်းစေသလဲ၊ လောဘ ကဘာတွေခိုင်းစေသလဲ၊ စည်းကမ်းမဲ့တဲ့ စိတ်က ရော ကျနော်တို့ကိုဘာတွေယူဆောင်လာစေသလဲ ကိုတာကို ကြည့်ပါ။ ဒါတွေကို ငြင်းပယ်လိုက်ဖို့ ဘယ်အရာတွေက တားဆီးနေလို့ သူရဲဘောကြောင်နေရတာလဲ? အဲ့အရာတွေကို ဖြတ်ဖြတ် ဖြတ် နဲ့ မြည်အောင်ဖြတ်နိုင်ရမယ်။

@BurmeseStoic

11 months, 1 week ago

August 18th

အရူးတွေပဲ လောတာ

" လူတော်လူကောင်းကို နိုင်ဖို့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ သူတို့က မနိုင်လောက်တဲ့ ပွဲထဲကိုဇွတ်ဝင်တိုးလေ့မရှိလို့ပဲ။ သူတို့ရဲ့ ပိုင်ဆိုင်မှုကိုလူချင်တယ်ဆိုရင်် သူ့ဝန်ထမ်းတွေရော သူ့အလုပ်အကိုင်ရော သူ ခန္ဓာရော အကုန်ယူလို့ရရင်ရမယ်။ ဒါပေမယ့် သူတို့ မလုပ်ချင်တာကို ခိုင်းလို့မရသလို လုပ်မယ်ဆိုတဲ့အရာတွေကို ဘယ်လိုနည်းနဲ့မှ တားလို့ရမှာမဟုတ်ဘူး။ သူတို့ဝင်ပြိုင်မယ့်ပွဲဆိုတာလဲ သူတို့ရဲ့ ဆုံးဖြတ်ချက် နဲ့ စဉ်းစားတွေးခေါ်ပြီးမှာ ဝင်တဲ့ပွဲတွေပဲဖြစ်လိမ့်မယ်။ ဒီလိုလူမျိုးကို ဘယ်လိုသွားပြီး အနိုင်ယူလို့ရမှာလဲ? "

— EPICTETUS, DISCOURSES, 3.6.5–7

———————————————

အားကို အားနဲ့ မပြိုင်သင့်ပါ ဆိုတာက သိုင်းပညာရဲ့ အရေးအကြီးဆုံး အခြေခံံအချက်ထဲကတစ်ခုပဲ။ ဘာကိုဆိုလိုတာလဲဆိုတော့ ရန်သူရဲ့ အားသာချက်ကို တိုက်ခိုက်ဖို့အသင့်ဘူးတဲ့ဗျ။ ဒါပေမယ့်ကျနော်တို့တွေက မဖြစ်နိုင်ဘူးဆိုတဲ့ အရာကို လုပ်တော့မယ့်အချိန်မှာ မစဉ်းစားပဲ လုပ်မိနေတတ်ကြတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကျနော်တို့က အဲ့ဒီမဖြစ်နိုင်တာတွေ လုပ်ခိုင်းဖို့ ခွင့်ပြုလိုက်မိတတ်တယ်။ ဒါမှမဟုတ် လာပြောသမျှတောင်းဆိုသမျှကို ဟုတ်ကဲ့ အင်းပါဆိုပြီး လက်ခံတတ်မိတတ်ကြတယ်။

တချို့တွေကတော့ တိုက်ပွဲရွေးပြီးတိုက်တာကို အားနဲတယ် အတွက်ကြမ်းတယ်လို့ထင်ကြတယ်။ ကိုယ်ဘယ်လောက်ရှုံးနိုင်ခြေ ထိခိုက်နိုင်ခြေတွေကို နဲနိုင်သမျှနဲအောင်တွက်နိုင်တဲ့ အရည်အချင်းက ဘယ်လိုလုပ်ပြီးအားနဲတယ်လို့ဖြစ်မလဲဗျ ? စကားပုံအရဆိုရင် မလိုအပ်ပဲ စွန့်စားခြင်းသည် အဓိပ္ပာယ်မရှိ တဲ့ဗျ။ Stoic တွေကတော့ အဲ့ဒါကို ချင့်ချိန် တွေးခြင်းလို့ခေါ်ကြတယ်။ ချင့်ချိန်တွေးတောပါပေါ့။ မလုပ်ခင် ချင်ချိန်တွေးတောတာခြင်းဖြင့် သင့်ကိုယ်သင် အလွယ်တကူ အနိုင်ယူလို့မရနိုင်သူ တစ်ဦးအဖြစ်ဖန်တီးပါ။

@BurmeseStoic

11 months, 1 week ago

August 17th

အပစ်တင်တာတွေဒီမှာရပ်
" ကျနော်ရဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ ရွေးချယ်မှုတွေရဲ့အပြင်ကအရာတွေက ကျနော့်ကို နှောက်ယှက်လို့လဲမရသလို နာကျင်အောင်လဲလုပ်လို့မရပါဘူး။ ကျနော်ရဲ့ ကျိုးကြောင်းဆင်ခြင်ပြီး ရွေးချယ်လိုက်တဲ့အရာတွေကသာလုပ်နိုင်ပါတယ်။ ကျနော်တို့ ဒီလိုတွေးတတ်ပြီဆိုရင် ကျရှုံးမှု တစ်ခုခုနဲ့ ကြုံရတိုင်း ကိုယ့်ကိုယ်ကို အပစ်တင်ပြီး ဒါငါ့ရဲ့ စိတ်မတည်ငြိမ် အဆင်မပြေတဲ့အချိန်မှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုကြောင့် ဒီလိုဖြစ်ရတာလို့ မှတ်ယူပြီး၊ နောင်တစ်ကြိမ်ဒီလိုမဖြစ်ပဲဲသင်ခန်းစာယူဖို့ ဘုရားသခင်ကို ကြိမ်ဆိုရမှာပေါ့။ "

— Epictetus, Discourses , 3.19.2-3

———————————————

ဒီနေ့ သင် တစ်စုံတစ်ယောက် တစ်စုံတစ်ခုကိုမှ ပစ်တင်ဝေဖန်တာ မလုပ်ပဲနေနိုင်သလား ကြည့်ရအောင်ဗျ။ တစ်ယောက်ယောက် က ကိုယ်ပြောတဲ့အတိုင်းသေချာမလုပ်ရင်် အဲ့ဒါက သင့်ရဲ့ တခြားရလဒ် အပေါ်ထားမိတဲ့ မျှော်လင့်မှု ကြောင့်ဖြစ်တာ၊ တစ်ယောက်ယောက်က လာရိုင်းပြရင် အဲ့ဒါက သူတို့ပြောတာတွေအပေါ် ခံယူမှု ကြောင့်ဖြစ်တာ။ ကိုယ်ရင်းထားတဲ့ stock တွေစျေးကျသွားရင် ကိုယ်အများကြီီမြတ်မယ်လို့ လောင်းကျေးတင်ထားတဲ့ စိတ်ကြောင့်ဖြစ်တာ၊ ပြီးတော့ ဘာလို့ဒီနေ့မှာ market စျေးကိုသွားကြည့်ရတာလဲ?

ဘာကြီးပဲဖြစ်နေနေ ဘယ်လောက်ကြီပဲဆိုးနေပါစေ၊ ဒီနေ့တစ်နေကုန် ကိုယ့်ရဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ ရွေးချယ်မှုနဲ့ အကောင်းဆုံးနေနိုင်လားကြည့်ပါ။ တစ်နေ့လုံးမဟုတ်ရင်တောင် တစ်နာရီလောက်ပေါ့။ တစ်နာရီက များတယ်ထင်ရင် ၁၀ မိနစ်လောက်ပေါ့။

ကိုယ်လုပ်နိုင်သလောက်လုပ်ကြည့်ပါ။ အနဲဆုံး ၁ မိနစ်လောက် သူများကို အပစ်မတင်ပဲ နေနိုင်တယ်ဆိုရင် အဲ့ဒါက ဘဝနေထိုင်နည်း အနုပညာပဲ။

@BurmeseStoic

11 months, 2 weeks ago

August 11th

သီအိုရီအတွက်အချိန်မရှိ လက်တွေ့ပဲရှိ

"ကျနော်တို့ အတွက် ပြဿနာဆိုတာကြီးကပေါ်လာပြီဆိုရင် စဉ်းစားရမှာက အကောင်းဆုံးနေဖို့ အလေ့အကျင့်ကိုသုံးမလား သိီအိုရီကိုသုံးမလားဆိုတာရွေးရတယ်။ အကယ်ရျ် သီအိုရီဆိုတာက ကောင်းတာတွေလုပ်ဖို့သင်ပေးတာဆိုရင် အလေ့အကျင့်ဆိုတာက အဲ့သီအိုရီပြောတဲ့အတိုင်း ပြုမှုနေထိုင်မှဖြစ်မယ်မဟုတ်လား? —Musonius ကတော့ အလေ့အကျင့်က ပိုပြီးထိရောက်တယ်လို့ထင်တယ်တဲ့ "

—MUSONIUS RUFUS, LECTURES, 5.17.31–32, 5.19.1–2”

———————————————

Hamlet ကတော့

" Horatio ရေ နတ်ပြည်မှာရော ကမ္ဘာပေါ်မှာရော

မင်းရဲ့ ဒဿန တွေထက် ပိုမှန် တာတွေရှိတယ်ကွ " လို့ပြောတယ်

ဆိုလိုချင်တာကတော့ သီအိုရီိတွေက မှန်လားမှာလားဆိုတာကို ထိုင်ပြီး ဝေဖန်ပိုင်းခြားနေဖို့ အချိန်မရှိဘူး။ ငါတို့တွေက အခု လက်တွေ့ကမ္ဘာကြီးနဲ့ ရင်ဆိုင်နေရတာ။ အရေးကြီးတာက ကိုယ့်ရှေ့မှာ ရောက်နေတဲ့ အခြေအနေ အချိန်အခါပေါ်လိုက်ပြီး မင်းဒီအခက်အခဲကို ကျော်လွန်နိုင်မလား မကျော်လွန်နိုင်ဘူးလား ဆိုတာပဲကွ။ အကုန်လုံးကို မစဉ်းစားနေနဲ့ မဝေဖန်နေနဲ့လို့ပြောတာမဟုတ်ပေမယ့် တကယ်တန်းမှာ သီအိုရီကရှင်းတယ်ဆိုရင်တောင် လက်တွေ့လောက်မရှင်းဘူးဆိုတာသိနေဖို့ပဲကွ။

@BurmeseStoic

11 months, 3 weeks ago

အမှန်တရား နဲ့တင်ကျေနပ်

"သူများလာပြောတဲ့သတင်းစကား တွေပေါ်မှာ ပမာဏ ခံစားမှုထက်ပိုပြီး သင့်ကိုယ်သင်ဘာမှမပြောပါနဲ့ (မတွေးပါနဲ့) ။ သင့်မကောင်းကြောင်းနောက်ကွယ်မှာ ပြောနေတယ်လို့ဆိုပါဆို့။ ဒါက သတင်းစကားပဲ — သတင်းစကားက အသားပဲ့ပါသွားတာမှမဟုတ်တာ။ ကိုယ့်သားက နေမကောင်းဘူးဆိုတဲ့ သတင်းစကားမှာတောင် — သူ့အသက်စိုးရိမ်ရတယ်လို့ပြောတာမဟုတ်ဘူးလေ။ ဒါကြောင့် ပမာဏ ခံစားမှုထက်ပိုပြီး သင့်ဘာမှဆက်မတွေးပါနဲ့ — အဲ့ဒါဆိုသင်ဘာမှမဖြစ်တော့ဘူး"

- Marcus Aurelius, Meditation, 8.49

———————————————

အစမှာတော့ ကျနော်တို့ကို သင်ပေးထားတာတွေနဲ့ အားလုံး ဆန့်ကျင့်ဘက်ဖြစ်နေတယ်လို့ ထင်ရတယ်။ များသောအားဖြင့် ကျနော်တို့က ဦးနှောက်ကို စဉ်းစားဖို့တွေးခေါ်ဖို့ ဝေဖန်ပိုင်းခြားဖို့ ပဲသင်ယူခဲ့တော့ အရှိကိုအရှိအတိုင်း မြင်တတ်ဖို့ ခံယူတတ်ဖို့ မသိတော့ဘူးပေါ့။ ဒါပေမယ့် သိပ်မစဉ်းစားပဲ အမှန်ကိုမြင်တာလဲ တစ်ခါတစ်လေမှာ ပိုလို့တောင်အလုပ်ဖြစ်ပါသေးတယ်။

ဒဿနပညာရှင်တွေမှာလဲ အဲ့ဒီ စွမ်းရည်ရှိကြတယ်။ Nietzsche ပြောသလိုပြောရရင် "သတ္တိရှိရှိ ပေါ်ယံလောက်မှာတင် ရပ်လိုက်" ပြီး အရာရာကို အရှိကိုအရှိအတိုင်း လိုသည်မရှိ ပိုသည်မရှိမြင်တတ်ရမယ်။ နောက်တစ်ခုသူပြောတာကတော့ "Stoic တွေက နက်နဲလောက်အောင် အပေါ်ယံဆန်တယ်"။ ဒီနေ့မှာတော့ တခြားသူတွေ အတွေးနောက်လိုက်နေတဲ့အချိန်မှာ သင်လေ့ကျင့်ရမှာတော့ သိရင်သိ မြင်ရင်မြင် ကြားရင်ကြားတဲ့ နေရာမှာတင်ရပ်ဖို့ပါပဲ။

11 months, 3 weeks ago

August 8th
လက်ရှိရှိနေတဲ့ကမ္ဘာကြီးကစတင်ပါ

" သဘာဝတရားကြီးက တောင်းဆိုတဲ့အတိုင်းလုပ်ပါ။ ကိုယ်လုပ်နိုင်တာမှန်ရင် ဖြစ်အောင်လုပ်ပါ။ ငါလုပ်နေတာလူတွေသိမှသိပါ့မလားလို့ လိုက်ကြည့်မနေပါနဲ့။ Plato's ရဲ့ Republic ကြီးအချိန်အခါကောင်းဖြစ်လာဖို့လဲမစောင့်ပါနဲ့ ဒါပေမယ့် နဲနဲလေးလောက်ပိုကောင်းလာမယ်ဆိုရင်တောင် ကြေနပ်နိုင်တဲ့စိတ်နဲ့ရှေ့ကိုတိုးနေဖို့လိုတယ်။ "

—Marcus Aurelius, Meditations, 9.29.(4)
———————————————

ဒီစကားကြားဖူးလားတော့မသိဘူး " ပြီးပြည့်စုံချင်တဲ့စိတ်သည် ကောင်းပါတယ်ဆိုတဲ့ရလဒ်ရဲ့ရန်သူဖြစ်သည် " တဲ့ဗျ။ သဘောကတော့ ကိုယ်ကစံသတ်မှတ်ချက်တွေနဲ့တိုင်းတာ ဒါမှမဟုတ် ကိုယ့်စံသတ်မှတ်ချက်တွေကိုလျော့ချတာမျိုးမလုပ်ပါနဲ့ အဲ့အစား အရှိအတိုင်းအမှန်အတိုင်းကိုလက်ခံပြီးစလုပ်ဖြစ်ဖို့လိုတယ်။

Saul Alinsky ကသူ့ရဲ့စာအုပ်ဖြစ်တဲ့ Rules for Radical ကို လက်တွေ့ဆန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေးအခေါ်တစ်ခုနဲ့ဖွင့်ထားတယ်။

" ကျနော်ဟာ စီစဉ်သူတစ်ယောက်အနေနဲ့ ကမ္ဘာကြီးကရှိနေတဲ့နေရာကနေစလိုက်တယ်၊ဖြစ်ချင်သလိုမဟုတ်ဘူး။ ကမ္ဘာကြီးကိုအရှိအတိုင်းလက်ခံခြင်းသည်ကျွန်ုပ်တို့ယုံကြည်သင့်သည်အတိုင်းပြောင်းလဲရန်ကျွန်ုပ်တို့၏ဆန္ဒကိုမည်သည့်နည်းဖြင့်မျှအားနည်းစေခြင်းမဟုတ်ပါ။ကျွန်ုပ်တို့ယုံကြည်သင့်သည်အတိုင်းပြောင်းလဲလိုပါကကမ္ဘာကြီးရှိရာနေရာမှစတင်ရန်လိုအပ်သည်။ "

အဲ့လိုမျိုးလုပ်လို့ရတဲ့အရာတွေ ကျနော်တို့မှာလဲအများကြီးရှိတယ်။ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ပေါ့။ သေးငယ်တဲ့ အခြေလှမ်းလေးတွေလိုရင်း ပိုကောင်းတဲ့ပြောင်းလဲမှုတွေဘက်ကို ရအောင်လုပ်လို့ရတယ်။ အခြေအနေတွေမကောင်းသေးလို့ ငါ့မှာဘာမရှိသေးလို့ ဘာမပြည့်စုံသေးလို့မလုပ်သေးဘူးလို့ ဆင်ခြေတွေပေးမနေပါနဲ့။ ကိုယ်လုပ်စရာရှိတာကိုလုပ်နေရင် အခွင့်အလမ်းဆိုတာ လမ်းမှာလုပ်နေရင်းနဲ့တွေ့လာလိမ့်မယ်။ ကိုယ်လုပ်နိုင်တာကို ကိုယ်ရှိတာနဲ့စလုပ်ဖို့ပဲလိုတယ်။ ပြီးသွားပြီဆိုရင်လဲ အရမ်းမကြွားနဲ့။ အတ္တတွေမာန်တွေကို မလုပ်ခင်ရော လုပ်ပြီးရောထိန်းတတ်ဖို့လိုတယ်။

@BurmeseStoic

11 months, 3 weeks ago

August 7th
လက်တွေ့ဆန်ပြီး ကိုယ်ကျင့်တရားကောင်းပါ

" ဘယ်နေရာမှာပဲနေနေ လူဆိုတာ ကောင်းကောင်းနေထိုင်လို့ရတယ်။ ဘဝဆိုတာ တရားရုံးလိုပဲ ဒါပေမယ့် တစ်ယောက်တည်းလဲ ကောင်းကောင်းနေထိုင်ရတယ်။ "

—Marcus Aurelius, Meditations, 5.16
———————————————

William Lee Miler ကသူရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့ Ethical Biography of Abraham Lincoln ထဲမှာ အရေးကြီးတဲ့အချက်တစ်ခုကိုထည့်ပြောသွားတယ်။ ငါတို့လူတစ်ယောက်ကိုအရမ်းယုံကြည်လိုက်တော့ အဲ့လူကိုနိုင်ငံရေးသမားဆိုတာတောင်မေ့သွားတယ်။ တော်တော်များများက သမ္မတမဖြစ်ခင် ဘယ်လိုမျိုးရုန်းကန်ခဲ့ရတယ် ဘယ်လိုကိုယ်တိုင်လေ့လာခဲ့ရတယ် ဘယ်လိုမိန့်ခွန်းတွေပြောတယ်ပဲ သတိထားမိကြတယ်။ သူလုပ်နေတာနိုင်ငံရေးဆိုတာမေ့သွ​ြးကြတယ်။ အဲ့ဒါကိုက လေးစားအားကျဖို့ကောင်းနေတာ။ သမ္မတ Lincoln က ကြင်နာတတ်တယ်၊ ဇွဲရှိတယ်၊ မျှတတယ်၊ ပွင့်လင်းမြင်သာတယ်၊ အဓိပ္ပယ်ရှိရှိဘဝကိုနေထိုင်တယ် တချိန်တည်းမှာပဲ နိုင်ငံရေးသမားလဲလုပ်တယ်။ ကျနော်တို့လေးစားအားကျထိုက်တဲ့သူတစ်ယောက်ရဲ့ ဂုဏ်တွေသူမှာရှိတယ်။

လက်တွေ့လဲဆန်ပြီး ကိုယ်ကျင့်တရားလဲကောင်းဖို့ဆိုတာ မဖြစ်နိုင်တာမှမဟုတ်တာ။ Washington မှာပဲနေနေ ပစ္စည်းဥစ္စာတွေမက်တဲ့ Wall Street မှာပဲနေနေ မြို့ငယ်လေးမှာပဲနေနေ ကောင်းမွန်စွာနေထိုင်လို့ရတယ်။ အဲ့လိုနေနေတဲ့သူတွေလဲအများကြီးရှိတယ်။

@BurmeseStoic

11 months, 3 weeks ago

August 6th
ကျနော်တို့ထင်ထားတာတွေထက်လုပ်လို့ရတာတွေအမြဲရှိတယ်

" အခက်အခဲတွေဆိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတာ အမြဲတွေးတတ်အောင်လုပ်ထား။ ခက်ခဲတဲ့အချိန်တွေဆိုတာ အားပျော့လာတတ်တယ်၊ ထွက်ပေါက်ပေါ်လာတတ်တယ်၊ လေးနေတာတွေကပေါ့သွားတတ်တယ်၊ အရေးကြီးတာ ကိုယ်ကမြင်တတ်ဖို့ပဲ။ "

—Seneca, On Tranquility of Mind, 10.4b
———————————————

ဆော့နေရင်းနဲ့ပက်ပက်ဆက်ဆက်ရှုံးနေပြီးတော့မှ မထင်မှတ်ပဲအခွင့်အလမ်းတွေကြုံလာပြီးနိုင်သွားတာမျိုးဖြစ်ဖူးလား? ငါတော့စာမေးပွဲကျပါပြီတော့ထင်နေတုန်း မအိပ်ပဲကျက်ထားတာတွေစာပါရင်ပြီးရောချရေးလိုက်ရာက အောင်သွားတာမျိုးရောဖြစ်ဖူးလား? သူများတွေမလုပ်ပဲလက်လျော့လိုက်တာကိုထလုပ်လိုက်ရာက အောင်မြင်သွားတာဖြစ်ဖူးလား?

အဲ့ဒီစွမ်းအင်တွေ ထင်ထွင်ကြံဆအားတွေဆိုတာ ကံကောင်းလာဖို့ဆုတောင်းတာထက်ပိုသေချာတယ်။ အရှုံးပေးလိုက်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်လုပ်လို့ရတာလေးတွေပေါ်မှာအာရုံစိုက်ပြီး လုပ်စရာရှိတာလုပ်လိုက်ခြင်းကသာ အနဲငယ်သာပွင့်နေတဲ့ အခွင့်အရေးတံခါးပေါက်လေးထဲကိုဝင်ရောက်သွားစေတယ်။ Lyndon Johnson ကတစ်ခါကပြောခဲ့တယ် " မင်းလုပ်နိုင်တာအားလုံးလုပ်ပြီးသွားရင် မင်းနိုင်ပြီ " တဲ့။ အကုန်လုပ်ကြည့်ဖို့တော့လိုတယ်။ Marcus Aurelius ပြောသလိုပြောရရင် လူတစ်ယောက်လုပ်နိုင်တာအကုန်လုပ်ကြည့်ဖို့လိုတယ်။

@BurmeseStoic

1 year, 1 month ago

May 30th
ကြိုးစားပြီးလုပ်ရမှာလား ပင်ပင်ပန်းပန်းလုပ်ရမှာလား?

" လူတစ်ယောက်က စာတွေရေးတယ် စာတွေဖတ်၊ တစ်ညလုံးအလုပ်တွေလုပ်တယ်ဆိုတာနဲ့ ဒီလူကို ငါကတော့ ကြိုးစားတဲ့သူလို့မခေါ်နိုင်ဘူး။ သူဘာအတွက် ကြိုးစားနေတယ်ဆိုတာကို ငါအရင်သိဖို့လိုတယ်။ ဝရိယရှိယုံနဲ့တော့ ငါသူတို့ကိုတော်တယ်မပြောနိုင်ဘူး။ ဘယ်အချိန်မှာမှ အသိအမှတ်ပြုပေးနိုင်လဲဆိုရင် သူတို့အားလုံးလုပ်ပြီးသွားတဲ့အခါမှာ သူတို့ရဲ့ ယုံကြည်ချက်တွေအတိုင်း စည်းကမ်းရှိရှိလုပ်ခဲ့လား? ​ဖြစ်သလိုလုပ်သလား? သဘာဝတရားကြီးအလိုတော်အတိုင်းလုပ်သလားဆိုတာကြည့်ပြီးမှာသာ အသိအမှတ်ပြုပေးနိုင်မယ်။ "

—Epictetus, Discourse , 4.4.41; 43
———————————————

ကိုယ်သိတဲ့အထဲက တချိန်လုံးအရမ်းအလုပ်တွေများနေတဲ့သူတွေက တကယ်ရော အလုပ်နဲ့အချိန်ကုန်နေတာရောဟုတ်မဟုတ် ဆိုတာ သင်သိနိုင်ပါ့မလား? ကျနော်တွေက အလုပ်ရှုပ်နေတာကို ကောင်းတယ်လို့အထင်မှားပြီး တစ်ခုခုကိုအချိန်ပြည့်လုပ်နေလိုက်ရင် အကျိုးပြန်ခံစားရမယ်လို့မှတ်ယူမိတတ်ကြတယ်။

တကယ်တော့ ကိုယ်လုပ်လာတွေလုပ်နေတာလဲ? ကိုယ်ဘာကြောင့်အဲ့ဒါတွေကိုလုပ်နေရတာလဲ? ပြီးဆုံးသွားရင် ဘယ်လိုရလဒ်တွေကိုယူဆောင်လာပေးမှာလဲဆိုတာကို သေချာသိအောင်လုပ်ဖို့လိုတယ်။ ကိုယ့်မှာရေရာတဲ့ အဖြေမရှိနေဘူးဆိုရင် ဆက်မလုပ်တော့တာကောင်းတယ်။

@BurmeseStoic

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 11 months, 3 weeks ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 5 months, 3 weeks ago