Blood Money- သွေးစွန်းငွေ

Description
Ban Jet Fuel Exports to Myanmar.
Sanction Aviation Fuel.
Freeze Payments To Junta.
Keep In Escrow Account.
Sanction MOGE.
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 month, 1 week ago

2 days ago

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် တော်လှန်ရေး တပ်ဖွဲ့ အင်အားစုများကို လေကြောင်းတိုက်ခိုက်‌ရေးပြုလုပ်ဖို့ ခြိမ်းခြောက်နေသည့် အကြမ်းဖက် စစ်အုပ်စု

အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ယခုနှစ်အထိ လေကြောင်းတိုက်ခိုက်ခံရမူပေါင်း ၅ထောင်ကျော် ၆ထောင်နီးပါးထိ ဖြစ်ပွားခဲ့ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်လာပြီး တစ်ဖက်မှာလဲ လူသားမျိုးနွယ်များကို အစုလိုက် အပြုံလိုက် သ-တ်ဖြတ်မူ့တွေလုပ်ဖို့ မတရားစစ်မူထမ်းဥပဒေပြဌာန်းပြီး စစ်ရေးတိုက်ခိုက်မူ့ နည်းဗျူဟာတွေမှာ အသုံးပြုလာပါတယ်။

လေကြောင်းအားသာချက်များဖြင့် စစ်အုပ်စုက အကြမ်းဖက်နေပြီး ဆုံးရှူံးမူ့များလာတဲ့ နယ်မြေတွေအပေါ်မှာ ပြန်လည်ရယူနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာပါ။

ညာဏ်လင်းသစ် ( Nyan Lynn Thit Analytica )ရဲ့ ထုတ်ပြန်ချက်အရ မေလမှ ဩဂုတ်လ လေးလအတွင်း တစ်ရက်လျင် လေကြောင်းအကြမ်းဖက် ခံရမူ ( ၇ )ကြိမ်နီးပါး အထိရှိနေပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AAPP )က အာဏာသိမ်းချိန်မှစပြီး အောက်တိုဘာလ ၉ရက်နေ့ ၂၀၂၄ ခုနှစ် အထိ ဒီမိုကရေစီလူပ်ရှားသူများနဲ့ သေဆုံး ပြည်သူစုစုပေါင်း ( ၅၇၉၅ ) ဦးထိရှိနေပြီး သေဒဏ်ချမှတ်ခံထားရသူ ( ၁၂၅ )ဦးအထိရှိကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ဘေကျင်းမြို့မှာရှိတဲ့ တရုတ်နိုင်ငံပိုင် လေကြောင်းနဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီး Aviation Industry Corporation of China ( AVIC )ကုမ္မဏီမှ တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့

( ၁ ) Shaanxi Y-8
( ၂ ) JF - 17 Thunder
( ၃ ) K-8
( ၄ ) Y- 12
( ၅ ) FTC - 2000 G နဲ့
( ၆ ) J-7 တို့ကို စစ်အုပ်စုက ၀ယ်ယူရရှိခဲ့ပြီး လက်ရှိ လေကြောင်းတိုက်ခိုက်ရေး အကြမ်းဖက်မူ့တွေမှာ အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။

Airbusနဲ့ AVICတို့ရဲ့ ပူးပေါင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ AVICHINA မှ K-8 နဲ့ Y-12 ခေါ် တိုက်ခိုက်ရေးလေယာဉ်တွေကို အဓိက ထောက်ပံ့ရောင်း၀ယ်ထားပြီး မြန်မာနိုင်ငံမှာ AVIC International Beijing Company Limited (AVIC ) ဆိုတဲ့ ကိုယ်စားလှယ်ရုံးလဲ ရှိပါတယ်။တရုတ်နိုင်ငံပိုင် ပိုင်ဆိုင်မှု ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေး ကော်မရှင် ( SASAC )ရဲ့ အလုံးစုံ ထိန်းချုပ်မူ့အေက်မှာ ဒီကုမ္ပဏီတွေက လည်ပတ်နေတာဖြစ်ပြီး Airbus နဲ့ AVIC တို့မှ နည်းပညာပူး‌ပေါင်းတည်ထောင်ထားတဲ့ Airbus Beijing Engineering Centre ( ABEC ) ကုမ္ပဏီမှ လေကြောင်းဆိုင်ရာ နည်းပညာများနှင့် အင်ဂျင်နီယာ အကူအညီတွေကိုလဲ အကြမ်းဖက် စစ်အုပ်စုက ရရှိ နေတာပါ။

ကုမ္ပဏီ အားလုံးဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်ရာမှာ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ပါ၀င်ပတ်သက် ကျူးလွန်တာမျိုးကို မရှိ‌စေရ‌ဘူးလို့ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများကို ကုလသမဂ္ဂက လမ်းညွှန်ထားပါတယ်။

ဒီလိုအခြေအနေမှာ လေကြောင်းတိုက်ခိုက်မူ့တွေမပြုလုပ်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ လေယာဉ်ဆီရောင်းချနေသော ကုမ္မဏီများကို အရေးယူဆောင်ရွက်ခြင်း၊ အာဆီယံ နိုင်ငံများအနေဖြင့် လေယာဉ်ဆီ သင်္ဘောဆိပ်များ အသုံးမပြုစေခြင်း၊အကြမ်းမဖက်နိုင်အောင်ပိတ်ဆို့ခြင်းနဲ့ တရုတ်နိုင်ငံ AVIC မှ လေကြောင်းဆိုင်ရာများနှင့်လက်နက်၀ယ်ယူခြင်းများ ၊ နည်းပညာ ထောက်ပံ့နေမူ့များကို တားဆီးဖို့ လိုအပ်နေပါတယ်။ Justice for Myanmarနဲ့ Info Birnamie တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်တွေအရ ပြင်သစ်နိုင်ငံအခြေစိုက် တွဲဖက် လေကြောင်းကုမ္ပဏီ Airbus အနေဖြင့်AVIC ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသော ကိစ္စရပ်များ ရပ်တန့်သင့်ပြီး လူ့အခွင့်အရေးများကို လေးစားလိုက်နာဖို့နဲ့ နူတ်ထွက်ခြင်း၊ မပူးပေါင်းခြင်းတွေ ပြုလုပ်ဖို့ လိုအပ်‌ ကြောင်း ထောက်ပြ ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံက AVIC ကုမ္ပဏီဟာ အကြမ်းဖက် စစ်အုပ်စု လေ‌ ကြောင်းအကြမ်းဖက် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေး လေယာဉ်များ၊ အပိုပစ္စည်းများနဲ့ ‌နည်းပညာအကူအညီတွေ ကူညီ ထောက်ပံ့နေခြင်းကြောင့် အကြမ်းဖက် စစ်အုပ်စုက နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မူ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

#WhatsHappeninglnMyanmar #MyanmarNews #Airbus #AirbusResults #TeamAirbus #HumanRightsViolations #WarCrimes #BloodMoneyCampaignMM

2 days ago
Blood Money- သွေးစွန်းငွေ
4 days, 22 hours ago
***📢******🔺***Post-ACSC/APF 2024 Announcement: Myanmar CSOs participation …

📢🔺Post-ACSC/APF 2024 Announcement: Myanmar CSOs participation in the conference and demands to ASEAN

🪧ASEAN Civil Society Conference/ASEAN People’s Forum (ACSC/APF) 2024

🔺Towards a People – led Democracy and Sovereignty in Southeast Asia
🔺 ACSC/ APF 2024, the delegation of MYANMAR NATIONAL ORGANIZING COMMITTEE (Myanmar NOC) and partner organizations and network was more inclusive than ever before, with the participation of Rohingya and LGBTQIA+ representatives.

🗣️Opening Session: Brief Report on 11 Countries Situations
🗣️Myanmar in the Plenaries
🗣️Myanmar in the Convergence Spaces
🪧Side event with photo exhibitions and film screening (𝗕𝘂𝗿𝗺𝗮/𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝘃𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗖𝗼𝗿𝗻𝗲𝗿)

🗣️Recommendations to ASEAN -
https://m.facebook.com/story.php?story_fbid=567332635689337&id=100072378171687&mibextid=cr9u03

🔺🔺
ACSC/APF 24: https://www.facebook.com/share/KMbtJBEdo7DZU6F4/
https://progressivevoicemyanmar.org/2024/09/25/myanmar-civil-society-calls-for-asean-to-move-beyond-the-five-point-consensus-and-end-all-engagements-with-the-illegal-military-junta/

#MNOC #Myanmar
#TimorLeste
#ASEAN #CivilSocieties #ACSCAPF2024
#InclusiveASEAN #SocialInclusion #MinorityRights #GenderJustice #TogetherForChange
#ACSC #APF #ASEANCivilSocietyConference #ASEANPeopleForum #BloodMoneyCampaignMM

6 days, 23 hours ago

စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း
(စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ)

💥စက်တင်ဘာလအတွင် ရှမ်းပြည် မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၃၅၀ ကြိမ် ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါသည်။ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေကြောင်းမှ ဒရုန်းဖြင့်တိုက်ခိုက်မှု စုစုပေါင်း ၃၁ ကြိမ် ပြုလုပ်ခဲ့ကြောင်းတွေ့ရပါသည်။

💥အကြမ်းဖက်စစ်အုပ်စုသည် ရှမ်းပြည် မြောက်ပိုင်းအား ၁၁၈ ကြိမ်၊ စစ်ကိုင်းတိုင်းအား ၆၁ ကြိမ်နှင့် ရခိုင်ပြည်အား ၅၉ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါသည်။ ထို့အပြင် တနင်္သာရီတိုင်းတွင် ၁၅ ကြိမ်နှင့် ပဲခူးတိုင်းတွင် ၇ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၇ ကြိမ်၊ ကချင်ပြည်တွင် ၁ ကြိမ်နှင့် ရှမ်းပြည် တောင်ပိုင်းတွင် ၁ ကြိမ် ဒရုန်းဖြင့် တိုက်ခိုက််ခဲ့ပါသည်။

💥လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၅ ဦးနှင့် အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုနိုင်ပါသည်။ ထို့အတူ နေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ၆ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၆ ခု၊ UN ရုံးခန်း ၁ ခု၊ အချုပ်ထောင် ၂ ထောင်၊ ဟိုတယ် ၃ လုံးနှင့် ဈေးဆိုင်ခန်းအပါအဝင် အခြားသောစီးပွားရေးအဆောက်အအုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်းအတည်ပြုနိုင်ပါသည်။ သို့ရာတွင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်အုပ်စုမှ လားရှိုးမြို့မဈေးသို့ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဈေးဆိုင်ခန်းပျက်စီးမှုများအား အတည်ပြုဆဲဖြစ်သောကြောင့် မြို့မဈေး၏ ဈေးဆိုင်ခန်းပျက်စီးမှုများအား ထည့်သွင်းထွက်ချက်ထားခြင်းမရှိသေးပါ။

💥ဒရုန်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁၄ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုနိုင်ပါသည်။ ထို့အတူ နေအိမ် ၂၄ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၃ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း အတည်ပြုနိုင်ပါသည်။

📌အထက်ပါ အချက်အလက်များသည် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့မှ မြန်မာပြည်တွင်း သတင်း မီဒီယာများကို စောင့်ကြည့်၊ လေ့လာ၊ ကောက်ယူထားသော စာရင်း အချက်အလက်များသာ ဖြစ်သောကြောင့် မြေပြင်ရှိ ပကတိအခြေအနေနှင့် ကွာဟမှုရှိနိုင်ပါသည်။

#SanctionAviationFuel #Airstrikes #CriminalJunta
#Sep1_30 #MediaReport #Bi_WeeklyReport
#WarCrimes #WhatsHappeningInMyanmar #BloodMoneyCampaignMM

1 week ago

Airbus နဲ့ AVICက ပူးပေါင်း ဖွင့်လှစ်ထားတဲ့ ABECက အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စုက ၀ယ်ယူရရှိနေတာမျိုး၊ အသုံးပြုနေတာမျိုးအပြင် ပြန်လည်လည်ပတ်ရေး ၀န်ဆောင်မူ့တွေနဲ့ လေကြောင်းတိုက်ခိုက်ရေးကို ကြိမ်ဖန်များစွာ ပြုလုပ်နေပါတယ်။

#WhatsHappeninglnMyanmar #MyanmarNews #Airbus #AirbusResults #TeamAirbus #HumanRightsViolations #WarCrimes #BloodMoneyCampaignMM

1 week ago

Airbusရဲ့ ABEC လုပ်ငန်းနှင့် အကြမ်းဖက် စစ်အုပ်စု

Airbus Beijing Engineering Centre ( ABEC ) က Airbus နဲ့ AVIC ကုမ္ပဏီတွေ ဖက်စပ်လိုက်ကိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ ABEC ကုမ္ပဏီက တရုတ်နိုင်ငံ၏ နာနိုသိပ္ပံနှင့် နည်းပညာဆိုင်ရာ အမျိုးသား ဗဟို ဌာန (China National Centre of Nanoscience and Technology of China ) တို့နဲ့ ပူးပေါင်းပြီး လေယာဉ်ပျံသန်းမူ့ဆိုင်ရာ အသုံးချမူ့အတွက် အင်ဂျင်နီယာ ပိုလီမာ နာနိုကွန်ပရိုက်စ်ဆိုင်ရာ ( Engineering Polymer Nanocomposites for aeronautics) ပူးပေါင်းဆောင်ရွက်မူ့ သဘောတူညီချက်အရ နာနိုကွန်ပေါင်းဓာတ်ခွဲခန်း တွေကို လည်ပတ်နေတာပါ။။ ဒီလို နာနိုကွန်ပိုစစ်မှာ Airbus နဲ့ AVICရဲ့ ပူးပေါင်းဆောင်ရွက်မူ့ကို Tsinghua University နဲ့ Sun Yat Sen University အပါအ၀င် တခြားနာမည်ကြီး တရုတ် တက္ကသိုလ် အများအပြားက ပူးပေါင်းဆောင်ရွက်တာမျိုးလဲ လုပ်ပါတယ်။

ဒီတက္ကသိုလ်တွေက တရုတ် နိုင်ငံတော် ကာကွယ်ရေးအတွက် သိပ္ပံ နည်းပညာနှင့် စက်မူလုပ်ငန်း State Administration of Science, Technology and Industry for National Defense ( SASTIND ) ရဲ့ ကြီးကြပ်ကွပ်ကဲမူ့အောက်မှာ လည်ပတ်နေတာပါ။

ဒါ့အပြင် Airbusက ABEC မှာ Nanjing University of Aeronautics and Astronautics တို့နဲ့အတူ လေကြောင်းပျံသန်းမူ့ဆိုင်ရာ အဆင့်မြင့်ပျံသန်းမူ (Aeronautical Smart Structures) သုတေသနစမ်းသပ်ခန်းနဲ့လေကြောင်းကဏ္ဍ အတွက် ပိုမိုကောင်းမွန်သည့် ထုတ်လုပ်ရေးနည်းပညာနှင့် အထူးပစ္စည်းကိရိယာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လဲ Northwestern Polytechnical University နှင့်အတူ Airbusက ပူးတွဲသုတေသနစမ်းသပ်ခန်းတွေ တည်ထောင်ထားပါတယ်။

ABEC ကအဓိကအားဖြင့်
( ၁ ) Morphing Structure ( မော်ဖင်း တည်ဆောင်မှု )
လေယာဉ်တွေကို ပိုမိုခိုင်ခံ တောင်တင်းမူ့ရှိစေဖို့ ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။ ဂျက်လေယာဉ်များနှင့် လေယာဉ်တွေရဲ့ morphing တည်ဆောက်ပုံများဟာ ကွဲပြားတဲ့ ပျံသန်းမှုအခြေအနေများကို တုံ့ပြန်ရန် ဖြစ်ပြီး လေယာဉ်အစိတ်အပိုင်းများ အထူးသဖြင့် တောင်ပံများကို လေခွင်းအားသဏ္ဌာန်ပြောင်းလဲပြုလုပ်ထားသည့်နည်းပညာများကို ရည်ညွှန်းတာပါ။ Morphing Wingsတောင်ပံ‌ေတွက ပျံသန်းမှုအဆင့်အမျိုးမျိုးအပေါ် အခြေခံပြီး ထောင့်၊ ကျောရိုး (အကွေ့အကောက်များ) ဒါမှမဟုတ် မျက်နှာပြင်ဧရိယာလိုမျိုး ပုံသဏ္ဍာန်လဲ ပြောင်းလဲနိုင်ပါတယ်။ မြေကြီးဆွဲငင်အားကို လျှော့ချခြင်းနှင့် လေခွင်းအားကို ပြောင်းလဲပျံသန်းတိုင်ဖို့ စွမ်းဆောင်ရည်မြင့်အောင်၊ ဆီစားသက်သာဖို့နှင့် မောင်းနှင်နိုင်မှုကို တိုးမြှင့်လုပ်ကိုင်ပေးတာမျိုးပါ။

( ၂ ) Multifunctional Composites ( ဘက်စုံသုံး ကွန်ပို့စ်စစ် )
လေယာဉ်များ ဒါမှမဟုတ် ဂျက်တိုက်လေယာဉ်များကို ဘက်စုံသုံး ပေါင်းစပ်ဖွဲ့စည်းပုံဆိုင်ရာ ပံ့ပိုးပေးရုံသာမက အပိုလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးသည့် အဆင့်မြင့်ပစ္စည်းများကို ရည်ညွှန်းတာပါ။ဆိုလိုတာက လေယာဉ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာမျိုးလုပ်တဲ့ အရာတွေပါ။။ ဒီပေါင်းစပ်မှုတွေက ၀န်အား၊ ပေါ့ပါးသောဂုဏ်သတ္တိများနှင့် အမျိုးမျိုးသော နည်းစနစ်တွေကို ပေါင်းစပ်ထားသောကြောင့် လေခွင်းအား၊ ဆီစားသက်သာမှုနှင့် ကိုယ်ပျောက်စွမ်းရည်ပျံသန်းမူ့တွေ‌ကိုတောင် မြှင့်တင်ပေးနိုင်ပါတယ်။တုန်ခါမူ့ လျှော့ချတာ၊ ဆူညံ့သံတွေ ကာကွယ်ပေးတာမျိုး၊ ကြံ့ခိုင်မူ့နဲ့ အလေးချိန်ကို လျော့ချပေးတာမျိုး၊လျှပ်စစ်ကူးပြောင်းခြင်းနဲ့အပူချိန်လျှော့ပေးတာမျိုး၊ RAM ( Radar Absorbing Materials) ဆိုတဲ့ ကိရိယာတွေက ရန်သူ့တွေရဲ့ ပစ်မှတ်တွေကို ရှောင်ရှားဖို့၊ ကာကွယ်ဖို့၊ ဖမ်းယူပစ်ခတ်ဖို့လုပ်နိုင်တာမျိုး လုပ်ဆောင်ချက်တွေပါ။

( ၃ ) 3D Printing ( ရုပ်ကြွဖန်တီးခြင်း )
3Dပုံစံ ပရင့်ထုတ်ခြင်း (သတ္တုများ၊ ပိုလီမာများ၊ သို့မဟုတ် ပေါင်းစပ်ကိရိယာများ) လို ဒစ်ဂျစ်တယ်ဒီဇိုင်းများကို အခြေခံပြီး အလွှာလိုက် အစိတ်အပိုင်းများဖန်တီးခြင်းလုပ်ငန်းစဉ်ပါ။ လေကြောင်းပျံသန်းမူ‌တွေမှာ ဒီနည်းပညာကို လေယာဉ်တွေအတွက် အစိတ်အပိုင်းများ ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းနည်းလမ်းကို လုပ်ဆောင်ပြီး ထိရောက်မှုရှိခြင်း၊ ကုန်ကျစရိတ်များကို လျှော့ချပေးခြင်း၊ ထုတ်လုပ်နိုင်မူ့၀န် အရေအတွက်ကို လျှော့ချနိုင်ခြင်း၊ စိတ်ကြိုက်ပြုပြင်နိုင်ခြင်း၊ ပေါင်းစပ်နိုင်ခြင်း၊ စွမ်းဆောင်ရည်ဆိုင်ရာ အရည်အသွေးမြှင့်တာမျိုး ပြုလုပ်ပေးပါတယ်။

( ၄ ) Virtual Recognition ( အမြင်ပိုင်းဆိုင်ရာ မှတ်သားပေးခြင်း )
တိုက်ရိုက်မြင်တွေ့နိုင်တဲ့အရာတွေ၊ထိတွေ့မှုမရတဲ့ အရာဝတ္ထုများ၊ အခြားလေယာဉ် ဒါမှမဟုတ် မြေပြင် အရာ၀တ္ထုတွေကို အမျိုးအစားခွဲခြားသတ်မှတ်ခြင်းပေးတဲ့ နည်းပညာများကို ဆိုလိုတာပါ။
ခြေရာခံ နိုင်ဖို့ ရေဒါစနစ်တွေ၊ ညာဏ်ရည်တု AI စနစ်ဖြင့် မောင်းနှင်နိုင်မူ့တွေ၊ ပစ်မှတ်များကို အချက်အလက် ခွဲခြမ်း စိတ်ဖြာနိုင်မူ့တွေ အပြင် လေ့ကျင့်ရေးတွေ အန္တရာယ်ရှိပါက လေယာဉ်မူးများကို အချက်ပြချက်ပေးနိုင်အောင် ပြုလုပ်ဖန်တီးပေးတဲ့ နည်းစနစ်တွေပါ ပါ၀င်ပါတယ်။

3 months, 2 weeks ago

? မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတိုင်းရင်းသားများအား အကာအကွယ် ပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသော အိတ်ဖွင့်ပေးစာ

၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၇ ရက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးပေါ်အစည်းအဝေး တစ်ရပ် ချက်ချင်းခေါ်ယူပြီး မြန်မာနိုင်ငံတစ်ဝှမ်း တိုးပွားလာနေသော အကြမ်းဖက်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်နှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတိုင်းရင်းသားများ အပါအဝင် မြန်မာတစ်နိုင်လုံး ပြည်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက် အရေးယူဆောင်ရွက်မှု တစ်ရပ် ညှိနှိုင်းလုပ်ဆောင်ရန် အောက်ပါလက်မှတ်ထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း (၈၉) ဖွဲ့တို့မှ အခိုင်အမာတိုက်တွန်းတောင်းတွန်းဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်နှင့် လေယာဥ်လောင်စာဆီ တင်ပို့ရောင်းချမှုအား ပိတ်ဆို့တားဆီးမှုများနှင့် မြန်မာနိုင်၏ အကျပ်အတည်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးခြင်း (သို့မဟုတ်) ရာဇ၀တ်ခုံရုံးတစ်ခု ထူထောင်ပေးခြင်း တို့ပါ၀င်သည့် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ကို အမြန်ဆုံး ချမှတ်ပေးရန်လည်း မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

PDF file download ရယူရန်
http://bit.ly/4eGpa14

#BloodMoneyCampaignMM

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 month, 1 week ago