Click For BPLA

Description
Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

1 month, 2 weeks ago

တော်လှန်ရေးကာလအလွန်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုရွေးချယ် တင်မြှောက်ထားသည့် အရပ်သားအစိုးရထံတွင် လက်နက်များကို ပြန်လည်အပ်နှံမည်။

👉 လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး
by BPLA
👇
https://ouo.io/7LbWhbB

1 month, 2 weeks ago

တော်လှန်ရေးပြီးဆုံးသည့်အချိန်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပူးတွဲတည်ထောင်သည့် ပြည်နယ်များနှင့် ပြည်သူတို့၏ သဘောတူညီချက်ကို ထင်ဟပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ Security Sector Reform (SSR) ဖြင့် လုံခြုံရေးကဏ္ဍအသစ်ကို အတူတကွ အကောင်အထည်ဖော်ကြရန် မျှော်ရည်သည်။

👉 လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး
by BPLA
👇
https://ouo.io/3c24N

1 month, 2 weeks ago

ကျွန်ုပ်တို့တပ်တော်ထဲတွင် ဗမာမဟုတ်သော အခြားလူမျိုးစုတို့၏ ပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်တို့ကိုလည်း ကန့်သတ်မထားဘဲ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသကဲ့သို့ ယုံကြည်ကိုးကွယ်မှု မရှိခြင်းကိုလည်း တပ်တော်က အသိအမှတ်ပြုသည်။

တပ်ဖွဲ့ဝင်လူမျိုးအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ကျင့်သုံးခြင်းကိုလည်း အားပေးသည်။

လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားခြင်းအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရန် အကာအကွယ်ပေးသွားမည်။

👉 မတူကွဲပြားမှုကို လက်ခံကျင့်သုံးခြင်း
by BPLA
👇
https://ouo.io/p6ynez

1 month, 2 weeks ago

ယခုနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို မိတ်ဖက်အဖွဲ့အစည်းအဖြစ်မှတ်ယူသည်။

သို့သော် မိမိတို့၏ ခံယူချက်၊ ရပ်တည်ချက်များနှင့် ကိုက်ညီမှုအပေါ် အခြေခံလျက် မဟာမိတ်ဆက်ဆံရေးကို ထားရှိ ဖော်ဆောင်သွားမည်။

👉 နိုင်ငံရေး မဟာမိတ်စုဖွဲ့မှု
by BPLA
👇
https://ouo.io/R5Nj50

1 month, 2 weeks ago

နိုင်ငံတော်တွင် အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စား အခြေခံလူတန်းစားတို့၏ ပေးဆပ်မှု၊ အားထုတ်ပါဝင်မှုသည် အဓိကကျသောအခန်းကဏ္ဍတွင်ရှိသည်။

အဆိုပါလူတန်းစားတို့၏ လူမှုစီးပွားအကျိုး၊ တစ်သီးပုဂ္ဂလခံစားခွင့်နှင့် အစုအဖွဲ့(သမဂ္ဂများ)အကျိုးတို့ကိုပါ ကာကွယ်ရပ်တည် ဖော်ဆောင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

👉 အလုပ်သမား၊ လယ်သမား လူတန်းစားတို့၏ ရပိုင်ခွင့်
by BPLA
👇
https://ouo.io/qOv3W5

1 month, 2 weeks ago

အမုန်းတရား ဖြန့်ဝေရန်နှင့် ကိုယ်ထိလက်ရောက်အကြမ်းဖက်ရန် ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်ခြင်းများကိုသာ တားမြစ်ရမည်။

👉 လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်
by BPLA
👇
https://ouo.io/jTlM9w

1 month, 3 weeks ago

(၇) ပြည်နယ်အတွင်းရှိ မည်သည့်လူမျိုးကိုမဆို ပြည်နယ်တွင်း နိုင်ငံရေးကိုယ်စားပြုခွင့်၊ ဆုံးဖြတ်ခွင့်များ ရှိစေရမည်။

ယင်းတို့၏ နယ်မြေအခြေခံအုပ်ချုပ်ရေးနှင့် လူမျိုးရေး ယဉ်ကျေးမှု အခွင့်အရေးများ ထိခိုက်မှု လုံးဝ မရှိစေရ။

👉 အသစ်ထူထောင်လိုသော ပြည်နယ်များအနေဖြင့် အခြေခံသင့်သည့် ဝိသေသလက္ခဏာများ
by BPLA
👇
https://ouo.io/oC2zBsE

1 month, 3 weeks ago

(၆) ပြည်နယ်အုပ်ချုပ်ရေးစနစ်တွင် ကိုယ်ပိုင်ဘာသာစကားကိုလည်း ကျင့်သုံးနိုင်သည်။

👉 အသစ်ထူထောင်လိုသော ပြည်နယ်များအနေဖြင့် အခြေခံသင့်သည့် ဝိသေသလက္ခဏာများ
by BPLA
👇
https://ouo.io/f36pUWI

1 month, 3 weeks ago

(၅) ပြည်နယ်တွင်း အုပ်ချုပ်ရေးများတွင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ ဌာနေဓလေ့ထုံးတမ်းကို ထင်ဟပ်သော အုပ်ချုပ်ရေးစနစ်အဖြစ် ကျင့်သုံးနိုင်သည်။

သို့ရာတွင် ကျားမတန်းတူရေး၊ လူငယ်အခွင့်အရေး၊ လိင်ဖြစ်တည်မှုအခွင့်အရေးနှင့် အခြားလူမျိုးများ၏ ဘာသာရေး၊ ယဉ်ကျေးမှု အခွင့်အရေးများကို ထိခိုက်ခြင်း မရှိစေရ။

👉 အသစ်ထူထောင်လိုသော ပြည်နယ်များအနေဖြင့် အခြေခံသင့်သည့် ဝိသေသလက္ခဏာများ
by BPLA
👇
https://ouo.io/TYY8gE

2 months ago

(၂) ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုကိုယ်စားလှယ်များဖြင့် ရေးဆွဲ၍ ပြည်နယ်လုံးကျွတ် ဆန္ဒခံယူပြီး အတည်ပြုရမည်။

👉 အသစ်ပေါ်ထွန်းလိုသော ပြည်နယ်များအနေဖြင့် အခြေခံသင့်သော ဝိသေသလက္ခဏာများ
by BPLA
👇
https://ouo.io/XuwMWS

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago