Click For BPLA

Description
Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 10 months ago

2 days, 8 hours ago

မနက်ခင်းတိုင်း မနေ့ကရဲ့ မနေ့တစ်ရက်ကို စဉ်းစားမိတယ်
စဉ်းတီတုံးလို အမာရွတ်တွေနဲ့ ဦးနှောက်ဟာ ကိုယ့်ကိုယ်ကိုယ်တောင်မမှတ်မိတော့ဘူး
အသက်ဟာ တဖြည်းဖြည်းကြီးလာတာတဲ့
တစ်ခါတစ်လေလည်း ဘယ်အပေါက်က တိုးဝင်လာမှန်းမသိတဲ့ သွေးပေါင်ကို အပ်နဲ့ဖေါက်ပြီး အရက်နဲ့ တို့မြည်းချင်တယ်လို့
ဦးနှောက်တခြမ်း မဖွင့်ဖြိုးသေးတဲ့ ကလေးငယ်လို တွေးမိတယ်

👉 မနက်ဖြန်တွေကို fucking ပါဘဲ by ဘုဏ်းခရိုးရာ
👇
https://ouo.io/5yTyNLp

2 days, 23 hours ago

ပြသနာဟာ မျက်ရည်လို မလိုချင်တိုင်းစီးဆင်းလာတတ်တယ်
တချို့အရာတွေကို မြိုသိပ်လိုက်ရခြင်းဟာ
ပြသနာကို မီးပုံးပျံတစ်ခုလို မှိုင်းဝစေတာပဲ
ဒါပေမယ့် ဘယ်ပြသနာမှ မိုးကောင်းကင်ပေါ် မီးပုံးပျံလို ပျောက်ကွယ်မသွားခဲ့

👉 မနက်ဖြန်တွေကို fucking ပါဘဲ by ဘုဏ်းခရိုးရာ
👇
https://ouo.io/1wSbAg

3 days, 8 hours ago

နေ့စဉ်သောက်နေကျပုလင်းက ရုတ်တရက်ကျကွဲသွားတယ်
အပိုင်းအစတွေ ဖွာလန်ကြဲနေတဲ့အထဲမှာ
မင်းက မင်းကိုယ်မင်း အစိတ်အပိုင်းတစ်ခုအဖြစ် မတွေးမိခဲ့သေးဘူး
ဖန်ကွဲစတွေကို မင်းက မင်းပိုင်ဆိုင်တဲ့ လက်နှစ်ဘက်နဲ့ သိမ်းဆည်းလိုက်တဲ့အခါမှာ
ဖန်ကွဲစတစ်စက မင်းလက်ကို စိုက်ဝင်သွားတယ်
မင်းက မင်းကိုယ်မင်း အောင်နိုင်သူလိုမပြုံးတတ်သေးဘူး

👉 မနက်ဖြန်တွေကို fucking ပါဘဲ by ဘုဏ်းခရိုးရာ
👇
https://ouo.io/wTdXdL

1 week, 1 day ago

ငါခေါက်သိမ်းထားတဲ့ နီညိုရောင်ဖြတ်ပိုင်းများ

ရုန်းကန်ရင်း အသက်ရှင်ရတာ ကြိုက်တယ် လို့
ရဲဆေးတင်ပြီး ဘဝကို စောက်ကြောတင်းတင်း
ဖြတ်သန်းလာခဲ့တဲ့ကောင်

👉 ငါခေါက်သိမ်းထားတဲ့ နီညိုရောင်ဖြတ်ပိုင်းများ by ဗျာလ်လ
👇
https://ouo.io/bX8m9X

1 week, 2 days ago
မြန်မာ့ လူ့အဖွဲ့အစည်းသည် အမျိုးသမီးများ၏ပါဝင်မှုကို အလေးမထားသည့် ဖိုဝါဒအလွန်လွှမ်းမိုးသော လူ့ …

မြန်မာ့ လူ့အဖွဲ့အစည်းသည် အမျိုးသမီးများ၏ပါဝင်မှုကို အလေးမထားသည့် ဖိုဝါဒအလွန်လွှမ်းမိုးသော လူ့ အသိုင်းအဝန်းဖြစ်သောကြောင့် အမျိုးသမီးများ မည်မျှပင်ပါဝင်စေကာမူ အသိအမှတ်ပြုမှုများမှာ လည်း အားနည်းနေဆဲပင်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။

(ယခုဆောင်းပါးကို the Asia Pacific Forum on Women, Law and Development ၏ “Media and Visual Journalism Fellowship on Militarism, Peace and Women’s Human Rights” အစီအစဥ်မှ ပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။)

https://www.facebook.com/share/p/dQKuoTkVqqKWTbwc/?mibextid=oFDknk

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/QTIxeX

1 week, 2 days ago

လက်ရှိကာလတွင် တော်လှန်ရေးမှာ အားကောင်းနေသည့်တိုင်အောင် ဂျန်ဒါအရေး၊ အမျိုးသမီး အရေးနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုအရေးစသည်တို့မှာ နောက်ပို့ခံထားရပြီး ဖွင့်ဟ ပြောဆို ရာတွင်လည်း စိန်ခေါ်မှုများရှိနေသည်ဟု အမျိုးသမီးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

👉 တော်လှန်ရေးထဲက တော်လှန်ရေး - ဖိုဝါဒကြီးစိုးမှုကိုပါ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးများ by မြ
👇
https://ouo.io/rWGWVt

3 months, 2 weeks ago

ငါ့အလွမ်းတွေကို ငါချရေးလျှင် ကုန်မည်မထင်ပါ။

မကုန်တော့မည့်အတူ ချရေးလိုက်တော့မည်ဟု ဆုံးဖြတ်ကာ ဤစာကို ရေးခြင်းဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်းရှိ အမေဇုန်တောဟု ငါအမည်ပေးထားသော ဤကရင်မေဇုန်တွင် ငြိမ်းချမ်းရေးတေးသံများ လွှမ်းပါစေသား။

မြို့ပြရှိ လူ့အဖွဲ့အစည်းနှင့် မကိုက်ညီသော ဤသင်းကွဲငှက်များသည် အပေါင်းအသင်းအစုအဖွဲ့များနှင့် အမြန်ဆုံစည်းနိုင်စေသတည်း။

ပြာသိုရောင်သင်းသည့် ညလွင်ပြင်တွင် ငါဆုတောင်းရင်း ကျလာသော မျက်ရည်စက်များကို သုတ်လိုက်ပါသည်။

လွမ်းလိုက်တာ အိမ်ကလေးရယ် . . . . ။

? လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ်
?
https://ouo.io/0qlvnF

3 months, 2 weeks ago

မည်းမှောင်တိတ်ဆိတ်နေသော ညကောင်းကင်တွင် လျှပ်စီးနတ်သမီးသည် ပြေးလွှားကခုန်နေ၏။

ဖက်ဖူးစိမ်းရောင် ငှက်ပျောပင်ကိုင်းဖျားတွင် ဘောက်ဖက်တကောင် နားနေသည်။

ညအမှောင်ကို ငါသဘောကျနေမိပြီ။

လေယာဉ်ပျံသံသည် လပြည့်ဝန်း၏ အကူအညီယူ၍ ငါတို့နေရပ်ကို ပြနိုင်သဖြင့် ငါသည် ညအမှောင်ကို သဘောကျ၏။
ဒါဟာ စာရေးဆရာမ ဟန်နာအန့်ပြောသည့် ဆိုးယုတ်မှု၏ သာမန်ဆန်မှုများလား။

ရဟန်းတပါး၏ ရင်ဝယ်ပိုက်ထားသည့် သပိတ်ထဲက ပြည့်လျှံနေသောဆွမ်းများလို ငါ့ရင်ထဲကအလွမ်းများသည် တားမနိုင်၊ ဆီးမရပါလား။

? လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ်
?
https://ouo.io/YP8QXI

3 months, 2 weeks ago

လွမ်းသည်။

လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည်။

လွမ်းပါသည်။

တကယ်လွမ်းပါသည်လားကွယ်။

ဂစ်တာတလက်မှာ အလွမ်းရှိသလို လူတယောက်မှာလည်း အလွမ်းရှိပါသည်။
လွမ်းဆွတ်တမ်းခြင်းဆိုသည်မှာ အလွမ်းဟာ ဆွတ်ပျံ့မွှေးသင်း၍ နာမည်တခု၊ ဖြစ်ရပ်တခုကို တမ်းတမြည်ဆွဲလိုက်ပင် မဟုတ်လား။

ဗန်းမော်အထက်တန်းကျောင်းမှာ တက်ခဲ့လို့ သူ့ကိုယ်သူ ဗန်းမော်တင်အောင်ဟု နာမည်ပေးသည့် ပဲခူးကစာရေးဆရာ ဦးတင်အောင်ကို လွမ်းသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်၍ အဖမ်းခံရသည့် အောင်ပန်းက ဒဂုန်တာရာဆိုသူ ဦးဌေးမြိုင်ကို လွမ်းသည်။

ကိုအောင်ဆန်း၊ ကိုကြီးနု၊ ဒေါ်မမလေး၊ ဦးချစ်မောင်၊ ဒေါ်အမာနဲ့ဦးလှ၊ ဒေါ်ခင်မျိုးချစ်တို့ကို လွမ်းသည်။

အိုကွယ် . . . . ငါ့မှာလွမ်းစရာတွေ တသီတသန်းကြီးနဲ့ပါလား။

? လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ်
?
https://ouo.io/bNbjMJ

3 months, 2 weeks ago

ထို့ထက်မှာမူ
ချစ်ခင်သူနှင့်
အတူတကွ
မပေါင်းရပဲ
လွမ်းတပူဆွေး
သူနှင့်ဝေးသော်
ပြည်ထဲရေးနဲ့
ဝမ်းရေးတို့ထက်
လွမ်းရေးခက်၏။
(မဟာမင်းလှမင်းခေါင်ဦးရွှန်း)

? လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ်
?
https://ouo.io/9TYn0Vc

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 10 months ago