𝗖𝗮𝗿𝘁𝗼𝗼𝗻 𝗠𝗼𝘃𝗶𝗲 𝗠𝗮𝗶𝗻

Description
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

1 year, 7 months ago
**𝖩.𝗎.𝗌.𝗍 𝖲.𝗎.𝗉.𝖾.𝗋 (2022)

**𝖩.𝗎.𝗌.𝗍  𝖲.𝗎.𝗉.𝖾.𝗋  (2022)

ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။

သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။

သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက
ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။

အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။

ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။

ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို

စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/cartoon_mv2/2113 🎬 Main channel 🔗**https://t.me/addlist/CHmagNIKJr83MGJl

1 year, 7 months ago
**Epic (2013)

**Epic (2013)

➪➪➪➪➪➪➪➪➪➪➪➪➪➪

2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊
epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့
တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့
ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ
လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို
အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း
သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။
ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက
သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ |
ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။
သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး
အရသာပျက်မှာစိုးတာကြောင့်*📺*Main Channel Join 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/cartoon_mv2/2111

1 year, 7 months ago
**ပုရွက်ဆိတ် Animation ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်** *****🍸***** **Minuscule: …

ပုရွက်ဆိတ် Animation ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် *🍸 *Minuscule: Valley of the Lost Ants *📱* ============================

ဇာတ်လမ်းအကျဉ်းကတော့....

လင်မယား ၂ ယောက်ဟာပျော်ပွဲစားထွက်လာရင်း မိန်းမဖြစ်သူက မီးဖွားခါနီးဖြစ်လို့ အသဲအသန်ပြန်ရာကနေ စပါတယ်

ထိုစဉ်မှာ ချေးပိုးထိုးအကောင်လေးကလည်း မွေးဖွားလာပါတယ် ။

အဲဒီနောက်မှာ ပျော်ပွဲစားထွက်တဲ့ အစားအစာအချို့ကျန်ရှိနေပါတော့တယ် ။

ဒီအစားအစာတွေကို သတ္တဝါပေါင်းစုံအကောင်ပေါင်းစုံကနေပြီး လာရောက်စားကြပါတော့တယ်..

အဲ့ဒီထဲမှာ ပုရွက်ဆိတ်အနက်တွေလဲ ပါပါတယ်အဲ့ဒီနောက်ပိုင်း ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ .....

Main Channel linkမပျက်ခင်Joinပါ 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/cartoon_mv2/2109

📺link 2
https://t.me/Cm_MOVIE4/1392

1 year, 7 months ago
**ကဲ.....ရီရတာများလို့ ငိုချင်တဲ့သူလေးတွေအတွက် ကြည့်ရင်း ငိုလို့ရပါပြီ** *****⭐***** **5 …

ကဲ.....ရီရတာများလို့ ငိုချင်တဲ့သူလေးတွေအတွက် ကြည့်ရင်း ငိုလို့ရပါပြီ *⭐ *5 Centimeters Per Second ( 2007 ) *📱* ============================

ဇာတ်လမ်းအကျဥ်းကို ပြောရရင်တော့ Suzumeဟာ အဒေါ်နဲ့အတူ နေထိုင်တဲ့ မိဘမဲ့တစ် ယောက်ပါ ။

သူငယ်စဥ်တုန်းက အမေ သေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာ တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို မမှတ်မိတဲ့သူလည်းဖြစ်ပါတယ် ။

တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့ နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အ ကြောင်း မေးသွားခဲ့ပါတယ် ။

နောက်တော့ Suzume ဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့ လူမရှိတဲ့ နေရာဆီကို လိုက်သွားရင်း တံခါးတစ်ချပ်ကို တွေ့သွားခဲ့ပါတယ်။

အဆိုပါတံခါးကို Suzume ဟာ ဖွင့်လိုက်တဲ့အခါမှာတော့ ..

Main Channel linkမပျက်ခင်Joinပါ 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/cartoon_mv2/2107📺 Movie link 2 🔽**https://t.me/Cm_MOVIE4/1383?single

1 year, 7 months ago
**မီးခိုးတွေနဲ့ ပိတ်မိနေတဲ့မြို့ကနေ ကြယ်တွေကို မြင်ရဖို့အတွက် စွန့်စားခန်းထွက်ကြမယ့် ကောင်လေးနဲ့ …

**မီးခိုးတွေနဲ့ ပိတ်မိနေတဲ့မြို့ကနေ ကြယ်တွေကို မြင်ရဖို့အတွက် စွန့်စားခန်းထွက်ကြမယ့် ကောင်လေးနဲ့ အမှိုက်လူသား

Poupelle of Chimney Town ( 2020 ) 📱 ============================

မီးခိုးခေါင်းတိုင်မြို့ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့မြို့လေးက

လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား တို့ရဲ့ စွန့်စားခန်းကို ငိုလိုက်ရယ်လိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။

လုဘိချိရဲ့ အဖေဖြစ်သူက ကောင်းကင်မှာကြယ်တွေရှိကြောင်းပြောလေ့ရှိတယ် ။

အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး ။

မြို့တစ်ခုလုံးက မီးခိုးတွေနဲ့ပိတ်နေတာကိုး ၊ ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ

အဲတာနဲ့ တစ်နှစ်လောက်ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။

အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့
အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့

နောက်မှ လူမဟုတ်မှန်းသိသွားကြတော့လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ် ။

Main Channel linkမပျက်ခင်Joinပါ 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/cartoon_mv2/2105

📺 Movie link 2 🔽
https://t.me/Cm_MOVIE4/1443

1 year, 7 months ago
**အတိတ်ကို အချိန်ခရီးသွားပြီး ကမ္ဘာကြီးကို ကယ်တင်ရသောအခါ.....

**အတိတ်ကို အချိန်ခရီးသွားပြီး ကမ္ဘာကြီးကို ကယ်တင်ရသောအခါ.....

Regular Show the Movie ( 2015 ) 📱 ==========================

2015 ခုနှစ်ကထွက်ရှိခဲ့ြပြီး IMDb 7.4
ထိရရှိခဲ့တဲ့ Animation ဇာတ်ကားကောင်း တကားကိုတင်ဆက်ပေးလိုက်ပါတယ်

ရစ်ဂီဟာ အနာဂတ်ကာလ မှာ Benson, Skips, Hi-Five Ghost, Muscle
Man, and Pops  တို့ကိုဦးဆောင်ြပြီး
မကောင်းဆိုးဝား စက်ရုပ်များကို ဦးဆောင်တိုက်ခိုက်နေတဲ့
ခေါင်းဆောင်တဦးဖြစ်ပါတယ်။

အဖျက်စက်ရုပ် မစ္စတာဘော့ဟာ အချိန်ယန္တယား က ိုတီထွင်ထားြပြီး တစ်နေ့ဟာ အချိန်ခရီးသွားရင်း ကမ္ဘာမြေပေါ်ရောက်ရှိလာပါတယ်

ဒီလိုနဲ့ ရစ်ဂီဟာ အချိန်ယန္တယားကိုအသုံးပြုြပြီး အတိတ်ကာလကိုသွားရောက်တာ အဖျက်သမားတွေကိုတားဆီးဖို့လုပ်ဆောင်ပါတော့တယ်

ထိုအချိန်မှာ အတိတ်ကာလမှာ ကျောင်းသားလေး မိုဒီယာ နဲ့
ဆုံမိပြီး ရစ်ဘီဟာ မိုဒီယာနဲ့အတူ
အဖျက်စက်ရုပ်တွေကို တားဆီးနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှူရမှာဖြစ်ပါတယ် ။*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/cartoon_mv2/2103 🎬 Main channel 🔗**http://t.me/addlist/d2vQ4wu8t1xlOGZl

1 year, 7 months ago
**အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒစ္စနေး ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ …

**အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒစ္စနေး ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..

မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်

သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး

တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်

ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်

IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/cartoon_mv2/2098 🎬 Main channel 🔗**http://t.me/addlist/d2vQ4wu8t1xlOGZl

1 year, 7 months ago
**The Stolen Princess: Ruslan and Ludmila …

**The Stolen Princess: Ruslan and Ludmila (2018)

ဒီတစ်ခေါက် ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့“The Stolen Princess” ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်..

Animation movie နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတန်မယ့်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်အညွှန်း-
ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့…ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်..ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့…ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ…ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ…မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ…ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်…မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ်…*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/Cm_MOVIE4/1449 🎬 Main channel 🔗**http://t.me/addlist/d2vQ4wu8t1xlOGZl

1 year, 7 months ago
**Over the Moon (2020)

**Over the Moon (2020)

IMDb Rating – 7.0/10

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ သိကြမှာပါ။

ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။

ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။

ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး

ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

Main Channel Join 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/Cm_MOVIE4/1447

1 year, 7 months ago
**Bubble (2022)

**Bubble (2022)

တိုကျိုမြို့ကြီးမှာ ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်တဲ့ ပူဖောင်းတွေ မြေပေါ်ကျလာတဲ့အခိုက်အတန့်ကစလို့ တိုကျိုဟာသီးခြားကမ္ဘာတစ်ခုလိုဖြစ်လာပြီး မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူငယ်တွေအတွက် စွန့်စားခန်းတွေပြည့်နှက်နေတဲ့ ကစားကွင်းကြီးတစ်ခုလိုဖြစ်လာပါတော့တယ်။အဲ့ဒီလူငယ်တွေထဲကမှ သူမတူတဲ့စတိုင်၊ အန္တရာယ်များတဲ့အကွက်တွေနဲ့ ကစားတတ်တဲ့ ဟီဘိခိ ဆိုတဲ့ကောင်လေးဟာ တစ်နေ့မှာသူ့အသက်ကို ဆန်းကြယ်တဲ့အစွမ်းတွေရှိနေတဲ့ အုတ ဆိုတဲ့ကောင်မလေးရဲ့ ကယ်တင်ခံလိုက်ရပြီးနောက် ထူးခြားတဲ့အသံတစ်ခုကို သူတို့နှစ်ဦးတည်းသာ ကြားနိုင်မှန်းသိရှိသွားတဲ့အခါ…သူတို့နှစ်ဦးရဲ့ ဆုံစည်းမှုကနေ ကမ္ဘာကြီးကိုတစ်ဖန်ပြောင်းလဲနိုင်မှာလား…?ဆိုတော့ကာ အများကြီးညွှန်းမနေတော့ပါဘူး။ Japan Animation လောကထဲက ထိပ်တန်းအနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုကို ကြည့်ရမယ့်အခွင့်အရေးကိုသာ လက်လွှတ်မခံကြပါနဲ့လို့ အကြံပြုရင်း

Main Channel Join 🔽*🔽*https://t.me/addlist/CHmagNIKJr83MGJl😍*ကြည့်ရန်နှိပ်ပါ👇*https://t.me/cartoon_mv2/2097

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot