𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)

Description
🎖️𝐒𝐄𝐂 𝐏𝐫𝐨𝐯𝐢𝐝𝐞 𝐅𝐫𝐞𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 & 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐀𝐥𝐥 𝐎𝐯𝐞𝐫 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 🌍
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago

2 weeks, 1 day ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
2 weeks, 1 day ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
2 weeks, 3 days ago

🇨🇳100% Fully Funded China Scholarship အကြောင်း
CSC Scholarship (China Scholarship Council) ဆိုတာ 🇨🇳တရုတ်နိုင်ငံမှာ ပညာသင်ကြားလိုသူတွေအတွက် နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်တဲ့ ပညာသင်ဆုတစ်မျိုးဖြစ်ပါတယ်။🌍

ဒီပညာသင်ဆုကို တရုတ်အစိုးရက နှစ်စဉ်ချီးမြှင့်ပြီး ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေအတွက် လျှောက်ထားနိုင်ပါတယ်

CSC Scholarship အမျိုးအစားများ 🏅

  1. အစိုးရပညာသင်ဆု (Chinese Government Scholarship)
    -တရုတ်အစိုးရက တိုက်ရိုက်ပေးတဲ့ ပညာသင်ဆုဖြစ်ပြီး ကျောင်းလခအပြင် နေထိုင်စရိတ်၊ ကျန်းမာရေးအာမခံနဲ့ လစဉ်ထောက်ပံ့ကြေးတွေ ပါဝင်ပါတယ်။

  2. တက္ကသိုလ်အလိုက်ပညာသင်ဆု (University Scholarship)
    -တရုတ်နိုင်ငံရဲ့ အချို့တက္ကသိုလ်တွေက သူတို့ရဲ့ ပညာသင်ဆုတွေကို CSC မှတစ်ဆင့် ပေးအပ်ပါတယ်။

  3. ပူးပေါင်းဆောင်ရွက်မှုပညာသင်ဆု (Bilateral Program)
    -တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုအရ ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။

CSC Scholarship အတွက် လိုအပ်ချက်များ 📋

  1. ပညာရေးအရည်အချင်း
    -ဘွဲ့ကြိုအတွက်: အထက်တန်းအောင်မြင်ရမယ်။
    -မဟာဘွဲ့အတွက်: ဘွဲ့ရရှိထားရမယ်။
    -ပါရဂူဘွဲ့အတွက်: မဟာဘွဲ့ရရှိထားရပါမယ်။

  2. အသက်အရွယ်ကန့်သတ်ချက်
    -ဘွဲ့ကြို: အသက် ၂၅ နှစ်အောက် -မဟာဘွဲ့: အသက် ၃၅ နှစ်အောက်
    -ပါရဂူဘွဲ့: အသက် ၄၀ နှစ်အောက်

  3. ဘာသာစကားလိုအပ်ချက်

-Chinese Language 🇨🇳နဲ့ တက်မယ်ဆိုရင် HSK စာမေးပွဲအောင်ရမယ်။
-English Language 🇺🇲နဲ့ တက်မယ်ဆိုရင် IELTS/TOEFL ရမှတ်လိုအပ်ပါတယ်။

  1. ကျန်းမာရေးစစ်ဆေးချက်-ကောင်းမွန်တဲ့ Result တစ်ခုရှိရပါမယ်။

CSC Scholarship အတွက် လျှောက်ထားနည်း 🖥️

  1. တရုတ်နိုင်ငံရဲ့ CSC website မှာ အကောင့်ဖွင့်ရပါမယ်

CSC Scholarship Website
Link-> https://www.csc.edu.cn
မှာအကောင့်ဖွင့်ပြီး လျှောက်လွှာဖောင်ကို ဖြည့်ပါ။

  1. တက္ကသိုလ်ရွေးချယ်ပါ

CSC ပညာသင်ဆုကို ပေးတဲ့ တက္ကသိုလ်တွေထဲက မိမိစိတ်ဝင်စားရာ 🏢တက္ကသိုလ်ကို ရွေးချယ်ပါ။

  1. လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ပါ

📝ပညာရေးအောင်လက်မှတ်များ
📝ဘာသာစကားစာမေးပွဲရမှတ်နှင့်လက်မှတ်များ
📝Recommendation Letters
📝Research Proposal
📝ကျန်းမာရေးစစ်ဆေးထားသောစာရွက်စာတမ်း

  1. လျှောက်လွှာတင်ပါ

💻အွန်လိုင်းကနေ လျှောက်လွှာတင်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပေးပို့ရပါမယ်။

CSC Scholarship ရဲ့ အားသာချက်များ

🍀ကျောင်းလခကင်းလွတ်ခွင့်
🍀လစဉ်ထောက်ပံ့ကြေး
(ဘွဲ့ကြို: ၂,၅၀၀ RMB)
(မဟာဘွဲ့: ၃,၀၀၀ RMB)
(ပါရဂူဘွဲ့: ၃,၅၀၀ RMB)
🍀နေထိုင်စရိတ်နဲ့ ကျန်းမာရေးအာမခံပါဝင်ခြင်း
🍀တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်

လျှောက်ထားချိန်ကာလ:
နှစ်စဉ် ဇန်နဝါရီလမှ မတ်လအတွင်း

📝လျှောက်လွှာတွေကို သေချာစွာဖြည့်ပြီး စာရွက်စာတမ်းတွေ ပြည့်စုံအောင် ပြင်ဆင်ထားသင့်ပါတယ်နော်

ပညာသင်ဆုရပြီးရင် 🇨🇳တရုတ်နိုင်ငံမှာ ပညာသင်ကြားဖို့ နောက်တစ်ဆင့်ဗီဇာကို လျှောက်ထားရတော့မှာဖြစ်ပါတယ်

CSC Scholarship ဟာ 🌍နိုင်ငံတကာကျောင်းသားတွေအတွက် ပညာရေးအခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး လူငယ်တွေရဲ့ 🍀အနာဂတ်ကို ဖန်တီးပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာမို့လို့ အားလုံးပဲ လက်လွှတ်မခံကြပါ‌နော်။ ****

ဒါဆိုရင် 🇨🇳CSC scholarship အကြောင်း သေချာလေးသိရှိပြီးသွားပြီလို့မျှော်လင့်ပါတယ်၊ နောက်ထပ် Scholarships အကြောင်းများစွာနဲ့ ပြန်လည်‌တွေ့ပါမယ်ရှင့်🩷

⭐️Star's Facebook:
https://www.facebook.com/share/18kVFjLgGJ/

⭐️Star's Telegram:
https://t.me/StarsEducationCentre

*🎖SEC Provide Free Education & Knowledge All Over the World 🌍***
#StarsEducationCentre #SEC #ChinaScholarshipCouncil #CSC

3 months, 1 week ago

?စာဖတ်ခြင်းရဲ့ အကျိူးကျေးဇူး ၇ ခု

?️ Mordern ခေတ်နဲ့အညီ လူတိုင်းနီးပါး social platform တွေပေါ်မှာပဲ အချိန်တွေကုန်ဆုံးတာများလာတာနဲ့သမျှ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခုကို ပိုပိုပြီး ဂရုစိုက်လေ့ကျင့်ဖို့လိုအပ်လာပါတယ်‼️?

?ဒါကြောင့် စာဖတ်ဖို့ပျင်း‌ရိနေကြတဲ့ stars လေးတွေအတွက် စာဖတ်ခြင်းဟာ ဘယ်လိုကောင်းကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်?

1.? ဖြန့်ကျက်တွေးတောတတ်လာခြင်း

??စာတွေဖတ်ပြီးတဲ့ အခါမှာ စာအုပ်ထဲကအကြောင်းအရာတွေကို လိုက်ပြီးအနက်နဲဆုံးအထိ တွေးမြင်ကြည့်ကြတတ်သလို၊ " ကိုယ်သာဆိုရင် " ဆိုတဲ့ အတွေးနဲ့ ပြန်လည်စဉ်းစားတတ်လို့ စာဖတ်များသူတွေဟာ
ဘက်‌ပေါင်းစုံကနေ ဖြန့်ကျက်တွေးတောတတ်လာတတ်ပါတယ်

2.? စကားပြောစွမ်းရည်မြင့်မားလာခြင်း

??စာအုပ်ဖတ်သူအများစုဟာ ဖတ်ပြီးသားစာအုပ်များကို ပြန်လည်မျှဝေချင်တဲ့စိတ်ပြင်းထန်သလို စကားပြောတဲ့အခါမှာလည်း စာအုပ်ဖတ်တဲ့ အသိဉာဏ်ဗဟုသု‌တွေကြောင့် အကြောင်းအရာအချိတ်အဆက်မိမိနဲ့ စကားပြောကြွယ်ဝလာကြပါတယ်??

3.? ချင့်ချိန်တတ်ခြင်း

??စာအုပ်ဖတ်တာကြာလာတာနဲ့အမျှ စာအုပ်ထဲက အကြောင်းအရာ တွေဟာ ယုတ္တိရှိ ၊မရှိ ချင့်ချိန်ပြန်လည်စဉ်းစားတတ်သလို၊ လက်တွေ့ ဘဝမှာလည်း ပြဿနာများနဲ့ကြုံလာချိန်မှာ ချင့်ချိန်စဉ်းစားတတ်ကြပြီး အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်နိုင်တတ်ကြပါတယ်

4.?စိတ်မြန်လက်မြန်စိတ်များ နည်းပါးလာခြင်း

??စာအုပ်ဖတ်ရတာ ကြိုက်ကြသူအများစုဟာ အေးအေးဆေးဆေး နည်းမှန်လမ်းမှန်ကို အသိဉာဏ်ဗဟုသုတဖြင့် ရှာဖွေတွေ့ရှိတတ်ကြပြီး စကားပြောတဲ့အခါမှာလည်း အေးဆေးစွာ ဖြည်းဖြည်းမှန်မှန်သာ ပြောဆိုတတ်ကြပါတယ်?

5.? တိတ်ဆိတ်နေရတာ သဘောကျလာခြင်း

??စာအုပ်တွေ ဖတ်တာကြာလာတာနဲ့အမျှ အချိန်ရရင် ရသလို တခြားအလုပ်တွေအစား အေးအေးဆေးဆေး ရှိတဲ့နေရာလေးမှာပဲ တစ်ယောက်ထဲစာထိုင်ဖတ်ရတာ ပိုသဘောကျတတ်ပြီး ငြိမ်သက်အေးချမ်းတဲ့ နေရာတွေကြောင့် တစ်ယောက်တည်း တိတ်ဆိတ်စွာနေရတာကို သဘောကျတတ်ကြပါတယ်

6.? အသိမိတ်ဆွေများပေါ်မှ လေးစားမှုများ ရရှိလာခြင်း

??စာဖတ်များတဲ့ သူအများစုနဲ့ စကားလက်ဆုံပြောကြတဲ့အခါ စကားအပြောအဆိုဟာ နူးညံ့ကြပြီး ပညာသားပါပါပြောတတ်တာကြောင့် အသိမိတ်ဆွေများမှလည်း လေးစားရတဲ့ တစ်ယောက်ဖြစ်တတ်ကြပါတယ်?

7.? စိတ်ထားနူးညံ့ကြင်နာတတ်လာခြင်း

??စာအုပ်တွေနဲ့ ယဉ်ပါးလာသူအများစုသည် စကားအပြောအဆိုတွင် ကြွယ်ဝယုံမက အနေအထိုင်တွေကလည်း နူးညံ့လာတတ်ပြီး ဗဟုသုတအသိပညာပြည့်စုံကြသဖြင့် စိတ်သဘောထားများပြည့်ဝလာပြီး ကိုယ်ချင်းစာစိတ်လည်းအပြည့်အဝရှိတတ်လာကြပါတယ်?

အခုမျှဝေပေးသွားတဲ့အချက်လေးတွေကတော့ စာဖတ်ခြင်းကြောင့် တိုးတက်‌‌ပြောင်းလဲ ရရှိလာမယ့် ကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေဖြစ်ပါတယ် stars လေးတို့လည်း အခုပဲ Online ကနေဖြစ်ဖြစ် အိမ်မှာရှိတဲ့စာအုပ်တစ်အုပ်ကိုပဲဖြစ်ဖြစ် စဖတ်လိုက်ဖို့ အကြုံပြုပါရ‌စေနော်??

??‍♂️??‍♀️လတိုင်း အခမဲ့ ဘာသာစကားသင်တန်းလေးတွေကို ဖွင့်လှစ်ပေးသွားမယ့်အပြင် ဗဟုသုတရစေမယ့် content လေးတွေကို မျှဝေ‌ပေးသွားမှာမို့လို့ like & follow လုပ်ပြီး စောင့်ကြည့်ဖို့မမေ့နဲ့နော်???

?Official Tiktok

https://www.tiktok.com/@stars.education.c?_t=8mrPFT7GGkD&_r=1

?Official Telegram Channel

https://t.me/StarsEducationCentre

#StarsEducationCentre #SEC #Knowledge #Sharing #Reading #Benefits

3 months, 1 week ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
3 months, 1 week ago

?November လအတွက် အခမဲ့ပညာဒါနသင်တန်းများ ??‍♀️??Hello, Star's Education Centre ကနေ ? ပညာဒါနသင်တန်းတွေဖွင့်လှစ်လာတာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ် ဒီနေ့မှာတော့ ⭐️ Stars လေးတို့အတွက် ??တရုတ်၊??ကိုရီးယား၊ ၊??ဂျပန်စာ အခြေခံပညာဒါန သင်တန်းများကို အခမဲ့ ဖွင…

3 months, 3 weeks ago

We are honored to have reached 8888 subscribers. ??? Time to celebrate with you all! Let's keep the good times rolling!

@StarsEducationCentre

3 months, 3 weeks ago

*?November လအတွက် အခမဲ့ပညာဒါနသင်တန်းများ*

??‍♀️??Hello, Star's Education Centre ကနေ ? ပညာဒါနသင်တန်းတွေဖွင့်လှစ်လာတာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်

ဒီနေ့မှာတော့ ⭐️ Stars လေးတို့အတွက် *??တရုတ်၊??ကိုရီးယား၊ ၊??ဂျပန်စာ အခြေခံပညာဒါန သင်တန်းများကို အခမဲ့ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်? (အလုပ်နဲ့တစ်ဖက် ကျောင်းသားများသည့်အတွက် Video class ကိုစီစဉ်ထားပါတယ်)?*

?ဒါဆိုရင် အတန်းအပ်ဖို့ဘာတွေလိုအပ်မလဲ ?

1. ယခု Post ကို Facebook မှာ Public Share ပေးပါ
2. Comment တွင် မိမိတတ်ရောက်လိုသော အတန်းနာမည်ကိုရေးပေးပါ

(??Chinese /??Korean/??Japanese)

?ထို့နောက် အောက်ပါ Telegram Channel Link ကို Join ပေးပါ (အတန်းအပ်ပြီးမှသာ Join ပေးပါရန်)

SEC B2 Main Room

https://t.me/+kTQrQ-76PCFiYjFl

‼️ ကျောင်းသားတစ်ဦးလျှင် အတန်းတစ်ခုတည်းကိုသာ ရွေးချယ်ပေးပါရန် (အိမ်စာရှိပါသည်/စာလိုက်လုပ်နိုင်ရပါမည်?)

မကြာခင်မှာ China အစိုးရရဲ့ Fully Cover Scholarship နဲ့ အတူ ပြန်လည်တွေ့ဆုံပါမယ်‌‌ဗျာ?

SEC‌ကျောင်းကနေ လတိုင်းလိုလို ပညာဒါနအခမဲ့သင်တန်းလေးတွေကို ဖွင့်ပေးနေမှာမို့လို့ စောင့်မျှော်‌ဖို့မမေ့နဲ့နော်

*?Telegram Main Channel*https://t.me/StarsEducationCentre

#StarsEducationCentre #SEC #FreeClass #Free #Onlineclass

3 months, 3 weeks ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
4 months ago

?? ဥရောပမှာရှိတဲ့ အာတိတ်ကျွန်းစုတွေထဲမှာ အခမဲ့ကျောင်းတတ်ကြမယ်?

ဒီနေ့မှာတော့ Stars လေးတို့အတွက် ? အာတိတ်ကျွန်းစုတွေကြားထဲက ကမ္ဘာ့ပညာရေးအဆင့် 13 မှာရှိတဲ့ နိုင်ငံတစ်ခုမှာ ? Scholarship လျှောက်နည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်

Norway နိုင်ငံမှာ English နဲ့ Norwegian ဆိုပြီးတော့ Scholarship လျှောက်လို့ရနိုင်တဲ့ Taught Program နှစ်ခုရှိပါတယ်

?ဒါဆို ဘယ်လို Scholarship အမျိုးအစားတွေ Norway နိုင်ငံမှာလျှောက်လို့ရလဲ??

Government Scholarships
University Scholarships
Private Scholarships
Research Scholarships

ဆိုပြီး ၄မျိုးရှိတဲ့ထဲကနေ Stars လေးအတွက် ?? University Scholarships အကြောင်းကို အဓိကထားပြီးပြောပြပေးသွားမှာပါ?

? University Scholarships ဆိုတာဘယ်လိုမျိုးလဲ?

? University Scholarships ဆိုတာက ကိုယ် အထူးပြုရွေးချယ်ထားတဲ့ဘာသာရပ်ပေါ်မူတည်ပြီးလျှောက်ထားရတဲ့ Scholarship ကို ရည်ညွန်းတာဖြစ်ပါတယ်

? Scholarship လျှောက်ဖို့ အသက်ကန့်သတ်ချက်?

ကိုယ်ရွေးချယ်တဲ့ Scholarship ပေါ်မူတည်ပြီး အသက်ကန့်သတ်ချက်ကရှိနိုင်ပေမဲ့ ? သတင်းကောင်းလေးကတော့ ?? နိုင်ငံရဲ့ တော်တော်များများ University တွေက အသက်ကန့်သတ်ထားတာမရှိပါဘူးနော်

? Myanmar နိုင်ငံ ရဲ့ ၁၂ တန်းအောင်လက်မှတ်ကို Norway University တွေက လက်ခံသလား??

?? နိုင်ငံရဲ့ Education အရ
University တွေက‌နေ ?? နိုင်ငံ ၁၂ တန်းအောင်လက်မှတ်ကိုလက်မခံသေးပါဘူးဗျ

? Norway နိုင်ငံမှာ University Scholarship လျှောက်ဖို့ဘယ် Highschool degree နဲ့ ရမှတ်ဘယ်လောက်လိုအပ်လဲ? ?

IELTS/TOELF - Band 7 or Higher
GED - 600 or Higher
IGCSE - All A star needs
SAT - 1300 or higher
ACT - 27 or higher

?? Scholarship အတွက် ဖော်ပြပါ Highschool Degree တွေထဲက တစ်ခုနဲ့ ပြဒါန်းထားတဲ့ ရမှတ်တွေအထိ အနည်းဆုံး Stars လေးတို့မှာရှိဖို့လိုအပ်ပါတယ်နော်

?? University ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ရမှတ်တွေက မတူတာမလို့ Stars လေးတို့အနေနဲ့ ရွေးချယ်စရာပိုများများရနိုင်အောင် အမှတ်အမြင့်ကြီးရှိထားဖို့လိုအပ်ပါတယ်ဗျ??

? Norway Visa ကြေး + လေယာဉ်ကြေး + extra fees ကုန်ကြစရိတ်ခန့်မှန်းခြေ? (ပြင်ဆင်ချိန်အတွင်း၌သာ)

?€ 2000 ကနေ ? €3000 အတွင်းကုန်ကျနိုင်ပါတယ်ဗျ (Scholarship ရထားမှသာပါ)

?ကျောင်းလျှောက်ဖို့အချက်အလက်ပြည့်စုံသွားပြီဆိုရင် ? Scholarship လျှောက်ရမယ့် နေရာ?

https://www.wemakescholars.com/scholarships-for-burmese-students-to-study-in-norway

ဒီ Website ထဲမှာ အသေးစိတ် Scholarships info တွေနဲ့ update တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Stars လေးတို့အနေနဲ့ ?? Norwayနိုင်ငံမှာ Scholarship ရပြီး ကျောင်းပျော်ပျော်တတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ?

မကြာခင်မှာ နောက်ထပ် Scholarships တွေနဲ့ အတူ ပြန်လည်တွေ့ဆုံပါမယ်‌‌ဗျာ?

SEC‌ကျောင်းကနေ လတိုင်းလိုလို ပညာဒါနအခမဲ့သင်တန်းလေးတွေကို ဖွင့်ပေးနေမှာမို့လို့ စောင့်မျှော်‌ဖို့မမေ့နဲ့နော်

?Telegram Main Channel

https://t.me/StarsEducationCentre

#StarsEducationCentre #SEC #Norway #Scholarship #NorwayScholars #StudyinNorway #University

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago