Unlock a World of Free Content: Books, Music, Videos & More Await!

Knowledge Atmosphere

Description
Knowledges Atmosphereက သင်မသိသေးတဲ့ ဗဟုသုတအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ Subscribeလုပ်ပေးကြပါဦးနော်
Advertising
We recommend to visit
Fk43
Fk43
183,880 @fkhhoc

Last updated 1 year, 1 month ago

Last updated 1 month, 1 week ago

𝓦𝓵𝓬 𝓽𝓸 𝓶𝔂 𝓬𝓱𝓪𝓷𝓷𝓮𝓵 🫶🏻👼🏻✨
id instagram @sogand_en
https://t.me/HarfBeManBOT?start=NTc1NTE1NTU0Mg
نظر یا انتقادی چیزی👆🏻♥️

1 week, 6 days ago
2 weeks, 1 day ago

မျက်မှန်ပါဝါကျအောင် ဘာတွေလုပ်ရမလဲ?

မျက်စိပါဝါတိုးလာတယ် ဆလင်ဒါတိုးလာတယ်ဆိုတာ မျက်စိဆရာဝန်ဆီသွားတိုင်း ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက ပေါ့ပေါ့လေး သဘောထားပြီး ဆေးစစ်ချက်အဖြေကိုတောင် သေချာမကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ပြပြီး မျက်မှန်ကိုင်းလှလှလေး ရွေးဖို့ကိုပဲ စိတ်အားထက်သန်နေကြတတ်ပါတယ်။
မျက်မှန်ပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို သတ်မှတ်ပေးတာဖြစ်ပြီး ဆရာဝန်တွေကတော့ sphere လို့သုံးလေ့ရှိပါတယ်။ မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန် ( short-sighted )ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန် ( Long-sighted )ပါဝါဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေက အနီးမှုန်လေ့ရှိပြီးတော့ ယနေ့ခေတ် လူငယ်အများစုက ဖုန်း၊တီဗီ၊ ဂိမ်း အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးများလာတာနဲ့အမျှ အဝေးမှုန်တွေလည်း များလာကြပါတယ်။
ဒါ့ကြောင့် အဝေးမှုန်သူတွေရော အနီးမှုန်သူတွေရောအတွက် မျက်စိပါဝါကျပြီး ကျန်းမာတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။

(၁) မျက်လုံးကျန်းမာရေးအတွက် ကောင်းသော အစားအစာများကို စားပါ။

အစားအသောက်စားရာမှာ မျက်စိအာဟာရဓာတ်ပြည့်ဝစေမယ့် Vitamin A, Vitamin C, Lutein, Veta Carotene ကြွယ်ဝတဲ့ မုန်လာဉနီ၊ ငါးကြီးဆီ၊ သဘောသီး၊ အခွံမာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဉ၊ ကိုက်လန်၊ ငါးအမျိုးမျိုး၊ ဉအမျိုးမျိုး၊စပျစ်သီးနဲ့ သွေးလည်ပတ်မှုအားကောင်းစေတဲ့ ဘယ်ရီသီးတို့ကို နေ့တိုင်းလိုလို စားသုံးပေးသင့်ပါတယ်။ ဤသို့ စားသုံးခြင်းက မျက်စိသွေးလည်ပတ်မှုကို အားကောင်းစေပြီး ပါဝါကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ ပါဝါသမားတွေနဲ့ ဆီးချိုသမားတွေကတော့ အချိုရှောင်သင့်ပါတယ်။ သကြားဓာတ်က ခန္ဓာကိုယ်အတွက် မကောင်းသလို အမြင်လွှာကိုလည်း ပျက်စီးစေပါတယ်။

(၂) မျက်လုံးကို အနားပေးပါ။

မျက်မှန်ပါဝါကျဖို့အတွက်ဆို မျက်လုံးကို ကောင်းစွာ အနားပေးဖို့ သေချာပေါက်လိုအပ်ပါတယ်။ အိပ်ရေးမဝတာကလည်း မျက်လုံးကိုထိခိုက်စေတဲ့ အကြောင်းအရင်းထဲက တစ်ခုဖြစ်တာကြောင့် အိပ်ရေးဝအောင် အိပ်စက်သင့်ပါတယ်။ တစ်နေကုန် ဖုန်းနဲ့ ကွန်ပြူတာတေွကို ကြည့်နေရတဲ့အခါ မျက်စိညောင်းလာပြီး အမြင်အာရုံတွေ ဝေဝါးလာတတ်ပါတယ်။ အလုပ်ကြောင့် ကျောင်းကြောင့် မဖြစ်မနေ အာရုံစိုက်နေရတယ်ဆိုရင်တောင် ကြားမှာ မျက်စိကို ခဏအနားပေးဖို့ လိုအပ်ပါတယ်။ ညဘက်အိပ်ခါနီး မျက်စိပေါ်မှာ သခွါးသီးပါးပါးလှီးပြီး ကပ်ပေးခြင်းဖြင့်လည်း မနက်အိပ်ရာထတဲ့အခါ မျက်လုံးကို ကြည်လင်လန်းဆန်းစေမှာ ဖြစ်ပါတယ်။ မျက်လုံးမခြောက်အောင် မကြာခဏ မျက်တောင်ခတ်ပေးပြီး အစိုဓာတ်ပြည့်ဝနေေစဖို့ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

(၃) မျက်စိလေ့ကျင့်ခန်းလုပ်ပါ။

ကွန်ပြူတာရေှ့မှာ အထိုင်များတဲ့လူတွေအတွက် မျက်စိလေ့ကျင့်ခန်းလုပ်ဖို့ အထူးအရေးကြီးပါတယ်။ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးနည်းကတော့ 20-20-20 လို့ခေါ်တဲ့ ကွန်ပြူတာကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာက အရာဝတ္ထုကို စက္ကန့် ၂၀ ကြာကြည့်ပေးရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ စိမ်းစိမ်းစိုစိုအပင်တွေကို ကြည့်ပေးခြင်းဖြင့် မျက်စိကို အကြောဖြေပေးပါ။ နောက်တစ်မျိုးက ခေါင်းငုံ့ခေါင်းမော့လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ ပြီးရင် မျက်လုံးကို အပေါ်ကြည့်ပြီး နာရီလက်တံလည်သလို ဖြည်းဖြည်းချင်း လှည့်ကစားပေးပါ။ ပြီးလှျင် ပိတ်လိုက်ဖွင့်လိုက် လုပ်ပေးပါ။ ထို့နောက် မျက်စိညောင်းလာတယ်လို့ ခံစားရတိုင်း လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပြီး ပူနွေးလာအောင်လုပ်ကာ မျက်လုံးနှစ်ဖက်ပေါ်သို့ အုပ်ထားပြီး ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်ခန့် အနားယူပေးပါ။

(၄) အလင်းရောင် မမှိန်ပါစေနဲ့။

လူငယ်တွေ တော်တော်များများ ဖုန်းရဲ့ theme ကို dark mode ထားတတ်ကြပါတယ်။ သာမာန်ကာလျှံကာ Facebook, youtube ကြည့်တာအတွက် အလင်းရောင်မှိန်မှိန်က အဆင်ပြေပေမဲ့ e book, pdf file ဖတ်တဲ့အခါမှာတော့ မျက်လုံးအားအရမ်းစိုက်ရတာမလို့ ဖုန်းအလင်းအားကို မြှင့်ထားဖို့ လိုအပ်ပါတယ်။ ညဘက်ဖုန်းသုံးတဲ့အခါတွေမှာလည်း အမှောင်ထဲမှာ သုံးတာထက် အခန်းမီးကို ဖွင့်ထားခြင်းက ပါဝါလေျာ့စေတဲ့နည်းမဟုတ်ပေမဲ့ ပါဝါထက်မတိုးအောင်တော့ ကူညီပေးနိုင်ပါတယ်။

(၅) မျက်စိအားတိုးဆေး မှီဝဲခြင်း

နေ့တိုင်း မျက်စိလေ့ကျင့်ခန်းလေးလုပ်ပေးပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေသောက်မယ်၊ အစားအသောက်ရွေးချယ်မယ်ဆိုရင် မျက်စိပါဝါလျော့မယ်၊ အနီးမှုန်အဝေးမှုန်တွေ၊ ဆလင်ဒါတွေ သက်သာလျော့ပါးသွားမယ့်အကောင်းဆုံးကာကွယ်နည်းပါပဲ။ ဗီတာမင် A ၊ ဗီတာမင် B အုပ်စု၊ lutein၊နဲ့ zeaxanthin တို့ပါဝင်တဲ့ မျက်စိအားဆေးတွေကို ဆရာဝန်အကြံပြုချက်အတိုင်း သောက်သုံးပေးသင့်ပါတယ်။

crd.

@knowledgeatmosphere

2 weeks, 2 days ago
2 weeks, 6 days ago

ပါလီမန်လွှတ်တော်နားက လန်ဒန် Westminster တံတားပေါ်မှာ လမ်းကြုံရင်ကြည့်နိုင်ပါတယ်။

ရောမတွေဟာ စကော့တလန်ကို မသိမ်းပိုက်နိုင်ခဲ့
ပါဘူး။ Emperor Hadrian ဧကရာဇ် ဟာဒရီယန်ဟာ (Picts) စကော့တလန်ရှေးမျိုးဆက်ကိုကြောက်ပုံရပါတယ်။ အင်္ဂလန်မြောက်ဘက်မှာ ခံတပ်များစွာပါတဲ့ တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အခုအထိ Housesteads နှင့် Vindolanda ခံတပ်များအပါအဝင် Hadrian's Wall အစိတ်အပိုင်းများကို တွေ့မြင်နိုင်ပါသေးတယ်။ Hadrian's Wall ဟာ UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာလည်း ဖြစ်ပါတယ်။

ရောမလူမျိုးတွေဟာ ဗြိတိန်မှာ နှစ်ပေါင်း ၄၀၀ နေခဲ့ကြတယ်။ လမ်းတွေ၊ အဆောက်အအုံတွေ ဆောက်လုပ်ခဲ့ကြပြီး၊ ဥပဒေ ဖွဲ့စည်းပုံကိုရေးဆွဲခဲ့ကာ၊ အပင်များ၊ တိရစ္ဆာန်အသစ်များကိုပါ ကျွန်းသားတွေကိုမိတ်ဆက်ပေးခဲ့သည်။ ဒီလိုနဲ့ပဲ အေဒီ ၃ ရာစုနှင့် ၄ ရာစုများအတွင်းမှာ ဒီဗြိတိသျှကျွန်းနိုင်ငံလေးမှာ ပထမဆုံး ခရစ်ယာန်အသိုင်းအဝိုင်းများ စတင်ပေါ်ပေါက်လာစေခဲ့ပါတယ်။
အေဒီ ၄၁၀ မှာတော့ ရောမစစ်တပ်ဟာ ရောမအင်ပါယာကို ပြန်ကာကွယ်ဖို့ ဗြိတိန်ကနေထွက်ခွာခဲ့ပြီး ပြန်မပေါ်လာတော့ပါဘူး။

၅-Anglo-Saxon ခေတ်
ဗြိတိန်တွေကံကောင်းမယ်ကြံကာရှိသေး၊ ဥရောပမြောက်ပိုင်း မျိုးနွယ်စုတွေဖြစ်တဲ့ Jutes၊ Angles နှင့် Saxons တို့က သူ့ကို ကျူးကျော်တိုက်ခိုက်လာခဲ့ကြပြန်တယ်။ ဒီကျူးကျော်သတွေကို ပြန်တိုက်ပေမယ့်လည်း အေဒီ ၆၀၀ လောက်မှာ Anglo-Saxon kingdoms တည်ထောင်တာခံလိုက်ရပြန်တယ်။ ဒီ kingdoms နိုင်ငံတော်ဟာ ယခု အင်္ဂလန်နိုင်ငံပါပဲ။ သူတို့ပြောခဲ့ကြတဲ့ ဘာသာစကားတွေဟာ ဒီနေ့ခေတ် အင်္ဂလိပ်စကားရဲ့ အခြေခံတွေဖြစ်ပါတယ်။ဝေလနယ်နှင့် စကော့တလန်တို့ အပါအဝင် ဗြိတိန်ရဲ့ အနောက်ပိုင်းကိုတော့ Anglo-Saxon မအုပ်ချုပ်နိုင်ခဲ့ပါဘူး။

ဒီ Anglo-Saxons တွေဟာ christians မဟုတ်ပေမယ့် အဲဒီအချိန်ကာလမှာ ခရစ်ယာန်သာသနာပြုများ ဗြိတိန်ကိုလာပြီး ခရစ်ယာန်ဘာသာအကြောင်းကို ဟောပြောခဲ့ကြပါတယ်။ အဲဒီအထဲမှာ ထင်ရှားတာကတော့ အိုင်ယာလန် နာယကသူတော်စင် စိန့်ပက်ထရစ် St Patrick၊ စကော့တလန် Iona ကျွန်းပေါ်တွင် ဘုန်းကြီးကျောင်း တည်ထောင်ခဲ့တဲ့ စိန့်ကိုလံဘာ St Columba တို့ပါပဲ။ စိန့်သြဂတ်စတင်း St Augustine ကတော့ ရောမမြို့မှ သာသနာပြုများကို ဦးဆောင်ပြီး အင်္ဂလန်တောင်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ဖြန့်ကျက်ကာ Canterbury ရဲ့ပထမဆုံးဂိုဏ်းချုပ်ဖြစ်လာခဲ့ပါတယ်။

၆- Vikings ခေတ်

AD 789 မှာ ကမ်းရိုးတန်းမြို့တွေကို Vikings တွေ ဝင်ရောက်စီးနင်းကာ ကုန်ပစ္စည်းများနှင့် ကျွန်များမသွားကြတယ်။ Vikings ဆိုတာကတော့ ဒိန်းမတ်နှင့် နော်ဝေးကလာသူတွေဖြစ်ပါတယ်။ သူတို့ဟာ အကြိုက်တွေ့လာပြီး မပြန်တော့ပဲ east of England နဲ့ Scotland တွေမှာအခြေချလိုက်ပါတော့တယ်။ အဲဒီတော့မှ လက်ရှိရှိနေတဲ့ Anglo-Saxon kingdoms ကလူတွေက King Alfred the Great လက်ထက်မှာစည်းလုံးပြီး Viking ကိုတိုက်ထုတ်ကြတော့တယ်။
ဒီ့နောက်မှာ သူတို့ဟာအင်္ဂလန် အရှေ့ဘက်နှင့် မြောက်ဘက် Danelaw မှာ ကုတ်ကပ် အခြေချပြီး ဒေသခံတွေနဲ့ ရောနှောကာ အချို့က ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ကြပါတယ်။ Danish kings တွေဟာ အင်္ဂလန်မှာခဏပဲအုပ်ချုပ်လိုက်ရပါတယ်။

၇- Norman ခေတ်
1066 ခုနှစ် ပြင်သစ်မြောက်ပိုင်းက နော်မန်ဒီမြို့စား ဝီလျံ William ဦးဆောင်ပြီး အင်္ဂလန်ကို ကျူးကျော်တိုက်ခိုက်ပြန်တယ်။ Battle of Hastings တိုက်ပွဲမှာ အင်္ဂလန် Saxon ဘုရင် Harold ကျဆုံးခဲ့ပြီး ဝီလျံဟာ အင်္ဂလန်ဖြစ်လာကာ William the Conqueror လို့လူသိများလာတယ်။ တိုက်ပွဲအောင်မြင်မှု အထိမ်းအမှတ် ဖြစ်တဲ့ Bayeux Tapestryကို ပြင်သစ်မှာအခုထိတွေ့နိုင်ပါတယိ။ ဥရောပမှ လာစရာ လူကုန်သွားလို့လားတော့မသိ၊Norman Conquest ဟာ အင်္ဂလန်နိုင်ငံကို နောက်ဆုံးအောင်မြင်ခဲ့တဲ့ နိုင်ငံခြားကျူးကျော်ဝင်ရောက်မှုပဲဖြစ်ခဲ့ပါတယ်။

သူတို့သုံးခဲ့တဲ့ Norman French ဘာသာစကားဟာ ဒီနေ့အင်္ဂလိပ်ဘာသာစကားကို လွှမ်းမိုးခဲ့ပါတယ်။

အစောပိုင်းမှာ Normans တွေဟာ Wales ကို သိမ်းပိုက်နိုင်ခဲ့ကြပေမယ့် Welsh က တဖြည်းဖြည်း နယ်မြေပြန်သိမ်းခဲ့ပါတယ်။ Normans တွေဟာ Scotland နယ်စပ်က နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပေမယ့် စကော့တလန်ကို မကျူးကျော်ခဲ့ပါဘူး။ ဝီလျံဟာ လူတွေလွတ်ပြီး အင်္ဂလန်တစ်ဝှမ်းရှိ မြို့ရွာတွေကို၊စာရင်းပြုစုခဲ့ပါတယ်။ ဒီမြေကို ဘယ်သူပိုင်တယ်၊ တိရိစ္ဆာန်ဘယ်နှစ်ကောင်ပိုင်တာကအစ စာရင်းပြုစုထားပါတယ်။ ဒါကို Domesday Book လို့ခေါ်ပါတယ်။

ဒီရာဇာဝင်အကျဉ်းကိုကြည့်ရင် အင်္ဂလူမျိုးတွေဆိုတာဘယ်သူတွေလဲ၊ ခေတ်အဆက်ဆက်အနိုင်ကျင့်ခံလာခဲ့ရတာတွေတွေ့ရပါမယ်။ ဒီလို လူမနေကျွန်းလေးကနေ ပထမရောက်နေတဲ့ လယ်သမားကျွနိးသားတွေကို မတရားလာသိမ်းတဲ့သူတွေဟာဆက်လက်နေထိုင်နေကြရင်း နောက်ခေတ်တခုကိုရောက်လာပါတော့တယ်။

ကိုးကား: A Guide for New Residents (3rd edition) -The Official Life in the United Kingdom

Credit to original writer

@knowledgeatmosphere

2 weeks, 6 days ago

UK ယူကေအကြောင်းတစေ့တစာင်း -၁

UK ဆိုတာ United Kingdom ယူနိုက်တက် ကင်းဒမ်း ကိုအတိုခေါက်ပြောတာပါ။ UK လို့ ပြောရင် အင်္ဂလန်နိုင်ငံ လို့ပဲမြင်သွားတတ်ကြပါတယ်။ တကယ်တော့အင်္ဂလန်ဟာ နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်းရဲ့ တစ်စိတ်တစ်ဒေသသာဖြစ်ပါတယ်။

UK ဆိုတာ နိုင်ငံလေးခုဖြစ်တဲ့ အင်္ဂလန်ပြည်၊ ဝေလပြည်၊ စကော့တလန်ပြည်နှင့် မြောက်အိုင်ယာလန်တို့ပူးပေါင်းဖွဲ့စည်းထားနိုင်ငံဖြစ်ပါတယ်။

သူရဲ့တရားဝင်နာမည် ဖြစ်တဲ့ “the United Kingdom of Great Britain and Northern Ireland” (ဂရိတ် ဗြိတိန်နှင့် အိုင်ယာလန်မြောက်ပိုင်းတို့ကို ပေါင်းစည်းထားတဲ့ဘုရင့်နိုင်ငံ)ကို ၁၈ဝ၂-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှာစသုံးခဲ့တာပါ။ ဒါကြောင့် U.K. ရဲ့ official flag (သို့) The Union Jack လို့ခေါ်တဲ့ union flag မှာ England, Scotland နဲ့ Ireland တို့ရဲ့ combined crosses တွေကိုတွေ့ရမှာပါ။ Wale ရဲ့ dragon ကတော့ ဒီအလံမှာမပါပါဘူး။

ကျန်အိုင်ယာလန်ကတော့ လွတ်လပ်သောနိုင်ငံတနိုင်ငံဖြစ်နေ ဆဲပါ။ ‘ဗြိတိန်' ကို အရင်ကတော့ Albion လို့ခေါ်ကြပြီး၊ နာမည်ရာဇာဝင်ကိုချန်ခဲ့ပါမယ်။

နေမဝင် အင်ပိုင်ယာကြီးကို ထိန်းချုပ်ခဲ့တဲ့ ဒီနိုင်ငံဟာ ဗြိတိသျှကျွန်းစုတွေ ပူးပေါင်းထားတဲ့ ဗြိတိသျှကျွန်းလေးတခုပါပဲ။ စင်ကာပူလို့ကျွန်းပဲ့လေးဖြစ်လာတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ လောက်ကမှစခဲ့တာဖြစ်ပါတယ်။ တချိန်က ဟိုလူအနိုင်ကျင့်၊ ဒီလူလာသိမ်းတာမကြာခဏခံရတဲ့ကျွန်းလေးဆိုလဲမမှားပါဘူး။ ဒီလို စစ်ရာဇဝင်တွေနဲ့ခံရတဲ့သမိုင်းကြောင့် စစ်ရေးဝလာလို့လားတော့မသိ၊ နေမဝင် အင်ပါယာကြီးဖြစ်ခဲ့ဘူးပါတယ်။

သူ့ရဲ့ရာဇဝင်ကို အတိုကောက်လေးပြောရရင်တော့…
ခေတ်တွေကပဲစပြောရမှာဖြစ်ပါတယ်။ အလွယ်ပြောရရင် ရှေးခေတ်၊ အလယ်ခေတ်၊ ခေတ်နှောင်းဘုရင်ခေတ် နဲ့မော်ဒန်ခေတ် (ဒီနေ့ခေတ်)လို့ ခွဲပြောနိုင်ပါတယ်။

ရှေခေတ်

၁-Stone Age ကျောက်ခေတ်
ဒီနိုင်ငံမှာ ပထမဆုံးနေထိုင်တဲ့လူတွေကို hunter-gatherers လို့ခေါ်ကြပါတယ်။ အဲဒီလူတွေနေတဲ့ခေတ်ကို Stone Age ကျောက်ခေတ်လို့ခေါ်ပါတယ်။ အဲဒီတုန်းကတော့ ဒီနိုင်ငံဟာ ဥရောပကို land bridge တခုနဲ့ဆက်သွယ်ထားပါတယ်။ ဒီကျောက်ခေတ်က လူသားတွေဟာ ဒီ land bridge ကိုဖြတ်ပြီး အမဲလိုက်၊ သမင်လိုက်လုပ်ကြပါတယ်။ ဒီလိုနဲ့ပဲတနေ့တော့ သဘာဝတရားကြီးက ဒီဒေသကို ဥရောပတိုက်နဲ့ channel တခုနဲ့ ပိုင်းခြားပေးလိုက်ပါတော့တယ်။

ဒီနောက်တော့ နှစ်ပေါင်း ၄၀၀၀ လောက် တောကြီးမျက်မဲထဲကို လူတွေမရောက်တော့ပါဘူး။ ရာဇဝင်ပျောက်သွားခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ လောက်မှာမှ အရှေ့တောင်ဥရောပဘက်က လူတွေ ပထမဆုံး လယ်သမားအဖြစ်နဲ့ရောက်လာပြန်ပါတယ်။ ဒီလူတွေက အိမ်တွေဆောက်၊ သင်္ချိုင်းတွေ၊ အထိမ်းအမှတ်နေရာတွေ ဆောက်ကြပါတယ်။ ထင်ရှားတဲ့ အထိမ်းအမှတ်များထဲမှ တစ်ခုကတော့ Stonehenge လို့ ဆိုကြပါတယ်။ ယခုလက်ရှိ Wiltshire ခရိုင်မှာရှိနေပါတယ်။ အလားတူပဲ စကော့တလန် မြောက်ဘက်ကမ်းရိုးတန်း Orkney ရှိ Skara Brae ဟာလည်း prehistoric village တခုဖြစ်ပါတယ်။

၂-ကြေးခေတ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက်မှာတော့ ဒီလူတွေ
bronze (ကြေး) ကိုရှာဖွေတွေ့ရှိလာတယ်။ ဒါကြောင့်ဒီကာလကို ကြေးခေတ်ဟု ခေါ်ကြပါတယ်။ လူတွေဟာ အဝိုင်းပုံအိမ်တွေဆောက်ကာ နေထိုင်ကြပြီး သူတို့သေဆုံးရင်တော့ round barrows ထဲထည့်လိုက်ပါတယ်။ ဒီ ကြေးခေတ်က လူတွေဟာ တန်ဆာပလာတွေ၊ လက်နက်တွေအပါအဝင် လှပတဲ့ပစ္စည်းတွေကို ကြေးနဲ့ရွှေနဲ့ပြုလုပ်နိုင်ခဲ့ကြပါတယ်။

၃-သံခေတ်
ဒီနောက်တော့ သူတို့ဟာ (Iron) သံကိုရှာဖွေတွေ့ရှိပြီး၊ လက်နက်ကိရိယတွေကို သံနဲ့ပြုလုပ်လာကြလို့ ဒီခေတ်ကို သံခေတ်လို့ဆိုကြပါတယ်။ ဒီလူတွေက အိမ်ဝိုင်းဝိုင်းတွေမှာနေထိုင်ကြဆဲဖြစ်ပေမယ့် အရင်လို တယောက်တနေရာဆီမဟုတ်ပဲ၊ အုပ်စုဖွဲ့လာကြတယ်။ Defend sites လို့ပြောလို့ရတဲ့ hill forts အကာအကွယ်ပေးနိုင်တဲ့ ခံတပ်တွေတောင်တည်ဆောက်လာကြတယ်။ Dorset မှာရှိတဲ့ ရှိ Maiden ရဲတိုက် ခံတပ်က သက်သေတခုအနေနဲ့ရှိနေပါတယ်။ ဒါကိုကြည့်ရင် သူတို့ဟာ လယ်သမားများ၊ လက်မှုလုပ်သားများတွေသာမက စစ်သည်များလည်းရှိခဲ့တာသိနိုင်ပါတယ်။ သူတို့ပြောခဲ့ကြတဲ့ ဘာသာစကားဟာ ဥရောပတစ်ခွင်မှာသုံးတဲ့ Celtic language family ဖြစ်ပါတယ်။ ဒီအထိ Wales, Scotland၊ Ireland ဒီ Celtic ဆက်စပ်ဘာသာစကာတွေကို ပြောဆိုနေကြဆဲပါ။

သံခေတ်က လူတွေဟာ ခေတ်မီစွာပဲ သူတို့ ဘုရင် နာမည်တွေကို င်္ဒဂါးပြားတွေမှာရေးထိုးခဲ့ကြတယ်။ ဒါဟာ (British history) ဗြိတိသျှသမိုင်းရဲ့ အစပြုခြင်းပါပဲ။

၄-ရောမခေတ်
ကျွန်တော်တို့ငယ်ငယ်က သမိုင်းမှာသင်ခဲ့ရတဲ့ Roman general တယောက်ဖြစ်တဲ့ ဂျူးလီယက်ဇီဇာ Julius Caesar ဟာ ဘီစီ ၅၅ မှာ ဗြိတိန်ကို ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ မအောငိမြင်ခဲ့ဘူး။ အေဒီ ၄၃ မှာ ဧကရာဇ် ကလောဒီယပ်စ် (Emperor Claudius) ရောမစစ်တပ်နဲ့မကြေပွဲ လာနွဲခဲ့ပါတယ်။ ဗြိတိသျှမျိုးနွယ်စုအချို့ကဝိုင်း ခုခံကြပေမယ့် ရောမတွေက ဗြိတိန်တနိုင်ငံလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ရောမ တွေကို ပြန်တိုက်ခိုက်ခဲ့တဲ့ လူမျိုးစုခေါင်းဆောင်များထဲမှာ အင်္ဂလန်အရှေ့ပိုင်းရှိ Iceni မိဖုရား Boudicca လည်းပါခဲ့ပါတယ်။ သူမကို ရုပ်ထုကိုတော့
@knowledgeatmosphere

2 weeks, 6 days ago
4 weeks ago

👩‍🦰 : How much it is?

👩‍💻 : It costs only $500!

👩‍🦰 : Oh! It's too expensive.

Morning Guys! It's me Oliver!

ဒီနေ့မှာတော့ ဈေးကြီးတယ် ဆိုတဲ့စကားကို

English လိုအထာကျကျ ဘယ်လိုပြောမလဲ?

ဆိုတာလေ့လာသွားမှာဖြစ်ပါတယ်🫶🏻

မလေ့လာချင်လည်းလေ့လာသွား 😼

ကဲ.... လက်ညောင်းနေပြီ! စလိုက်ရအောင်။

Break the bank >> ဈေးအလွန်ကြီးသည်။

ကဲ Example လေးတွေနဲ့လေ့လာကြည့်ရအောင်

1:

👩‍🦰 : How much it is?

ဒီပစ္စည်းကဘယ်လောက်လဲရှင့်။

👩‍💻 : It costs only $500!

ဒေါ်လာ ၅၀၀ ကျပါတယ်။

👩‍🦰 : Oh! It's break the bank.

အို...ဈေးကြီးလိုက်တာ။

2: It's costs only $5. It's won't break the bank

၅ ဒါ်လာဘဲပေးရတာ ဈေးလည်းအဲ့လောက်မကြီးပါဘူး

See you in next post.

#oliver
@knowledgeatmosphere

4 weeks ago
4 weeks, 1 day ago
1 month ago

United State ရဲ့ ပြည်နယ်နာမည်အတိုကောက်တွေကိုသိထားပါသလား။

  1. Alabama - AL
  2. Alaska - AK
  3. Arizona - AZ
  4. Arkansas - AR
  5. California - CA
  6. Colorado - CO
  7. Connecticut - CT
  8. Delaware - DE
  9. Florida - FL
  10. Georgia - GA
  11. Hawaii - HI
  12. Idaho - ID
  13. Illinois - IL
  14. Indiana - IN
  15. Iowa - IA
  16. Kansas - KS
  17. Kentucky - KY
  18. Louisiana - LA
  19. Maine - ME
  20. Maryland - MD
  21. Massachusetts - MA
  22. Michigan - MI
  23. Minnesota - MN
  24. Mississippi - MS
  25. Missouri - MO
  26. Montana - MT
  27. Nebraska - NE
  28. Nevada - NV
  29. New Hampshire - NH
  30. New Jersey - NJ
  31. New Mexico - NM
  32. New York - NY
  33. North Carolina - NC
  34. North Dakota - ND
  35. Ohio - OH
  36. Oklahoma - OK
  37. Oregon - OR
  38. Pennsylvania - PA
  39. Rhode Island - RI
  40. South Carolina - SC
  41. South Dakota - SD
  42. Tennessee - TN
  43. Texas - TX
  44. Utah - UT
  45. Vermont - VT
  46. Virginia - VA
  47. Washington - WA
  48. West Virginia - WV
  49. Wisconsin - WI
  50. Wyoming - WY

#oliver
#𝙲𝚁𝙳
@knowledgeatmosphere

We recommend to visit
Fk43
Fk43
183,880 @fkhhoc

Last updated 1 year, 1 month ago

Last updated 1 month, 1 week ago

𝓦𝓵𝓬 𝓽𝓸 𝓶𝔂 𝓬𝓱𝓪𝓷𝓷𝓮𝓵 🫶🏻👼🏻✨
id instagram @sogand_en
https://t.me/HarfBeManBOT?start=NTc1NTE1NTU0Mg
نظر یا انتقادی چیزی👆🏻♥️