ဇာတ်ချူပ် အပေါင်း

Description
#Crd ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်၊ မူရင်းရေးသားသူနှင့် ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်။

Chat group https://t.me/+OP3ZJxTAcys2ZTU1

PUBG UC & ML Die https://t.me/ZEKE1122334

Channel Date 22.4.2024

Owner @ZEKE12549
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 9 months ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 8 months ago

hace 9 meses
***😆***ဟုန်ပေါင်းရပိနော် ***😆******😆***

😆ဟုန်ပေါင်းရပိနော် 😆😆

hace 9 meses
ဇာတ်ချူပ် အပေါင်း
hace 9 meses
ဇာတ်ချူပ် အပေါင်း
hace 9 meses
**လူနစ်မြုပ်ဖို့မဖြစ်နိုင်တဲ့ ထူးဆန်းတဲ့ ပင်လယ် Dead Sea

**လူနစ်မြုပ်ဖို့မဖြစ်နိုင်တဲ့ ထူးဆန်းတဲ့ ပင်လယ် Dead Sea

လူတွေအနေနှင့်ရေမကူးတတ်ဘူးဆိုရင် ရေထဲနစ်သွားမယ်ဆိုတာ သက်သေပြစရာမ လိုတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျော်ဒန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြား က Dead Sea လို့ခေါ်တဲ့ ဒီရေကန်မှာတော့ ရေမကူးတတ်တဲ့သူတောင်မျှနစ်မြုပ်ဖို့မ ဖြစ်နိုင်ပါဘူး။

Sea လို့ခေါ်ပေမဲ့ ရေကန်တစ်ခုပဲဖြစ်တဲ့ ဒီရေကန်ဟာ သာမာန်ရေတွေထက် ဆား ဓာတ်ပါဝင်မှု ဆယ်ဆလောက်မြင့်တက်နေတဲ့ရေကန်ဖြစ်ပါတယ်။ ဒီလိုမြင့်မားတဲ့ဆား ဓာတ်ကြောင့် ကန်အတွင်းမှာသက်ရှိတွေဖြစ်တဲ့ ငါးနှင့် တစ်ခြားအပင်တွေ ပေါက်ရောက်ခြင်းမရှိပါဘူး။ ဒါပေမဲ့ မှိုအနည်းငယ်နှင့်ရေညှိတွေကိုတော့ တွေ့နိုင်ပါ တယ်။

ဒီရေကန်ဟာ ကမ္ဘာပေါ်မှာဆားဓာတ်အများဆုံးရေကန်ဖြစ်နေသလို ကမ္ဘာ့အနိမ့်ဆုံး အပိုင်းမှာရှိနေတဲ့ရေကန်လည်းဖြစ်ပါတယ်။ ရေကန်ထဲကဆားဓာတ်တွေကြောင့် လူ တွေအနေနှင့်ရေကန်ထဲခုန်ချသွားရင်တောင်မှ နစ်သွားတာမျိုးမဖြစ်ဘဲ ပေါလောပေါ် နေမှာဖြစ်ပါတယ်။ ဒါကြောင့် ရေကန်မျက်နှာပြင်ပေါ်မှာအေးဆေးနေနိုင်ပြီး စာဖတ် တာအပါအဝင် တစ်ခြားအရာတွေကိုတောင်မှလုပ်နိုင်မှာဖြစ်ပါတယ်။**

hace 9 meses

ပန်းချီကားချပ်လိုမျိုး အရောင်စုံတဲ့ကျောက်တောင်ကြီးတွေရှိ နေတဲ့ Zhangye အမျိုးသားဥယျာဉ်
...........................................................................
**အနီရောင် အဝါရောင်နှင့် တစ်ခြားအရောင်တွေစုံနေပြီးတော့ သက်တံ့လိုမျိုးဖြစ်နေတဲ့ ကျောက်တောင်ကြီးတွေရှိတဲ့ Zhangye အမျိုးသားဥယျာဉ်ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ပန်းချီကားချပ်တစ်ခု ဒါမှမဟုတ် လူတွေတစ်မင် ဖန်တီးထားတယ်လို့တောင်ထင်မြင်ရတဲ့ ဒီတောင်ကုန်းတွေဟာ အမှန်တော့ သဘာဝတရားကနေပြီး လုံးဝဖြစ်တည်လာခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

ဒီကျောက်တောင်တွေဟာ နှစ်ကာလအဆက်ဆက် ရေမြေတိုက်စားမှုနှင့်ပြောင်းလဲမှု တွေကြောင့်အခုလိုမျိုးအရောင်စုံဖြစ်လာရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ မီလီ ယံလောက်ကတည်းက ဒီလိုအရောင်စုံတဲ့ကျောက်တောင်တွေဖြစ်လာနိုင်ဖို့အတွက် ကျောက်သားတွေဟာပြောင်းလဲမှုတွေဖြစ်တည်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီ ကျောက်တောင်အများစုဟာ သဲကျောက်တွေဖြစ်နေတာကြောင့် အရောင်ပိုတောက်ပြီး တော့ လှနေတာဖြစ်ပါတယ်။

နေသာပြီးတော့ တိမ်ကင်းတဲ့နေ့တွေမှာဆိုရင်Zhangye ဥယျာဉ်ဟာလုံးဝအရောင်မျိုး စုံတောက်ပနေပြီးတော့ စိတ်ကူးယဉ်ကမ္ဘာထဲကနေရာလိုမျိုးဖြစ်နေတယ်လို့ဆိုပါ တယ်။ မိုးရွာတဲ့အချိန်နှင့်မိုးအုံ့ချိန်တွေမှာတော့ ကျောက်တောင်တွေရဲ့အရောင်ဟာညို မှိုင်းသွားတာကြောင့်အလည်သွားဖို့အဆင်မပြေပါဘူး။ ဒီဥယျာဉ်ဟာတရုတ်နိုင်ငံရဲ့ နာမည်ကြီးခရီးသွားနေရာတစ်ခုဖြစ်ပြီးတော့ ဧည့်သည်တွေအများကြီးကိုဆွဲဆောင်နိုင် တဲ့နေရာဖြစ်ပါတယ်။#Crd ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်၊ မူရင်းရေးသားသူနှင့် ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ Credit ပေးပါတယ်။**

hace 9 meses
ဇာတ်ချူပ် အပေါင်း
hace 9 meses
ဇာတ်ချူပ် အပေါင်း
hace 9 meses
**ပန်းချီကားချပ်လိုမျိုး အရောင်စုံတဲ့ကျောက်တောင်ကြီးတွေရှိ နေတဲ့ Zhangye အမျိုးသားဥယျာဉ်**

ပန်းချီကားချပ်လိုမျိုး အရောင်စုံတဲ့ကျောက်တောင်ကြီးတွေရှိ နေတဲ့ Zhangye အမျိုးသားဥယျာဉ်

hace 9 meses
***😆******😆*** ဟုန်ပေါင်းရရင် လက်နဲ့ အရင်စမ်းကြည့်ကြဦးနော် ***😆******😆***

😆😆 ဟုန်ပေါင်းရရင် လက်နဲ့ အရင်စမ်းကြည့်ကြဦးနော် 😆😆

hace 9 meses
"တောင်းပန်ပါတယ် သူကြီးရာ"

"တောင်းပန်ပါတယ် သူကြီးရာ"
•••••••••••••••••••••••••••••••••••••
ဒီမနက် သူကြီး အတော်လေး ပေါက်ကွဲနေတယ်။
ဟေ့ … ဘယ် ငါးမြွေထိုးလဲကွ … ငါ့မြင်းကို ခိုးရသတဲ့လား …
မင့် အမေရိုးမျိုးသူခိုး …
မိလို့ကတော့ ငါကိုယ်တိုင် နှစ်လုံးပြူးနဲ့ အဆုံးထိုးစီရင်မယ်”

နှစ်လုံးပြူးကြီးထမ်းပြီးတော့
တစ်ရွာလုံး ပတ်ရမ်းနေတဲ့ သူကြီးကြောင့်
တစ်ရွာလုံး မလှုပ်ရဲဘူး။

အိမ်တံခါး တွေပိတ်၊ ညဆိုလို မီးမှိတ်။
သူခိုးမြန်မြန်မိပါစေလို့ပဲ ဆုတောင်းပေးနေကြတာ။

ဒါပေမဲ့ နောက်တစ်နေ့မှာ
မြင်းက သူ့အလိုလို ပြန်ရောက်လာတယ်။
မြင်းလည်ပင်းမှာ စာနှစ်စောင်ချည် ထားတယ်။
စာတစ်စောင်ထဲမှာ

သူကြီးခင်ဗျား

တောင်းပန်ပါတယ်
သူကြီးမြင်းမှန်းမသိလို့ ယူသွားမိပါတယ်။
အရေးကြီးတဲ့ကိစ္စရှိနေလို့ သူကြီးမြင်းကို
ခေတ္တယူသုံးမိတာပါ။

ကျေးဇူးဆပ်တဲ့အနေနဲ့
ဘုရင်ခံဒါဘာပွဲဖိတ်စာတစ်စောင်ကို ပူးတွဲပေးပို့လိုက်ပါတယ်။

ဘုရင်ခံဒါဘာပွဲကို
သူကြီးမင်းနဲ့ သူကြီးကတော် နှစ်ဦးလုံး တက်ရောက်ရမှာပါ

တောင်းပန်ပါတယ်

မြို့ပိုင်လေး

မြို့ပိုင်လေးက မြင်းကို ယူသုံးသွားတာပဲ။
ပြီးတော့ သူ့ကို တောင်းပန်သေးတယ်။
တောင်းပန်ရုံမက ဘုရင်ခံဒါဘာပွဲပါ တက်ရဦးမတဲ့။

ဟဲ့ … ဘယ်မှာလဲဖိတ်စာ”

ဖိုးညှက်တို့ မိနက်တို့ အလုပ်တွေရှုပ်ကုန်တယ်။
နောက်တစ်စောင်ကဖိတ်စာတဲ့

ဘာတွေမှန်းလည်း မသိဘူးတော့”

အင်္ဂလိပ်လိုရေးထားတဲ့စာ ဘယ်သူမှလည်း မဖတ်တတ်ဘူး။

ဘာဖြစ်ဖြစ် ဘိုလိုရေးထားတော့ အဆင့်မြင့်တဲ့ စာပေါ့။

သူကြီး ဂုဏ်ယူလို့မဆုံး။ တစ်ရွာလုံး လိုက်ကြွားနေသဗျာ

ဟေ့ … မြို့ပိုင်လေးကိုယ်တိုင်ကတောင်
ငါ့ကို တောင်းပန်ရတာကွ … နှယ်နှယ်ရရ မမှတ်နဲ့။

ဒီတိုက်နယ်မှာ ဘုရင်ခံဒါဘာပွဲ တက်ခွင့်ရတဲ့သူကြီးကွ”

သူကြီးနဲ့ သူကြီးကတော်
လှည်းယဉ်ကြော့ကြော့ ခပ်မော့မော့လေး ထွက်သွားကြ။

သူကြီးသမီး ကွမ်းတောင်ကိုင် အလှပဂေး မမြလေးကတော့
အိမ်စောင့်အဖြစ်ကျန်ခဲ့တယ်။

တောင်ရှည်ချိတ်ပုဆိုး၊ ပိုးတိုက်ပုံရွှေဖလား၊
ခေါင်းပေါင်းစထောင်ထောင်၊
ရွှေစလွယ်ဝင်းဝင်း၊ နှစ်လုံးပြူး အထင်းသားနဲ့
သူကြီးတစ်ယောက် ကြွားဝင့်နေပုံများ။

သူကြီးကတော်လည်း ဘာထူးသလဲ။
တစ်သက်လုံးချမဝတ်တဲ့ ဘရိုကိတ်ထဘီ၊ ငွေချည်ထိုးရင်ဖုံး၊
ဘီးဆံပတ်ထုံးကြီးနဲ့ ခံ့ညားနေလိုက်တာ။

နောက်တစ်ပတ်လောက်အကြာ
သူကြီး ရှူးရှူးရှားရှားပြန်လာသဗျာ။
ရွာထဲမရောက်သေးဘူး သေနတ်ဖောက်

“ဒိုင်း … ဒိုင်း … ဒိုင်း”

ဘယ် … ငါးမြွေထိုးလဲကွ … မြို့မှာ ဒါဘာပွဲမရှိဘဲ …
ငါ့ကို ညာလွှတ်တာ။

ဒါ အတွင်းလူမပါဘဲ မဖြစ်နိုင်ဘူး။
သိလိုက်လို့ကတော့ ခွေးမျိုးတွေ ဘေးဆိုးဝင်ပြီမှတ်”

သူကြီး အိမ်ဝိုင်းထဲရောက်တော့

သမီးရေ … သမီး”

မိနက်ကအပြေးလေးဆင်းလာ။
သူကြီးကို မကြည့်ရဲ လက်ထဲကို စာလေးတစ်စောင်ထည့်လိုက်တယ်။

လာပြန်ပြီလားဒီစာ”

သူကြီးက စာကိုဖွင့်ဖတ်လိုက်တော့

သူကြီးခင်ဗျား

ဒုတိယမ္ပိ တောင်းပန်ပါတယ်ခင်ဗျာ
မကြံကောင်းမစည်ရာလို့ မထင်စေလိုပါ

မြလေးကို ချစ်လွန်းလို့ ကြံမိတာပါ
သူကြီးတို့ ရှိနေလို့ ကျွန်တော့်နောက်ကို
မြလေးမလိုက်ရဲတာ

ခုတော့ ကျွတ်ကျွတ်လွတ်လွတ်ကို လာခိုးသွားနိုင်ခဲ့တာပါ

တောင်းပန်ပါတယ်ခင်ဗျာ

သောင်းဒန်

ဟေ့ … ငါးမြွေထိုး … သဝေထိုး … သပြေရိုး သောင်းဒန် …
မင်းကို ဗြောင်းဆန်အောင်ရှာပြီးသတ်မယ်ကွ”

သူကြီး အစ်မလေးကလည်း စာတစ်စောင်ပေးသွားတယ်”

သူကြီးက နောက်စာတစ်စောင်ကိုဖွင့်ဖတ်

အဖေ

တောင်းပန်ပါတယ်

သမီးမှာ သောင်းဒန်နဲ့ အကြောင်းဖန်ထားတာ
ကပြောင်းကပြန်တွေ ဖြစ်နေလို့ပါ

အဖေဗြောင်းဆန်မှာကြောက်လို့

သမီးကြံမိကြံရာ ကြံလိုက်တာပါ

တောင်းပန်ပါတယ်အဖေ

သမီးမိုက်

သူကြီးလည်း ဆွေ့ဆွေ့ခုန်။
တစ်အိမ်လုံး ပတ်ဆဲ၊ ရွာထဲလည်းလိုက်အော်။
နောက်ဆုံး မောလွန်းလို့ ဘုန်းကြီးကျောင်းထဲလာ။

တမာပင်ရိပ်မှာ ထိုင်နေတုန်း ကျောင်းပေါ်က
ဆရာတော်ကဆင်းလာပြီး

ဒကာကြီး … ဒကာကြီးကို တောင်းပန်ရဦးမယ်”

အလို လာပြန်ပြီ … တောင်းပန်ဦးမယ်တဲ့”

ဒီလို ဒကာကြီးရဲ့ …
ဒကာကြီး မြို့မသွားခင် လာအပ်သွားတဲ့သေတ္တာ
ဒကာကြီးသမီးက အဖေတောင်းခိုင်းလို့ ဆိုပြီး
လာပြန်ယူသွားတာ။

တကယ်မှတ်လို့ ပေးလိုက်ပါတယ်။
မနက်ကမှ ဒကာမ မြလေး လင်နောက်လိုက် ပြေးတာ
ကျောင်းက သောင်းဒန်နဲ့မှန်းသိလို့
အဲဒါ … တောင်းပန်”

သူကြီးကိုဗျာ
တစ်ရွာလုံးကလည်း ဝိုင်းပြီးတောင်းပန်လိုက်ရတာ
မတောင်းပန်လို့လည်း မရဘူးလေ

တစ်ရွာလုံး မီးတိုက်မယ်ဆိုပြီးတော့ မီးတုတ်ကြီး
ရမ်းနေတာ..

#တင်ညွန့်

#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳

#Crd

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 9 months ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 8 months ago