Heart & Language

Description
ဗဟုသုတရစရာများနှင့် အင်္ဂလိပ်စာပတ်သက်သော ဗဟုသုတများကို မျှဝေပေးနေသော Channel လေးပါ။
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 5 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 1 month, 3 weeks ago

3 months ago

𝕻𝖊𝖓𝖈𝖎𝖑 𝕽𝖊𝖆𝖉𝖞, 𝕯𝖗𝖊𝖆𝖒𝖊𝖗𝖘? 𝕿𝖍𝖊 𝕲𝖗𝖊𝖆𝖙 𝖄𝖔𝖚𝖓𝖌 𝖂𝖗𝖎𝖙𝖊𝖗𝖘' 𝕮𝖍𝖆𝖑𝖑𝖊𝖓𝖌𝖊!
မင်္ဂလာပါ မောင်လေးညီမလေးတို့ရေ
ကလောင်အစွမ်းနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်မယ့် စာရေးဆရာလေးတွေကို Alpha Ace က ဖိတ်ခေါ်နေပါတယ်

ထူးချွန်ထက်မြက်တဲ့ သူလေးတွေဖြစ်ဖို့ ဓားတစ်လက်ကို အစဥ်သွေးနေဖို့ Alpha Ace မှာ Creativity နဲ့ Writing Skill ကို အခမဲ့ လေ့ကျင့် ဆွေးနွေးလို့ရပါပြီ

အသက် ၈ နှစ် - ၁၆ နှစ် ကြား ဆိုရင်
အင်္ဂလိပ်စာကြောင်းတွေ တည်ဆောက်တတ်ပြီဆိုရင်
ပုံပြင်လေးတွေကြိုက်နှစ်သက်တဲ့ သားသားမီးမီးတွေဆိုရင်
ပုံဆွဲရတာ ရေးရတာ ကြိုက်နှစ်သက်တဲ့ ကလေးလေးတွေ ဆိုရင်
ဖန်တီးနိုင်စွမ်း စဥ်းစားနိုင်စွမ်း အားကောင်းတဲ့ ကလေးတို့ သာဆိုရင်

Alpha Ace ရဲ့ Young Writers' Challenge က ကလေးတို့ အတွက်ပါပဲနော်

Challenge က ဘယ်လိုမျိုးလဲ ???
ခေါင်းစဥ်တစ်ခုပေါ်မှာ ကလေးရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဖတ်မှတ်ဖူးသမျှကိုပေါင်းစပ်ပြီး အချိန်အကန့်အသတ်အတွင်း English လို စာလုံးရေ ၁၅၀ ခန့် စာရွက်ပေါ်မှာဘဲ ရေးသားကြရမှာဖြစ်ပါတယ်

Rules တွေကို Online exam တွေနဲ့ အနီးစပ်ဆုံး တူညီအောင်ပြုလုပ်ထားပြီး ကလေးတို့ရဲ့ Academic Writing, Essay Writing, Letter Writing Skill ကို မြင့်တင်စေမှာပါ

Marking Scheme တွေကိုလည်း Academic Writing ပုံစံအတိုင်း ယူထားတာမို့ Experience ကောင်းတစ်ခုဖြစ်စေမှာပါ

Chellenge ပြီးရင်ရော ဘာရမှာလဲ ???
Best Creativity Award
Best Characters Award ဆိုပြီး ဆု ၂ခု ပေးအပ်သွားမှာဖြစ်သလို
Participation Certificate အပြင် ကလေးရဲ့ Grammar and Writing By-One Feedback session ကို အခမဲ့ ရယူနိုင်ပါတယ်

အစီအစဥ် အသေးစိတ်ကတော့ -
Oct 18th ( Friday )
6.00 - 8.00 PM
Zoom Platform
Free of Charge

အောက်က link လေးမှာ register လုပ်နိုင်ပြီး ပြိုင်ပွဲဝင်များကို Oct 12 ရက် နေ့မှာ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားမှာပါ

https://forms.gle/VrJ8HBMJ5WhBFsk4A

လူဦးရေ ၃၀ခန့်သာ လက်ခံမှာမို့ မြန်မြန်လေး စာရင်းသွင်းဖို့တော့ လိုအပ်ပါတယ်နော်

3 months, 3 weeks ago

အားလုံးပဲ မင်္ဂလာပါရှင့် 💗

အခုလက်ရှိ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ရေးဘေးအန္တရယ်ရင်ဆိုင်နေရတာ သိကြမှာပါနော်...

SPEAK.EZ organization ကလည်း တက်နိုင်တဲ့ဘက်ကနေပြီး ကူညီဖို့အတွက် ပြင်ဆင်နေကြပါတယ်။ SPEAK.EZ team က‌ 15.9.2024 (Sunday) နေ့မှာ မြစ်သားဘက်ကိုအဓိက ထားပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်ရှင့်။

SPEAK.EZ ရဲ့ Challenge ‌တွေကရတဲ့ coins တွေကိုစုပြီးတော့လည်း လှူဒါန်းလို့ရပါတယ်ရှင့်။
ကျောင်းသား‌ကျောင်းသူမိသားစုများလည်း ကိုယ်တက်နိုင်သလောက် ပါဝင်ပြီး အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့် 🙇🏻‍♀️

ရလာတဲ့ အလှူငွေ အကုန်လုံးကို 100% လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီကပ်ကြီးကိုလည်း အတူတူရင်ဆိုင်ရင်း အကောင်းဆုံးကျော်ဖြတ်ကြမယ်...

SPEAK.EZ နဲ့အတူ ရေဘေးအလှူလေးကို ပါဝင်အားဖြည့်လိုပါက...
Page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။ အလှူငွေအနည်းအများမဆိုပါဝင်အားဖြည့်ပေးလို့ရပါတယ်ရှင့်

မြန်မာပြည်သူပြည်သားတွေ မြန်မာပြည်တစ်ဝန်းလုံး ဘေးဒုက္ခ အန္တရာယ်ခပ်သိမ်းမှ အမြန်ဆုံးကင်းဝေးရပါစေလို့ ဆုတောင်းရင်း....🙏🏻

#speakEZ_organization
#donation
#donation_campaign

4 months, 2 weeks ago

Hello 👋 SpeakEZers လေးတို့!👀

စိတ်ဓာတ်ကျပြီး လမ်းပျောက်နေပါသလား?

ဒါဆိုရင်တော့ဖြင့် ကျနေတဲ့စိတ်ကို သူငယ်ချင်းအသစ်တွေသာမက အတွေ့အကြုံအသစ်တွေပါရသွားစေမယ့် Speak.EZ ရဲ့ Listening and Speaking Self-Study Challenge လေးကို Join ပြီး အကျိုးရှိရှိ အသုံးချကြည့်ပါလား။👀

ကျွန်မတို့ရဲ့ ဟောဒီက Listening and Speaking challenge လေးဟာဆိုရင် English Level B2 နဲ့ C1 (Upper-intermediate နဲ့ Advanced) ရှိထားပြီးသားသူတွေအားလုံး join လို့ရတဲ့ Challenge လေးတစ်ခုဖြစ်ပါတယ်။ B2 သမားလေးတွေကတော့ အနည်းဆုံး (၁) နာရီလောက်အထိ သေချာအချိန်ပေးနိုင်မှသာ ထိရောက်မှုရှိနိုင်ပါလိမ့်မယ်နော်။

Challenge ကို join ပြီးရင် ဘာတွေလိုက်လုပ်ရမှာလဲ?

ကဲ...ဒါဆို အောက်ကအချက်လေးတွေကို သေချာဖတ်ကြည့်ပေးသွားနော်~

➽ BBC, CNN, VOA တို့ကသတင်းတွေကို နားထောင်ပြီးပြန်ပြောပြပေးရပါမယ်။ ₊˚.🎧

➽ သတ်မှတ်ထားတဲ့ Monday to Friday ရက်တွေမှာ တစ်ရက်ကိုတစ်ပုဒ် နားထောင်ပြီး ပြန်ပြောပြထားတဲ့အသံဖိုင်ကို‌တော့ သက်ဆိုင်ရာ gp ထဲကိုပို့ပေးရမှာပဲဖြစ်ပါတယ်။︎ •၊၊၊|။||။‌‌၊|• 0:10.

➽ video အထဲမှာပါတဲ့စကားလုံးတွေကို မသိရင်တော့ ကိုယ်တိုင် research လုပ်ပြီး ကိုယ်တိုင်လေ့လာရပါမယ်။သက်ဆိုင်ရာ Gp ထဲမှာလည်း ဆွေးနွေးလို့ရပေမယ့် "ဒါကဘာလဲ" ဆိုပြီးတိုက်ရိုက်ကြီးမေးလို့တော့မရပါဘူး။ ကိုယ်ရှာထားတဲ့အချက်ကို ဘယ်လိုနားမလည်ကြောင်းပြောပြရပါမယ်။.💬.✧

➽ သတင်း video တွေကြည့်ရမှာဖြစ်ပြီး ကြည့်တာတူသွားအောင်သာမက update ဖြစ်အောင်ပါ တစ်ပတ်တစ်ခါ ကြည့်ရမယ့် link တွေကို ပို့ပေးသွားမှာဖြစ်ပါတယ်။🧷

➽ Challenge ‌ဆိုတဲ့အတိုင်း တစ်လအတွင်းမှာ video အပုဒ် (20) တောင် လေ့လာရမှာဖြစ်ပါတယ်။

➽ ဒီ class လေးဟာ Challenge အတန်းလေးဖြစ်တာကြောင့်မလို့ တစ်ရက် 'စာ' မထပ်လိုက်တာနဲ့ Challenge လေးကနေထွက်ခွာသွားရမှာပဲဖြစ်ပါတယ်။ဒါ‌ကြောင့် ည (12) နာရီမတိုင်ခင် အိမ်စာတွေထပ်ပေးဖို့တော့လိုလိမ့်မယ်နော်။ ⩇⩇: ⩇⩇

➽ Class Fees လေးကိုတော့ မြန်မာငွေ 1000 ကျပ် (တစ်ထောင်ကျပ်) ကောက်ခံသွားမှာဖြစ်ပြီး Challenge ကိုအဆုံးထိပါဝင်ပြီး‌မြောက်တဲ့ သူလေးတွေကိုတော့ ကောက်ခံထားတဲ့ Class Fees လေးကိုပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ 🧾

ပျင်းဖို့ကောင်းလွန်းတဲ့ဘဝကြီးကို Challenge လေး join ရင်း skills တွေ တိုးတက်လာစေဖို့ Page ရဲ့ Chat Box မှာအမြန်လေး စာရင်းပေးလိုက်ကြတော့နော်။ ᵎᵎ 🎀

Class Details
──────────
• Class Name - Listening and speaking challenge (self-study)
• Starting date - 2.9.2024 (Monday)
• Timetable - Monday to Friday
• Seat limit - 20
• Duration - 1 month
• Level - Upper intermediate & Advanced
• Platform - Telegram
• Class Fees - 1000 mmk (တစ်ထောင်ကျပ်)

#SpeakEZ
#Listening_and_Speaking_challenge
#Content_Moor_Cho
#Graphic_Mile

8 months ago

စာလေ့လာတဲ့နေရာမှာ အရောင်တွေကို အကျိုးရှိအောင်အသုံးချနည်းများ

❤️ - အနီရောင်ဟာ

လူတွေရဲ့အာရုံကိုအလွယ်တကူဆွဲယူနိုင်တဲ့ အရောင်ဖြစ်တာကြောင့် ကိုယ်မှတ်မိရမယ့် ၊ မှတ်ထားရမယ့်စကားလုံးတွေကို အနီရောင်နှင့်မှတ်သားထားတာမျိုးဟာ သိသာတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ အနီရောင်နဲ့ အမှားတွေကိုဝိုင်းတာမျိုးကတော့ အမှားတွေကိုပဲပိုမြင်ပြီး ပိုမှတ်မိစေနိုင်တာကြောင့် မလုပ်ဖို့သတိထားရမယ့်အချက်ဖြစ်ပါတယ်။

? - အစိမ်းရောင်က

အာရုံစူးစိုက်ဖို့ကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အဖြူရောင်ကျောက်သင်ပုန်းထက် အစိမ်းရောင်ပေါ်မှာ ရေးတဲ့စာတွေကို ပိုမှတ်မိတတ်ပါတယ်။

စာလေ့လာတဲ့နေရာမှာ အစိမ်းရောင်ဘောပင် အစိမ်းရောင်ပစ္စည်းတွေရှိခြင်းကလည်း ပိုပြီးအာရုံစူးစိုက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

? - လိမ္မော်ရောင်ကတော့

အာရုံကိုလန်းဆန်းစေပြီး တက်ကြွတဲ့ စွမ်းအင်တွေဖြည့်တင်းပေးပါတယ်။

? - အပြာရောင်ကိုတော့

စိတ်ကူးဉာဏ်ဖန်တီးနိုင်မှုနှင့် တည်ငြိမ်မှု ကိုအထောက်အကူဖြစ်စေတဲ့အရောင်အဖြစ်သတ်မှတ်ထားပါတယ်။

ဒါကြောင့် ကိုယ်နားမလည်နိုင်တဲ့စာကြောင်းနဲ့ စာပိုဒ်တွေကို အပြာရောင်မှင်နှင့်ရေးဆွဲတာမှတ်ထားတာမျိုးက နားလည်နိုင်စွမ်းကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။

? - အဝါရောင်ကလည်း

မှတ်ဉာဏ်ကိုလှုံ့ဆော်ပေးနိုင်တာကြောင့် ကျောင်းသားအများစုရဲ့မှတ်စုမှတ်တဲ့နေရာမှာ အဝါရောင်မှင်ကိုသုံးပြီး မှတ်လေ့ရှိပါတယ်။

ဆိုတော့ အရောင်လေးတွေကို ရွေးချယ်သုံးတတ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

#Ravecca
#credit

9 months, 1 week ago

Hello!!ပါ Speak.EZရဲ့ learnersလေးတို့ရေ !!

?️Welcome to idiom timeᵎᵎ ?

ဒီနေ့မှာလဲ အစားအသောက်နဲ့ ပတ်သက်ပြီး သုံးလေ့ရှိတဲ့ idioms အချို့ကို လေ့လာကြည့်လိုက်ရအောင်လားနော်...။

ပထမဆုံးလေးကိုတော့ သခွားသီးလေးနဲ့ စလိုက်ကြရအောင်...။˚ ༘ ˑ ִֶ ?⊹
1'?. 'As cool as a cucumber'?: (Someone who is very cool headed and doesn't get worried)

Eg- Despite the chaos around him, he remained as cool as a cucumber and handled the situation with ease.
သူ့ပတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်နေသော်လည်း သူကတော့ အေးဆေးတည်ငြိမ်စွာနဲ့ အခြေအနေကို လွယ်ကူစွာ ကိုင်တွယ်ခဲ့တယ်။

ဒုတိယတစ်ခုကတော့ အားရှိစေမဲ့ "ဥ"လေးနဲ့ ပတ်သက်တဲ့ idiomလေးဖြစ်ပါတယ်။˚ ༘ ˑ ִֶ ?⊹

  1. ?'Egg on'?: (To encourage someone)

Eg - His friends egged him on to try the bungee jump, even though he was terrified.
သူ့သူငယ်ချင်းတွေက သူ့ကို ဘန်ဂီခုန်ဖို့ အားပေးနေတာတောင် သူကတော့ ကြောက်နေခဲ့တယ်။

နောက်ဆုံးနှစ်ခုကတော့ ကိတ်မုန့်ချိုချိုအိအိလေးနဲ့ ပတ်သက်တဲ့ idiom လေး ဖြစ်ပါတယ်...။?୨୧

3.? 'To sell like hot cakes'?: (To refer to an object or commodity is bought by many people)

Eg - The new smartphone model sold like hot cakes, with people lining up outside stores to get their hands on it.
စမတ်ဖုန်းမော်ဒယ်အသစ်က လူ‌အများကြားအလွန်ရောင်းချခဲ့ရပြီး စတိုးဆိုင်အပြင်ဘက်မှာ အဲဒါကိုသုံးရဖို့ တန်းစီနေကြတယ်။

4.?'Piece of cake'? (A task that is very easy)

Eg.To speak English like a native speaker is a piece of cake for me.
native speaker တစ်ယောက်လို English စကားပြောတတ်ဖို့က ငါ့အတွက်တော့ သိပ်လွယ်လွန်းတယ်။ (ဟုတ်ရဲ့လား learners လေးတို့?)

ကဲ....ဒီလောက်ဆိုရင် learners လေးတို့လဲ ဗိုက်ဆာလောက်ကြပြီထင်ပါတယ်...။အယ်! မှားလို့...နားလည်လောက်ကြပြီထင်ပါတယ်...။ဒီနေ့ကတော့ဒီလောက်ပါပဲနော်... ။୨୧

အစစ အရာရာအဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်း နောက်အပတ်မှာ ပြန်လည်ဆုံတွေ့ကြရအောင်ပါနော်...။୨୧?

ˑ ִֶ ?⊹??? Byebye??? ˑ ִֶ ?⊹

9 months, 1 week ago

Let's learn Idiom

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 5 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 1 month, 3 weeks ago