ᴄᴀʀᴛᴏᴏɴ ɴᴇᴡ ᴄʜᴀɴɴᴇʟ

Description
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2006 တခြားအကောင့်လုံးဝမသုံးပါ
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2006 တခြားအကောင့်လုံးဝမသုံးပါ

Last updated 12 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

12 months ago
**Inside Out - 2 ( 2024 …

**Inside Out - 2 ( 2024 )

Review

1 ထွက်ပြီး ၉ နှစ်ကြာမှ ထွက်လာတဲ့

Insideout - 2

2 မှာ တည်ဆောက်ထားတဲ့ဇာတ်အိမ်က အပျိုဖော်ဝင်ခါစ ရွိုင်လီရဲ့စိတ်ခံစားချက်သစ်တွေနဲ့ဖြစ်ပါတယ်။ အရာအားလုံး အစီအစဉ်တကျဖြစ်နေပြီထင်နေတဲ့ ပျော်ရွှင်မှုတို့အုပ်စုနဲ့ ပူပန်မှုဦးဆောင်တဲ့အဖွဲ့သစ်နဲ့တွေ့ချိန် ကမောက်ကမတွေ အကုန်စဖြစ်ပါတော့တယ်။ နှစ်ဖက်စလုံးက ရွိုင်လီ့အတွက် အကောင်းဆုံးဖြစ်မယ့်အရာတွေလုပ်ပေးပေမဲ့ သဘောထားကွဲလွဲပြီး အားပြိုင်ကြတဲ့အခါ ပျော်ရွှင်မှုတို့အုပ်စုပဲ ပုလင်းထဲထည့်ချုပ်ခံလိုက်ရပါပြီ…..  ခံစားချက်ဟန်ချက်မညီမှုတွေဖြစ်လာတဲ့ ရွိုင်လီ့ကိုကယ်ဖို့ပြန်သွားကြမယ့် ပျော်ရွှင်မှုတို့၊ ရွိုင်လီ့ကိုကူဖို့လုပ်ရာကနေ စိတ်ထင်ရာလုပ်မိနေတဲ့ ပူပန်မှုတို့ ဘယ်ဖက်က အားသာသွားမလဲဆိုတာ ဒီကြည်တောက်ရှင်း…. ကြော်ငြာကင်း webcam Version  နဲ့ ဦးဦးဖျားဖျားခံစားကြည့်လိုက်ပါ။*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/relaxmovie1/578 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

12 months ago
**Inside Out (2015)

**Inside Out (2015)
---------------------

IMDB (8.2/10)

ဇာတ်လမ်းအကျဉ်းကတော့ Riley ဆိုတဲ့ကောင်မလေးနဲ့ သူ့ရဲ့ စိတ်ခံစားချက်လေးတွေအကြောင်းတင်ဆက်ထားပြီး Riley က အမေရိကန်နိုင်ငံအလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Minnesotaမှာ နေထိုင်ပါတယ်

ဇာတ်လမ်းအစမှာ မွေးကာစ Riley လေးမှာ Joy ဆိုတဲ့ ပျော်ရွှင်မှုလေးစတင်ဖြစ်ပေါ်လာသလို Sadness ကလည်း ကပ်ပါလာပါတယ်၊ ဒါကြောင့် မွေးကာစမှာ တစ်ချိန်လုံးငိုနေကြတာဖြစ်ပါတယ်

ဒီနောက်မှာတော့ ကလေးဘဝပြေးလွှားဆော့ကစားရင်း မသိတဲ့အရာကို ကြောက်စိတ်လေးတွေရှိသလို မစားချင်တာကို အဖေအမေက ကျွေးရင်ရွံရှာတဲ့စိတ်ဖြစ်လာပြီး ဒေါသလည်းထွက်လာတတ်တယ်ဆိုတာကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်

ကလေးဘဝမှာ အဖေအမေနဲ့ စနောက်ပြောင်ရင်းနဲ့ သူမမှာ အပြောင်အပျက်လုပ်တဲ့စိတ်ကလေးရှိလာပြီး ဒါလေးက အမြစ်တွယ်သွားပြီးသူမရဲ့ စိတ်နေစိတ်ထားထဲမှာ ပါလာသလို၊ သူ့အဖေက ကလေးဘဝမှာ ရေခဲပြင် ဟော်ကီကို ကစားစေခဲ့တာကြောင့် သူမကျောင်းတက်တဲ့အခါမှာ ဒီကစားနည်းကို နှစ်သက်လာသလို ဒီကစားနည်းမှာလည်း ထူးချွန်ခဲ့ပါတယ်*😍*ကြည့်ရန်နှိပ်ပါ👇https://t.me/relaxmovie1/576 🎬 Main channel 🔗**t.me/addlist/43SAvNGGjGExNWVl

12 months ago
1 year ago
**အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒစ္စနေး ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ …

**အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒစ္စနေး ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..

မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်

သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး

တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်

ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်

IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား ပရိသတ်တွေရော မကြည့်ရသေးတဲ့သူတွေရော သေချာပေါက် သဘောတွေ့မယ့် ကာတွန်းကားလေးလို့ ညွှန်းပေးပါရစေ။*?*ကြည့်ရန်နှိပ်ပါ?https://t.me/relaxmovie1/504 ? Main channel ?**t.me/addlist/43SAvNGGjGExNWVl

1 year ago
**?? ????? ??????? (????)

**?? ????? ??????? (????)

ပေါ့ပေါ့ပါးပါး ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်

ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။

သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။

Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။

ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။

ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။

သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။

ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက်
သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။

အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။

ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။

နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။

ဇာတ်ကြောင်းက ဒီထက်တော့ရှုပ်ပါတယ်။

နားလည်လွယ်အောင်တစ်ချို့အချက်တွေ ဖယ်ရေးလိုက်ရတာပါ။

ဟိုးတုန်းက ဒစ္စနေးမင်းသမီးလေးတွေကားတွေ၊ မွန်းစတားကားတွေ၊
စက်ရုပ်တွေပါတဲ့ကာတွန်းကားတွေ၊ မှော်ဆန်တဲ့ကားတွန်းကားတွေကို ကြိုက်ခဲ့ဖူးရင်

ဒီကာတွန်းရုပ်ရှင်ဟာ အဲဒီအရသာတွေအကုန်လုံးကို Nostalgic ဖြစ်စေမှာပါပဲ။*?*ကြည့်ရန်နှိပ်ပါ?https://t.me/relaxmovie1/502 ? Main channel ?**t.me/addlist/43SAvNGGjGExNWVl

1 year ago
1 year, 2 months ago
**Cloudy with a Chance of Meatballs …

Cloudy with a Chance of Meatballs 2 (2013)
———————————
ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်ကဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီကဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့်သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖိုလှည့်ကွက်တွေ ထုတ်သုံးတော့တယ်။ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလိုသူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရောဒီစက်ကိုယူပြီး ဘာလုပ်ဖို ကြံစည်ထားတာလဲဆိုတာကိုတော့ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။ ဇာတ်ကားထဲမှာက သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေ၊ ကိစ္စတစ်ခုကို ပုံသေမမှတ်ဘဲရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရှုသင့်ပုံတွေကို တင်ဆက်ထားတာမလိုအထူးသဖြင့် ကလေးငယ်တွေကို ပြသင့်တဲ့ ကာတွန်းကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းကလည်း ပထမကားလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာမလိုမိသားစုနဲ့အတူ အချိန်ပေးကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
*?*ကြည့်ရန်နှိပ်ပါ?*https://t.me/cartoonkb/721 ? Main channel ?***t.me/addlist/43SAvNGGjGExNWVl

1 year, 2 months ago
***Cloudy with a Chance of Meatballs …

Cloudy with a Chance of Meatballs (2009)
————————————-
ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြိုလေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြိုလေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြိုလုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြိုလုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က သူ့မြိုကလူတွေကို ဒီအဖြစ်ဆိုးကနေကယ်တင်ဖိုအတွက် အစားအစာဖန်တီးတဲ့စက်ကိုတီထွင်ဖို ကြိုးစားတော့တယ်။ရေထည့်လိုက်ရုံနဲ့ မှာတဲ့အစားအစာကို အလိုလျောက်ထုတ်လုပ်ပေးသွားမယ့် စက်မျိုးပါ။ငယ်ငယ်ကတည်းက မြိုရဲ့ ငကြောင်လို သတ်မှတ်ခံထားရတာမလိုသူ့ရဲ့ တီထွင်မှုကို မြိုခံတွေက သဘောကျလက်ခံပါ့မလား၊ သူ ထွင်တဲ့ စက်ကရောဘာချွတ်ယွင်းချက်မှမရှိ အလုံးစုံ ပြည့်စုံနေနိုင်ပါ့မလား၊ ဘယ်လိုပြဿနာတွေပေါ်လာမလဲဆိုတာကိုတော့ Cloudy with a Chance of Meatballs ဆိုတဲ့ဟောဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်။ ပေါ့ပေါ့းပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာဖြစ်တာမလိုမိသားစုနဲ့အတူ ကြည့်ဖိုလည်း အဆင်ပြေတဲ့ ကာတွန်းကားကောင်းလေးပါ။တစ်နေ့တာ ပင်ပန်းနေတာတွေ ပြေပျောက်ချင်ရင်တော့ဒီကားလေးကြည့်ဖို recommend ပေးလိုက်ပါတယ်။
*?ကြည့်ရန်နှိပ်ပါ?https://t.me/cartoonkb/719 ? Main channel ?***t.me/addlist/43SAvNGGjGExNWVl

1 year, 2 months ago
1 year, 2 months ago
**Suzume

**Suzume

IMDb 7.8/10

ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့
Suzumeဟာ အဒေါ်နဲ့အတူနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။

သူငယ်စဥ်တုန်းက အမေသေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။

တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်းမေးသွားခဲ့ပါတယ်။

နောက်တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့လူမရှိတဲ့နေရာဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကိုတွေ့သွားခဲ့ပါတယ်။

အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာတော့……*?*ကြည့်ရန်နှိပ်ပါ?https://t.me/cartoonkb/685 ? Main channel ?**t.me/addlist/43SAvNGGjGExNWVl

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2006 တခြားအကောင့်လုံးဝမသုံးပါ

Last updated 12 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago