Unlock a World of Free Content: Books, Music, Videos & More Await!

Phone Yan Soe Moe

Description
Admin ဆီကို ဆက်သွယ်ရန် -

☎️09405227220
📧contact@phoneyansoemoe.com
🌐phoneyansoemoe.com
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

2 months, 2 weeks ago

--------------------------

2 months, 2 weeks ago

————————————————-

3 months, 3 weeks ago

——————————

3 months, 3 weeks ago

နည်းပညာနဲ့ပတ်သက်တဲ့ စာအုပ် (၅၀) ကျော်ကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ဖို့အတွက် -

https://www.facebook.com/share/2BkqhxMnzPxiNn8z/?mibextid=K35XfP

Facebook

Log in or sign up to view

See posts, photos and more on Facebook.

4 months, 1 week ago

———————————————

4 months, 2 weeks ago

-----------------------

8 months, 3 weeks ago

---------------------

8 months, 3 weeks ago

"Project design idea ​ရဖို့အ​ကောင်းဆုံး website ၁၀ ခု"
.
ဒီတစ်​ခေါက်ကတော့ web project အသစ်လုပ်မယ်ဆို ဘယ်လို design လုပ်ရင်ကောင်းမလဲ ဘယ် website ​တွေဆီက​နေ design idea ​တွေ inspiration ​တွေယူလို့ရမလဲဆို​တာ list စု​ပေးထားပါတယ်။
.
1. Behance - www.behance.net
Behance က​တော့ web design ​တွေ​တင်မဟုတ်ပဲတခြား creative artwork ​တွေပါအစုံဆုံး နဲ့အများဆုံးရှိလို့ တစ်​​နေရာတည်းမှာရှာချင်ရင်​တော့ ဒီကိုလာရှာပြီး idea ​ကောင်း​တွေရှာလို့ရပါတယ်။
.
2. Dribbble - www.dribbble.com
Dribbble ကလည်း front end သမား​တွေဆိုရင်အနည်းဆုံး​တော့ကြားဖူးမယ့် website ပါ။ သူ့ဆီမှာ လည်း web design reference ယူလို့ရမယ့် design လန်းလန်း​တွေ မျိုးစုံရှိပြီး ကိုယ်ကိုယ်တိုင်လည်း design ​တွေလုပ်ပြီးတင်လို့ရမယ့် အသုံးဝင်တယ့် website ပါ။
.
3. Pinterest.com - www.pinterest.com
Pinterest က​တော့ design သီးသန့်တင်တဲ့ website မဟုတ်​ပေမယ့်အဲ့မှာက​လည်း web design အပြင် svg design ​တွေ icon design ​တွေနဲ့တခြား design idea ​တွေပါရှိတာမို့လို့ တခြား design ​တွေပါ​လေ့လာချင်ရင်​တော့ pinterest ကအသင့်​တော်ဆုံးဖစ်မှာပါ။
.
4. saaspages - www.saaspages.xyz
သူက​တော့ ရှိပြီးသား နံမည်ကြီး website ​တွေရဲ့ design အ​ကောင်းဆုံး website ​တွေကိုစု​ပေးထားပါတယ်။ component ​တွေအလိုက်လည်း (header, cta buttons,about, footer etc.) ကြည့်လို့ရလို့ header design ဒါမှမဟုတ် footer design တစ်ခုပဲကြည့်ချင်ရင်အသုံးဝင်မှာပါ။
.
5. land-book - www.land-book.com
Land-book က​တော့ website design inspiration အတွက်ပဲသီးသန့်လုပ်ထားတာဖြစ်လို့ အဲ့မှာ​တော့ design ​လှတဲ့ ကမ္ဘာတစ်ဝန်းက website ​တွေကို list ပြ​ပေးထားပါတယ်။
.
6. onepagelove - www.onepagelove.com
နံမည်အတိုင်း single page အတွက် design ​တွေကိုပြ​ပေးထားတဲ့ website ပါ၊ ကိုယ့် project ကအဲ့​လောက်လဲ scale မကြီးဘူး၊ single page လဲဖြစ်တယ်ဆိုရင်​တော့ဒီလို website ​တွေမှာ design idea ရှာတာ ပိုအဆင်​​ပြေပါတယ်။
.
7. awwwards - www.awwwards.com
Awwwards က​တော့ design ​အ​​ကောင်းဆုံး website ​တွေကိုသတ်မှတ်ပြီး ဆု​ပေးပါတယ်။ ဆုရသွားတဲ့ website ​တွေကိုလည်း website မှာပြ​ပေးထားလို့ တကယ့် unique ဖြစ်ပြီး award ရထားတဲ့ design ​တွေဆိုရင်​တော့ဒီမှာသွားကြည့်ပြီး idea ယူလို့ရပါတယ်။
.
8. saaslandingpage - saaslandingpage
ဒီ website ကလည်း SaaS companies ​တွေထဲက design ​​​ကောင်းတယ့် website ​တွေကို​ရွေးပြီး list လုပ်​ပေးထားတယ့် ​နေရာမို့လို့ ဒီက​နေလည်း design idea နဲ့ reference ​တွေယူလို့ရပါတယ်။
.
9. admiretheweb - www.admiretheweb.com
သူက​တော့ အနည်းဆုံး ၂ရက်၁ခါ​လောက် unique design ဖြစ်တဲ့website ​တွေကိုupdate လုပ်​ပေးထားလို့ ​နောက်ဆုံးထွက်တယ့် trending design ​တွေနဲ့လုပ်ထားတယ့် website ​ကောင်း​ကောင်း​တွေကိုသူတို့ဆီမှာ idea သွားယူနိုင်ပါတယ်။
.
10. Instagram - www.instagram.com
Instagram မှာလည်း web design ​တွေ နဲ့ တခြား project idea ​တွေ ကိုရှာလို့ရပါတယ်။ တခြားနိုင်ငံက web designer ​တွေလည်း instagram ​ပေါမှာ design ​တွေတင်လို့ follow လုပ်ထားပြီး idea ​ကောင်း​ကောင်း​တွေ ရနိုင်မှာပါ။

Credit To Tech Castle By Burmese

9 months ago

–----------------------

9 months ago

PHP လုပ်ရင်ကောင်းမလား၊ JavaScript လုပ်ရင်ကောင်းမလား၊ Python လုပ်ရင်ကောင်းမလား၊ Java လုပ်ရင်ကောင်းမလား၊ Laravel လုပ်ရင်ကောင်းမလား၊ Android လုပ်ရင်ကောင်းမလား၊ React လုပ်ရင်ကောင်းမလား၊ Vue လုပ်ရင်ကောင်းမလား.. စသည်ဖြင့်.. စသည်ဖြင့်... လားပေါင်းများစွာတို့အတွက် -

၁။ Language ကို မရွေးပါနဲ့၊ Framework ကို မရွေးပါနဲ့၊ ဘာသာရပ်ကိုရွေးပါ။ ဘာသာရပ်ဆိုတာ Web Development, Mobile App Development, Front-end, Back-end, Machine Learning စသည်ဖြင့်။ ရွေးချယ်လိုက်တဲ့ ဘာသာရပ်တစ်ခုမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အထူးပြုလေ့လာပါ။ အစပိုင်းမှာ ကျန်တာတွေ ခဏခေါက်ထားလိုက်ပါ။

၂။ ဘာရွေးရမှန်းမသိသေးရင် နည်းနည်းနည်းနည်း အရင် လုပ်ကြည့်ပါ။ ကိုယ့်အကြိုက်၊ ကိုယ့်အားသာချက်နဲ့ အကိုက်ဆုံးကို ရွေးပါ။ တစ်ချို့က Creation ပိုင်း ပိုကောင်းတယ်။ တစ်ချို့က Product ပိုင်း ပိုအားသန်တယ်။ တစ်ချို့က Analytic ပိုင်းပိုအားသန်တယ်။ တစ်ချို့က သေးသေး သေးသေးလေးတွေ ကြိုက်တယ်။ တစ်ချို့က All-in-one ပိုကြိုက်တယ်။ တစ်ချို့က မြန်မြန်သွား၊ မြန်မြန်လုပ်၊ မြန်မြန်ပျက်၊ မြန်မြန်ပြင် ဆိုတာမျိုး ကြိုက်ကြတယ်။ တစ်ချို့က စနစ်တစ်ကျ ပလန်ချပြီး ခပ်ဖြေးဖြေး သွားရတာ ကြိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ အားသာချက်တွေ မတူကြပါ။ လိုက်လုပ်ကြည့်စရာမလိုဘဲ ကိုယ်ဘာကြိုက်လည်း ကိုယ်ဘာလုပ်ချင်လဲ စကတည်းက သိရင်တော့ အကောင်းဆုံးပေါ့။ မသိသေးရင်တော့ လိုက်လုပ်ကြည့်မှပဲ ရမှာပါ။

၃။ တစ်ကယ်တော့ "ဘာရွေးရွေးမမှားပါဘူး။ ဟိုလိုလို ဒီလိုလို ဖြစ်နေရင်သာ မှားတာပါ။" ကိုယ်ရွေးလိုက်တာက သူများတွေ ရွေးလိုက်တာလောက် ကောင်းမှကောင်းပါ့မလား။ အရွေးများမှားသွားမလား။ ဒါမျိုးတွေ မရှိပါဘူး။ သူများတွေ ဘာရွေးနေလည်း ဘာလုပ်နေလည်းဆိုတာ အခြေအနေကို မျက်ခြေမပြတ်အောင် ကြည့်ရတာပါ။ တစ်ကယ်တော့ ကိုယ့်အားသာချက်၊ ကိုယ့်အကြိုက်နဲ့ အကိုက်ဆုံးကို ရွေးရမှာပါ။ Active ဖြစ်နေတဲ့ ဘာသာရပ်တွေထဲက ဘာရွေးရွေး မမှားပါဘူး။ Active မဖြစ်တော့တဲ့ အန်းတိတ် ဘာသာရပ်တွေ၊ ပေါ်ခါစ ဘယ်လိုဖြစ်လာမယ်မှန်း သိပ်မသေချာသေးတဲ့ ဘာသာရပ်တွေကိုမှ ရွေးချင်းရင်တော့ နည်းနည်းပိုသတိထားရမှာပေါ့။

၄။ စိတ်တွေသိပ်မပူပါနဲ့။ သူများတွေက လေးငါးခု အကုန်ရကြတယ်၊ ငါက တစ်ခုထဲပဲ ရတယ်ဆိုတာ အာပလာပါ။ လေ့လာစပဲ ရှိသေးတယ်၊ လေးငါးခု ရပါတယ်ဆိုတဲ့သူကို တစ်ကယ်ရတာ ဟုတ်လို့လားလို့ ပြန်မေးရမှာပါ။ Teach yourself programming in ten years ဆိုသလို တစ်ခုခုမှာ အမှန်တစ်ကယ် ကျွမ်းကျင်ဖို့တောင် (၁၀) နှစ်လောက် ကြာနိုင်တာပါ။ အထွေထွေ ဟိုစပ်စပ် ဒီစပ်စပ် အကုန်ရသူ Generalist တွေအတွက် နေရာရှိသလို၊ တစ်ခုခုထဲမှာပဲ အထူးပြု ဇောက်ချကျွမ်းကျင်တဲ့ Specialist တွေ အတွက်လည်း နေရာတွေ ရှိပါတယ်။ ကိုယ်က Generalist ဖြစ်ချင်တာလား၊ Specialist ဖြစ်ချင်တာလား သုံးသပ်ပါ။ Specialist လမ်းကိုလျှောက်ပြီး Generalist တွေထဲ ဝင်တိုးနေတာမျိုး၊ Generalist လမ်းကိုလျှောက်ပြီး Specialist တွေရဲ့ နေရာမျိုးကို လိုချင်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။

၅။ ဟာ ရှုပ်နေတာပဲ... ဘာတွေမှန်းမသိတော့ဘူးဆိုရင် လိုတိုရှင်းမှတ်ထားပါ။ "တစ်ခုခုကို အမြဲမပြတ်လေ့လာနေသ၍ လမ်းကြောင်းတည့်နေပါပြီ။" အဝေးကြီးတွေ လှမ်းကြည့်ပြီး ပူပင်တာတွေ လျှော့လိုက်ပါ။ နည်းနည်း နည်းနည်း အမြဲပုံမှန် လေ့လာနေတယ်ဆိုရင် ဘယ်လိုပဲလေ့လာလေ့လာ၊ ဘာကိုပဲလေ့လာလေ့လာ၊ အချိန်တန်တဲ့အခါ သူ့ဘာသာ ဖြစ်လာပါလိမ့်မယ်။ အသုံးမဝင်တဲ့ပညာဆိုတာ မရှိပါဘူး။ နည်းနည်းအသုံးဝင်တာနဲ့ များများအသုံးဝင်တာသာ ကွာပါတယ်။ နည်းနည်းပဲ အသုံးဝင်တာကို လေ့လာမိသွားတယ် ဆိုရင်တောင် တစ်ချိန်မှာ အဲ့ဒါက သူများတွေမှာမရှိဘဲ ကိုယ့်မှာပဲ ရှိနေတဲ့ Edge တစ်ခု ဖြစ်လာနိုင်ပါသေးတယ်။ တစ်ကယ်တော့ မပြတ်လေ့လာနေဖို့သာ အဓိကပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။

Credit

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago