Honest Hour (Mental Health Well-being)

Description
Honest Hour, where you can acquire the knowledge about Well-being, health care tips and to support your mental stability.

We will keep updating the activities and workshops of Honest Hour for you all.
Advertising
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 1 month, 1 week ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 1 month ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 2 weeks, 3 days ago

2 months, 2 weeks ago

? August လ တစ်လလုံးမှာ ပြုလုပ်ပေးသွားမဲ့ Honest Hour ရဲ့ Weekend Morning Sessions များ

August လရဲ့ အပတ်စဥ် စနေနေ့ မနက်တိုင်း 11:11 Bistro မှာ weekend healing sessions များကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အပတ်စဥ် စနေနေ့မနက်တိုင်းမှာ ဘယ်လို activity လေးမှာ ပါဝင်ပြီး healing လုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

?August (10) ရက်နေ့မှာတော့ ပထမဆုံးအနေနဲ့ Group Support and Mental Health Awareness session လေးကို Free Of Charge နဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီ session လေးမှာ supportive ဖြစ်တဲ့ community group လေးတစ်ခုဖန်တီးပြီး mental wellbeing အတွက် အရေးပါတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။

Date : 10th August 2024 (Saturday)
Session : Group Support and Mental Health Awareness
Fees : Free Of Charge

?August (17) ရက်နေ့မှာတော့ Art Therapy activity လေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ session လေးကတော့ တီထွင်ဆန်းသစ်နိုင်တဲ့ စိတ်လေးကိုနှိုးဆွပြီး သင့်ရဲ့ မွန်းကြပ်နေတဲ့ စိတ်ခံစားချက်တွေကို အနုပညာအနေနဲ့ ဖော်ထုတ်ပြီး healing လုပ်ရတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ session လေးဖြစ်ပါတယ်။

Date : 17th August 2024 (Saturday)
Session : Art Therapy
Fees : 25,000 MMK

?August (31) ရက်နေ့မှာတော့ ပျံ့လွင့်ရှုပ်ထွေးတတ်တဲ့ စိတ်လေးကို macrame လေးတွေ ကျစ်တဲ့အပေါ်မှာပဲ စုစည်းထားတဲ့ ကျင့်စဥ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာ well-being တွေကို မြှင့်တင်ပေးတဲ့ Mindful Macrame session လေးပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Date: 31st August 2024
Session: Mindful Macrame
Fees: 40,000 MMK
Location : 11:11 Bistro (NO.76/77, Aung Thukha Street, Thingangyun Township,Yangon, Myanmar) (For All Sessions)
Time: 10:00 AM - 11:30 AM (For all sessions)

FOC session လေးမှလွဲ၍ sessions တိုင်းမှာ breakfast ကျွေးသွားမဲ့ အစီအစဉ်လေးလည်း ပါဝင်မှာ ဖြစ်ပါတယ်ရှင် ?

တစ်လလုံး session အားလုံးမှာ ပါဝင်နိုင်သလို ကိုယ်ကြိုက်နှစ်သတ်ရာ session လေးတွေမှာ ရွေးပြီးလည်း ပါဝင်နိုင်ပါတယ်.....
Honest Hour ရဲ့ Weekend Morning sessions လေးတွေကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုပါက Page ChatBox မှာ ဖြစ်စေ၊ 09792824522 ကို ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်??‍♀️

#HonestHour
#wellbeing_services
#emotional_support
#selfcare #selfhealing
#weekend_morning_sessions

2 months, 2 weeks ago

ပိတ်ရက်လက်ကျန်အချိန်လေးမှာ သေချာ relax လုပ်ပေးပြီး energy ပြန်ဖြည့်ရအောင်နော်.....?

? ပိတ်ရက်လေးမှာ ဇိမ်ရှိရှိ ရေချိုးပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့ပေးလို့ ရပါတယ်နော်။ ရေချိုးတဲ့အချိန်မှာ ကိုယ့်ရဲ့ အသားအရည်နဲ့ သင့်တော်တဲ့ scrub, body oil လေးတွေနဲ့ scented candles လေးတွေ အသုံးပြုပြီး ဇိမ်ရှိရှိရေချိုးရင်း အပန်းဖြေလိုက်ရအောင်နော်။

?စိတ်ပျော်အောင်လုပ်ပြီး စိတ်လေးအပန်းဖြေဖို့ အရသာရှိတဲ့ snacksလေးတွေ၊ drinks လေးတွေသုံးဆောင်ပေးပြီး စိတ်အပန်းဖြေ အနားယူပေးလို့လည်းရပါတယ်။

??လေကောင်းလေသန့်လေးလည်း ရှူရင်း၊ သဘာဝတရားကိုလည်း ခံစားရင်း လမ်းလေးလျှောက်ပြီး စိတ်ညစ်စရာတွေ၊ စိတ်ဖိအားတွေကို လွှတ်ချပြီး အနားယူပေးလို့လည်း ရပါတယ်။

?ခေါင်းလေးကြည်နေဖို့ ဦးနှောက်ကိုအနားပေးတဲ့အနေနဲ့ Screen တွေ၊ Social Media တွေနဲ့ ထိတွေ့ခြင်းကနေ ခနလေး break ယူလိုက်ပြီး သေချာအချိန်ပေး အနားယူပေးလို့လည်း ရပါတယ်နော်…..

? မအိပ်ခင် တစ်နေ့တာလုပ်ခဲ့တဲ့အရာတွေကို ကျေးဇူတင်တဲ့ စိတ်လေးမွေးပြီး အပြုသဘောဆောင်တဲ့ စိတ်လေးနဲ့ စိတ်ကို ပေါ့ပေါ့ပါးပါးလေးထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူလိုက်ပါနော်…..?

2 months, 2 weeks ago

Good Morning ?

အသက်လေးဝဝရှူပါ ?️

လွှတ်ချစရာတွေ လွှတ်ချပြီး မျက်မှောင်ကြုတ်နေတာတွေ ဖြေလျှော့လိုက်ပါ ?

တစ်နေ့တာအတွက် မျက်နှာမှာ အပြုံးလေး စတင်ဖန်တီးလိုက်ပြီး နေ့သစ်လေးကို စိတ်အကြည်ဓာတ်လေးနဲ့ စတင်လိုက်ပါနော် ?

4 months, 4 weeks ago
Honest Hour (Mental Health Well-being)
5 months ago

“တစ်ပတ်တစ်ပတ်ရဲ့ အစတိုင်းမှာ Weekly planner လေးတွေဆွဲကြရအောင်”✔️

⛵️လှေတစ်စီးဟာ ဦးတည်ချက်မရှိတဲ့ ပဲ့ကိုင်သူလက်ထဲမှာဆို ကန်ရေပြင်မှာပဲ တဝဲလည်လည်ဖြစ်နေပြီး သင့်တော်ရာကမ်းစပ်မှာ ဆိုက်ကပ်နိုင်မှာမဟုတ်သလို ကျွန်မတို့လူတွေဟာလည်း ဦးတည်ချက်တွေ၊ရည်မှန်းချက်တွေမရှိဘဲ အလုပ်တွေလုပ်နေရင် အလုပ်လုပ်တာသာအဖက်တင်ပြီး တစ်ပတ်တစ်ပတ် အချိန်တွေကုန်သွားတယ်၊ ဘာမှအရာမထင်ဘူး ဆိုတဲ့အဖြစ်မျိုးတွေ ဖြစ်နေပါလိမ့်မယ်။❗️

အဲ့လိုမျိုးထပ်မဖြစ်ရအောင် တစ်ပတ်တစ်ပတ်ရဲ့ အစတိုင်းမှာ weekly plan လေးတွေဆွဲပြီး weekly goals လေးတွေကိုပြီးမြောက်အောင်မြင်အောင် လုပ်လိုက်ကြရအောင်နော်….. ? အဲ့ဒီ့goalsလေးတွေကို အပတ်စဥ် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဒီသုံးချက်အတိုင်း ကျင့်သုံးကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်ရှင်…..

(၁) အရင်အပတ်မှာ ကိုယ်ဘာတွေပြီးမြောက်အောင်မြင်ခဲ့လည်း ပြန်သုံးသပ်ကြည့်ပါ…..

(၂) Weekly goals တွေအောင်မြင်ပြီး စိတ်ကျေနပ်ရတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆုချပေးပြီး နောက်ထပ်goals တွေ အတွက်အားပြန်မွေးပေးပါ။??

(၃) တစ်ပတ်တစ်ပတ်ရဲ့အစမှာ weekly goalsလေးတွေနဲ့ planလေးတွေ ပြန်သတ်မှတ်ပေးပါ။ ?

ဒီ(၃)ချက်ကို ကျင့်သုံးပေးပြီး အပတ်စဥ် ကိုယ့်ရဲ့ရည်မှန်းချက်သေးသေးလေးတွေကို အကောင်အထည်ဖော်သွားကြရအောင်…..??‍♀️

5 months ago

“တစ်ခါတစ်လေ ကိုယ့်အတွက်ကိုအချိန်ပေးပြီး တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူပေးပါ ?

အရွယ်တစ်ခု ရောက်လာတဲ့အခါ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်ရှားသွားတယ်…ငယ်ငယ်တုံးကလို
ကိုယ်လုပ်ချင်တဲ့ အရာလေးတွေလုပ်ဖို့ ကိုယ်ပိုင်အချိန်လေးတွေ မပေးနိုင်ကြတော့ဘူး...?
ကိုယ့်ရဲ့အချိန်တွေဟာ လုပ်စရာရှိတဲ့ အလုပ်တာဝန်ထဲမှာပဲ နစ်မြုပ်နေတယ်၊ မိသားစုတာဝန်တွေထဲမှာပဲ
အချိန်ကုန်နေပြီး ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မေ့နေကြတဲ့အခါ တဖြည်းဖြည်းနဲ့
ကိုယ်လုပ်နေရတဲ့ အရာတွေမှာ မပျော်တော့ဘဲ စိတ်ဖိစီးမှုတွေ၊ မကျေနပ်စိတ်တွေများလာပြီး
စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်...‼️

ဒီလိုအခြေအနေတွေ ဖြစ်နေပြီဆိုရင် အခွင့်ရတဲ့အခါ အရာအာလုံးကို ခနလောက်လွှတ်ချပြီး တစ်ယောက်တည်း date လုပ်ပြီး ကိုယ့်ကိုယ်ကိုအချိန်ပေး၊အနားယူကြည့်ပါ...

တစ်ယောက်တည်း အေးအေးဆေးဆေး enjoy လုပ်နိုင်မဲ့ self-date ideas လေးတွေကတော့...

?Clay date- အေးအေးဆေးဆေးဖြစ်မဲ့ နေရာလေးတွေသွားပြီး အရုပ်လေးတွေပုံဖော်လို့ရတဲ့ ရောင်စုံ clay တွေနဲ့ ကိုယ့်စိတ်ထဲရှိနေတဲ့အရာလေးတွေ ဖန်တီးပုံဖော်ပြိး စိတ်အပန်းဖြေနိုင်ပါတယ်...

?Art date- ဘဝဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတတ်ပေမဲ့ ပန်းချီတွေကိုတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ့်ရဲ့ စိတ်ကူးတွေနဲ့ ခြယ်လှယ်လို့ ရပါတယ်... ဒါ့ကြောင့် ကိုယ့်ရဲ့ဆန္ဒတွေ၊ မကျေနပ်ချက်တွေ၊ စိတ်ဒဏ်ရာတွေကို ပန်းချီတွေနဲ့ ဖော်ထုတ်ပြီး စိတ်သက်သာရာရနိုင်ပါတယ်...?

?Coffee date- ရာသီဥတုကလည်းပူနေတာကြောင့် အေးတဲ့ကော်ဖီဆိုင်လေးတွေသွားပြီး အရာသာရှိပြီး အမြင်လှတဲ့အချိုပွဲလေးတွေနဲ့ သောက်စရာလေးတွေသုံးဆောင်ပေးပြီး ကိုယ့်ကိုယ်ကို အားပြန်ဖြည့်နိုင်ပါတယ်... ☕️နောက်ပြီး ကော်ဖီဆိုင်ထိုင်နေရင်း ကိုယ့်ကိုယ်ကို တိုးတတ်စေမဲ့ စာအုပ်လေးတွေဖတ်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါတယ်...?

?Staycation date - သဘာဝနဲ့နီးစပ်တဲ့နေရာ (သို့မဟုတ်) ရှုခင်းလှတဲ့နေရာတွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေး Staycation ထွက်ပြီး အနားယူကြည့်ပါ... ကိုယ်ပုံမှန်နေနေကျနေရာမျိုးမဟုတ်ဘဲ ဆန်းသစ်တဲ့ အတွေ့အကြုံခံစားရတာကြောင့် စိတ်အကြည်ဓတ်လေးတွေရရှိနိုင်ပါတယ်...?

?Swimming date- အားတဲ့ရက်လေးမှာ တစ်ယောက်တည်းရေသွားကူးပြီး relax လုပ်ကြည့်ပါ...?‍♀️

?Spa date – Spa သွားပြီး massage therapy လေးတွေခံယူပြီး အညောင်းအညာဖြေကာ အေးအေးဆေးဆေး အနားယူတာမျိုးလေးတွေလည်း လုပ်ပေးနိုင်ပါတယ်?‍♀️

7 months ago
***?*** Last chance calling for One …

? Last chance calling for One Day Chakra Retreat

One Day Chakra Retreat ခရီးစဉ်လေးအတွက် နေရာ ( ၄ ) နေရာစာပဲကျန်တော့တာကြောင့် လိုက်ပါမည့်သူများ chat box ကနေတစ်ဆင့် အမြန်ဆုံးစာရင်းလေး ပေးသွင်းပေးပါလို့ရပါပြီရှင့်

7 months ago

Chakra Cleansing ကို ဘယ်လိုလုပ်ရမလဲ

✳️တရားထိုင်ခြင်း
တရားထိုင်ခြင်းသည် Chakra သန့်စင်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သော အလေ့အကျင့်တစ်ခုဖြစ်ပြီး မိမိစိတ်ရဲ့အတွင်းပိုင်းမှာ ပိတ်ဆို့နေတဲ့ အတွေးအမြင်တွေကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။

✳️အသက်ရှုလေ့ကျင့်ခန်း
မှန်ကန်တဲ့ အသက်ရှုနည်းစနစ်များသည် Chakra များကို သန့်စင်ရန်နှင့် ပြန်လည်အသက်သွင်းရန် အစွမ်းထက်တဲ ကိရိယာများဖြစ်ကြပါတယ်။ အသက်ရှုခြင်းကို ထိန်းကျောင်းခြင်းဖြင့် ခန္ဓာကိုယ်တွင်း တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

✳️ယောဂ
ယောဂကျင့်စဉ်သည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်ဗဟိုများကို နိုးကြားစေရန်နှင့် ချိန်ညှိရန် အလိုက်သင့်လှုပ်ရှားခြင်း၊ ဝင်သက်ထွက်သက်မှတ်ခြင်းနှင့် တရားထိုင်ခြင်းတို့ကို ပေါင်းစပ်ထားတဲ့ Chakra သန့်စင်မှုအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

✳️အသံကုထုံး
အသံညှိခက်ရင်းခွနဲ့ singing bowls များ အသုံးပြုတဲ့ အသံကုထုံးသည် အသံရဲ့တုန်ခါမှုအဆင့်တိုင်းမှာ Chakra တခုချင်းစီအလိုက် ကိုက်ညီတဲ့ ကြိမ်နှုန်းများပဲ့တင်ထပ်စေဖို့ ချိန်ညှိပေးထားပါတယ်။ အသံရဲ့ နူးညံ့သိမ်မွေ့သော တုန်ခါမှုများသည် စွမ်းအင်ပိတ်ဆို့နေမှုများကို ဖယ်ရှားပေးပြီး Chakra စနစ်မှာ သဟဇာတဖြစ်ဖို့ ကူညီပေးပါတယ်။

✳️စွမ်းအင်ကုထုံး
Reiki ကုထုံး၊ အပ်စိုက်ကုထုံး နဲ့ crystal တွေ အသုံးပြုပြီးလုပ်တဲ့ကုထုံး စတာတွေကလဲ စွမ်းအင်ပိတ်ဆို့မှုများကို ရှင်းလင်းရန်နှင့် Chakra အတွင်းပိုင်းထိ healing ကို တိုက်ရိုက်ဖြစ်စေပါတယ်။

✳️သဘာဝနှင့်ထိတွေ့ခြင်း
Chakra Cleansing အတွက် အလွန်ရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်း တစ်ခုပါ။ ဆိတ်ငြိမ်တဲ့ outdoor နေရာမှာ အချိန်ဖြုန်းခြင်း၊ ပြန်လည်တွေးတောခြင်း၊ ခြေဗလာဖြင့် မြက်ခင်းပေါ်လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

✳️Chakra Healing Sessions
Chakra Center တစ်ခုချင်းစီရဲ့ အကျိုးအပြစ်တွေ ကောင်းစွာနားလည်သဘောပေါက်ဖို့နဲ့ မှန်မှန်ကန်ကန် cleansing လုပ်တဲ့ နည်းလမ်းတွေ လေ့လာလိုပါက ကျွမ်းကျင်ပညာရှင်များရဲ့ Chakra Healing Sessions သင်တန်းတိုများ တက်ရောက်နိုင်ပါတယ်။

ဟန်ချက်ညီတဲ့ ဘဝ ပိုင်ဆိုင်နိုင်ပါစေ။

Chakra Retreat အစီအစဉ်အကြောင်းကို ဖော်ပြပါလင့်ခ်ကတစ်ဆင့် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/100063766067233/posts/884898730312321/

Charkra Healing အတန်းကို Hones Hour မှာ တီချယ်ချိုမြတ်နွယ် ကိုယ်တိုင်သင်ကြားပေးလျက်ရှိပြီး တက်ရောက်လိုပါက 09792824522 ကို ဖြစ်စေ၊ Chatbox ကနေဖြစ်စေ စာရင်းသွင်းနိုင်ပါတယ်။

#Honest_Hour #counsellingservices #Well_Being #Counselling #Mindfulness #chakra #Healing

Facebook

Honest Hour

ချက္ကရာတွေ balance ဖြစ်အောင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အာကာသ ဓာတ်ကြီး (၅) ပါးလုံး ရဲ့စွမ်းအင်ကို အသုံးချသွားမယ့် တစ်ရက်တာ… Honest Hour ရဲ့ Chakra Healing နဲ့ Pranayama Classes တွေကို...

Chakra Cleansing ကို ဘယ်လိုလုပ်ရမလဲ***❓******❓***
7 months, 1 week ago

?? စိတ်ဖိစိးမှုကို စီမံထိန်းချုပ်ခြင်း (Stress Management)

ဒီနေ့အတွက် မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဆရာမကြီး ဒေါ်မြမြဆွေ (စိတ်ပညာ) ရေးသားထားသော ဗုဒ္ဓစိတ်ပညာ နှင့် ဆွေးနွေးမှုအနုပညာ စာအုပ်ထဲမှ အထက်ဖော်ပြပါအကြောင်းအရာလေးကိုမျှဝေပေးလိုက်ပါတယ်၊ အားလုံးပဲ ခံစားနားဆင်ကြည့်ကြပါဦးနော်။

7 months, 1 week ago

DAY-14

Self gratitude!

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားစုလေးက ရိုးရှင်းပြီး အရမ်းကို ချစ်စရာကောင်းပါတယ်။

? ကျေးဇူးတင်တက်ခြင်းသည် ဘဝအပေါ်ရူမြင်ပုံပြောင်းလဲပေးနိုင်တဲ့ အစွမ်းထက်သောလေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ကျေးဇူးတင်နေရလဲဆိုတာကို ခဏလောက်တွေးကြည့်လိုက်ခြင်း မိမိကိုယ်ကို ချစ်ခြင်း၊ ကျေနပ်ခြင်း နှင့်လက်ခံခြင်း အတွက် ခွန်အားဖြစ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုကိုဆောင်ရွက်နေတာမျိုးလို့လည်းသဘောထားလို့ရပါတယ်။

? ကိုယ့်ကိုကိုယ် ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။ အဲ့ထဲမှာမှ ကိုယ့်ကိုကိုယ့်ကျေးဇူးတင်တာကလည်းကောင်းတဲ့အလေ့အထလေး တစ်ခုဖြစ်ပြီး ကိုယ့်ကိုကိုယ့်ကျေးဇူးတင်တဲ့အရာတွေကိုချရေးလို့လည်းရပါတယ်။ မိမိအပေါ် အကူညီပြုပေးကြတဲ့သူတွေ မေတ္တာပေးကြတဲ့သူတွေ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်ခင်ရတဲ့သူတွေအပေါ်လည်းကျေးဇူးတင်စိတ်လေးထားခြင်း အားဖြင့် ဆက်ဆံရေးတွေပိုမိုခိုင်မာလာပြီး ပတ်ဝန်းကျင်ရပ်ဝန်းကြီး ကိုလည်းနေပျော်လာမှာပါအမှန်ဖြစ်ပါတယ်။

? ကျေးဇူးတင်စကား ဆိုတတ်တာက ထင်ထားတာထက် အများကြီး အကျိုးများပါတယ်။ ကျေးဇူးတင်စကားဆိုတာက ခန္ဓာကိုယ် ကျန်းမာရေးအပေါ်မှာရော ဦးနှောက် ကျန်းမာရေးအပေါ်မှာပါ အများကြီး အထောက်အကူပြုပေးပါတယ်။ ကောင်းတာတွေပဲလုပ်ဖို့ပိုသတိရလာတယ်၊ ကိုယ့ကိုကိုယ့်မကောင်းမြင်တာတွေက တဖြည်းဖြည်းလျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်းကိုယ့်ကိုကျေးဇူးတင်ဖို့မမေ့နဲ့နော်။

#HonestHour

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot
Game: https://t.me/hamster_kombat_bot/

Last updated 1 month, 1 week ago

Your easy, fun crypto trading app for buying and trading any crypto on the market

Last updated 1 month ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 2 weeks, 3 days ago