MM Weather Outlook

Description
We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 1 year, 5 months ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 1 year, 5 months ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 1 year, 5 months ago

hace 1 año, 8 meses
မိုးရွာသွန်းမှု ခန့်မှန်းချက်

မိုးရွာသွန်းမှု ခန့်မှန်းချက်
၂၀၂၄ စက်တင်ဘာ ၁၃၊ ည ၁၀ နာရီခွဲ

ECMWF Model တွေကနေ ရရှိထားတဲ့ စက်တင်ဘာ ၁၃ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲကနေ စက်တင်ဘာ ၁၈ နေ့လယ် ၁၂ နာရီခွဲအထိ မြန်မာ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နိုင်တဲ့ မိုးရွာသွန်းမှု အခြေအနေ ဖြစ်ပါတယ်။

ခန့်မှန်းချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်ဒေသများမှာ မိုးဆက်လက်ရွာနိုင်ပါတယ်။ စက်တင်ဘာ ၁၆ နောက်ပိုင်းမှာတော့ တနင်္သာရီတိုင်း တောင်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်တာကို ဂရုပြုစေလိုပါတယ်။ ကျန်ဒေသတွေမှာတော့ မိုးများ လျော့နည်းသွားမဲ့ အခြေအနေ ရှိနိုင်ပါတယ်။

မိုး/ဇလ ထုတ်ပြန်တဲ့ မြစ်ရေ အခြေအနေအရ ဒီနေ့ ည ၈ နာရီကနေ စပြီး နောက် ၁ ရက်အတွင်း မြစ်ငယ်မှာ ၂ ပေခွဲ၊ တောင်ငူမှာ ၃ ပေ၊ မဒေါက်မှာ ပေဝက်ခန့်၊ ပဲခူးမှာ ၄ လက်မခန့် တက်လာနိုင်ပါတယ်။

ဘားအံမြို့မှာတော့ လက်ရှိ ၆ ပေခွဲခန့် ကျော်လွန်နေပြီး ၁ ပေခွဲခန့် ဆက်ပြီး မြင့်တက်လာနိုင်ပါတယ်။

ဒုဌဝတီမြစ်မှာတော့ ရွှေစာရံမြို့မှာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Source: ECMWF, DMH

#MMWeatherOutlook

hace 1 año, 8 meses
မိုးလေဝသအခြေအနေ

မိုးလေဝသအခြေအနေ
၂၀၂၄ စက်တင်ဘာ ၁၃၊ ညနေ ၆ နာရီခွဲ

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသို့ ရောက်ရှိ

မုတ်သုံလေ အားကောင်းနေ

ကချင် နဲ့ ကယားတို့တွင် နေရာစိပ်စိပ်မိုးရွာနိုင်

နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းတို့တွင် နေရာကွက် မိုးကြီးနိုင်

ကမ်းလွန်ပင်လယ်ပြင်တွင် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်၊ လှိုင်းအမြင့် ၉ ပေမှ ၁၁ ခန့်အထိ ရှိနိုင်

ဒုဌဝတီမြစ်ရေ မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၁ ပေခွဲ ကျော်လွန်နေ၊ နောက် ၁ ရက်အတွင်း ၄ ပေ ခန့် မြင့်တက်လာနိုင်

Source: DMH

#MMWeatherOutlook

hace 1 año, 8 meses
MM Weather Outlook
hace 2 años, 2 meses

လက်ရှိအချိန်တွင် လူမှုကွန်ယက် စာမျက်နှာများတွေ ငလျင်လှုပ်ခတ်နေကြောင်း ဖော်ပြနေကြပါသည်။

ဒေသတွင်း မိုးလေဝသဌာနများနှင့် မိုး/ဇလ ထုတ်ပြန်ချက်များ ရရှိပါက အချိန်နှင့်တပြေးညီဖော်ပြသွားပါမည်

hace 2 años, 7 meses

Daily Weather SMS by MM Weather Outlook
3rd November 2023, 10 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

တနင်္သာရီတိုင်းနှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့်

ကျန် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေ မှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ည အပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 1 year, 5 months ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 1 year, 5 months ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 1 year, 5 months ago