ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 months, 2 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago
အသိပေး ကြေညာချက်
နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များ၏ ပထမနှစ်ဝင်ခွင့် ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တက္ကသိုလ်တွင် Student Enrollment ပြုလုပ်ရမည်ဖြစ်ပါသည်။
MES Registation ပြုလုပ်ရာ https://mes.moeedu.org စာမျက်နှာ၌ပင် ဝင်ရန်ကို နှိပ်ရပါမည်။ ထို့နောက် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်ကို ထပ်မံနှိပ်ရပါမည်။
(၁) သင်တန်း
သင်တန်းတွင် MES ၌ Register လုပ်စဥ်က ဖြည့်ခဲ့သော သင်တန်းနှစ်ကို တွေ့ရမည်ဖြစ်သည်။ မိမိတက်ရောက်ရမည့်တက္ကသိုလ်ကို ရွေးချယ်ရမည်ဖြစ်သည်။
(၂) ဘာသာရပ်များ
သင်ယူရမည့်နှစ်၏ ဘာသာရပ်များကို Click ၍ နောက်တဆင့်ကို နှိပ်ရမည်။
(၃)အချက်အလက်မှန်ကန်ကြောင်း အတည်ပြုခြင်း
အချက်အလက်များ မှန်ကန်ပါက OK ကို နှိပ်ရမည်။
ဤသို့ အဆင့်ဆင့်လုပ်ဆောင်သွားခြင်းဖြင့် Moodle LMS အကောင့်ကိုရရှိမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့သင်တန်းနှစ်၏ မေဂျာအတန်းရှိ ဘာသာရပ်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) မှ စတင်လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် TUNetwork Facebook page နှင့် Telegram Channel https://t.me/TUNetworkOfficial တို့တွင် နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ် ကောင်စီများကွန်ရက်ရှိ နည်းပညာတက္ကသိုလ်များမှခေါ်ယူမည့် ပထမနှစ်ဝင်ခွင့်များနှင့်ပတ်သက်သည်များအား မေးမြန်းနိုင်ပါသည်။
TUNetwork တွင် Student Enrollment ပြုလုပ်ရမည့် သတ်မှတ်ရက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ မှ အောက်တိုဘာလ (၂၆) ရက်နေ့ အထိသာဖြစ်သည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 months, 2 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago