ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated 5 months ago
Last updated 1 month, 1 week ago
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated 1 month, 3 weeks ago
Links for other educational telegram channel
မင်္ဂလာပါ Brilliance လေးတို့ရေ💡
ဒီနေ့မှာတော့ Internet အခက်အခဲကြောင့် သိသင့်သိထိုက်တဲ့ Scholarship Informations တွေသာမက အခြားသော ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လက်လွတ်မသွားဘဲ စဉ်ဆက်မပြတ်သိရှိလေ့လာနိုင်ဖို့ Educational Telegram Channel တချို့ကို Sharing လုပ်ပေးချင်ပါတယ်။ 🙆♀️
📌Academia Education
US, UK, Australia, Canada, Netherland, Georgia, Europe တစ်ခွင်က နိုင်ငံတွေအပြင်၊ Asia ဘက်က Singapore, Thai, Malaysia, Vietnam, India အစရှိတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်၊ ကျောင်းပေါင်း ၅၀၀ ကျော်နဲ့ ချိတ်ဆက်ထားလျက်ရှိတဲ့ Education Consultancy တစ်ခုဖြစ်ပါတယ်။ Academia Education က ကျောင်းသားတွေကို အရည်အသွေးမြင့်ပညာရေးစနစ်ရှိတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ပေးရုံသာမက ကိုယ်ရွေးချယ်ထားတဲ့ Career နဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးအကြံပြုပေးပါသေးတယ်။
Telegram Channel Link
https://t.me/AE_channel_345
📌Thymes Education Consulting
Licensed Agent ဖြစ်ပြီး ပြည်ပမှာ ကျောင်းသွားတက်မယ့် လူငယ်တွေအတွက် မှန်ကန်တဲ့ ပညာရေးရွေးချယ်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ တိကျသေချာတဲ့ စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း၊ ပြည်ပသို့လွယ်ကူစွာထွက်ခွာနိုင်ရန်နှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် စီစဉ်ပေးခြင်း စတဲ့ Services တွေကို ပေးဆောင်လျက်ရှိပါတယ်။
Telegram Channel Link
https://t.me/thymesmyanmar
📌Here Youths
Here Youths ကတော့ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတဲ့ လူငယ်တွေအတွက် နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့ GED (General Education Development) ကို အဓိကထားသင်ကြားပေးရုံတင်မကဘဲ တက္ကသိုလ်ဝင်ခွင့်ရဖို့ နောက်ထပ်လိုအပ်တဲ့ Duolingo, General English Courses တွေကိုပါသင်ကြားပို့ချပေးနေတဲ့ Institute တစ်ခုဖြစ်ပါတယ်။
Telegram Channel Link
https://t.me/hereyouthss
📌Standfirst Education
နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းပညာရေးဖြစ်တဲ့ GED ကိုအဓိကထားပြီး ထိထိရောက်ရောက် သင်ကြားပို့ချပေးလျက်ရှိတဲ့ Training Center တစ်ခုဖြစ်ပါတယ်။
Telegram Channel Link
t.me/standfirstwebinar2023
📌Adhipati Education
အဓိပတိကတော့ Abroad Uni သွားဖို့ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် General English, IELTS Preparation, Duolingo Readiness, TOEFL Readiness, Academic English တွေကို သင်ကြားပို့ချပေးနေတာဖြစ်တဲ့အပြင် Scholarship Informations တွေ၊ လူငယ်တွေအတွက် အကျိုးရှိစေမယ့် Webinar တွေ၊ Knowledge Sharing တွေလဲလုပ်ပေးလေ့ရှိတဲ့ Organization တစ်ခုလဲဖြစ်ပါသေးတယ်။
Telegram Channel Link
https://t.me/adptedu
📌Pace Forward - Myanmar
English Level Up ဖို့ 1-On-1 Online English Courses ကို ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျမြှင့်တင်ပေးနေပါတယ်။
Telegram Channel Link
t.me/PaceForward
📌Hype Think Education
Hype Think ကတော့ English, Japanese စတဲ့ Languages တွေ၊ Webinar, Workshop, General Knowledge for Self-awareness Sharing, Educational Information, In Person (or) Online Event တွေကို ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် English Speaking ပိုင်းလေ့ကျင့်ချင်သူတွေအတွက် Free Speaking Club လေးတွေလဲ စီစဉ်ပေးလေ့ရှိပါသေးတယ်။
Telegram Channel Link
https://t.me/hypethink
📌BhiLatt Platform
အပတ်စဉ် English Conversation Club တွေအပြင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနဲ့အတူလစဉ် Webinars များ၊ စကားပြောစွမ်းရည်တိုးတက်ဖို့ Training များကို စီစဉ်လုပ်ဆောင်ပေးနေတဲ့ Youth Organization တစ်ခုဖြစ်ပါတယ်။
Telegram Channel Link
t.me/bhilatt_platform
📌Star’s Education Center
English, Chinese, Korean, Japanese စတဲ့ ဘာသာစကားတွေကို အခမဲ့ သင်ယူလို့ရနိုင်မယ့် နေရာတစ်ခုဘဲ ဖြစ်ပါတယ်။
Telegram Channel Link
https://t.me/StarsEducationCentre
📌For The Future Myanmar
ခေတ်သစ်လူငယ်တွေအတွက် အကျိုးရှိစေမယ့် Webinar, Seminar, Workshop Event, Scholarship Sharing, Knowledge Sharing, Health စတာတွေအပြင် ပညာဒါနအတန်းများကိုလည်း အခမဲ့ဖွင့်လှစ်ပေးလျက်ရှိပါသေးတယ်။
Telegram Channel Link
https://t.me/For_The_Future_Myanmar
📌Code Mal Academy
Code Mal Academy ကတော့ Technology နဲ့ Programming ပိုင်းစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Web Development, AI & Machine Learning, UI / UX စတာတွေကို အဓိကထားပြီး သင်ကြားပို့ချပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
Telegram Channel Link
https://t.me/codemalacademy
𝐁𝐫𝐢𝐥𝐥𝐢𝐚𝐧𝐭𝐬 တို့ရေ..
အကြောင်းကြောင်းကြောင့် Facebook မသုံးဖြစ်တဲ့အခါ အချိန်နဲ့တစ်ပြေးညီ ပညာရေးအခွင့်အလမ်းတွေကို လက်လှမ်းမမီတော့မှာ မစိုးရိမ်ပါနဲ့နော်။
Brilliance Organization က အခုဆိုရင် Telegram Channel မှာပါ Scholarship news, ပညာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို sharing လုပ်ပေးသွားမှာပါ။
ဒါကြောင့် Brilliance ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးကိုလည်း Join ထားဖို့ မမေ့ပါနဲ့နော်
Channel Link ⬇️
https://t.me/BrillianceOrg
#brilliance
#knowledgesharing
#telegram_channel_reminder_post
#brilliance_content_EiEiAung
#brilliance_graphic_KhinHtutKyaw
What is Non-Code Website Building
Copy- Website တစ်ခုကို ရေးဖို့ စတင်လေ့လာကြတဲ့အခါမှာ Coding နဲ့ Programming Language တွေကို အချိန်တစ်ခုပေးပြီး လေ့လာသင်ယူရပါတယ်။ ဒီလို လေ့လာရတာက ပညာလည်း ရသလို အချိန်အတိုင်းအတာတစ်ခုလည်း invest လုပ်ရပါတယ်။
ဒါပေမယ့် အချိန်တိုအတွင်းကောင်းမွန်စွာ အလုပ်လုပ်မယ့် Website တစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Code ရေးစရာမလိုဘဲ အသုံးပြုနိုင်မယ့် Website ဖန်တီးနည်းတွေရှိပါတယ်။
အဲ့ဒါကိုတော့ Non-Code Website Building လို့ခေါ်ပါတယ်။
Non-Code Website တွေကို ဘယ်နေရာမှာ အသုံးများကြလဲ..ဘယ်လို အသုံးပြုရလဲ
Code မရေးထားဘူးဆိုတဲ့နေရာမှာ Template တွေကို အသုံးပြုထားပြီး ကိုယ်ဖန်တီးချင်တဲ့ website ကို customize ပြုလုပ်နိုင်သလို
Website building လုပ်တဲ့အခါ design tools တွေကို အသုံးပြုပြီး အချိန်တိုအတွင်း website တစ်ခုကို တည်ဆောင်နိုင်ပါတယ်။
အများအားဖြင့် Personal Portfolio, Design Portfolio တွေကနေ online shopping website၊ online sales တွေအထိ ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။ ဒီ Non-Code Website Building က များပြားသလောက် ရွေးချယ်စရာလည်း အတော်ကို စုံပါတယ်။
code မရေးရပေမယ့် Website ကို အတန်အသင့်ကနေ ဈေးအမြင့်ပိုင်းထိ ပေးဝယ်ရတာတွေလည်း ရှိသလို Free Website တွေလည်း ရှိပါတယ်။
ဒါကြောင့် Brillants တို့ အနေနဲ့ Personal Portfolio ဖန်တီးချင်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ online shopping လုပ်ငန်းကို ပိုမိုချဲ့ထွင်ချင်တာဖြစ်ဖြစ် Search Engine မှာ Non-Code Website Building လို့ အလွယ်တကူ ရှာပြီး Website ဖန်တီးနိုင်ပါပြီ။
Brilliance's Facebook page ✨
https://www.facebook.com/Brilliance.mm?mibextid=ZbWKwL
Hello Brilliants 👋👋👋
ဒီတခါမှာတော့ နိုင်ငံခြားမှာပညာသင်ယူချင်တဲ့ လူငယ်တွေအတွက် အာရှနိုင်ငံတွေထဲကနိုင်ငံတခုအကြောင်းကို knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ် 😉
ဒီနေ့ရဲ့ topic လေးကတော့ “ Study in Malaysia” ပဲဖြစ်ပါတယ် 🇲🇾🇲🇾🇲🇾
Malaysia ကကိုယ့် dream country ဖြစ်နေရင် ဒါမဟုတ် Malaysia ရဲ့ပညာရေးစနစ်ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဒီ content လေးကအထောက်အကူဖြစ်စေမှာပါနော် 🤩🇲🇾
ကဲ ဒါဆိုရင်တော့ Malaysia ရဲ့ education system အကြောင်းကို အချက်လေးတွေနဲ့အတူလေ့လာလိုက်ကြပါစို့ 🤗🤗🤗
🌟 Malaysia နိုင်ငံမှာ အစိုးရတက္ကသိုလ်တွေသာမက private universities တွေလည်းရှိပြီးတော့ အသီးသီးက နိုင်ငံတကာကတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပါတယ်
🌟 မလေးရှားနိုင်ငံရဲ့ primary language က English ဖြစ်တဲ့အတွက်ကြောင့် international students တွေအတွက်များစွာအဆင်ပြေပါတယ်
🌟 Europe နိုင်ငံတွေနဲ့ယှဉ်ရင် tuition fees ကပိုနဲတဲ့အတွက်ကြောင့် international students တွေကအဓိကစိတ်ဝင်စားကြပါတယ်
🌟 မလေးရှားတက္ကသိုလ်တွေက အာရှတခွင်မှာ top ranked ရတဲ့ကျောင်းတွေလည်းဖြစ်ပါတယ်
🌟 Scholarship အနေနဲ့လည်း public ကော private uni တွေကပါပေးတာမို့ opportunities များပါတယ်နော်
🌟 Facilities အနေနဲ့ libraries, research centers စတာတွေကို အပြည့်အစုံထားရှိပေးထားပါတယ်
🌟 Student life အနေနဲ့ ကျယ်ဝန်းတဲ့ campus တွေမှာတက်ရောက်ရင်း extracurricular activities တွေ clubs တွေနဲ့အတူ ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်
🇲🇾 Top 3 universities in Malaysia 🇲🇾
🏫 Universiti Malaya (UM)
Kuala Lumpur မှာတည်ရှိပြီးတော့ Malaysia ရဲ့ ရှေးအကျဆုံးနဲ့ အကောင်းဆုံးကျောင်းတကျောင်းပဲဖြစ်ပါတယ်
Undergraduate နဲ့ postgraduate programs တွေကိုသင်ကြားနိုင်ပါတယ်
🏫 Universiti Putra Malaysia (UPM)
Serdang , Selangor မှာတည်ရှိပါတယ်
UPM ကျောင်းဟာ သူ့ရဲ့ agriculture နဲ့ life sciences က research output တွေကြောင့် နာမည်ကြီးပါတယ်
🏫 Universiti Kebangsaan Malaysia (UKM)
Bangi , Selangor မှာတည်ရှိပါတယ်
Social sciences, humanities နဲ့ natural sciences စတဲ့ fields တွေမှာနာမည်ကြီးပါတယ်
ဒီအချက်တွေကနေတဆင့် မလေးရှားရဲ့ ပညာရေးစနစ်အကြောင်းတွေကို အနဲအကျဉ်းသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော် 🥰🥰🥰
နောက်ထပ် ဗဟုသုတရစရာတွေ sharing လုပ်ပေးဦးမှာမို့ Brilliance ကိုစောင့်ကြည့်ဖို့မမေ့ပါနဲ့နော် 🤗🫶
Brilliance Facebook Page Like & Follow 🤗
All about Nursing Major 🌟
Hello 👋
Brilliance ကနေ majoring အကြောင်းတွေ sharing ပေးနေကျဆိုတာ သိကြမှာပါ။ ဒီနေ့လေးမှာတော့ Nursing ပိုင်းနဲ့ပတ်သက်ပြီး သိချင်နေကြတဲ့ လူငယ်လေးတွေအတွက် Nursing Major အကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ 💁
ဒီ post လေးမှာဆိုရင် Nursing Major ဆိုတာဘာလဲ။ ဘယ်နိုင်ငံက Nursing Major ကအသင့်တော်ဆုံးလဲ။ အလုပ်ကိုင်အခွင့်လမ်းအနေနဲ့ ဘာတွေရှိမလဲဆိုတာကို ပြောပြပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုရင် အဆုံးထိဖတ်ရှူကြည့်ပေးပါနော်။ 🙇
👨⚕️What is Nursing Major ⁉️
■ Nursing Major က College ဒါမှမဟုတ် University မှာ Nursing ပိုင်းနဲ့ပတ်သက်ပြီး သင်ကြားပို့ချပေးနေတဲ့ course တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဆေးဝါးဗေဒ၊ Nursing Theory နဲ့ clinical practice တွေက Nursing Majorရဲ့ သင်ရိုးညွှန်းတမ်းမှာ အဓိကပါဝင်ပါတယ်။
■ ကျောင်းသားတွေက လူနာတွေကိုစောင့်ရှောက်မှုပေးပုံ၊ ကျန်းမာရေးအခြေအနေတွေကို စီမံခန့်ခွဲမှုနဲ့ အတူ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များအတွင်း မှာဘယ်လို လုပ်ဆောင်ကြရမလဲဆိုတာ လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။ သူနာပြု (RN) ဖြစ်လာဖို့အတွက် လိုအပ်တဲ့
ဆေးဘက်ဆိုင်ရာလိုင်စင်စာမေးပွဲတွေကို ဖြေဆိုပြီး သူနာပြုသိပ္ပံဘွဲ့ (BSN) Bachelor of Science in Nursing ကိုပေးအပ်လေ့ရှိပါတယ်။
👨🎓 Nursing Major အတွက် degree တွေအနေနဲ့ -
🔸️Associate Degree in Nursing (ADN)
🔸️Bachelor of Science in Nursing (BSN)
🔸️Master of Science in Nursing (MSN)
🔸️Doctor of Nursing Practice (DNP)
🔸️Doctor of Philosophy in Nursing (PhD)
တို့ကတော့ Nursing Major နဲ့ ပတ်သက်ပြီး ရရှိနိုင်မဲ့ Degree တွေပဲဖြစ်ပါတယ်။
🛫 What is the best country to major in nursing ⁉️
Nursing major ကို နိုင်ငံတော်တော်များများမှာ international student တွေကိုလက်ခံလေ့ရှိပါတယ်။ Nursing Major ကို တက်ရောက်ဖို့အတွက် အကောင်းဆုံး နိုင်ငံတွေကတော့ -
🔸️United States
🔸️Canada
🔸️United Kingdom
🔸️Australia
🔸️Netherlands
🔸️Sweden
စတဲ့ အနောက်နိုင်ငံတွေကတော့ Nursing Major အတွက် တက်ရောက်သင်ယူဖို့ အကောင်းဆုံးနိုင်ငံတွေဖြစ်ပြီးတော့ Asia မှာ တက်ချင်တဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက်ကတော့-
🔸️Japan
🔸️South Korea
🔸️Singapore
🔸️Hong Kong
🔸️Thailand
နိုင်ငံတွေက Nursing Major တက်ရောက်ဖို့အတွက် Asia မှာ အကောင်းဆုံးနိုင်ငံတွေဖြစ်ပါတယ်။
🏢 Universities အနေနဲ့လည်း -
🔸️Johns Hopkins University ( USA)
🔸️King's College London ( UK)
🔸️University of Toronto ( Canada)
🔸️University of Sydney ( Australia)
🔸️National University of Singapore (NUS) ( Singapore) တို့ကတော့ Nursing Major အတွက် အကောင်းဆုံး Universities တွေအနေနဲ့ သတ်မှတ်ခံထားရတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။
💰 What are the job opportunities for nursing majors ⁉️
Nursing Major က အလုပ်အကိုင်အခွင့်အလမ်းများတဲ့ major တစ်ခုဆိုလည်း မမှားပါဘူး။ job opportunities နဲ့ salary တွေကို ဖော်ပြပေးလိုက်ရပါတယ်။
🔸️Registered Nurse (RN): Around $75,000 per year.
🔸️Nurse Practitioner (NP): Approximately $115,000 per year.
🔸️Clinical Nurse Specialist (CNS): Roughly $90,000 per year.
🔸️Nurse Anesthetist (CRNA): About $200,000 per year.
🔸️Nurse Educator: Around $85,000 per year.
🔸️Nurse Manager: Approximately $95,000 per year.
🔸️Public Health Nurse: Around $78,000 per year.
🔸️Home Health Nurse: Typically $70,000 per year.
🔸️Travel Nurse: Often $80,000 to $100,000 per year, depending on the location and assignment.
အခုဖော်ပြပေးသွားတဲ့ United States ရဲ့ average salary တွေက နေရာဒေသ အပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ အလုပ်အကိုင် အနည်းငယ်သာဖော်ပြပေးသွားတာဖြစ်တာမလို့ Healthcare Consultant တို့အထိပါ လုပ်ကိုင်နိုင်ပါသေးတယ်။ ✌
အခုဆိုရင် Nursing Major အကြောင်းကို သိရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း အခုလို knowledge sharing တွေအပြင် နိုင်ငံတကာပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာစုံစုံလင်လင် သိရှိရအောင်လို့ page ကို like and follow လုပ်ဖို့ မမေ့ကြပါနဲ့နော်။💛
#brilliance
#knowledgesharing
#nursingmajor
#brilliance_content_SuWaddyAung
#brilliance_graphic_MyatNoeThiriTin
ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated 5 months ago
Last updated 1 month, 1 week ago
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated 1 month, 3 weeks ago