Mratt's Channel

Description
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 8 months, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 7 months ago

hace 2 años, 7 meses

? တိုက်ဆိုင် စစ်ဆေးပေးခြင်း ပြုလုပ်မည့် အချိန်ဇယား

- ပထမအကြိမ်
ယနေ့ည ၈ နာရီအထိ ပေးပို့ထားသူများ

- ပထမအသုတ်
စစ်ဆေးပေးမည့် ကာလ - ၂၆ မှ ၂၈ ထိ

- ဒုတိယအကြိမ်
ပြန်လည်စတင်မည့်ရက်
၁၊ ဗုဒ္ဓဟူး၊ နံနက် ၉ နာရီ

tfc အဖွဲ့သားများသည် ထောင်နှင့်ချီသော စာများကို ပြန်ဆိုနေရသောကြောင့် ပြည်သူများမှလည်း ပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း မေတ္တာရပ်ခံပါသည်။ သတင်းလုံခြုံရေးနှင့် ပတ်သက်၍ TFC အဖွဲ့သားများက အထူးဂရုပြုကြောင်းနှင့် စိတ်ချရကြောင်းလည်း ထပ်မံအသိပေးပါသည်။

hace 2 años, 7 meses

"တွေ့ကြုံရသည့် အခက်အခဲများကို ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် တင်ပြခြင်း"

︎► မသက်ဆိုင်သူများက လာရောက်မေးမြန်းခြင်းကြောင့် အချိန်ယူရခြင်း (ဥပမာ- ကျောင်းသား CDM များ လာရောက်မေးမြန်းခြင်း၊ အခြား အရပ်သားများ က လာရောက်မေးမြန်းခြင်း၊ ကာယကံရှင် က လာရောက်မေးမြန်းခြင်းမဟုတ်ဘဲ မသက်ဆိုင်သူများက နာမည်အများအပြားကို လာရောက်မေးမြန်းခြင်း

︎► လာရောက်မေးမြန်းသူများ၏ အချက်အလက် မပြည့်စုံမှုကြောင့် အချိန်ကြန့်ကြာရခြင်း (ဥပမာ - ကာယကံရှင် အမည်များ၏ စာလုံးပေါင်းများ မမှန်ခြင်း၊ အမည်အပြည့်အစုံမပေးခြင်း၊ အဖအမည်များမှာ စာရင်းထဲရှိ အမည်နှင့် ကွဲလွဲနေခြင်း

︎► ဝန်ကြီးဌာနနာမည်များ အပြည့်အစုံ မပြောနိုင်ခြင်း၊ ဌာနအတိုကောက်နာမည်များသာ လာပြောခြင်း၊ ကာယကံရှင် တာဝန်ထမ်းဆောင်စဉ်က ဝန်ကြီးဌာနနှင့် စစ်ကောင်စီပြောင်းလဲလိုက်သည့် ဝန်ကြီးဌာန အမည် မတူတော့ခြင်း

hace 2 años, 7 meses

The Fifth Column (tfc) ဆီကို လာမေးကြတာ လူက ၄၀၀၀ ကျော်ရှိပါတယ်။ အတော်များတဲ့ ပမာဏပါ။ ဒါကြောင့် ရက်ခြား၊ အသုတ်ခွဲပြီး စစ်ဆေးဖို့ ဆုံးဖြတ်ကြပြီး စစ်ဆေးလိုတဲ့ CDM တွေကို မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ အောက်က စာကတော့ (tfc) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက် ဖြစ်ပါတယ်။ မူရင်း စာမျက်နှာမှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

►►►►►►►►►►►►►

လေဆိပ် CDM စာရင်း တိုက်ဆိုင်စစ်ဆေးမှုနှင့် ပတ်သက်၍ အထူးမေတ္တာရပ်ခံချက်

ဦးဆုံးအနေနှင့် လေဆိပ်စာရင်းတွင် နာမည်ပါခြင်း မပါခြင်းက ချက်ချင်း လက်ငင်း 'အရေးကြီး' သည့် CDM များက ဦးစားပေး မေးမြန်းကြရန်နှင့် လတ်တလော အရေးတကြီး မလိုအပ်သေးသည့် CDM များအနေနှင့် ခေတ္တ စောင့်ဆိုင်းပေးကြရန် မေတ္တာရပ်ခံလိုပါသည်။

The Fifth Column က ရရှိထားသည့် CDM စာရင်းကို ယနေ့ လာရောက်တိုက်ဆိုင်စစ်ဆေးသူပေါင်း ၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ယင်းအနက် ၁၀၀၀ ကျော်ကို အကြောင်းပြန်ခဲ့ပြီး ၂၀၀ ဝန်းကျင်ကို တိုက်ဆိုင်စစ်ဆေး ပေးနိုင်ခဲ့သည်။

နာရီပိုင်းအတွင်းမှာပင် လာရောက်မေးမြန်းသူ အလွန်များပြားခဲ့သည့်အတွက် The Fifth Column က ပုံမှန်လုပ်ဆောင်နေသည့် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းများ မေးမြန်းရယူ၊ ပေးပို့ခြင်းများ စသည့် ကိစ္စရပ်များနှင့် လုပ်ငန်းစဥ်များကို ခေတ္တ ရပ်ခဲ့ရသည်။

ထို့ကြောင့် လာရောက် 'ပေးပို့ထားပြီးသူ' အားလုံးကို အကြောင်းပြန်ပြီး တိုက်ဆိုင်စစ်ဆေးပေးမှုများပြုလုပ်နိုင်ရန် ၃ ရက် အချိန်ယူမည်ဖြစ်သည်။

အဆိုပါ ၃ ရက်တွင်း ယနေ့ ည ၈ နာရီအထိ ပေးပို့ထားသည့် အယောက် ၄၀၀၀ ကျော်အား တိုက်ဆိုင် စစ်ဆေးကာ အကြောင်းပြန်သွားမည်ဖြစ်သည်။ ယနေ့ည ၈ နာရီနောက်ပိုင်း ရောက်လာသူများအနေနှင့် ခေတ္တ စောင့်ဆိုင်းပေးကြစေလိုပါသည်။

hace 2 años, 7 meses

မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။

[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည် ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ် ကို ပြန်လည်ပြသပြီး နာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။

Telegram မှ မေးမြန်းသူများ ကို အဓိက ဦးစားပေး ဖြေကြားပေးမည် ဖြစ်ပြီး Facebook Messenger မှ မေးမြန်းမှုအတွက် ပြန်ဖြေမည့်အချိန် ကြာမြင့်နိုင်သည်။ မေးမြန်းနိုင်သည့် Telegram Link - https://t.me/mmfifthcolumn

hace 2 años, 7 meses
**လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth …

လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth Column ရရှိထား

နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်‌ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။

ရရှိထားသည့်စာရင်းတွင် နာမည်၊ မှတ်ပုံတင်နံပါတ်၊ ရာထူး၊ တာဝန်ထမ်းဆောင်သည့် ဌာန၊ အဖ အမည်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ အတိအကျ ပါဝင်သည်ကို တွေ့ရပြီး စုစုပေါင်း လူနာမည် နှစ်သိန်းကျော် ဖြစ်သည်။

စာရင်းတွင် စစ်မှုထမ်းနှင့် စစ်သားများ မပါဝင်သော်လည်း ရဲဝန်ထမ်းများမှ စ၍ ကျန် အစိုးရဝန်ထမ်း အားလုံးနီးပါး ပါဝင်သည်ကို တွေ့ရသည်။
ကိုယ့်နာမည် ပါ မပါကို The Fifth Column ၏ Telegram မှတစ်ဆင့် မေးမြန်းနိုင်မည်ဖြစ်သည်။

hace 2 años, 7 meses

နိုင်ငံခြားကို ထွက်ရင် ဖမ်းဆီးနိုင်ဖို့ စီဒီအမ် လူစာရင်းကို ဒီရက်ပိုင်းမှာ စစ်ကောင်စီက လေဆိပ်ကို ပို့ထားပါတယ်။ ဒီလူစာရင်း အပြည့်အစုံကို ရရှိထားပါတယ်။ ဘယ်လို စာရင်းမျိုးလဲဆိုတာနဲ့ နောက်ခံအကြောင်းအရာ အပြည့်အစုံကို မနက်ဖြန်မှာ The Fifth Column စာမျက်နှာကနေ တင်ပါ့မယ်။

ကိုယ့်နာမည် ပါဝင်သလား၊ မပါဝင်ဘူးလားဆိုတာကိုလည်း မေးမြန်းနိုင်မှာဖြစ်ပြီး The Fifth Column အဖွဲ့သားတွေက နာမည်ကို ရှာဖွေပြီး ပြန်လည်ဖြေကြားပေးမှာလည်း ဖြစ်ပါတယ်။ (သတင်းတင်ပေးမယ့် Link https://www.facebook.com/mmfifthcolumn)

hace 2 años, 7 meses

တော်လှန်ရေး အဖွဲ့အများစုရဲ့ Facebook စာမျက်နှာတွေက အကြိမ်ကြိမ် ဖျက်ခံရ၊ ပျံ့နှံ့မှု လျှော့ချခံရပြီး Search Box မှာ ရှာရင်တောင် မတွေ့တော့တဲ့ အခြေအနေ ရောက်နေကြတယ်။ ဆိုတော့ သတင်းထုတ်ပြန်ချက်လုပ်ရင်တောင် လူတွေက မတွေ့ကြတော့ဘူး။

ဒါမျိုးတွေကို လူလိမ်တွေက ပုံမှားရိုက်ပြီး ငွေလိမ်အလှူခံတာ၊ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အခွင့်ကောင်းယူပြီး သတင်းမှားတွေ ဖြန့်တာမျိုးကို စိတ်ကြိုက်လုပ်ကြပါတယ်။ ဒါကြောင့် အစစ်အမှန်အဖွဲ့တွေနဲ့ ထောက်ပို့အဖွဲ့အမှန်အကန်တွေကို သိရှိနိုင်ဖို့ အရေးကြီးပါတယ်။

ဝက်လက်၊ မတ္တရာ တကြောက PDF အဖွဲ့တစ်ဖွဲ့နဲ့ အဲ့ဒီဒေသက PDF တွေကို ကူညီနေတဲ့ ထောက်ပို့ အဖွဲ့တဖွဲ့ရဲ့ Telegram ချန်နယ်တွေကို Subscribe လုပ်ထားနိုင်ပါတယ်။

ယုံကြည်ရတဲ့ ထောက်ပို့အဖွဲ့ - https://t.me/vivalarevountionTeam

Facebook စာမျက်နှာ ခဏခဏ ပျက်ကျ/ဖျက်ချခံရတဲ့ Black Wolf အဖွဲ့ - https://t.me/BLACKWOLF_PEOPLE_DEFENSE_FORCE

hace 2 años, 8 meses

တော်လှန်ရေး စာမျက်နှာတွေ Reach ချခံရတာ၊ Engagement ချခံရတာ အခြေအနေ တော်တော်ကို ဆိုးရွားလာပါတယ်။ ကမ်ပိန်းအတွက် ထောက်ပို့အတွက် အကြီးအကျယ် ထိခိုက်ပါတယ်။ ပီဒီအက်ဖ် စာမျက်နှာအချို့ ကျနော့်ကို လာမေးကြလို့ Facebook ပေါ် ဆောင်ရန် ရှောင်ရန်အချို့ ပြောပြဖြစ်ပါတယ်။

ပြောပြဖြစ်တာတွေကို အချက်အလက်တွေ စုထားပြီး ကျနော် Note ထုတ်ထားပါတယ်။ တော်လှန်ရေး အဖွဲ့တွေရဲ့ စာမျက်နှာတွေ၊ ကမ်ပိန်း Fundraising လုပ်နေတဲ့ စာမျက်နှာတွေအနေနဲ့ အဲ့ဒီ Note လိုအပ်မယ်ဆိုရင် Telegram @mrattkthu ကနေတစ်ဆင့် Word ဖိုင် ပို့ပေးနိုင်ပါတယ်။

hace 2 años, 8 meses

မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ မြန်မာ့လေကြောင်းနဲ့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို မနေ့က ထွက်သွားတယ်လို့ မျက်မြင်တွေ့ရှိလိုက်သူက သတင်းလှမ်းပို့တယ်။ ဟိုတစ်ခေါက်က ဒေါ်ကြူကြူလှတို့ မိသားစု စင်္ကာပူသွားတုန်းကလည်း မျက်မြင်တွေ့ရှိလိုက်သူက လှမ်း သတင်းပေးခဲ့တာပါ။
.
ခု ဒေလီခရီးစဉ်ကို အောင်ပြည့်စုံနဲ့အတူ ဒေါက်တာ တိုးစည်သူဝင်း ဆိုသူလည်း ပါတယ်။ သူကတော့ မွေးရာပါ နှလုံးရောဂါ အထူးကုသမားတော်ကြီး။ သွားရတဲ့ အကြောင်းရင်းကိုတော့ မသိရပါ။

hace 2 años, 8 meses

ကေအင်န်ယူ တပ်မဟာ (၄) ဘက်က ကိစ္စတွေနဲ့ ပတ်သက်လို့ အတော်မေးမြန်းကြပါတယ်။ လတ်တလောဖြစ်နေတာတွေနဲ့ ပတ်သက်လို့ သတင်းမှားတွေလည်း အများကြီး တက်နေတာ တွေ့ရတယ်။

တစွန်းတစ သိရတာတွေ၊ လူပုဂ္ဂိုလ်တွေက သွေးထိုးလှုံ့ဆော်တာတွေ သတိထားကြစေလိုပါတယ်။ ဒေသကို ကျွမ်းကျင်ပြီး မြေပြင်နဲ့လည်း ထိစပ်တဲ့ သတင်းဌာနတွေက ရေးသားတာတွေကို ဖတ်ရှုကြဖို့ စာဖတ်သူတွေကို တိုက်တွန်းလိုပါတယ်။

တပ်မဟာ (၄) ကိစ္စနဲ့ပတ်သက်လို့ အဲ့ဒီဒေသအခြေစိုက် သတင်းဌာနတစ်ခုက ထုတ်လုပ်ထားတဲ့ ရုပ်သံသတင်းတစ်ပုဒ် ရှိပါတယ်။

နားထောင်ကြည့်ရင် လတ်တလော ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နောက်ခံအကြောင်းအရာနဲ့ ဖြစ်စဉ်တချို့ကို တီးခေါက်မိနိုင်ပါတယ်။ ဒီ Link မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/DaweiWatch/videos/1234854270785678/

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 8 months, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 7 months ago