𝑄𝑢𝑜𝑡𝑒 𝑏𝑦 𝑁ℎ𝑎𝑢𝑛𝑔

Description
Start Date-2.11.2023

I Nᴇᴇᴅ Yᴏᴜ😔😔
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

2 months ago
လိုချင်တာဒီလိုဝန်ဆောင်မှု ***🗿******💕***

လိုချင်တာဒီလိုဝန်ဆောင်မှု 🗿💕

#𝐌𝐢

2 months ago
လိုချင်လိုးးးးး ***😭******💕***

လိုချင်လိုးးးးး 😭💕

2 months ago

ပါဝါရိမ်းဂျားတွေ စက်ရုပ်ပြောင်းနေတဲ့အချိန်
လူဆိုးကြီးတွေဘာလုပ်နေလဲသိလား ??

ပြောင်းလဲနေတာသိသိရက်နဲ့
ငေးကြည့်နေတာ ...။

#𝐌𝐢
#mizuki

2 months, 1 week ago

ချစ်ခြင်းမေတ္တာတွေဟာ
ထပ်တူကျနေရင်တောင်
တစ်ခါတစ်ရံမှာတော့
လွဲချော်တတ်ကြပါသေးတယ်.. ။

#𝐌𝐢
#mizuki

2 months, 1 week ago

လောကဓာတ် တရားကြီးက

မတရားဘူးဗျ

မတွေ့ဆုံပေးသင့်တဲ့ လူနှစ်‌‌ယောက်ကို

တွေ့ဆုံခွင့်ပေးပြီးတော့

ဖူးစာကြထည့်မပေးလိုက်ဘူးလေ

အစကတည်းက မပေါင်းဖက်စေချင်ရင်

တွေ့ဆုံခွင့်မပေးခဲ့သင့်ဘူး🥀💔

#Nga phyo

2 months, 2 weeks ago

ညှိ၍တွယ်သော အပိုင်း 2 "ကဲ မသင်းသင်းနွယ် ဘာအရေးကိစ္စမလို့ နင်က အဲ့ကောင်နဲ့ အဲ့လောက်အကြာကြိး စကားပြောနေရတာတုန်း" "အဲ့တာ အသက်ရဲ့မိတ်ဆွေတစ်ယောက် ပါမောင်ရဲ့ " "မိတ်ဆွေ မိတ်ဆွေနဲ့…

2 months, 2 weeks ago

ညှိ၍တွယ်သော

အပိုင်း 2

"ကဲ မသင်းသင်းနွယ်
ဘာအရေးကိစ္စမလို့ နင်က
အဲ့ကောင်နဲ့ အဲ့လောက်အကြာကြိး
စကားပြောနေရတာတုန်း"
"အဲ့တာ အသက်ရဲ့မိတ်ဆွေတစ်ယောက်
ပါမောင်ရဲ့ "
"မိတ်ဆွေ မိတ်ဆွေနဲ့ ဟင်းနော်"
"အို... မောင်ကလဲ"
မောင်ကကျွန်မကိုတစ်ခါတစ်ခါ စိတ်ကောက်ရင်စကားမပြောပါ ။ ဂီတာလည်းမတီးပြတော့ပါ ။ အဆောင်ပြန်ချိန်လည်း ကျွန်မကိုမစောင့်တော့ပါ ။ မောင်ထိုသို့နေထိုင်သည်မှာ ကျွန်မကို အခက်တွေ့စေသည် ။ ဒါပေသည့်လည်း မောင့်အကြိုက်သိသည့် ကျွန်မက မောင်စိတ်ကောက်တိုင်း အနောက်တိုင်းစတိုင် အသားညှပ်ပေါင်မုန့်ကို လုပ်ကျွေးလေ့ရှိသည် ။
မောင်ကအသားညှပ်ပေါင်မုန့်ကို ခရမ်းချဥ်သီး နှင့် ဆလက်ရွက် မှလွဲ၍ အခြားအသီးအရွက်မထည့် ။ မေရောနိစ်များများနှင့်စားတတ်သည် ။ ပေါင်မုန့်နှင့် မေရောနိစ်များကို မောင့်မေမေ အင်္ဂလန်ကပို့ပေးသည်များကိုသာ စားသည် ။ ကျွန်မကပေါင်မုန့်လုပ်ပြိးလျှင် မောင့်အဆောင်ရှေ့၌ ပေးရန်ရပ်စောင့်နေရသည် ။မောင်ကတမင်ဆင်းမလာ ။
သို့သော်မောင်မနေနိုင်ပါ ။ ယောက်ကျားလေးအဆောင်ရှေ့၌ တစ်ယောက်တည့်ရပ်စောင့်နေသော ကျွန်မကို မောင်မကြည့်ရက် ။ ခနအကြာတွင်ဆင်းလာသည် ။ ဒေါသထွက်ဟန်နှင့် ကျွန်မကိုအဆောင်နောက်ကခုံတန်းနေရာသို့ လက်ကနေခပ်ပြင်းပြင်းဆွဲခေါ်သွားတတ်သည် ။
" သင်းသင်းနွယ် မင်းဘယ်လိုဖြစ်နေတာလဲ
ယောက်ကျားလေးအဆောင်ရှေ့မှာ
တစ်ယောက်တည်းရပ်နေတာ လူမြင်
ကောင်းသလား "
"အို... ကိုယ့်ချစ်သူကို ကိုယ်လာချော့
တာပဲ ဘာဖြစ်သလဲ "
"မင်းကတော့ဟုတ်တာပေါ့
သူများကဘယ်လိုမြင်မလဲ "
"ဒါဆိုမောင်စိတ်ဆိုးပြေတော့လေ"
"ဒီလိုလွယ်လွယ်တော့ဘယ်ရပါ့လဲ "
"မောင့်အတွက် အသက်အသားညှပ်
ပေါင်မုန့်လုပ်လာတယ် အသက်ခွံ့
ကျွေးမယ်နော် "
ထိုအချိန်မောင်က မချိုမချဥ်ရုပ်လေးနှင့် ပါးစပ်ဟပေးသည် ။ စားပြိးလို့စိတ်ဆိုးပြေသွားလျှင် မောင်ကကျွန်မနဖူးကို ခပ်ဖွဖွအနမ်းလေးပေးတတ်သည် ။
"အသက် မောင်အဆောင်ပြန်
လိုက်ပို့မယ်နော် "
"ရပါတယ်မောင်ရယ် အသက်
ကိုယ့်ဘာ့ကိုယ်ဘဲ ပြန်လိုက်ပါ့မယ်"
"မောင်ကလိုက်ပို့မယ်ဆို ပို့ရမှ
ကျေနပ်တာနော်"
"ဒါဆိုလည်းမောင့်သဘောပါ "
ကျွန်မဟာ မောင်လိုက်ခဲ့မယ်ပြောတုန်းကလည်း မနှင်ခဲ့ ။ မောင်ကျန်ခဲ့မယ်ဆိုတုန်းကလည်း မတားခဲ့ပါဘူးမောင် ။ ထိုအချိန်မောင့်လက်ကိုဆုပ်ကိုင်ခဲ့ချိန်က ထာဝရဟူသည့်အရသာကို ကျွန်မဘက်ကသာ စိတ်ကူးနှင့်ခူးယူခဲ့မိသည် ။
"အမ အမ"
စားပွဲထိုးကောင်လေး၏ အသံကြောင့် ကျွန်မအတွေးများ ပျောက်ကွယ်သွားသည် ။
"မှာထားတာရပြီဗျ "
"အော်ဟုတ် "
ခနထိုင်ကာ ပိုက်ဆံရှင်းပြီးထွက်လာလိုက်သည် ။ မိုးကလည်းအနည်းငယ်စဲပြီဖြစ်၍ ဆိုင်အနီးရှိ သုံးဘီးတစ်စီးအား အမြန်ငှားလိုက်သည် ။
"ကဲ ဘယ်သွားမလဲကလေးမ "
" တက္ကသိုလ်ရိပ်သာလမ်း "
" ဒါကနည်းနည်းလှမ်းတော့.. "
"ကျွန်မ ပိုက်ဆံပိုပေးပါ့မယ်ဦး "
ကျွန်မဟာ မောင့်ကို အတွေးထဲကထုတ်မရသေးသ၍တော့ ထိုနေရာကို လာမိနေဦးမှာပါ ။ မောင်ရဲ့အငွေ့အသက်ရေးရေးလေးကျန်နေသေးသည် ။ မောင်ထားခဲ့သည်မှာ ထိုအရာလေးနှင့်ဒဏ်ရာအချို့ ဖြစ်သည့်တိုင်အောင် ကျွန်မသိမ်းဆည်းထားဦးမှာပါမောင် ။

#𝐌𝐢
#ညှိ၍တွယ်သော

2 months, 2 weeks ago
ခနလေး ခနလေး ပြင်နေတယ်

ခနလေး ခနလေး ပြင်နေတယ်

#𝐌𝐢

2 months, 2 weeks ago

ကိုယ်တို့ဟာ ပုခုံးချင်းပွတ်တိုက်မိပြိးကာမှ
လွဲချော်သွားခဲ့တဲ့ သဘောပါ ။

#𝐌𝐢
#mizuki

4 months, 1 week ago

အမြန်နှုန်းနဲ့ သွားမလား
အနည်းနှုန်းနဲ့ပဲ ဆက်မလား
ကိုယ်တို့က သေချာပေါက်တော့
ခွဲရမှာပါ..။

#𝐌𝐢

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago