မောင်သုတ 🧐

Description
သမိုင်းအထူးပြု Channel

CB - @MgThuThaBot
February 9. 2022
Tags
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 weeks ago

ကိုယ်တိုင် ကြည့်သော BLဇာတ်ကားများကိုသာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ် 🙏

#Crd All Original Uploder 🙏

Last updated 3 weeks, 4 days ago

?ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️?
https://t.me/Kavel_63
https://t.me/Kavel_63

Last updated 4 months, 2 weeks ago

1 week ago

သဘောကျသူများ ဖတ်ရှူ့ဖို့ ❤️

1 week ago

~ ကမ္ဘာဂြိုဟ်မှာတော့ စကြဝဠာကိုလေ့လာနေတဲ့ အသိဥာဏ်ရှိသက်ရှိ (သင်္ချာရူပပညာရှင်တွေနဲ့ သာမန်သိပ္ပံစိတ်ဝင်စားသူလူသား)တွေရှိနေကြ၊
~ လူသားဦးနှောက်အတွင်း အာရုံကြော nerve အရေအတွက်ဟာ၊ စကြဝဠာအတွင်း ကြယ်စုအရေအတွက်နှင့်တူညီနေ၊
~ ထိုသောလူသားတွေမှာ စကြဝဠာကိုလေ့လာနိုင်လေတဲ့ သင်္ချာနဲ့ ရူပဗေဒပညာတွေကို တတ်မြောက်နေကြသလို အဆင့်မြင့်နက္ခတ်မှန်ပြောင်းဂြိုဟ်တုတွေ ကိုလည်း ပိုင်ဆိုင်ထားကြ၊
~ ထိုရူပဗေဒပညာအလိုအရ စကြဝဠာမှာ စံကိန်းသေ(ဇာတိကိန်း)
parameter နှစ်ဆယ်ခန့်ရှိနေ၊
(ဥပမာ - ဒြပ်ဆွဲကိန်းသေ, အီလက်ထရွန် ပရိုတွန်တို့ရဲ့ လျှပ်စစ်နဲ့ ဒြပ်ထု ... စသည်)။

**ကိန်းကြီးတိုက်ဆိုင်မှုများ
(large-number coincidences)
~ ဟိုက်ဒြိုဂျင်အက်တမ်တစ်ခုအတွင်း အီလက်ထရွန်နဲ့ ပရိုတွန် တို့ကြား လျှပ်စစ်အားဟာ ထိုအမှုန်နှစ်ခုကြား ဒြပ်ဆွဲအားထက် အဆပေါင်း 10³⁹ ပိုပြင်းထန် (10³⁹ = ၁နောက် သုည ၃၉လုံးရှိကိန်းကြီး)၊
~ (ကြယ်တစ်စင်း၏သက်တမ်း) ÷ (ထိုကြယ်၏ဗဟိုမှ မျက်နှာပြင်ဆီသို့ ဖိုတွန်တစ်လုံးဖြတ်သန်းရန်ကြာချိန်) = 10³⁹
~ စကြဝဠာနဲ့အီလက်ထရွန်တို့ရဲ့အရွယ်အစားများအချိုးဟာ
10⁴⁰ ဖြစ်နေ၊
(10³⁹ နဲ့ နီးစပ်တူညီနေတာသတိပြုပါ)၊
~ 10⁴⁰ × 10⁴⁰ = 10⁸⁰
~ စကြဝဠာအတွင်းစုစုပေါင်း အက်တမ်အရေအတွက် = 10⁸⁰ ။

  • အားလေးပါးနှင့်စကြဝဠာ
    ~ ဒြပ်ဆွဲပြင်းအား gravity strength ဟာ လက်ရှိထက် အနည်းငယ်မျှ ပိုပြင်းသော် (သို့) အနည်းငယ်မျှ အားပျော့နေသော် အသက် life ဖြစ်ပေါ်ဖို့အခွင့်အလမ်းတွေ ဆုံးရှုံးရလိမ့်၊
    ~ နယူကလိယအားပျော့နဲ့ နယူကလိယအားပြင်းတို့ရဲ့ ပြင်းအားတွေဟာ လျှပ်စစ်သံလိုက်ပြင်းအားနဲ့ယှဥ်ရာမှာ လက်ရှိ ထက် အနည်းငယ်မျှ ပိုပြင်းနေသော်၊ ဟိုက်ဒြိုဂျင်အက်တမ်ပုံစံဟာ ယခုပုံစံအတိုင်း ရှိနေမှာမဟုတ်သလို ပိုမိုလေးလံတဲ့ ကာဘွန် အောက်ဆီဂျင်အက်တမ် တွေလည်း ဖြစ်ထွန်းမှာမဟုတ်သမို့ သက်ရှိဆိုတာ နတ္ထိဖြစ်ရလိမ့်၊

  • ၁၉၇၄ ခုနှစ်၊
    အထက်ပါအကျဥ်းမျှဆွေးနွေးခဲ့သော သင်္ချာရူပတွက်ချက်မှုတွေ ကြောင့် သြစတြေးရီးယန်း သီအိုရီရူပဗေဒပညာရှင် ဘရန်ဒန်ကာတာ Brandon Carter (၁၉၄၂ - ) က မနုဿစည်းမျဥ်းကို စတင် တင်ပြခဲ့၊ ရူပဗေဒလောကမှာ သောသောညံခဲ့ရတာ ယနေ့ထိတိုင်၊
    (ကွယ်လွန်သူ မြန်မာရူပဗေဒပညာရှင် ဆရာကြီးဒေါက်တာစိန်ထွန်းဟာ ထိုစည်းမျဥ်းကို သုတေသနပြုခဲ့ပြီး သင်ရိုးပြဌာန်းပေးခဲ့)။

  • အားပျော့မနုဿစည်းမျဥ်း
    (weak anthropic principle)
    စကြဝဠာဆိုင်ရာလေ့လာတွေ့ချက်တွေဟာ ကာဘွန်အခြေခံသက်ရှိ carbon-based life ဖွံ့​ဖြိုးမှုနွယ်ရာ လိုအပ်မှုတွေနဲ့သာ ကိုက်ညီရလိမ့်၊ ထို့အတွက်လည်း စကြဝဠာဟာ လိုအပ်တဲ့သက်တမ်း ရှိပေးရလိမ့်။

  • အားပြင်းမနုဿစည်းမျဥ်း
    (strong anthropic principle)
    စကြဝဠာဟာ အသိဥာဏ်ရှိသက်ရှိ intelligence life ပေါ်ထွန်း ဖို့ရာ ဂုဏ်သတ္တိတွေကို တစ်နည်းမဟုတ်တစ်နည်း ခွင့်ပြုထားတယ်၊ စကြဝဠာဆိုတာ အသိဥာဏ်ရှိသက်ရှိ ပေါ်ပေါက်လာရမယ်။
  • ပါဝင်ခြင်းမနုဿစည်းမျဥ်း
    (participatory anthropic principle)
    စကြဝဠာအတွင်းသက်ရှိဆိုတာ သတင်းအချက်အလက် information/bit မှတ်နိုင်စွမ်းအသိဥာဏ် ပိုလို့သာ တိုးတက်နေရမယ်။
    (ငါတွေးတယ်၊ ဒါ့ကြောင့်ငါရှိတယ် i think, therefore i am မဟုတ်ပါလေ၊ အရာရာတိုင်းဟာ သတင်းအချက်အလက်ကလာတယ်
    it from bit သာဖြစ်ရလိမ့်)။
    *နောက်ဆုံးမနုဿစည်းမျဥ်း
    (final anthropic principle)
    အသိဥာဏ်မြင့်သက်ရှိတွေဟာ စကြဝဠာနိဂုံးအထိတိုင် ရှင်သန် လေ့လာနိုင်စွမ်းရှိရမယ်၊
    စကြဝဠာနဲ့သက်ရှိဆိုတာ ထာဝရ၊

စကြဝဠာအတွင်းမှာ ဥာဏ်ရည်ဆိုတာ အမြဲထွန်းပြောင်နေရမယ်။

စိုးစိုး(အင်္ဂပူ)

1 week ago

- ကြိုးမျှင်သီအိုရီနဲ့တွစ်တာသီအိုရီဆက်နွယ်မှု စာတန်းတစ်စောင် ရေးသားခဲ့။ တွစ်စတာသီအိုရီကမ္ဘာကျော်ခဲ့ပြီ။
- ကမ္ဘာတစ်ဝှမ်း(ဗမာပြည်မပါ) သချာင်္ရူပဗေဒပညာရှင်များကြား
"တွစ်စတာတော်လှန်ရေး" twistor revolution ဝေါဟာရ ပေါ်ထွန်း။
(ပင်းရို့စ်ကတော့ သူ့သီအိုရီမှာ ကြိုးမျှင်တွေကိုမပါဝင်စေခဲ့ပါ)။

~ ၂၀၀၅-၂၀၀၈ ခုနှစ်များ၊
ဝစ်တန်နဲ့အဖွဲ့က အမှုန်များရဲ့ "စံသီအိုရီ" gauge theory ကို တွစ်စတာသရုပ်ဖော်ပုံနဲ့ အကောင်းဆုံးဖော်ပြနိုင်ခဲ့။
~ ၂၀၀၉ ခုနှစ်၊
- သချာင်္ရူပဗေဒပညာရှင်၄ဦးရဲ့ "တွစ်စတာဟင်းလင်းပြင်ရှိ အက်စ်မေတြစ်" s-matrix in twistor space ကမ္ဘာကျော် စာတန်းထွက်ပေါ်၊
( s = scattering = အမှုန်များလွင့်စင်ခြင်းသဘော )

- တွစ်စတာတည်ဆောက်ပုံ twistor structure အသုံးပြု "တွဲဆက်လိုက်လျောညီတည်မြဲမှု" dual conformal invariance ခေါ် စက်ကွင်းသစ် new field အယူအဆ ပေါ်ထွန်း၊
- "တွစ်စတာဂျီသြမေတြီချဉ်းကပ်မှု" အပေါ် ကမ္ဘာတစ်ဝှမ်း သိပ္ပံပညာရှင်များ(ဗမာပြည်မပါ) အတည်ပြုခဲ့ကြလေပြီ။
- "ကွမ်တမ်စက်ကွင်းသီအိုရီ" quantum field theory ရဲ့
"ကွင်းလွှဲခွင်များ" loop amplitudes အပေါ် သုတေသန ဆက်လက်ပြုခဲ့ကြ၊
(amplitude = probability amplitude
ဖြစ်တန်စွမ်းလွှဲခွင်) ၊
~ ၂၀၁၀ပြည့်နှစ်၊
တွစ်စတာသီအိုရီအပေါ်သုတေသနပြုသူ မျိုးဆက်သစ်သင်္ချာရူပဗေဒ ပညာရှင်လူငယ်များပေါ်ထွန်းလာ၊ (ပင်းရို့စ်နှင့်ဆွေးနွေးမှုများပြား)၊
~ ၂၀၁၁ ခုနှစ်၊ twistor revolution ဗီဒီယိုခွေဖြန့်ချိ။
~ ၂၀၁၂ ခုနှစ်၊
သဘာဝရုပ်လောကဆိုင်ရာသီအိုရီအများစုရဲ့ ဗဟိုချက်အဖြစ် တွစ်စတာသရုပ်ဖော်ပုံများက ပိုမိုနေရာယူလာ။
~ ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်၊
Nature Physics ဂျာနယ်၊ အခြေခံရူပဗေဒဖွ့ဖြိုးမှု ကျိုးတရား အဖြစ် တွစ်စတာသီအိုရီကို ညွှန်းဆိုဖော်ပြခဲ့။
- လွှဲခွင်ဟေဒရွန်အမှုန် amplitude hadron ဆန်းသစ်လေ့လာမှု ပေါ်ထွန်း၊
( hadron = ကွပ်များဖြင့် ဖွဲ့တည်ထားသောအမှုန်များ)
~ ၂၀၁၄ ခုနှစ်၊
ကွမ်တမ်သတ္တိပြုဒြပ်ဆွဲအား quantized gravity အထိတိုင် သုတေသနပြုလာ၊
~ ၂၀၁၅ ခုနှစ်၊
တွစ်စတာဟင်းလင်းပြင်အပေါ် ပင်းရို့စ်ရဲ့ ဖလှယ်မဟုတ် ဂျော်မက်တြီ geometry on noncommutative တွစ်စတာဟင်းလင်းပြင် twistor space အခြေခံထွက်ပေါ်လာ။
~ ယနေ့ တွစ်တာသီအိုရီ...
တိုင်းနိုင်ငံအများစု(ဗမာပြည်မပါ) မူ/လယ်အတန်းတွေမှာ တွစ်စတာ သီအိုရီဆိုင်ရာပုံပြစာအုပ်များနဲ့ မိတ်ဆက်သင်ကြားနေကြပါပြီ ။

**ကွင်းကွမ်တမ်ဒြပ်ဆွဲအား
(Loop Quantum Gravity-LQG)
( ပုံ ၁၀ ရှုပါ )။

ဟင်းလင်းပြင်ကိုယ်တိုင်မှာ အလွန်သေးငယ်ပြီး ပြတ်တောင်း သဘောဆောင်တဲ့ကွင်း tiny, discrete loop တွေပါဝင်တယ် (ဝါ) ဟင်းလင်းပြင်အချိန်ဟာ ကွမ်တမ်သတ္တိပြုမှု quantisation ရှိနေတယ်။
ထိုကွင်းတွေဟာ ဟင်းလင်းပြင်အချိန်ရဲ့ ရက်ထည် fabric အခြေခံလည်းဖြစ်ကြ။
LQG ရဲ့နောက်ကွယ်သင်္ချာမှာ အမွှတ်ကွန်ရက် spin network တွေဟာ ပလန့်စကေးဖြစ်တဲ့ 10⁻³³ cm မှာ ဟင်းလင်းပြင်ရဲ့ အမှုန်ဏုတည်ဆောက်ပုံ granular structure ကို ကိုယ်စားပြုနေကြ။
ထိုကွန်ရက်များဟာ ဂရပ်တွေဖြစ်ကြပြီး ၎င်းတို့က တိကျအချိန်အခိုက်အတန့်တစ်ခုမှာ ဟင်းလင်းပြင်အချိန်ရဲ့ ကွမ်တမ်ခြေ တွေကို ရုပ်လုံးဖော်ရှင်းပြပေးတယ်။
အမွှတ်အမြှုပ်ထု(spin foam)တွေမှာတော့ အမြင့်ဒိုင်မင်းရှင်း အတိုင်းအတာတွေဟာ အမွှတ်ကွန်ရက်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို ကိုယ်စားပြုနေ။
ဥပမာ...
အမွှတ်ကွန်ရက်နဲ့ အမွှတ်အမြှုပ်ထုတို့ကို ရိုးရှင်းတဲ့ ဟင်းလင်းပြင်ပုံစံတစ်ခုနဲ့ ဆွဲသားသရုပ်ဖော်နိုင်။
~အမှတ်စက်(အဆစ်, node)တွေရဲ့ ဆက်နွယ်မှုကွန်ရက်ဟာ အမွှတ်ကွန်ရက်ကို ကိုယ်စားပြု။
ထိုအမှတ်စက်(အဆစ်)တွေရဲ့ဆက်နွယ်မှု မျဥ်း(အဆက်, link)တွေ
ကတော့ အဆစ်တွေကြား အာကာသဆက်နွယ်မှု spatial relationship နဲ့ပတ်သက်တဲ့ ကွမ်တမ်သတင်းအချက်အလက်
quantum information ကိုသယ်ဆောင်ပေး​နေကြပါတယ်။
~အချိန်နဲ့အမျှ ထိုကွန်ရက်တွေက အမွှတ်အမြှုပ်ထုပေါ်ပေါက်စေခဲ့၊
အမြှုပ်ထုရဲ့ မျက်နှာပြင်တစ်ခုစီဟာ ကွမ်တမ်ဖြစ်ရပ်တစ်ခု
အဖြစ်ရှိနေကြပြီး စကြဝဠာကွန်ရက်ရဲ့ ဆင့်ကဲဖြစ်ရပ်နဲ့ဆင်တူနေ။

*သီအိုရီရဲ့ ဟင်းလင်းပြင်ပြတ်တောင်းသဘာဝရှိမှုအတွက် ဒြပ်ဆွဲလှိုင်း gravitational wave တွေနဲ့ အာကာသနောက်ခံဖြာထွက်ခြင်း တို့မှာ ခေတ်ပေါ်အာရုံခံမှန်ပြောင်းဂြိုဟ်တုသစ်တွေနဲ့ မြေပြင်နက္ခတ်စခန်းစုတွေက စူးစမ်းနေကြဆဲဖြစ်ပါကြောင်း။

#မနုဿစည်းမျဥ်း

  • မနုဿစည်းမျဥ်း anthropic principle ဆိုတာ စကြဝဠာနဲ့ ဥာဏ်ဖွံ့ဖြိုးသက်ရှိဆိုင်ရာ သင်္ချာရူပဗေဒဒဿနလို့ အကြမ်းဖျင်းဆိုနိုင်။

~ စကြဝဠာဟာ ကြယ်စုပေါင်း ကုဋေ ၂ သိန်း( 2 × 10¹² )သော ဒြပ်တွေနဲ့ဖွဲ့စည်းထား၊
~ ဒြပ်ဆွဲအား, လျှပ်စစ်သံလိုက်အား, နယူကလိယအားပျော့ အားပြင်း စတဲ့ အခြေခံသဘာဝအားလေးပါးက စကြဝဠာကို ချယ်လှယ် တည်ဆောက် ထိန်းချုပ်ထား​ပြန်၊

2 months, 3 weeks ago

🔳 လူတစ်ယောက်ရဲ့ Self-esteem က ဘယ်ကနေ လာသလဲဆို သူဖြစ်ချင်တဲ့ Ideal self ရယ်၊ တကယ်ဖြစ်နေတဲ့ Real self ရယ် တူညီခြင်းကနေ လာတယ်။

ကျွန်တော်ထင်တယ်။ ၁၀၀ % တော့ ဘယ်သူမှ ထပ်တူမကျနိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ အများကြီး။ ကိုယ်ဖြစ်ချင်တဲ့ လူပုံစံနဲ့ တကယ်ဖြစ်နေတာနဲ့ မကိုက်ညီတာတွေ တပုံကြီး။

ပြတ်သားချင်တယ်။ လက်တွေ့မှာက အင်မတန် အားနာတတ်သူ၊ လူတိုင်းကို စိတ်ချမ်းသာစေချင်သူ ဖြစ်နေတယ်။

ငါလုပ်ရင် ရကိုရရမယ် ဆိုတဲ့ ယုံကြည်မှုမျိုးှ ရှိတဲ့သူ ဖြစ်ချင်တယ်။ လက်တွေ့မှာက ရသမျှ အောင်မြင်မှုတိုင်းဟာ ကံကောင်းလို့ပါလို့ တွေးတတ်သူ ဖြစ်နေတယ်။

သို့သော် အရေးကြီးတဲ့ နေရာတွေမှာတော့ အဲဒီနှစ်ခု ထပ်တူကျနေဖို့ လိုပါတယ်။ ဥပမာ အင်မတန် ရက်စက်ယုတ်မာတဲ့သူတွေကို တစ်ခွန်းတစ်ပါဒမှ မပြောရဲတဲ့ ဘဝမျိုး၊ အစစအရာရာ တည်ငြိမ်အေးချမ်းနေသလို လုပ်ပြနေရမဲ့ ဘဝမျိုးမှာတော့ လုံး၀ လုံးဝမနေနိုင်ဘူး ဆိုတာလိုပေါ့။

🔳 ကြောက်စရာအကောင်းဆုံး ဆုံးရှုံးမှုဟာ ငွေကြေးမဟုတ်ဘူး။ ကိုယ်လက်အင်္ဂါတွေလည်း မဟုတ်သေးဘူး။ ဂုဏ်သိက္ခာလည်း မဟုတ်ဘူး။ (ဂုဏ်သိက္ခာ ဆိုတာ အပေါ်မှာ ရေးခဲ့သလို လူတွေရဲ့ Operating System ပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနေသေးလို့)

တကယ်ကြောက်စရာ အကောင်းဆုံးက မိမိကိုယ်မိမိ ဆုံးရှုံးလိုက်ရတာပဲ။ ငါ မလုပ်သင့် မလုပ်ထိုက်တာ လုပ်လိုက်မိပြီ၊ ငါ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ပျက်ကွက်မိလိုက်ပြီ ဆိုတဲ့အသိဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားစေတယ်။

ဒါကြောင့် “ဘာတွေ ဘယ်လိုဆုံးရှုံးသွားရပါစေ၊ မိမိကိုယ်မိမိ လေးစားမှုတော့ ပါမသွားပါစေနဲ့” လို့ ပြောရတာပါ။

🔳 ဒီတော့ ကိုယ့်ဘဝရဲ့ Operating System က ဘာလဲ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။ အဲဒီအတိုင်း ခိုင်ခိုင်မာမာ နေထိုင်ရပ်တည်ပါ။ သူများရဲ့ စနစ်နဲ့ သွားမနှိုင်းယှဉ်ပါနဲ့။ နားမယောင်ပါနဲ့။ မယိမ်းယိုင်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့သူ၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း၊ အမမှန်း မသိတဲ့သူတွေဟာ လောကမှာ မပျော်ရွှင်ရဆုံးပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၇.၁၀.၂၀၂၄

2 months, 3 weeks ago

“ကြောက်စရာအကောင်းဆုံး ဆုံးရှုံးမှု”

🔳 နိုင်ငံတွေမှာ ကျင့်သုံးတဲ့စနစ်ချင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြသလိုပဲ၊ လူတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘဝအပေါ် ရှုမြင်ပုံ၊ သဘောထားပုံ၊ ဖြတ်သန်းပုံချင်း မတူကြဘူး။

ဒီလုပ်ရပ်က ဒီနိုင်ငံမှာ ပြစ်မှုမြောက်ပေမဲ့ နောက်တစ်နိုင်ငံမှာတော့ ခွင့်ပြုချင် ခွင့်ပြုထားလိမ့်မယ်။ အဲဒီလိုပဲ၊ လူတစ်ယောက်အတွက် ဒါက မလုပ်သင့်ဘူး မြင်ပေမဲ့ နောက်တစ်ယောက်အတွက်ကျ ဘာမှ မထူးဆန်းသလို ဖြစ်နေတတ်တယ်။

စနစ်တစ်ခုစီတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိသလို၊ ဘယ်သူ့ဘဝမှာမှ အားလုံးကောင်းနေတယ်၊ အမြဲမှန်နေတယ် ဆိုတာ မရှိဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။

🔳 ဟိုလိုလို ဒီလိုလို ဖြစ်မနေဖို့ပဲ လိုတယ်။ သေနတ်ကိုင်ဆောင်ခွင့် ပေးမလား။ ဘာကြောင့် ကိုင်ဆောင်ခွင့် ပေးတယ်။ ဆိုးကျိုးကတော့ ဘယ်လိုရှိမယ်။ ကောင်းကျိုးက ပိုများလို့ ကိုင်ခွင့်ပြုတယ်။ ကိုယ်ဝန်ဖျက်ချခွင့် ပေးတယ်။ ဘာကြောင့် ခွင့်ပြုတယ်။ ဒီလို ခိုင်ခိုင်မာမာ ဖြစ်နေရမယ်။

အဆိုးကို ထောက်ပြလိုက်လို့ ဝေဝါးသွားတာ၊ ဒါမှမဟုတ် အကောင်းတွေချည်း ကွက်လိုချင်နေတာမျိုး ဖြစ်လို့တော့ မရဘူး။

🔳 အဲဒီလို နိုင်ငံတွေမှာ “စနစ်” လို့ ခေါ်တဲ့အရာကို လူတစ်ဦးစီအတွက်တော့ “Life philosophy” လို့ ခေါ်တယ်။

- တချို့က ကျန်းမာရေး ဂရုစိုက်တယ်။ အစားအသောက် ဆင်ခြင်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်။ တချို့ကျ အဲဒါတွေ လုပ်နေတော့ရော မသေမှာမို့လို့လား၊ လူဖြစ်တုန်းခဏ သက်သက်သာသာ နေသွားစမ်းပါ၊ စားချင်တာတွေ စားသွားစမ်းပါလို့ ပြောတယ်။

- တချို့အတွက် ငွေဆိုတာ ဒုတိယဘုရားသခင်။ တချို့ကျ ငွေထက် ဂုဏ်သိက္ခာ၊ နာမည်ကောင်း စတာတွေကို ပိုတန်ဖိုးထားမယ်။

- တချို့က အနာဂတ်ကို အမြဲစဉ်းစားတယ်။ ပြင်ဆင်တယ်။ ဝေးဝေးမြင်နိုင်အောင် ကြိုးစားတယ်။ တချို့အတွက်ကျ အနာဂတ် ဆိုတာ ပူပန်စရာပဲ၊ ပစ္စုပ္ပန်မှာ တည့်တည့်နေခြင်းက အရေးကြီးဆုံးလို့ ထင်တယ်။

- တချို့ကျ ကိုယ့်ကို ထိလာရင် တုံ့ပြန်ရမှ၊ ဒါမှ ထပ်မလုပ်ရဲမှာလို့ မြင်တယ်။ တချို့ကျ သည်းခံခြင်းဖြင့် အနိုင်ယူတယ်။ ရှောင်ရှားခြင်းဖြင့် ရန်မီးကို ငြိမ်းစေတယ်။

- တချို့အတွက် ဘဝတန်ဖိုးဆိုတာ ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ခြင်း ဆိုပေမဲ့ တချို့အတွက်တော့ ဘဝတန်ဖိုးဆိုတာ အများကို အကျိုးပြုနိုင်ခြင်း ဖြစ်နေတတ်တယ်။

ဒါ လူတစ်ယောက်စီရဲ့ ဘဝကို လည်ပတ်ပုံ၊ ကျင့်သုံးပုံ၊ ရွေးချယ်ပုံချင်း၊ တင်စားပြီး ပြောရရင် “Operating System” ချင်း မတူကြတဲ့ ဥပမာတချို့ပဲ။

🔳 ဘယ်သူမှန်တယ်၊ မှားတယ် တိတိကျကျ ပြောရခက်သလို၊ တစ်ခုစီမှာလည်း အကောင်းရော၊ အဆိုးပါ၊ အကျိုးရော၊ အပြစ်ပါ ရောထွေးပြီးတော့ ရှိနေတတ်တယ်။ နိုင်ငံတွေရဲ့ သမိုင်းအစဉ်အလာ၊ ထုံးတမ်းဓလေ့ပေါ် မူတည်ပြီး ဥပဒေတွေ ကွဲပြားကြသလို၊ လူတစ်ယောက်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုပေါ် မူတည်ပြီး ဘဝအမြင်ချင်လည်း ကွာခြားကြမှာပဲ။

ပြဿနာက ကိုယ်ကျင့်သုံးသလို သူများတွေကိုလည်း လိုက်ကျင့်သုံးစေချင်တာရယ်၊ ကိုယ့်စနစ်မှ အမှန်လို့ ထင်ကြတာရယ်၊ ကိုယ်ကျင့်သုံးနေထိုင်တဲ့ ဘဝဒဿနရဲ့ အားနည်းချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ တခြားသူနဲ့ နှိုင်းယှဉ်ပြီး တွေဝေမိတာရယ်ပဲ။

🔳 ကိုယ်က မတရားမှုကို လက်ပိုက်ကြည့်မနေတတ်ပေမဲ့ ဘာတွေ ဘယ်လိုဖြစ်နေနေ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ ဦးတည်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒါကို ကြည့်ပြီး စိတ်ဓါတ်ကျနေလို့ မရဘူး။ အားလျော့နေလို့ မရဘူး။ ကိုယ့်စနစ်နဲ့ကိုယ် ပိုင်ပိုင်နိုင်နိုင် ရှေ့ဆက်ရလိမ့်မယ်။

ကိုယ်ကသာ ဒီလိုရပ်တည်မိရင် အိပ်မပျော် စားမဝင် ဖြစ်နေနိုင်ပေမဲ့ တခြားလူအတွက်ကျ အခွင့်အရေးတစ်ခုလို ဖြစ်ချင်ဖြစ်နေမှာ။ ဘဝအပေါ် ထားတဲ့ ခံယူချက်ချင်းတွေ တူကြတာမှ မဟုတ်ပဲ။

🔳 အရင်ကတော့ အဲဒီလိုလူတွေကို တွေ့ရင် သူတို့ လိပ်ပြာလုံပါ့မလားလို့ ထင်ခဲ့ဖူးတယ်။ တကယ်က လုံပါတယ်။ အိပ်လည်း ပျော်ပါတယ်။ သေနတ်ကိုင်ဆောင်တာကို ယူကေမှာ ခွင့်မပြုပေမဲ့ ယူအက်စ်မှာ ခွင့်ပြုထားသလိုပဲပေါ့။ ဒီအလုပ်က ကိုယ့်အတွက် အိပ်မပျော်ဖြစ်စေပေမဲ့ သူတို့အတွက်ကျ အိပ်လို့တောင် ပိုကောင်းချင် ကောင်းနေလိမ့်ဦးမယ်။

ဒါကြောင့် အဓိကအကျဆုံးက ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ။

ငါ့ရဲ့ Life philosophy က ဘာလဲ။ ဘယ်လို Operating System ကို ကျင့်သုံးထားလဲ။ ဒီအလုပ်က ငါ့စနစ်ထဲမှာ လုပ်ခွင့်ပြုထားသလား။ မပြုထားဘူးလား။ ဒါကိုပဲ ပြန်ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။

🔳 နိုင်ငံတွေမှာ ဥပဒေတွေ အမြဲပြောင်းနေ၊ ပြင်နေ၊ ထပ်ဖြည့်နေသလိုပဲ၊ ကျွန်တော်တို့တွေရဲ့ ဘဝဒဿနတွေကလည်း အသက်ကြီးလာတာနဲ့အမျှ၊ အတွေ့အကြုံတွေ ပိုများလာတာနဲ့အမျှ၊ စာတွေ ပိုဖတ်ဖြစ်လာတာနဲ့အမျှ ပြောင်းနေ၊ ပြင်နေကြရပါတယ်။

အရင်က အပြစ်လို့ မထင်ခဲ့တာတွေက အခု အပြစ် ဖြစ်ချင်ဖြစ်လာမယ်။ အရင်က လုပ်သင့်တယ် ထင်ခဲ့တာတွေက အခုတော့ မလုပ်သင့်ဘူး မြင်လာမယ်။ ဒါ ထုံးစံပါပဲ။ အဲဒီလို ပြောင်းလဲနေဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ သို့သော် ခိုင်မာတဲ့ အကြောင်းပြချက်တော့ ရှိရလိမ့်မယ်။ ခဏတိုင်း ပြောင်းနေလို့လည်း မရပြန်ဘူးပေါ့။

2 months, 3 weeks ago

အလှူဆိုတာ ငွေကြေးဓန ရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတွေ ရှိပါတယ်။ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေ ပေးမယ့် သစ်ပင်တွေကို စိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်းတဲ့။

ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပ တစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေ ဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။ဦးငွေလို ဘယ်လောက် ဆင်းရဲဆင်းရဲ၊ ဘယ်လောက် ခွန်အားမဲ့မဲ့ မေတ္တာစေတနာ ကောင်းမွန်ဖြူစင်ရင် လူတွေ အများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီး အကြောင်းကိုလည်း ရေးသား မော်ကွန်းတင်ခဲ့တာပါ’’လို့ ပြောကြားခဲ့ပါတယ်။

မန္တလေးမှာတော့ နွေဆိုရင် တစ်စတစ်စ ပူပြင်းလို့လာပါပြီ။ ဦးငွေ မရှိတော့ပေမယ့် ဦးငွေ စိုက်ထားသည့် ကျန်ရှိနေသေးတဲ့သစ်ပင်တွေကတော့ မန္တလေးမြို့ကို အရိပ်အာဝါသ ကောင်းစွာပေးကာ အေးမြအောင် စွမ်းဆောင်နေကြဆဲ ဖြစ်ပါတော့တယ်။

Key Word - ဦးငွေ
From - ဘဝအတွက် တန်ဖိုးရှိသော စာပေ

#mandalay #tree

3 months ago

Federalism နိဒါန်း ဖက်ဒရယ်စနစ်သည် ပြည်နယ် သို့မဟုတ် စီရင်စုများကို ဗဟိုအာဏာစက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ခွဲဝေပေးသည့် အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်သည်။ တစ်ပြည်ထောင်စနစ်များနှင့်မတူဘဲ အစိုးရအာဏာအားလုံးကို ဗဟိုအဖွဲ့တစ်ခုက ချုပ်ကိုင်ထားခြင်းမဟုတ်ဘဲ ဖက…

3 months ago

သို့သော် ဖက်ဒရယ်စနစ်သည် စိန်ခေါ်မှုအခက်အခဲများ လုံးဝမရှိသည် မဟုတ်ပါ။ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုသည် တစ်ခါတစ်ရံတွင် အထူးသဖြင့် တရားစီရင်ပိုင်ခွင့်များ ထပ်နေသည့် နယ်ပယ်များတွင် တင်းမာမှုများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် အခွန်ကောက်ခံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နိုင်ငံသားအခွင့်အရေးများကဲ့သို့သော ကိစ္စရပ်များတွင် အချုပ်အခြာအာဏာနှင့် အခွင့်အာဏာဆိုင်ရာ မေးခွန်းများ မကြာခဏ ထွက်ပေါ်လာသည်။ ဗဟိုချုပ်ကိုင်မှု ထိန်းချုပ်မှုနှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြား ချိန်ခွင်လျှာသည် သိမ်မွေ့နူးညံ့ပြီး ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများကြား သဘောထားကွဲလွဲမှုများသည် တစ်ခါတစ်ရံတွင် political gridlock or legal disputes များ ဖြစ်ပေါ်နိုင်သည်။ တစ်ချို့နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကျင့်သုံးမှုကြောင့် ပြည်တွင်းပြဿနာများကို ဖြေရှင်းရန်နှင့် အုပ််ချုပ်ရေးပိုမိုတိုးတက်ကောင်းမွန်လာစေခဲ့သော်လည်း တစ်ခါတစ်ရံ ပြဿနာများကို ပိုမိုကြီးထွားလာစေပြီး နိုင်ငံ‌တော်ယန္တရားပျက်စီးခြင်းအထိလည်း ဦးတည်စေနိုင်သည်။
အချို့ကိစ္စများတွင် ဖက်ဒရယ်စနစ်အား နက်နဲစွာ ကွဲပြားနေကြသော လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခဖြေရှင်းရေး ယန္တရားတစ်ခုအဖြစ် အဆိုပြုခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းများ ရှိခဲ့သည်။ အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြင့် ဖက်ဒရယ်စနစ်များသည် လူမျိုးရေး သို့မဟုတ် နိုင်ငံရေးတင်းမာမှုများကို လျော့ပါးသက်သာစေနိုင်သည့် ဒေသတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခွင့်ပြုနိုင်သည်။ ဥပမာအားဖြင့် လူမျိုးရေးခွဲခြားမှုအလွန်တောင်အာဖရိကတွင် ကွဲပြားမှုများ များစွာရှိသော လူ့အဖွဲ့အစည်းတွင် ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရန် ဒီဇိုင်းထုတ်ထားသော ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းပုံအခြေခံမူဘောင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ဒရယ်စနစ်ကို မိတ်ဆက်ဖော်ဆောင်ခဲ့သည်။
ခေတ်ပြိုင်စိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ရာတွင်လည်း ဖက်ဒရယ်စနစ်၏ အယူအဆသည်လည်း ဆက်လက်တိုးတက်နေပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၊ နည်းပညာတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် အထူးသဖြင့် ရာသီဥတုမူဝါဒ၊ ဒေတာအုပ်ချုပ်ရေး (data governance ) နှင့် ပြည်သူ့ကျန်းမာရေးစသည့် နယ်ပယ်များတွင် ဖက်ဒရယ်စနစ်များအတွက် ပြဿနာအသစ်များ ရှိနေပါသည်။ ထို့အပြင် နိုင်ငံနယ်နိမိတ်များတစ်လျှောက် ကိစ္စရပ်များသည် အပြန်အလှန်ချိတ်ဆက်မှုများ တိုးလာလာသည်နှင့်အမျှ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် NATIONAL ရေး ပေါင်းစပ်ညှိနှိုင်းမှုတို့ကြား ဟန်ချက်ညီမှုသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်သည် လိုက်လျောညီထွေရှိပြီး dynamic ဖြစ်သော အုပ်ချုပ်မှုပုံစံအဖြစ် ဆက်လက်တည်ရှိနေကာ စည်းလုံးညီညွတ်မှုအတွင်း ကွဲပြားမှုများကို စီမံခန့်ခွဲရန်အတွက် လိုက်လျောညီထွေရှိသော မူဘောင်တစ်ခုကို ပေးဆောင်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် cultural accommodation များအတွက် ဖွဲ့စည်းပုံကို ပံ့ပိုးပေးသည့် ၎င်း၏ကိုယ်ပိုင် သြဇာလွှမ်းမိုးမှု နယ်ပယ်တစ်ခုစီတွင် မတူညီသော အစိုးရအဆင့်များ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် ခွင့်ပြုထားသည်။ ဖက်ဒရယ်စနစ်ကို နားလည်သဘောပေါက်ခြင်းသည် ရှုထောင့်များ၊ ပုံစံများကိုသာမက ၎င်း၏သမိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်နှင့် ခေတ်ပြိုင်ဆက်စပ်မှုကိုပါ စူးစမ်းလေ့လာခြင်းများလည်း ပါ၀င်သည်။ အထူးသဖြင့် ဝိသေသလက္ခဏာ၊ အုပ်ချုပ်မှုနှင့် အာဏာခွဲဝေမှုဆိုင်ရာ မေးခွန်းများသည် ကမ္ဘာနှင့် မြန်မာတွင် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

3 months ago

Federalism နိဒါန်း
ဖက်ဒရယ်စနစ်သည် ပြည်နယ် သို့မဟုတ် စီရင်စုများကို ဗဟိုအာဏာစက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ခွဲဝေပေးသည့် အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်သည်။ တစ်ပြည်ထောင်စနစ်များနှင့်မတူဘဲ အစိုးရအာဏာအားလုံးကို ဗဟိုအဖွဲ့တစ်ခုက ချုပ်ကိုင်ထားခြင်းမဟုတ်ဘဲ ဖက်ဒရယ်စနစ်များသည် အစိုးရအဆင့်များစွာတွင် အခွင့်အာဏာကို ခွဲဝေပေးထားသည်။ ဤဖွဲ့စည်းပုံသည် စည်းလုံးညီညွတ်သော နိုင်ငံတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်ရှိနေချိန်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ဆက်လက်ထိန်းသိမ်းထားနိုင်စေရန် အာမခံချက်ရှိသော အာဏာ ချိန်ခွင်လျှာကို ရရှိစေမည်ဖြစ်သည်။ ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တစ်စိတ်တစ်ဒေသအတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။
ဖက်ဒရယ်ဟူသည် လက်တင်စကားလုံး " foedus " မှ ဆင်းသက်လာပြီး စာချုပ် သို့မဟုတ် ပဋိညာဉ်ဟု အဓိပ္ပာယ်ရသည်။ တစ်သီးပုဂ္ဂလ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားစဉ်တွင် ပြည်ထောင်စုဖွဲ့စည်းရန် စိတ်ကူးကို ဖြစ်ပေါ်စေသည်။ သမိုင်းကြောင်းအရ ဖက်ဒရယ်စနစ်သည် မတူကွဲပြားသော လူဦးရေ၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ပထဝီဝင် နယ်မြေကျယ်ဝန်းသော နိုင်ငံများတွင် နိုင်ငံရေးအဖြေတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဗဟိုချုပ်ကိုင်ထားသော အစိုးရတစ်ခုတည်းက နယ်မြေအားလုံးကို သာတူညီမျှ ထိရောက်စွာ အုပ်ချုပ်နိုင်ခြင်း သို့မဟုတ် ကိုယ်စားပြုနိုင်ခြင်း မရှိပေ။
နိုင်ငံရေးစနစ်တစ်ခုအနေဖြင့် ဖက်ဒရယ်စနစ်သည် ရှေးခေတ်နှင့် ခေတ်သစ်သမိုင်း နှစ်ခုစလုံးတွင် roots များရှိသည်ကို တွေ့ရသည်။ ရှေးခေတ်ဥပမာအချို့ကို ဂရိမြို့ပြနိုင်ငံများနှင့် ၎င်းတို့၏ မဟာမိတ်များတွင် တွေ့ရှိနိုင်သော်လည်း ဖက်ဒရယ်စနစ်၏ ခေတ်သစ်ပုံစံသည် 18 ရာစုတွင် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခြင်းဖြင့် စတင်ပေါ်ပေါက်လာခဲ့သည်။ အစောဆုံး ဖက်ဒရယ်စနစ်များထဲမှ တစ်ခုအနေဖြင့် 1787 ခုနှစ်တွင် အတည်ပြုခဲ့သော အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်တစ်ခုချင်းအကြား ပါဝါမျှတသော ဖက်ဒရယ်အစိုးရကို တည်ထောင်ခဲ့သည်။ ဤပုံစံသည် ဒေသတွင်းကွဲပြားမှုကို National စည်းလုံးညီညွတ်မှုဖြင့် ချိန်ခွင်လျှာညှိရန် ကြိုးပမ်းသည့် အခြားသောနိုင်ငံများစွာအတွက် နမူနာပုံစံတစ်ခု ဖြစ်လာခဲ့သည်။
ဖက်ဒရယ်စနစ်သည် အာဏာခွဲဝေမှု၊ အချုပ်အခြာအာဏာ သဘောတရားနှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် အဓိကအခြေခံမူများစွာအပေါ်တွင် တည်ဆောက်ထားသည်။ ဖယ်ဒရယ်စနစ်တွင် အာဏာများကို အခြေခံဥပဒေအရ မတူညီသောအမျိုးအစားများ ခွဲခြားထားသည်။ ပုံမှန်အားဖြင့် နိုင်ငံတော်၊ ပြည်နယ်နှင့် ဒေသဆိုင်ရာများအဖြစ် ခွဲခြားထားသည်။ နိုင်ငံတော်အစိုးရသည် ကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် ကူးသန်းရောင်းဝယ်ရေးကဲ့သို့ နိုင်ငံတစ်ခုလုံးကို သက်ရောက်သည့် ကိစ္စရပ်များကို မကြာခဏ စီမံခန့်ခွဲလေ့ရှိပြီး ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများသည် ပညာရေး၊ အများပြည်သူ ဘေးကင်းရေးနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ဒေသဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်နေပါသည်။
ဖက်ဒရယ်တွင် အစိုးရအဆင့်အသီးသီး၌ ဥပဒေပြုရေး၊ အုပ်ချူပ်ရေးနှင့် တရားစီရင်ရေးစသည့် အင်စတီကျူးရှင်းများ ရှိပြီး အဆိုပါအစိုးရအသီးအသီး၏ လုပ်ပိုင်ခွင့်တို့ကို ခွဲခြားပေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဆိုပါကိစ္စရပ်များကို တာဝန်ယူသည့် တရားလွှတ်တော်တစ်ရပ်လည်း ရှိလေ့ရှိသည်။
ဖက်ဒရယ်စနစ်၏ အဓိက appeals တစ်ခုမှာ နိုင်ငံရေးစနစ်တစ်ခုအတွင်း မတူကွဲပြားမှုများကို လိုက်လျောညီထွေဖြစ်စေသော စွမ်းရည်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများတွင် ကွဲပြားသော ယဉ်ကျေးမှု၊ ဘာသာစကား သို့မဟုတ် လူမျိုးစုများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိရရှိသည်။ ၎င်းသည် လူမျိုးတိုင်း၊ လူသားတိုင်း ပါဝင်မှုသဘောကို မြှင့်တင်နိုင်ပြီး ဗဟိုချုပ်ကိုင်မှု၏ ဖိအားများကို လျော့ပါးစေသည်။

3 months, 1 week ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 weeks ago

ကိုယ်တိုင် ကြည့်သော BLဇာတ်ကားများကိုသာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ် 🙏

#Crd All Original Uploder 🙏

Last updated 3 weeks, 4 days ago

?ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️?
https://t.me/Kavel_63
https://t.me/Kavel_63

Last updated 4 months, 2 weeks ago