Myanmar Newspapers

Description
We recommend to visit
Fk43
Fk43
183,880 @fkhhoc

Last updated 1 year, 8 months ago

Diario de la juventud cubana
www.juventudrebelde.cu

Last updated 9 hours ago

Kelas Anak Binaan Ustadz Muhammad Abduh Tuasikal

Last updated 1 month, 2 weeks ago

2 months, 1 week ago

အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအား ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုအစည်းအဝေးတွင် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအပေါ် ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ မိမိတို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်မည့် အခြေအနေများ၊ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပုဒ်မ၊ ပုဒ်မခွဲ တစ်ခုချင်းစီအလိုက် အသေးစိတ်ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ အမျိုးသားရေဥပဒေပဉ္စမမူကြမ်းကို ပြုစုပြီးပါက မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်စေမည့် ရေဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး(၁)၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေရေးဆွဲရေး ဆောင်ရွက်ထားရှိမှုများ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်လျာထားချက်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ စတုတ္ထမူကြမ်းအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမျိုးသားရေဥပဒေစတုတ္ထမူကြမ်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆက်လက်ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154553

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 1 week ago

(ခ) စာတမ်းဖတ်ပွဲ (Session II) တွင် မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး၊ အလားအလာနှင့် စိန်ခေါ်မှုများ (World Economy, Megatrends and its challenges) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဂ) စာတမ်းဖတ်ပွဲ (Session III) တွင် နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံ၏ အခန်းကဏ္ဍ (The Role of Infrastructure in National Development) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဃ) စာတမ်းဖတ်ပွဲ (Session IV) တွင် လယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် စားရေရိက္ခာဖူလုံကြွယ်ဝမှု (Agriculture Production and Food Security) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(င) စာတမ်းဖတ်ပွဲ (Session V) တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု (The Role of MSMEs in National Development) ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(စ) စာတမ်းဖတ်ပွဲ (Session VI) ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ (Sectoral Growth: Investment, Trade and Services) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဆ) Plenary Session အဖြစ် ဆောင်ရွက် ထားသည့် စာတမ်းဖတ်ပွဲများ၏ အနှစ်ချုပ်တင်ပြချက် (Summary of the Paper Reading Sessions and Discussions) နှင့် မူဝါဒဆိုင်ရာထောက်ခံတင်ပြချက်များ (Policy Recommen-dations) ကို ထုတ်နုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စီးပွားရေးပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးနှင့် အထောက်အကူဖြစ်စေရန်၊ စီးပွားရေးပညာအား မျိုးဆက်သစ်လူငယ်များ ပိုမိုသင်ယူလေ့လာသိရှိ တန်ဖိုးထားအသုံးချနိုင်စေရန် စီးပွားရေးပညာဘွဲ့ရများက နိုင်ငံဖွံ့ဖြိုးမှုအတွက် ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်တို့ကို ရည်မှန်းချက်ထားရှိပြီး နိုင်ငံ အကျိုးပြုဘာသာရပ်ကြီးဖြစ်သည့်အတွက် “စီးပွား ပညာ နှစ် ၁၀၀ ပြည်သူ့အကျိုး တို့သယ်ပိုး” ဆောင်ပုဒ်ဖြင့် စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အား စည်းလုံးညီညွတ်ဂုဏ်ယူစွာဖြင့် စုစည်းပါဝင်ကျင်းပဆင်နွှဲကြပါစို့။ ။

https://t.me/myanmarnewspaper/154548

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 1 week ago

ပထဝီနိုင်ငံရေး (Geo Politics)၊ ပထဝီစီးပွားရေး (Geo-economy) တို့သည်လည်း နီးကပ်စွာ ဆက်စပ်လာခြင်းတို့ကြောင့် ထိုစွန့်စားရမှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒ (Political Economy) ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ (Development Strategies in a changing global political economy) ကို ပြင်ဆင်ချဉ်းကပ် ဆောင်ရွက်ရန်လိုအပ်ပါသည်။

စီးပွားရေးပညာကို လေ့လာခြင်းဖြင့် အစိုးရစည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အင်အားစုများနှင့် စီးပွားရေးအပေါ် မူဝါဒများ၏ အကျိုးသက်ရောက်မှုအပါအဝင် လူတို့၏ဘဝတွင် ကဏ္ဍအဖုံဖုံကို တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများပေးစွမ်းနိုင်ပါသည်။ စီးပွားရေးပညာသည် အလျင်အမြန် ခေတ်မီပြောင်းလဲနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဟာဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းရန် ကိုက်ညှိဆောင်ရွက်ပြင်ဆင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးနိုင်ပါလိမ့်မည်။

အနာဂတ် အမိမြန်မာပြည်စီးပွားရေး နှစ် (၁၀၀) ပြည့်တွင် ဆင့်ပွားကြိုးစားရေး

လက်ရှိတွင် စီးပွားရေးပညာဆိုင်ရာ ဘွဲ့ရများသည် အသီးတစ်ရာအညှာတစ်ခုဆိုသကဲ့သို့ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် မိမိတို့သင်ယူတတ်မြောက်ထားသော စီးပွားရေးပညာရပ်များ ကို အသုံးချ၍ နယ်ပယ်အသီးသီး၊ ရာထူးတာဝန်အဆင့်ဆင့်တို့တွင် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ အရေးကြီးသော တာဝန်များကို ထမ်းဆောင်လျက်ရှိကြပါသည်။

ထို့ကြောင့် ကြုံတောင့်ကြုံခဲ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကြီး ကို စီးပွားရေးပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိလေ့လာသင်ယူအသုံးချနိုင်စေရေး၊ နိုင်ငံ့စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များ တိုးတက်အောင်မြင်စေရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ဖော်ထုတ်နိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး နိုင်ငံအကျိုးပြု ဘာသာရပ်ကြီးဖြစ်သည့်အတွက် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားကြီး ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် နေပြည်တော်၌ နယ်ပယ်နှင့် အလွှာအသီးသီးမှ စီးပွားရေးပညာဘွဲ့ရများက စုပေါင်းဆင်နွှဲရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အထိမ်းအမှတ်အခမ်းအနားတွင် ဖွင့်ပွဲ၊ ပြခန်းနှင့် ကုန်စည်ပြပွဲ၊ စာတမ်းဖတ်ပွဲနှင့် အထိမ်းအမှတ် ညစာစားပွဲတို့ ပါဝင်မည်ဖြစ်ပါသည်။

ကြုံတောင့်ကြုံခဲသည့် အခွင့်အခါသမယတွင် နယ်ပယ်အလွှာအသီးသီးက အင်အားများ စုစည်းကာ စီးပွားရေးပညာ နှစ် (၁၀၀) မှသည်နိုင်ငံ၏ အနာဂတ်၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်၍ စီးပွားပညာစွမ်းအားဖြင့် အလားအလာတို့ကို ဖော်ထုတ်နိုင်ပါရန်၊ စီးပွားပညာအနေဖြင့် နိုင်ငံ့အနာဂတ်အတွက် စွမ်းဆောင်နိုင်သည့် ပညာ့တန်ဆောင်အဖြစ် အသုံးချနိုင်စေရန်၊ စီးပွားပညာနှစ် ၁၀၀ နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်၊ ဖွံ့ဖြိုးမှုစိန်ခေါ်မှုများနှင့် လက်ရှိပစ္စုပ္ပန်မှသည် အနာဂတ်နိုင်ငံစီးပွား မြှင့်တင်နိုင်စေရေးအတွက် ရည်မှန်း၍ စာတမ်းဖတ်ပွဲ၏ Theme အား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အနာဂတ်အလားအလာ (Development Opportunities and Perspectives) သတ်မှတ်ကာ စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် စာတမ်းဖတ်ပွဲကို ဆောင်ရွက်မည်ဖြစ်ပါသည်။

စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ အသေးစိတ်ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) စီးပွားရေးပညာ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်၊

(ခ) ခေတ်ကာလအလိုက် ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေးအခြေအနေ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ ပိုမိုကျယ်ပြန့်ပြောင်းလဲလာသော စီးပွားရေးပညာရပ်များကို လေ့လာသုံးသပ်၍ ပိုမိုတိုးချဲ့ သင်ကြားပေးသွားနိုင်ရေးဆွေးနွေးဖော်ထုတ်ရန်၊

(ဂ) နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးအတွက် မျက်မှောက် ကာလစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိမည့် လူ့အရင်းအမြစ်များကို ပိုမိုတိုးမြှင့်လေ့ကျင့်မွေးထုတ်နိုင်ရေး ဆွေးနွေးဖော်ထုတ်ရန်၊

(ဃ) အတိတ်နှင့် ပစ္စုပ္ပန်ကာလကမ္ဘာ့စီးပွားရေး ရိုက်ခတ်ပြောင်းလဲမှုများအလိုက် ကြုံတွေ့ခဲ့ကြရသော နိုင်ငံစီးပွားရေးစိန်ခေါ်မှု သင်ခန်းစာများအား ဖော်ထုတ်၍ အနာဂတ်နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု-စီးပွားတိုးတက်စေရန် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သင့်သော အခြေအနေများကို Session များအတိုင်း ဖွဲ့စည်းဆွေးနွေးဖော်ထုတ်ဆောင်ရွက်ရန်၊

(င) ဆွေးနွေးဖော်ထုတ်ရရှိချက်များကို နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုတင်ပြရန်တို့ ဖြစ်ပါသည်။

စာတမ်းဖတ်ပွဲအား အောက်ဖော်ပြပါ ခေါင်းစဉ် (၆) ခုဖြင့် ချဉ်းကပ်ဆောင်ရွက်မည်ဖြစ်ပါသည်-

(က) စာတမ်းဖတ်ပွဲ (Session I) တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာ နှစ် (၁၀၀) ခရီး ယခင်၊ ယခုနှင့် အနာဂတ်စီးပွားရေးအလားအလာ (100 Years Journey of Economics in Myanmar: Past, Present and Future)ခေါင်းစဉ်ဖြင့်လည်းကောင်း၊

2 months, 2 weeks ago

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confe-deration ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတ ယဉ်ကျေးမှုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဖိတ်ကြားထားသော ဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူအဓိပတိဆရာတော်ကြီးက ဘုရားပန်းကပ်ခြင်း၊ ဆီမီးထွန်းခြင်းများပြုလုပ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆရာတော်ကြီးက Recognition of Pali as a Classical Indian Language အကြောင်း မိန့်ခွန်းပြောကြားပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

ဓာတ်ပုံ - Sitagu Aung Than Win.

https://t.me/myanmarnewspaper/153691

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 2 weeks ago

မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၏ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး အရည်အသွေးကောင်း ဂွမ်းမွေးများရရှိရန်အတွက် ဝါဝယ်ယူချိန်တွင် Grade ခွဲခြားပေးသွင်းရေး တောင်သူများအား အသိပညာပေးဆွေးနွေးပေးရန်နှင့် Grade အလိုက် မျှတသောစျေးနှုန်းဖြစ်စေရေး ထိန်းကျောင်းပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ရေတွင်းကောင်းကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ရွှေတောင် (၁၀) ချည်မျှင် ရှည်ဝါစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်း ချည်မျှင်ရှည်ဝါမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးမြေပိုင်ဆိုင်ခွင့်လုပ်ကိုင်ခွင့်ကို တည်ဆဲလယ်ယာမြေဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စုမှ တောင်သူများ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်မှု သီးနှံအထွက်နှုန်းနှင့် ဝင်ငွေအခြေအနေများကို ခင်မင်ရင်းနှီးစွာမေးမြန်းပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေသေချာစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးမြေအောက်ရေ တူးဖော်အသုံးပြုလိုပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက နည်းပညာနှင့် လုပ်အားကို အခမဲ့ကူညီပံ့ပိုးပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများအား တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံမှုဆိုင်ရာ စီမံဆောင်ရွက်မှုအတွက် ခိုင်မာစွာ အထောက်အကူဖြစ်စေမည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းစာရင်းဇယားများ တိကျမှန်ကန်ရေး၊ သီးနှံကုန်စည်စီးဆင်းမှုအခြေအနေများအရ ဒေသဝမ်းစာဖူလုံမှု၊ ဒေသတွင်းနှင့် အိမ်နီးချင်းစျေးကွက်များသို့ တင်ပို့ရောင်းချမှုတို့အပေါ် သုံးသပ်ပြီး ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/153690

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 2 weeks ago

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပကတိဖြစ်ရပ်မှန်သတင်းများ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံစလုံးသည် အနောက်အုပ်စုလွှမ်းမိုးထားသော ခေတ်သစ်ကမ္ဘာကြီး၏ မီဒီယာသားကောင်ဖြစ်နေရသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍသာမကကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/153687

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 3 weeks ago

မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဆွေးနွေးတင်ပြကြမည့် ပညာရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ဆီအုန်းလုပ်ငန်းရှင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စားသုံးဆီဖူလုံစေရန် ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆီထွက်မှုအလားအလာကောင်းမွန်သော နှစ်ရှည်ဆီထွက်သီးနှံဖြစ်သည့် ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး၌ ပင်အိုများနေရာတွင် ဆီအုန်းပင်ပျိုများနှင့် အစားထိုးစိုက်ပျိုး ခြင်းအပါအဝင် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဧရိယာများကို စိုက်ပျိုးမြေအသုံးချမှုတန်ဖိုး အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားမြင့်မားရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေး၊ လုပ်ကွက်ငယ်ခြံငယ်ရှင်များအစုအဖွဲ့ဖြင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်း၌ စားအုန်းဆီထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမိုသိရှိပြီး ထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဆီအုန်းလုပ်ငန်းတစ်ခုလုံးအတွက် အကျိုးရှိသော ဆွေးနွေးမှုရလဒ်ကောင်းများရရှိအောင် ပူးပေါင်းပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆီကြမ်းစက်ရုံနှင့် ဆီသန့်စက်ရုံများ တည်ထောင်လည်ပတ်ခဲ့မှု၊ လက်ရှိဆီကြမ်းစက်ရုံများ၏ စက်စွမ်းအားအခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းဆီကြမ်းစက်ရုံများ၏ ဆောင်ရွက်နိုင်မှု၊ ဆီအုန်းဆီကြမ်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရရှိလာသည့် ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်သည့်အဆင့်ဆင့်၊ ဆီသန့် စက်ရုံများ၏ထုတ်လုပ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းနေရမှု၊ အထွက်ကောင်းမျိုးသန့် Tenera ဆီအုန်းမျိုးများ တင်သွင်းစိုက်ပျိုးမှု၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများ၏ အမှန်အထွက်နှင့် ထွက်နိုင်ခြေကွာခြားမှု၊ ဆီအုန်းသီးနှံနှင့်ပတ်သက်သည့် မူဝါဒများနှင့် သုတေသနလုပ်ငန်းများကို ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152885

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 3 weeks ago

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၃၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်ကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲအစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်ပေါ် တိုးတက်မှုများကို သုံးသပ်ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများ၊ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152883

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 3 weeks ago

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဧည့်သည်တော်များနှင့် သင်တန်းဆင်းကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်သော ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်၍ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152881

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

2 months, 4 weeks ago

သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကိုလည်း လျှို့ဝှက်စွာ ထိန်းသိမ်းထား ရှိပါသည်။ သတင်းပေးပို့မှုများအရ တားဆီးဖမ်းဆီးရမိသည့် တရားမဝင်ကုန်ပစ္စည်းအပေါ်တွင် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် ကုန်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချခြင်းတို့မှ ရရှိသည့်ငွေ၏ ၂၀ ရာခိုင်နှုန်း (ဥပမာ ငွေကျပ်သန်း ၁၀၀ ဖြစ်ပါက ကျပ်သန်း ၂၀) ကို သတင်းပေးသူများအား ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၀) လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းပေးဆုငွေများ လျှို့ဝှက်စွာ ဆက်သွယ်ချီးမြှင့်လျက် ရှိပါသည်။

သတင်းပေးပို့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့သည့် အမှုတွဲ ၃၃၃ မှု

ထို့အပြင် တည်ဆဲပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးခြင်းမှ ရရှိသော ဖမ်ဆီးဆုငွေနှင့် သတင်းပေးဆုငွေများအား ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသဖြင့် သတင်းပေးပြည်သူများအတွက် နိုင်ငံတော်က အခွင့်အရေးတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆုငွေအဆင့်သို့ ရောက်ရှိပြီး ဆုငွေများချီးမြှင့်ပေးသည့်အမှုတွဲ ၃၆၄၂ မှုရှိခဲ့ပြီး ထိုအမှုတွဲများတွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့သည့် အမှုတွဲ ၃၃၃ မှု ပါဝင်ပါသည်။

သတင်းပေးသူများအတွက်လည်း သတင်းပေးဆုငွေကျပ် ၁၄၃၀ ဒသမ ၂၆၀ သန်း ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ ကျန်ရှိသည့်အမှုတွဲများကို လည်း အမြန်ဆုံးဆုငွေချီးမြှင့်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ပြည်သူများက ပူးပေါင်းပါဝင်၍ ယခုထက် ပိုမိုသတင်းပေးပို့နိုင်ပါက တရားမဝင် ကုန်သွယ်မှုများအား ပိုမိုထိရောက်သော ဆောင်ရွက်မှုများဖြင့် တားဆီးထိန်းချုပ်နိုင်မည်ဟု ယုံကြည်မိပါသည်။

အချို့သောပြည်သူများက သတင်းပေးတိုင်ကြားလိုသော်လည်း မည်သည့်နေရာတွင် မည်သူ့ကို သတင်းပေးရမည်ကို မသိကြပေ။ အချို့ပြည်သူများကလည်း မိမိသတင်းပေးခြင်းကြောင့် ဝိသမလောဘသား စီးပွားရေးသမားများ၏ အန္တရာယ်ပြုလာမည်ကိုကြောက်၍ နှုတ်ဆိတ်နေ တတ်ကြပါသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှု များနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် FM Radio များတွင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ E-mail လိပ်စာများ ဖော်ပြလျက်ရှိသည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များသို့ ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ E-mail ဖြင့်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့် လည်းကောင်း ယုံကြည်စိတ်ချစွာ သတင်းပေး တိုင်ကြားနိုင်ပါသည်။

သတင်းပေးသူဆိုရာတွင် နိုင်ငံတော်က ဥပဒေတစ်ရပ်ရပ်ဖြင့် ပိတ်ပင်၊ တားမြစ်ထားသော သို့မဟုတ် အကောက်ခွန်ပေးဆောင်ရန် ပျက်ကွက်နေသော သို့မဟုတ် အကောက်ခွန်တိမ်းရှောင်ရန် ကြိုးစားနေသော သို့မဟုတ် အကောက်ခွန်မဲ့ ဖြစ်သောပစ္စည်းများ ဖမ်းမိနိုင်ရေးအတွက် ပြည့်စုံတိကျသော အချက်အလက်များပေးပို့သူအား သတင်းပေးသူဟု မှတ်ယူနိုင်မည်ဖြစ်သည်။

သတင်းပေးသူနှင့်ပတ်သက်သည့် အချက်အလက်များ

သတင်းပေးသူနှင့်ပတ်သက်သည့် အချက်အလက်များအား အထူးလျှို့ဝှက်ထိန်းသိမ်းထားရှိသည့်အတွက် သတင်းပေးသူများအနေဖြင့် စိုးရိမ်မှုများမရှိရန် သက်ဆိုင်ရာ သတင်းလက်ခံသည့်ဌာနများကလည်း အာမခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် တားဆီးဆောင်ရွက်နိုင်ပါက အထက်တွင်ဖော်ပြခဲ့သည့် ပြည်သူ့အကျိုးစီးပွား ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် နိုင်ငံတော်က ရသင့်ရထိုက်သော အခွန် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံ့စီးပွားရေးကဏ္ဍနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေသည့် တရားမဝင်ကုန်သွယ်မှုများအား ကာကွယ်တားဆီးနိုင်ရေး ပြည်သူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်၍ နိုင်ငံတော်ကချီးမြှင့်ပေးသည့် သတင်းပေး ဆုငွေအား ဂုဏ်ယူစွာရယူကြပါစို့ဟု တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။

https://t.me/myanmarnewspaper/152038

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

We recommend to visit
Fk43
Fk43
183,880 @fkhhoc

Last updated 1 year, 8 months ago

Diario de la juventud cubana
www.juventudrebelde.cu

Last updated 9 hours ago

Kelas Anak Binaan Ustadz Muhammad Abduh Tuasikal

Last updated 1 month, 2 weeks ago