Jacob Knowledge Sharing

Description
သုတရသစာပေတွေနဲ့ဗဟုသုတရဖွယ်အကြောင်းအရာတွေကိုတင်ဆက်‌‌ေပးသွားပါမယ်..
ချန်နယ်ကိုjoinပြီးရှဲပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်...။
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 11 months ago

3 weeks ago

တလောကလုံးကို ကူညီလုပ်ကိုင်ပေးပြီး ကိုယ့်အိမ်
ရောက်တော့ မောမောနဲ့အိပ်ပျော်သွားရော...လူတကာကိုကူညီနေပေမယ့် ကိုယ့်အိမ်ကလူတွေ ပင်ပန်းနေသလားဆိုတာလောက်တောင် သတိထားရကောင်းမှန်းမသိတဲ့ ပရဟိတကိုကိုတွေပေါ့...

အထူးသတိထားပါ သမီး...လင်ယောက်ျားအရွေးမှားတာဟာ ဘဝပျက်တာနဲ့အတူတူပဲ သမီးရဲ့..

#crd_to_owner_with_respect
#မူရင်းပိုစ်တင်သူအားလေးစားစွာဖြင့်
#စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ #ယောကျာ်းတစ်ယောက်ဆိုတာ #ယောကျာ်းဆိုတာ

3 weeks ago

ယောက်ျားကောင်းမဟုတ်တော့ဘူး သမီး...

ပိုဆိုးတာက အဲ့လိုယောက်ျားမျိုးဟာ အိမ်ထောင်ဖက်
ကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ဘူး သမီးရဲ့...

ယောက်ျားတွေဟာ အနေအထိုင် သိပ်အေးဆေးလို့မရဘူး သမီး...နည်းနည်းပါးပါးတော့ ပူပူလောင်လောင်
ထထကြွကြွရှိနေမှ ယောက်ျားပီသတာကွ...

ယောက်ျားတွေဟာ နေရတကာတိုင်းမှာ အပြောအဆိုတွေ နူးညံ့ငြင်သာနေလို့လည်းမရဘူး...လူတကာနဲ့ ယဉ်ကျေးပျူငှာနေလို့လည်းမရဘူး သမီး...

ယဉ်ကျေးတာကောင်းတယ်...နူးညံ့ငြင်သာတာ
ကောင်းပါတယ်...ဒါပေမဲ့ နေရာတကာတိုင်းမှာ နူးညံ့နေတာကတော့ အဓိပ်ပါယျမရှိဘူးကှ...အော်ရမယ့်နေရာမှာ အော်ရမယ်...ပေါက်ကွဲရမယ့်နေရာမှာ ပေါက်ကွဲရမယ်..သမီး...

ယဉ်ကျေးသိမ်မွေ့လွန်းတာ သည်းခံလွန်းတာဟာ လူတကာအနိုင်ကျင့်တာခံရဖို့သက်သက်ပဲ...ကိုယ်နဲ့ဘာမှ
မပတ်သက်သူတစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့မှု
သည်းခံနိုင်မှုတွေဟာ ချီးကျူးစရာဖြစ်တတ်ပေမယ့်
ကိုယ့်လင်ယောက်ျားအိမ်ထောင်ဖက်အနေနဲ့တော့ ထိုအရာတွေဟာ အသုံးမဝင်တဲ့အရည်အချင်းတွေပဲ သမီး...

အသုံးမဝင်တာအပြင် ကိုယ့်ကိုစိတ်ဆင်းရဲမှုတွေပေးတဲ့
အရည်အချင်းတောင်ဖြစ်နေနိုင်သေးတယ် သမီးရဲ့...သူဟာ လူတာကို ယဉ်ကျေးပျူငှာနေလေ သမီးအတွက်
စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်ပေါက်နိုင်လေပဲ...

ယောက်ျားကောင်းဆိုတာ ရန်သူတွေအပေါ် ဓါးသံလျှက်
ကြင်နာသူအပေါ် ပျားရည်စက်တဲ့ သမီးရဲ့...
ကြားဖူးတယ်မဟုတ်လား...လူတကာအပေါ် ဆိုးနေလည်း သမီးအပေါ်မှာကောင်းတယ်ဆိုရင် ယောက်ျားကောင်းပဲ သမီး...အိမ်ထောင်ဖက်ကောင်းဆိုတဲ့သဘောပေါ့...

အရေးကြီးတာက ကိုယ့်အပေါ်ကြင်နာဖို့ပဲလေ...တလောကလုံးနဲ့မတည့်တဲ့သူဖြစ်နေရင်တောင် ကိုယ်နဲ့အဆင်ပြေ
တယ်ဆို အိမ်ထောင်ဖက်ကောင်းပဲလို့ပဲ
သတ်မှတ်ရမှာပေါ့...သူနဲ့ကိုယ်နဲ့ပေါင်းမှာလေ...ကိုယ်နဲ့ကျအဆင်မပြေဘဲ တလောကလုံးနဲ့ ပြေလည်နေတာ ဘာလုပ်ရမှာလဲ...

နောက်ပြီး အားနာတတ်တဲ့ယောက်ျား...ဘာမှသုံးစားမရဘူး သမီး...အထူးသဖြင့် မိန်းမတွေနဲ့ပတ်သက်ရင်
အားနာတတ်တဲ့ယောက်ျား ပိုဆိုးပေါ့...အဲ့လိုယောက်ျားနဲ့များ ညားလို့ကတော့ ညည်း ဒူးနဲ့မျက်သုတ်ရမယ်...

ယောက်ျားတော်တော်များများမှာ မိန်းမတွေနဲ့ပတ်သက်ရင် မပြတ်သားတဲ့စိတ်ထားရှိတယ်...အဲ့စိတ်ထားဟာ
ယောက်ျားတွေမှာ အန္တရာယ်ကိုဖိတ်ခေါ်နေတဲ့စိတ်ထားပဲ သမီး...

ယောက်ျားတွေဟာ သူ့အမေနဲ့ပတ်သက်ရင်
မပြတ်သားဘူး...အစ်မတွေ ညီမတွေနဲ့ ပတ်သက်ရင်
မပြတ်သားဘူး...သူငယ်ချင်းမိန်းမတွေနဲ့ ပတ်သက်ရင်
လည်းမပြတ်ဘူး...ဘာမှမဆိုင်တဲ့မိန်းမတွေအပေါ်မှာလည်း မပြတ်သားဘူး...ကုန်ကုန်ပြောရရင်ကွာ ယောက်ျားတွေဟာ
တခါမှမမြင်ဖူးတဲ့မိန်းမတွေအပေါ်မှာတောင်
မပြတ်သားတတ်ကြဘူး သမီး...

နောက်ပြီး ယောက်ျားတွေမှာ တလွဲဆံပင်ကောင်းတဲ့
အချက်လေးတစ်ခုရှိတယ်...အဲ့တာဘာလဲဆိုတော့ သူတို့အနီးအနားက မိန်းမတွေကို ပျော်စေချင်တဲ့စိတ်ပဲ သမီး...

ဟုတ်တယ်...ယောက်ျားတွေဟာ သူတို့နဲ့ပတ်သက်သမျှမိန်းမတိုင်းကို ပျော်စေချင်ကြတယ်ကွ...အမေ့ကို ပျော်စေချင်
တယ်...မယားကိုလည်းပျော်စေချင်တယ်...သူငယ်ချင်း
မတွေတွေကိုလည်း ပျော်စေချင်တယ်
အိမ်ကမိန်းမကိုလည်းပျော်စေချင်တယ်...

သူတို့ရဲ့အဲ့လိုပျော်စေချင်တဲ့စိတ်ဟာ ထိုမိန်းမတွေအားလုံးကို စိတ်ဆင်းရဲစရာတွေပေးနေတာမှန်း သူတို့မသိကြဘူး...သူတို့က မိန်းမတိုင်းကိုပျော်အောင်ထားနိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြတာကွ...တကယ်တော့
ဘယ်ယောက်ျားမှ မိန်းမနှစ်ယောက်ကို တပြိုင်တည်း
ပျော်နေအောင် မစွမ်းဆောင်နိုင်ကြပါဘူး...

အမေ့ကိုပျော်အောင်ထားရင် အိမ်ကမိန်းမ စိတ်ဆင်းရဲနေရမယ်...အိမ်ကမိန်းမကိုပျော်အောင်ထားရင်
အမေကလည်းကြည်မှာမဟုတ်ဘူး...ဒီသဘောတရားတွေကို သိတဲ့ယောက်ျားက ခပ်ရှားရှားပဲ...သူတို့ကိုယ်သူတို့ မိန်းမတိုင်းကို ပျော်အောင်ထားနိုင်တယ်ဆိုပြီး မာန်တက်နေ
တဲ့ယောက်ျားတွေကသာ ခပ်များများဖြစ်နေတာ...

နောက်တစ်ခုက ထကြွလုံ့လမရှိခြင်းပဲ သမီး...ယောက်ျား
တစ်ယောက်မှာ ထကြွလုံ့လမရှိခြင်းဟာ ထမင်းငတ်ဖို့
အကြောင်းတရားပဲကွ...အေးအေးဆေးဆေးနေတယ်
နေတယ်တဲ့ အချိန်တိုင်းမှာ ချောင်ထဲတိုးပြီး ဖုန်းပွတ်နေတဲ့ယောက်ျားဟာ ဘာမှသုံးစားမရဘူးကွ...

အေးအေးနေချင်ရင် တစ်ယောက်တည်းနေလေ...
အိမ်ထောင်ပြုပြီးပြီဆိုရင်တော့ နေရာတကာတိုင်းမှာ အေးချင်နေလို့မရတော့ဘူး...ပြေးနေလွှားနေရတော့မယ်..
.ခုန်နေပေါက်နေရတော့မယ်...မိသားစုတာဝန်တွေက
ရှိလာပြီမဟုတ်လား...

ယောက်ျားတစ်ယောက်ဟာ အနေအထိုင်အေးဆေးတည်
ငြိမ်လှတယ်ဆိုပြီး တယ်ဟုတ်ပါလား...ငါ့ယောက်ျားက အိန္ဒြရေတယ်ဆိုပြီး မာန်တက်မနေနဲ့...တချို့ယောက်ျားတွေ အေးဆေးတည်ငြိမ်တယ်ဆိုတာ လှုပ်ရမှာကိုပျင်းနေတာမျိုးတွေ...

သောက်ပျင်းထူတဲ့ယောက်ျားတွေဟာ လှုပ်ရမှာပျင်းလို့
ငြိမ်နေကြရာကနေ တည်ငြိမ်ခန့်ညားတဲ့ပုံပေါက်သွားတာ သမီးရဲ့...တကယ်တော့ အဲ့တာ တည်ငြိမ်တာမ
ဟုတ်ဘူး...ဘာသောက်လုပ်မှမလုပ်ဘဲ အချိန်တိုင်း
ကျောခင်းနေချင်ကြတာ...

တချို့ယောက်ျားတွေရှိသေးတယ်...လူမှုရေးအရမ်းကောင်းတာ...နေရာတကာတိုင်းမှာ သဘောကောင်းတယ်...ကူညီတယ်...ရိုင်းပင်းတယ်...လူတကာနဲ့တည့်တယ်...ဒါပေမဲ့ ကိုယ့်အိမ်မှာတော့ ဘာမှအသုံးမကျဘူး...

3 weeks, 1 day ago

၃) အာစရိယ ကျိန်စာ

မိမိကို ပညာသင်ကြားပေးသော ကျေးဇူးရှင်ဆရာသမားများကို မေ့လျော့ခြင်း၊ သင်ကြားထားသော ပညာများကို မသမာသော နည်းလမ်းမှာ အသုံးပြုခြင်း၊ ကိုယ်တတ်မြောက်ထားသော ပညာရပ်များကို တပါးသူအား ပြောပြခြင်းမရှိဘဲ ဖုန်းကွယ်ခြင်း။ ဤသို့သော အကြောင်းရင်းများကြောင့် ကျိန်စာဖြစ်နိုင်သည်။
အာစရိယ ကျိန်စာကြောင့် စာပေ ပညာမတတ်ဘဲ ဖြစ်နိုင်သည်။

၄) မြွေ ကျိန်စာ

မြွေများကို မသက်သင့်ဘဲ သက်၍ ဖြစ်စေ၊ ၄င်းတို့၏ တည်နေရာအား ဖြိုဖျက်သည်ဖြစ်စေ ဤကျိန်စာကို ရရှိစေနိုင်ပါသည်။ မြွေ ကျိန်စာကြောင့် မိမိ၏ မင်္ဂလာရပ် ကိစ္စများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

၅) သက်ကြီးရွယ်အို ကျိန်စာ

ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်သော သက်ကြီးရွယ်အိုများကို တစ်နှစ်တစ်ခါ ရက်လည်ပြုလုပ်ပေးခြင်း၊ အမျှပေးဝြေခင်းများကို မေ့လျော့ခြင်း၊ မိခင် ဖခင် ၊ အဖိုး အဖွားများအား မခန့်လေးစားပြုမူခြင်းနှင့် အရေးတယူပြုမူဆက်ဆံခြင်းများ မပြုလုပ်ခြင်းကြောင့် ဤကျိန်စာကို သက်ရောက်စေပါသည်။ သက်ကြီးရွယ်အို ကျိန်စာကြောင့် မျိုးရိုးစဉ်ဆက်တွင် သားယောကျာ်းလေး မမွေးဖွားခြင်း၊ မွေးပါကလည်း အသက်တို၍ ဆုံးပါးခြင်းများဖြစ်တတ်ပါသည်။

၆) နွား ကျိန်စာ

ကျေးဇူးရှင်တမျိုးဖြစ်သော နွားမများကို ကန်ခြင်း၊ နို့တိုက်နေသော နွားမအား သက်ရန်ပေးခြင်း၊ နွားမနှင့် သူ့ကလေးအား ခွဲထုတ်ခြင်း၊ ရေဆာနေသော နွားမအား ရေမတိုက်ခြင်း များပြုလုပ်ပါက ဤကျိန်စာသင့်ပါသည်။ နွား ကျိန်စာကြောင့် မိသားစုတွင်ဖြစ်စေ၊ မျိုးရိုးစဉ်ဆက်တွင်ဖြစ်စေ တိုးတက်မှု မရှိဘဲဟန့်တားစေနိုင်သည်။

၇) ပထဝီမြေကြီး ကျိန်စာ

ဒေါသစိတ်ဖြင့် မြေကြီးအား ခြေထောက်ဖြင့် ဆောင့်အောက်အောက်ပြုလုပ်ခြင်း၊ ပလက်စတစ်အိတ်များကို ထည့်၍ မြှုပ်နှံခြင်း၊ အသုံးမလိုဘဲ မြေတွင်း တူးခြင်းများ၊ သူတစ်ပါး၏ မြေယာပိုင်များကို ခိုးယူခြင်း ကြောင့် ဤသို့သော ကျိန်စာသင့်ပါသည်။ ပထဝီမြေကြီးကျိန်စာကြောင့် ငရဲတွင်အဆင်းရဲကြီးခြင်းမျိုးကို ရရှိတတ်ပါသည်။

၈) မြစ်ရေ ကျိန်စာ

အများသုံးဖို့ရန်ရေအား မပေးသုံးဘဲ ပိတ်ပင်ခြင်း၊ စီးဆင်းနေသော ရေတွင် မစင်နှင့် ညစ်ညမ်းသော ပစ္စည်းများစွန့်ပစ်ခြင်းသည်လည်း ဤသို့သော ကျိန်စာသင့်ပါသည်။ မြစ်ရေ ကျိန်စာကြောင့် ရေတွင်းတူးသော်လည်း ရေမရနိုင်ပါ။

၉) သီးပင် ကျိန်စာ

အပင်များ ခုတ်ထွင်ခြင်း၊ သီးပွင့်ပေးသော အပင်အား မထိတထိ ခုတ်ထစ်ခြင်း၊ အပင်လိုက် မီးလျိူ့ခြင်း၊ အပင်များများပေါက်နိုင်သော နေရာတွင် နေအိမ်များဆောက်လုပ်နေထိုင်ခြင်းကြောင့်လည်း ဤကျိန်စာသင့်နိုင်သည်။ သီးပင် ကျိန်စာကြောင့် အကြွေးနှင့် ရောဂါထူပေါခြင်းများဖြစ်တတ်ပါသည်။

၁၀) နတ်များ ကျိန်စာ

ဘုရားကို ပူဇော်ခြင်းအား တ၀က်တပြတ်ဖြင့်
ရပ်တန့်ခြင်း၊ ဘုရားအား ပြစ်မှားပြောဆိုခြင်းကြောင့် ဤသို့သော ကျိန်စာကိုသင့်နိုင်ပါသည်။ နတ်များ ကျိန်စာကြောင့် ဆွေးမျိုးများနှင့် ပျက်တတ်ပါသည်။

၁၁) ပုဂ္ဂိုလ်မြတ်များ ကျိန်စာ

သူတော်စင် ပုဂ္ဂိုလ်များနှင့် ဘိုးတော်များကို နှိမ့်ချပြောဆိုခြင်းကြောင့်သင့်သော ကျိန်စာဖြစ်သည်။ ပုဂ္ဂိုလ်မြတ်များ ကျိန်စာကြောင့် မျိုးရိုးတုံးတတ်သည်။

၁၂) ဘိုးတော် ကျိန်စာ

မြေစောင့်နတ်နှင့် အခြားနတ်ကောင်းနတ်မြတ်များအား လေးစား၍ ၄င်းတို့တွက် ပြုလုပ်ပေးသင့်သော ပူဇော်မှုများကို မေ့လျော့ပါက ဤကျိန်စာသင့်ပါသည်။ ဘိုးတော် ကျိန်စာကြောင့် လုပ်မည့် မည်သည့်အလုပ်မဆို မအောင်မြင်နိုင်ပါ။

၁၃) ရိုးရာနတ် ကျိန်စာ

မိမိတို့၏ ဘိုးဘွားလက်ထက်တည်းက ပူဇော်ခဲ့သော ရိုးရာများကို ဆက်လက် ပူဇော်မှုမပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ဤကျိန်စာကြောင့် မိသားစုတွင် ဘယ်သောအခါမှ ပျော်ရွှင်မှု မရှိနိုင်။းကြေကွဲ၀မ်းနည်းမှုများဖြစ်နိုင်ပါသည်။

#ကျိန်စာသည် ကောင်းသော စိတ်ထားမြင့်မြတ်သူများကို ဘယ်သောအခါမှ မဖျက်ဆီးနိုင်ပါ။ သို့သော် အချို့သူများလုံး၀ စိတ်ထဲမှာ နာကျဉ်းစွာဖြင့် ပြောသော ကျိန်စာမှာမူ များသောအားဖြင့် မရှောင်လွှဲနိုင်ပါ။ ယုတ်မာကောက်ကျစ်သော လိမ်လည်လှည့်ဖျားသော လူယုတ်မာတို့ အပေါ်တွင် သက်ရောက်မှုအများဆုံးဖြစ်မည်။

#Credit to original uploader
#စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ #ကျိန်စာ၁၃မျိုး

3 months ago

ဆယ်စုနှစ် ၂ ခုကြာလောက်လုပ်ခဲ့တာ။

သူ ရှာဖွေတွေ့ရှိထားတာက အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်မှုက အဆိုးမြင်ဖြစ်ရပ်တစ်ခုကြောင့်ရလာတဲ့ အကျိုးဆက်လောက်တောင် ကြာရှည်မခံဘူးဆိုတာပဲ။

မင်းက ရုံးမှာ မန်နေဂျာဆီကနေ ချီးကျူးခံလိုက်ရတယ်။

ဒါပေမဲ့ ညနေပိုင်း ရုံးဆင်းခါနီးမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားများရန်ဖြစ်တယ်။

ဘယ်တစ်ခုက ဦးနှောက်ထဲမှာ ကြာရှည်ခံမလဲ စဥ်းစားကြည့်။

မနက်တုန်းက ချီးကျူးခံထားရတာက +၁ ဆိုရင် ညနေမှာ စိတ်ဆင်းရဲစရာကြုံရတာက -၁ ဆိုတော့ အချင်းချင်းကျေသွားမယ်လို့မထင်ဘူးလား?

တကယ်တမ်းက မဟုတ်ပါဘူး။

ချီးကျူးခံရတဲ့ ခံစားချက်က ဘယ်လောက်မှ မကြာလိုက်ပဲ စိတ်ဆင်းရဲစရာခံစားချက်ကတော့ ရေရှည်ခံပါတယ်။

ဒါကို စိတ်ပညာမှာ Emotional Asymmetry (စိတ်ခံစားချက် ဘက်မညီမှု)လို့ခေါ်ပါတယ်။

ဒါဆို ပျော်ရွှင်မှုကို ဘယ်လိုဖန်တီးကြမလဲ? ကြာရှည်ခံအောင်ဘယ်လိုလုပ်ကြမလဲ?

သုတေသနတွေအများကြီး လုပ်ကြတယ်။ဒီအဖြေကို ရှာကြတယ်။

ချမ်းသာရင် ပိုပျော်မှာလား? ပစ္စည်းဥစ္စာကြွယ်ဝမှုတွေ များရင် ပိုပျော်မှာလား?

အဖြေကတော့ NO ပါ။ ပျော်ရွှင်မှု (well-being) ဟာ အဲဒီအရာတွေကနေမလာဘူး။

ပျော်ရွှင်မှုဟာ “ဆက်ဆံရေး”တွေကနေလာတယ်။ အဲ့လိုပြောလို့ မင်းမှာ သူငယ်ချင်းအများကြီးရှိရမယ်လို့မဆိုလိုဘူး။

လက်ရှိတွဲနေတဲ့ ရည်းစားရှိရမယ်လို့လည်း မဆိုလိုဘူး။ ဆက်ဆံရေးဆိုတာ ဘာမဆိုဖြစ်နိုင်တယ်။

မိသားစုနဲ့ဆက်ဆံရေး၊ အလုပ်ဆက်ဆံရေး၊ ပတ်ဝန်းကျင်က လူတွေ၊ ဆွေမျိုးတွေနဲ့ဆက်ဆံရေး...အကုန် အကြုံးဝင်တယ်။

ရွှေနဲ့တောင် တန်ဖိုးဖြတ်လို့မရတဲ့ စည်းမျဥ်းတစ်ခုရှိတယ်။

ဘယ်တုန်းကကြားဖူးတာလဲ၊ ဘယ်သူပြောတာလဲတော့မမှတ်မိဘူး။ ယေရှုခရစ်တော်ပြောတာလားမသိဘူး။

“မင်းပျော်ချင်ရင် မင်း ပတ်ဝန်းကျင်က လူတွေကို ပျော်အောင်ထားပါ”တဲ့။

တခြားလူကို ပျော်အောင်လုပ်ပေးတာထက် ပိုပျော်ဖို့ကောင်းတာမရှိဘူးတဲ့။

ပတ်ဝန်းကျင်က လူတွေကိုပိုပြီး ဂရုစိုက်မှုပေးပါ။ စိတ်ဝင်စားပေးပါတဲ့။

(စိတ်ပညာရှင် Katarina Blom ရဲ့ TED Talk Video ကို ကိုးကားပြီး ဒီ စာကိုရေးထားပါတယ်)

#မူရင်းပိုစ်တင်သူအားလေးစားစွာဖြင့်
#စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ #ပျော်ရွှင်မှုဆိုတာ

3 months ago

ကျေးဇူး တင်တယ်
ငါ ဒီတခါ ခံလိုက်ရပေမယ့်
ရှေ့ဆက်မယ့် ဘဝမှာ ငါ သတိထား
ဆင်ခြင် ရတော့မယ် လို့ တွေးပါ ။

မမေ့ ပါနဲ့ ...
ဒီနေ့ရဲ့ မျက်ရည်ကို
မနက်ဖြန် မှာ ခွန်အား အဖြစ် အသုံးချဖို့

ကိုယ် ကြုံဖူးတဲ့ ရင်နာစရာ အဖြစ်တွေက
အနာဂတ် လမ်းအတွက်
အထောက်အကူ ဖြစ်စေပါလိမ့်မယ် ..

ဒါကြောင့် ---
ကိုယ်ချင်း မစာ တတ်တဲ့ လူတွေ အတွက်
ကိုယ့် ဘဝကို လွယ်လွယ်နဲ့
အရှုံး မပေးလိုက် ပါနဲ့လား ။

#မူရင်းပိုစ်တင်သူအားလေးစားစွာဖြင့် #စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ #ငါမှားခဲ့ပြီးငါ့ဘဝ‌ေတာ့သွားပြီးလို့တွေးနေမဲ့အစား

3 months ago

မိမိရဲ့ မုန်းတီးစိတ်ကြောင့်
လူနှစ်ဦးရဲ့ ချစ်ခင်ညီညွတ်မှု
ပျက်စီးတာကို ဝမ်းသာခြင်း၊
ချစ်ခင်ညီညွတ်မှုကို မနှစ်မြို့ခြင်းဆိုတဲ့
ပင်ကိုယ်ဆန္ဒတွေ ပါသွားတဲ့အတွက်
ဗျာပါဒ ဒုစရိုက်ကံမြောက်သွားပါတယ်။

ချစ်ခင်သူနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲသွားအောင်
(သို့) မိမိကိုချစ်ခင်လာအောင် ရန်တိုက်ပေးခြင်း၊

သင့်တင့်ညီညွတ်နေသော မိတ်ဆွေတွေကို
မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင်
ပြောဆိုခြင်း စတဲ့ ကုန်းတိုက်ပြောဆိုခြင်းဖြင့်
ယုတ်ညံ့သော ပိသုဏဝါစာကံ ကျူးလွန်
မိတတ်ပါတယ်။

ကံဥပါဒ်ကို မသိလို့ မကြောက်ခြင်း၊
သိလျက်နဲ့ မကြောက်ခြင်း ဘေးတို့ မှ
ကင်းဝေး နိုင်ကြပါစေ

#ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ?
#Myamyintmobuddha
#crd_to_owner
#မူရင်းပိုစ်တင်သူအားလေးစားစွာဖြင့် #စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ #ဝမ်းမသာ‌ေကာင်းတဲ့အရာ၃မျိုး

6 months ago

လူတစ်ယောက်ကို အောက်ကျနောက်ကျ
ပေါင်းနေရပြီဆို အဲ့ဒီ friendship ကို
အမြန်ဆုံး ဖြတ်ချဖို့ ကျွန်တော်ကတော့
တိုက်တွန်းတယ် ။

ကိုယ့်ကိုကိုယ် ပြန်မေး ... ငါဟာ

ဆရာ သမားလား . . .
သူငယ်ချင်းလား . . .
အချော့တော်လား . . .

ဆရာ ဖြစ်အောင်ကြိုးစား ...
အနည်းဆုံး သူငယ်ချင်းတော့ ဖြစ်နေရမယ်‌ ။

- လုလင်ငယ်သွေး
#စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ

6 months ago

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှ
ကိုယ်ပြုသမျှတွေကဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့သတိပြုကြရမယ်။

ပါမောက္ခချုပ်ဆရာတော်
#စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ

6 months, 1 week ago

စိတ်-လူမှုဆက်ဆံရေးသီအိုရီ

စိတ်ဖိစီးမှု၊ မိသားစုအတွင်းဆက်ဆံပြောဆိုမှုစံလွဲခြင်း၊ ဗလုံးဗထွေးနိုင်သည့်ပြောဆိုမှု၊ မသဲမကွဲဝေဝါးသည့်
ပြောဆိုမှု၊ရှေ့နောက်မညီသည့်အာဘော်များရှိသည့်မိသားစုပတ်ဝန်းကျင်တွင်ကြီးပြင်းရခြင်း၊ စိတ်ရောဂါဗေဒ
ဆန်သည်မိသားစုတွင်ကြီးပြင်းခြင်း တို့ကြောင့်ဖြစ်သည် ဟုဆို။

ကုထုံးနှင့်ရှေ့ရေးအလားအလာ

ရှေးက ဆေးရုံတွင်တစ်သက်တာထား၍ကုသရသော်
လည်း ယခုခေတ်တွင် ခေတ်မီ Antipsychotic drug
များပေါ်ပေါက်လာပြီဖြစ်သဖြင့် ပျောက်ကင်းအောင်ကုသနိုင်။ ပတ်ဝန်းကျင်နှင့်ဝင်ဆန့်ရန်စိတ်ကုထုံးများပေး
နိုင်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

#credit #စာပေ #ဗဟုသုတ #သုတရသ #သုတရသစာပေ #စာဖတ်ပါ

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 4 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 11 months ago