Universal Donor

Description
Wearing welcome.
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

Last updated 1 month ago

2 months, 1 week ago

ဖိနပ်ပြတ်ရင်
ဆက်လျှောက်လို့ရတယ်...။

စိတ်ပျက်ရင်တော့
အောင်မြင်မှုခရီး ဆက်သွားလို့
မရတော့ဘူး...။

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

2 months, 1 week ago

ကိုယ့်ရဲ့အချိန်တွေကို ဆင်ခြင်ပေး၊
မနာလိုမှုအပေါ်မှာပဲ
ဒီလောက် သုံးဖြုန်းနေမှတော့
လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့
ကိုယ့်မှာ ခွန်အား ဘယ်ကျန်တော့မလဲ။

တခြားသူတွေ ပေါ့ပေါ့ပါးပါးနဲ့
အောင်မြင်သွားကြတယ်လို့
ကိုယ်ထင်တယ်...။

ကိုယ့်မှာတော့ ကိုယ်လိုချင်တဲ့အရာအတွက် ဘာစွန့်စား အားထုတ်မှုမှ မရှိခဲ့ဘဲ ဒါကို "စိတ်ကူးအိပ်မက်"လို့
ဘာကြောင့် ပြောရဲသေးသလဲ။

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #personal_growth
·‌ ‹ 。꒱ #Crd_to_original_writer

2 months, 1 week ago

လူတစ်ယောက်ကို မုန်းတယ်ဆိုရင်
အဲ့ဒီလူတစ်ယောက်ထက်
သာအောင် ကြိုးစားပါ...။

လူတစ်ယောက်ကို ချစ်တယ်ဆိုရင်
အဲ့ဒီလူတစ်ယောက် ကိုယ့်လို
တော်လာအောင် သင်ပေးပါ...။

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Sarto
·‌ ‹ 。꒱ #Crd_to_original_writer

5 months, 1 week ago

ပညာတတ်သူနှင့် စာတတ်သူ

✍️ လောက၌ ပညာတတ်သူနှင့် စာတတ်သူ နှစ်မျိုးရှိ၏။ ဤနှစ်မျိုးသည် အတတ်ပညာရပ်များဖြစ်သော်လည်း အရည်အချင်း သဘောတရားချင်း ကွဲပြားခြားနား၏။ ပညာတတ်ဟူသည်ကား ဘွဲ့၊ ဒီဂရီ၊ ကျမ်းဂန်ဝိဇ္ဇာသိပ္ပံအတတ်ပညာများ သင်ယူတတ်မြောက် ခြင်းပင်ဖြစ်၏။ စာတတ်သည်ဟူသည်ကား ထိုသို့မဟုတ်ပေ။ အနည်းငယ်ကွဲပြားခြားနား၏။ စာတတ်ခြင်းဆိုသည်မှာ စာပေ ဗဟုသုတအရာ၌ ကျွမ်းကျင်နှံ့စပ်ခြင်းပင်ဖြစ်၏။ ''အလိမ္မာ စာမှာရှိ'' ဆိုသည့်စကားအတိုင်း စာပေမှအသိပညာရ၍ အလိမ္မာ လည်း တိုးပွားစေနိုင်၏။

✍️ အကြောင်းအရာတစ်ခုအပေါ် စဉ်းစားဆုံးဖြတ်လုပ်ကိုင်ရာတွင် အသိပညာ အလိမ္မာသည် အရေးကြီး၏။ အလိမ္မာသုံး၍ စဉ်းစားဆုံးဖြတ်လုပ်ကိုင်မှသာ အခက်အခဲများကို ကျော်လွှား နိုင်စွမ်းရှိ၏။ သို့သော် လောက၌ ပညာတတ်သူသာများ၏။ စာတတ်သူကား နည်း၏။ အကြောင်းသည်ကား စာပေမှရသော အသိပညာဗဟုသုတ အလိမ္မာပညာတို့ကို လေ့လာလိုက်စားမှု နည်းခြင်းကြောင့်ပင်ဖြစ်၏။ ပညာတတ်ခြင်းသည် စာတတ်ခြင်း မဟုတ်ပေ။ အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်ခြင်းမျှ သာဖြစ်၏။ ထို့ကြောင့် အချို့သော ပညာတတ်တို့မှာ ပညာတတ် သည်ဆိုသော်ငြားလည်း အချို့အမှုကိစ္စတို့၌ မှားယွင်းစွာ လုပ်ကိုင် ဆောင်ရွက်တတ်ကြ၏။ အလိမ္မာဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုမူတတ်ကြ၏။ ပညာတတ်ခြင်း၏နောက်တွင် ပညာဂုဏ်မာန် တက်တတ်ကြ၏။ ဤသို့ ပြုမူဆောင်ရွက်ခြင်းမှာ ပညာတတ်သော် လည်း စာတတ်ခြင်းမရှိသည်ကို ဖော်ပြနေခြင်းပင်။

✍️ မှန်ပေ၏။ ပညာတတ်ခြင်းသည် စာတတ်ခြင်းမဟုတ်ပါ။ အတန်းပညာဘွဲ့ဒီဂရီတည်းဟူသော ပညာတတ်မြောက်ခြင်း သာဖြစ်ပါသည်။ စာတတ်ဖြစ်အောင် လေ့လာကြိုးစားအားထုတ် မှုပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပညာတတ်ပြီးဖြစ်လျှင် စာတတ်ဖြစ်ဖို့လည်းလိုပါသည်။ ပညာတတ်ရုံနှင့်မပြီးပါ။ စာတတ် ဖို့လိုပါသည်။ အသိပညာ ဆင်ခြင်တုံတရားတို့ တိုးပွားစေရန် စာတတ်မှဖြစ်ပါမည်။ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ၊ ဘွဲ့ဒီဂရီရသည်ဖြစ်စေ မရသည်ဖြစ်စေ စာတတ်သူဖြစ်နိုင်ပါသည်။ စာတိုငညိုသည် ဘွဲ့ရသူမဟုတ်ပါ။ လယ်သမားလေးတစ်ဦး မျှသာဖြစ်ပါသည်။ သို့သော် စာပေဗဟုသုတအရာ၌ ကျွမ်းကျင် နှံ့စပ်သူဖြစ်၍ နောင်သောအခါ အမတ်ကြီးဘိုးရာဇာ ဖြစ်လာရ ပေသည်။

✍️ ပညာတတ်ရန် အချိန်အရွယ်တည်းဟူသော ကန့်သတ်ချက် ဘောင်အတွင်းမှ ဖြစ်နိုင်သော်လည်း စာတတ်ဖြစ်ရေးမှာ ကန့်သတ် ချက်မရှိပါ။ မိမိလေ့လာကြိုးစားအားထုတ်နိုင်လျှင် အားထုတ်သရွေ့ စာတတ်ပေတတ်ဖြစ်နိုင်ပါသည်။ အချိန်အရွယ်မရွေး စာတတ် ပေတတ်ဖြစ်နိုင်ပါသည်။ ပညာတတ်မဖြစ်သော်လည်း စာဖတ် တတ်သူတိုင်းသည် စာတတ်ပေတတ်ဖြစ်နိုင်ပါသည်။ စာပေကို လေ့လာလိုက်စားခြင်းဖြင့် စာတတ်ပညာရှိ ဖြစ်လာနိုင်ပါသည်။

✍️ သို့ဖြစ်၍ ပညာတတ်ပြီးသူတိုင်းက စာတတ်ဖြစ်အောင် ကြိုးစားအားထုတ်သင့်သလို အတန်းပညာဘွဲ့ဒီဂရီမရသော်လည်း စာပေကိုလေ့လာလိုက်စားခြင်းဖြင့် စာတတ်ပေတတ်ဖြစ်အောင် ကြိုးစားအားထုတ်သင့်ပေသည်။ သို့မှသာ ပညာတတ်စာတတ်ဖြစ် လာပါမည်။ ပညာလည်းတတ် စာလည်းတတ်ဖြစ်ပါမှ အရာရာ စဉ်းစားဆုံးဖြတ် အလိမ္မာဉာဏ်ဖြင့် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

Credit- Myanmar News Agency
#နန်းနှောင်းယိန်း

5 months, 2 weeks ago

စွန့်ခွါခြင်းနဲ့ထွက်ခွါခြင်းမတူဘူး…
ပြန်လာတာနဲ့မလာတာ ကွဲပြားတယ်

အမျိုးသမီးတယောက်အတွက် အထုပ်ပြင်တယ်ဆိုတာ အပျော်နဲ့ နာကျင်မှုနဲ့ ထည့်ရတဲ့ ခံစားချက် ၂ မျိုးရှိတယ်

အပျော်နဲ့ထည့်ရတဲ့အခါ ဟိုဟာလေးဝတ်မှ ဒီဟာလေးဝတ်မှနဲ့ …မြူးထူးတက်ကြွတယ်ဆိုတာ လူတိုင်းသိတယ်..

လူတိုင်းမသိတာကတော့
တားသူကူသူမရှိတဲ့ …အထုပ်ပြင်ခြင်းတွေမှာတော့ ခံစားချက်တွေပဲ
အင်မတန် နာကြည်းစရာကောင်းမယ် ထင်ပါတယ်..
တချို့ဆို ဝမ်းနည်းတာတောင်ဖြစ်နိုင်တယ်..

ထွက်ခွါခြင်းနဲ့စွန့်ခွါခြင်းမှာ ထွက်သွားသူတွေကိုအပြစ်ပြောနေတတ်ကြတယ်..
ဘာလို့ထွက်သွားတာလဲလို့ မေးမယ့်သူမရှိဘူး…အကြောင်းတရားကို
မသိချင်ယောင်ဆောင်ပြီးထွက်သွားတာကိုပဲထင်ထင်ရှားရှားပြောကြတယ်…

သူမနေနိုင်အောင်ဘယ်သူက ဘာလုပ်လိုက်လဲအိမ်ထောင်သည်ဆိုသူ့အိမ်ထောင်ဖက် ..အပျိုဆိုမိဘ ပေါ့..

တခုခုဆို ကျန်ခဲ့သူကိုပဲ သနားတတ်တာသဘာဝမို့ တချို့က တမင်ချန်ရစ်ခဲ့တာ
နင်တယောက်တည်း လုပ်ပေါ့ဆိုတဲ့ စိတ်ကြမ်းတွေကိုကြောက်လို့ စွန့်ခွါရသူကိုကျ
သနားသူရှားတယ်…

ဒီလိုအကဲ့ရဲ့တွေကြောင့် ပင်ကိုယ်သတ္တိနည်းတာရောစိတ်နုတာရောပေါင်းပြီးတချို့
စိတ်ဒွိဟဖြစ်ပြီး ကြိတ်မှိတ်သည်းခံ နေကြတယ်..
စိတ်ထဲလည်း
ငါ့ကိုဘာလို့ ဒီလိုလုပ်ရတာလဲ တမင်လုပ်တာမဟုတ်ပါဘူး သူစိတ်ဆိုးလို့ဆိုပြီးတွေးပြီး ကောင်းကွက်ပြန်ရှာပေးနေသေးတာ..အထုပ်ပြင်ရင်တောင် စွန့်ခွါဖို့မဟုတ်ဘဲ ပြန်ခေါ်ရင်ပြန်သွားတဲ့ ခဏထွက်ခွါခြင်းပဲလုပ်ကြတယ်…

ဂရုစိုက်စရာမလိုလို့လုပ်တာ..မရှိလည်းရလို့လုပ်တာ..လုပ်လို့ရလို့ လုပ်တာ….လုပ်ချင်လို့ကို ဒီလိုလုပ်တာမို့..ရဲရဲစွန့်ခွါပါအရွယ်ရောက်ပြီးတဲ့မိန်းကလေးတိုင်း…ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်ကြိုးစားပါ…..

ကိုယ်မရှိလည်းရတဲ့နေရာဟာ..ကိုယ့်နေရာမဟုတ်ဘူး…

Pan Koe
မေတင်

Photo credit to original photo

5 months, 2 weeks ago

ညို ခွင့်တစ်ပတ်ယူပါတယ်

ခရီးသွားစရာရှိလို့ပါ...

#Nyo
#PhooThitsarNyo

5 months, 2 weeks ago

ပျော်စရာရှိရင် ရဲရဲဝံ့ဝံပျော်လိုက်ပါ

ငိုစရာရှိရင်လည်း အားရပါးရ ငိုလိုက်ပါ

ဒါဟာ ဘဝပါ
အသက်ရှင်နေသေးသရွေ့တော့
လောကဓံတရားကို ကြံ့ကြံ့ခံနိုင်အောင်
ရင်ဆိုင်ကြရအောင်

-Bianca

༺ React Need ??

ꕀꕀ @Nyo_paradise295 ꕀꕀ 

.˚₊┈୨ @PTNyo_bot ୧┈₊˚. 

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

6 months ago

**မင်းမှ မပျော်ရင်
ပျော်အောင်အိပ်ရတဲ့ ညတွေက
အလကားဖြစ်မယ်

မင်းပျော်နေမှဖြစ်မှာ...
ပြီးတော့ မင်းအဆင်ပြေနေမှဖြစ်မှာ

မပျော်ဘူးဆိုတဲ့အသံတွေကြားရင်
ငိုအောင်လုပ်တဲ့လူတွေကို​
ဒေါသတွေ ထွက်နေတတ်သလို

အဆင်မပြေဘူးဆိုတာလေး ကြားရင်
မင်းဆီ အပြေးလေးလာချင်တဲ့စိတ်တွေဟာ ထိန်းရခက်တယ်...**

༺ React Need ??

ꕀꕀ @Nyo_paradise295 ꕀꕀ 

.˚₊┈୨ @PTNyo_bot ୧┈₊˚. 

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

Last updated 1 month ago