Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

Description
Public Online University established by NUG-MOE ( First Autonomous University in Myanmar)
Advertising
We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 1 week ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 6 days, 13 hours ago

Chaîne telegram officielle de RT France

Last updated 2 years, 2 months ago

3 months, 1 week ago
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
3 months, 1 week ago
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
3 months, 1 week ago
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
3 months, 2 weeks ago

🔔🔔အကြောင်းကြောင်းကြောင့် accepted မပြုလုပ်လိုက်ရသော ကျောင်းသား ကျောင်းသူများအတွက် ကြေငြာချက်တစ်ခု ရှိပါတယ်..

3 months, 2 weeks ago

မြန်မာ့နွေဦးတက္ကသိုလ် သို့ ဝင်ခွင့်ရသော ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား/ကျောင်းသူများသို့

မြန်မာ့နွေဦးတက္ကသိုလ်သို့ ဝင်ခွင့်ရသော ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၇-၀၁-၂၀၂၄ မှ ၃၁-၀၁-၂၀၂၄ ထိ မြန်မာ့နွေဦးတက္ကသိုလ်တွင် ကျောင်းအပ်နှံရပါမည်။

ကျောင်းအပ်ရမည့်ပုံစံအဆင့်ဆင့်ကို အောက်တွင်ပြထားပါသည်။

ကျောင်းအပ်ပြီးပါက ခေတ္တ စောင့်ဆိုင်းပါ။ ကျောင်းအပ်ကာလ ပြီးဆုံးမှသာ စတက်ရမည့်နေ့ ၊ တက်ရမည့်ပုံစံ၊ ကာလ စသည်တို့ကို အသေးစိတ်ထပ်မံကြေညာပါမည်။

ဘာသာရွေးချယ်ရာတွင် မိမိကြိုက်ရာ ဘာသာကိုရွေး၍ ရပါသည်။ စိုက်ပျိုးရေးနှင့်စီးပွါးရေးမေဂျာရရှိသူများသည် အမှန်ခြစ် ၇ ဘာသာ ပြည့်အောင်ရွေးရပါမည်။ ကျန်မေဂျာရရှိသူတွေသည် ၆ ဘာသာပြည့်အောင်ရွေးရပါမည်။ အမှန်ခြစ်ပြီးသားဘာသာတွေသည် မယူမနေရဘာသာတွေဖြစ်ပြီး အဖြူပြထားသော ဘာသာတွေကိုသာ ရွေးချယ်ပေးရန်ဖြစ်ပါသည်။ ၆ ဘာသာကွက်တိဖြစ်လျှင် အမှန်ခြစ်လိုတာခြစ်ပေးပါရန်။

ကျောင်းအပ်ရမည့်ပုံစံအဆင့်ဆင့် Laptop version

📸 Look at this post on Facebook https://www.facebook.com/share/p/EvAVChJhS1bXddVZ/?mibextid=WC7FNe

ကျောင်းအပ်ရမည့်ပုံစံအဆင့်ဆင့် phone version

📸 Look at this post on Facebook https://www.facebook.com/share/p/XZMwsBubSnHrJMHv/?mibextid=WC7FNe

မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 months, 2 weeks ago

ဒီအဆင့်ရရင်သေချာပါပြီ

3 months, 3 weeks ago

“Diploma in Social Science “သင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်း

မြန်မာ့နွေဦးတက္ကသိုလ်က တော်လှန်ရေးဘက်တော်သား ကျောင်းသူ၊ ကျောင်းသားများအတွက် ရည်ရွယ်ကာ လူမှုရေးသိပ္ပံပညာရပ်ဆိုင်ရာဒီပလိုမာသင်တန်းအား ဖွင့်လှစ်လိုက်ပါပြီ----

🗣️ဒီသင်တန်းမှာဘယ်သူတွေကသင်ကြားမှာလဲ။
မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ ဌာနကြီးများဖြစ်ကြတဲ့ စာကြည့်တိုက်နှင့် သုတပညာဌာန၊ စိတ်ပညာဌာန၊ ဒဿနိကဗေဒဌာန၊ နိုင်ငံတကာဆက်ဆံရေးပညာနှင့်နိုင်ငံရေးသိပ္ပံဌာန၊ ပထ၀ီ၀င်ဌာန၊ ဘောဂ ဗေဒဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်းပညာဌာန နှင့် ဥပဒေပညာဌာန၊ စတဲ့ ဌာန(၉)ခုက ဆရာကြီး၊ ဆရာမကြီးများက သင်ကြားပေးမှာ ဖြစ်ပါတယ်။

📚သင်တန်းမှာ ဘယ်လိုဘာသာရပ်တွေ သင်ကြားမှာလဲ။
DSS 1101 _ Human Rights and Human Security
DSS 1102 _ Development of Political Theories in Human Society
DSS 1103 _ Introduction to Social Problems
DSS 1104 _ Political Geography
DSS 1105 _ Introduction to Organization of Knowledge and Research Writing
DSS 1106 _ Economics
DSS 1107 _ Cultural and Ethical Practices in Myanmar
DSS 1108 _ Introduction to Political Philosophy

🏆 ဒီသင်တန်းပြီးမြောက်သွားတဲ့အခါ ဘယ်လိုအရည်အသွေးတွေပိုင်ဆိုင်မှာလဲ။
🎖️ လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသော အခြေအနေများနှင့် ပတ်ဝန်းကျင်တွင် လိုက်လျော ညီထွေဖြစ်အောင် နေထိုင်တတ်သော နည်းလမ်းများကို ရှာဖွေတတ်စေခြင်း၊
🎖️လူမှုသိပ္ပံသုတေသီများ၏ ချဉ်းကပ်မှုပုံစံမျိုးစုံဖြင့် ဖော်ထုတ်ထားသော လူမှုရေးသိပ္ပံ ပညာရပ်၏ ပြဋ္ဌာန်းချက်ကို နားလည်စေခြင်း၊
🎖️လူမှုရေးသိပ္ပံပညာသည် ခေါင်းစဉ်တစ်ခုအဖြစ် ပါဝင်ပတ်သက်မှုကို စုံစမ်းဖော်ထုတ်သည့် နည်းလမ်းများနှင့် ပါဝင်ပတ်သက်မှုအပေါ် လူမှုသိပ္ပံသုတေသနပြုသည့်အသုံးပြုမှုများကို ခွဲခြမ်းစိတ်ဖြာ တတ်စေခြင်း၊
🎖️ကမ္ဘာ့လူမှုအဖွဲ့အစည်းတွင် ပါဝင်နေထိုင်ရာ၌ လူမှုရေးသိပ္ပံပညာဆိုင်ရာ အယူအဆများသည် လူထုအတွင်း ဆွေးနွေးငြင်းခုံမှုများနှင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ မူဝါဒများအပေါ် အကျိုးသက်ရောက်မှုရှိပြီး ဖွံ့ဖြိုးတက်စေခြင်း၊
🎖️မိမိကိုယ်ကိုယုံကြည်မှု၊ လူသားဆန်မှုအပြည့်ဖြင့် လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်နိုင် မှုနှင့် ကျောင်းသားများ၏ အတွေးအမြင်များ မြင့်မားလာစေခြင်း။

8️⃣ သင်တန်းကာလက ဘယ်လောက်ကြာမြင့်မှာလဲ။
သင်တန်းကာလက (၈)လဖြစ်ပြီး ပထမနှစ်၀က်စာသင်နှစ်က ၂၀၂၄ခုနှစ် ဖေဖော်၀ါရီလမှ ဧပြီလ အထိ (၃)လ ဖြစ်ပြီး တစ်လနားမှာဖြစ်ပါတယ်။ ဒုတိယနှစ်၀က်စာသင်နှစ်က ၂၀၂၄ ခုနှစ် ဇွန်လမှ သြဂုတ်လ အထိ (၃) လကြာမြင့်ပါမယ်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်မှာ အောင်စာရင်း ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့သင်တန်းပေးမှာလဲ။
မြန်မာ့နွေဦးတက္ကသိုလ်က ကျောင်းသူကျောင်းသားများရဲ့ တော်လှန်ရေးမျှော်မှန်းချက်ကို အမြဲဦးစား ပေးတဲ့အတွက်ကြောင့် တော်လှန်ရေးရာကိစ္စများလစ်လပ်သည့်အချိန်တွင် လေ့လာနိုင်စေရန်အတွက် အွန်လိုင်းသင်ကြားမှုပြုလုပ်ပါမယ်။ မြန်မာ့နွေဦးတက္ကသိုလ်၏ Google Clasroom တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား ကုဒ်နံပါတ်များနှင့် ထည့်သွင်းပေးထားပါမယ်။ သင်ခန်းစာ ဗီဒီယိုဖိုင်များ၊ ကိုးကားစာညွှန်းဖိုင်များ၊ သင်ခန်းစာမှတ်စုဖိုင်များ၊ ပဟေဠိမေးခွန်းများအား ကျောင်းသူကျောင်းသားများ၏ သင်ယူရမည့်အချိန်နာရီနှင့်တပြေးညီ တင်ထားမှာ ဖြစ်ပါတယ်။
(မှတ်ချက်။ အချို့ဘာသာရပ်များအတွက် ပညာရှင်ဆရာကြီးဆရာမကြီးများက သင့်လျော်သည့် အချိန်များတွင် Zoom application ဖြင့် တိုက်ရိုက်ဆွေးနွေးပို့ချပေးနိုင်ရန်လည်းစီစဉ်ထားရှိပါတယ်။
Zoom ဖြင့် တက်ရောက်သင်ကြားရမည့်အချိန်များကို ကြိုတင်ကြေညာပေးထားမှာဖြစ်ပါတယ်။)

🧑🏽‍💻သင်တန်းမှာ စာမေးပွဲတွေစစ်မှာလား။
ဒီပလိုမာသင်တန်းမှ ကျောင်းသားများ၏ သတ်မှတ်နာရီများအတွင်း သင်ယူခြင်း၊ ပဟေဠိများ ဖြေဆိုခြင်း၊ အိမ်စာသင်ခန်းစာများ ပေးပို့ခြင်းစသည့် အလုပ်များပြီးမြောက်သူများ အား မြန်မာ့နွေဦး တက္ကသိုလ်၏ ပညာရေးအဖွဲ့မှ သတ်မှတ်ထားသော အကဲဖြတ်ဆန်းစစ်သည့် ခရက်ဒစ်ပေးသောမူဖြင့် စစ်ဆေးပြီးနောက် ဒီပလိုသင်တန်းဆင်းလက်မှတ် အပ်နှင်းမှာဖြစ်ပါတယ်။
-
👨‍👨‍👦‍👦 ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်ခွင့်ရှိမှာလဲ။
CDM ပြုလုပ်ထားတဲ့ တက္ကသိုလ်၀င်တန်းအောင်မြင်ထားပြီးသူ မည်သူမဆို (ဘွဲ့ရပြီးသူများ အပါအ၀င်) တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအသုတ်ဖြစ်တဲ့အတွက် ကြောင့် ကျောင်းသူ၊ ကျောင်းသား (၁၀၀) ဦးကိုသာ ဖွင့်လှစ်သင်ကြားမှာမို့ စောနိုင်သမျှစောစော ကျောင်းအပ် စာရင်း သွင်းဖို့လိုပါတယ်။

💲သင်တန်းကြေးက ဘယ်လောက်ကုန်ကျမှာလဲ။
သင်တန်းကြေးမှာ ကျောင်းအပ်နှံကြေးအခကြေးငွေမှာ တစ်ဦးလျှင် တစ်သောင်းကျပ် (၁၀,၀၀၀)၊ တစ်လလျှင် ငါးထောင်ကျပ် (၅,၀၀၀) ဖြင့် (၈)လစာ လေးသောင်းကျပ် ဖြစ်ပြီး သင်တန်းတစ်ခုလုံးစာ အတွက် မြန်မာကျပ်ငွေ ငါးသောင်း (၅၀,၀၀၀) ကျပ်ကုန်ကျပါမယ်။

🔁 သင်တန်းကို ဘယ်လိုမှတ်ပုံတင်စာရင်းသွင်းမလဲ။

3 months, 3 weeks ago

မြန်မာ့နွေဦးတက္ကသိုလ်၏ YouTube channel စတင်လွှင့်တင်ထားပြီဖြစ်ကြောင်း အသိပေးခြင်း

မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ၏ YouTube channel https://youtube.com/@MyanmarNway-OoUniversity ကို ဘာသာရပ်မိတ်ဆက်videos များ၊ ရှင်းလင်းချက် videos များ၊ ဘာသာရပ်ဆိုင်ရာ videos များ ကို ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင် လွှင့်တင်ထားပြီ ဖြစ်ပါသည်။

ယခု တက္ကသိုလ် ဝင်ခွင့် ခေါ်ယူနေသော ကာလ တွင် ဘာသာရပ်မိတ်ဆက် Videos များကို ဦးစားပေး လွှင့်တင်သွားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ videos များ၊ ဗဟုသုတ videos များ၊ ရှင်းလင်းချက် videos များကို ကျောင်းသူ၊ ကျောင်းသားများ လေ့လာနိုင်ရန် တင်ပေးသွားမည် ဖြစ်ပါသည်။

MNOU YouTube Channel

https://youtube.com/@MyanmarNway-OoUniversity

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လေ့လာနိုင်ရန် MNOU YouTube channel ကို subscribe လုပ်ထားကြပါရန် တိုက်တွန်းပါသည်။

3 months, 4 weeks ago

J02MMAA221. လျှောက်ထားသောမေဂျာ (Math, Phys, Chem)
O02MZAA023 လျှောက်ထားသောမေဂျာ (Geography)
R97MRAA000 လျှောက်ထားသောမေဂျာ (Microbiology)
J03MKAA364 လျှောက်ထားသောမေဂျာ(Eco, Math, Chem ..ဒီ ID No. ရှိနေတဲ့ ကျောင်းသားများ ဆက်သွယ်ပေးကြပါ.. အချက်အလက်များ ပြန်လည် စစ်ဆေးပြီး လက်ခံပေးဖို့ ဆုံးဖြတ်မှုကြောင့် Rejected မှ selected သွားတဲ့ ကျောင်းသားများပါ..

4 months ago

MNOU တွင်လျှောက်ထားသော ကျောင်းသား/သူများ အားလုံး မိမိတို့၏ MES dashboard ကိုဝင်ရောက်စစ်ဆေးပေးကြပါခင်ဗျာ.. Rejected ဖြစ်သွားသော သူများမှလွဲ၍ ဘာသာရပ်အားလုံးဘေးတွင် Selected or Unselected မြင်နေရပါမည်။ အကယ်၍ Verified or Waiting များ ဖြစ်နေလျင် အမြန်ဆက်သွယ်ပေးကြပါရန် သတိပေးအပ်ပါသည်။

We recommend to visit

Pour me suivre sur Telegram

Last updated 1 month, 1 week ago

Actualité mondiale et comité de veille des programmes tv et radio. Je ne contacte jamais personne en privé sur Telegram. Attention aux arnaques. Soutenir le canal en offrant un café 👉 https://ko-fi.com/quoi2news

Contact 👉 quoi2news@protonmail.com

Last updated 6 days, 13 hours ago

Chaîne telegram officielle de RT France

Last updated 2 years, 2 months ago