Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

LinWan And Actions

Description
ကျွန်တော်တို့ချန်နယ်မှစိတ်ဝင်စားဖွယ်ကောင်းသောအကြောင်းရာများ၊ဗဟုသုတရဖွယ်အကြောင်းရာများနှင့်သဘာ၀လွန်ဖြစ်ရပ်ဆန်းများကိုတင်ဆက်ပေးနေပါတယ်
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago

4 months, 4 weeks ago

မနက်၃နာရီ

လွန်ခဲ့တဲ့၂နှစ်ကျော်တုန်းကကျွန်တော်တို့မိသားစုအိမ်အသစ်ကိုပြောင်းလာရွှေ့ခဲ့ကျပါတယ်အရင်ကအိမ်ထက်ကျယ်လဲ‌ကျယ်သလိုချစ်စရာလဲကောင်းပါတယ်တခြားသူတွေကဒီအိမ်နဲ့ပတ်သတ်ပြီးနေရတာကျေနပ်နေပေမဲ့ကျွန်တော်ကတော့စိတ်ထဲတစ်မျိုးခံစားနေရပါတယ်တစ်ညတော့ကျွန်တော်အိပ်ရာ၀င်နောက်ကျခဲ့တယ်ထုံးစံအတိုင်း Telegramကသရဲ Videoတွေကြည့်နေခဲ့ပါတယ်အက်အချိန်မှာသီချင်းဆိုသံကိုကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်ထင်တာကအိမ်ကတစ်ယောက်ယောက်သီချင်းဆိုနေသလားပေါ့ကျွန်တော်ရုပ်ရှင်ကိုအသံတိုးလိုက်တော့တယ်သီချင်းဆိုသံက၁၅မိနစ်လောက်ထိကြားနေရပါတယ်ကျွန်တော်နာရီကိုကြည့်လိုက်တော့မနက်သုံးနာရီတောင်ရှိနေပြီအသံကမိန်းကလေးတစ်ယောက်ရဲ့အသံထင်တယ်အက်နောက်တော့အသံကကျွန်တော်နဲ့နီးလာပြီးတော့အခန်းရှေ့ကနေပြီးအရိပ်တစ်ခုဖျက်သွားတာကိုမြင်လိုက်ရတယ်သရဲကားကြည့်တာကြောက်ပါတယ်ဆိုမှအရိပ်မြင်ရတော့ပိုဆိုးတာပေါ့ကုတင်ပေါ်ကိုပြေးတတ်ပြီးဆောင်ခေါင်းမူးချုံနေလိုက်တယ်ခနလောက်နေတော့အသံမကြားရတော့ဘူးဆောင်ထဲကနေပြန်မထွက်တော့ပဲကျွန်တော်လဲကွေးနေလိုက်တော့တယ်

#Part1
#LinWan

5 months ago

ကဗျာရေးရမလား ၀တ္ထုရေးရမလား?🤷‍♂

ဒါနဲ့အရင်လိုChannelပြန်ရမ်းတော့မှာလို့စောင့်မျှော်အားပေးကျပါအုံးနော်❤️

#LinWan

5 months ago
6 months ago

အခုChannel က ကျွန်တော်တစ်ယောက်ထဲrunနေရတာမလို့ adminခေါ်ပါတယ်။Adminလုပ်ဖို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ စိတ်ဝင်စားရင်မန့်ထားလို့ရပီး ကိုကဘယ်အပိုင်းနဲ့ပတ်သတ်တဲ့ဗဟုသုတရှိတယ်။ဘယ်လိုအကြောင်းအရာတွေအဓိကထားလေ့လာဖြစ်တယ်ဆိုတာ ကိုတစ်ချက်ရေးပေးသွားပါ adminကနှစ်ယောက်ပဲခေါ်မှာပါ။spritualနဲ့mythologyတွေdealအကြောင်းတွေသဘာဝလွန်ဟာတွေပဲအဓိကတင်ဖို့အတွက်ပါ။ တကယ်စိတ်ဝင်စားမှမန့်ပေးဖို့မေတ္တာရပ်ခံပါတယ်။

6 months ago
6 months ago
Astral projection - part2

Astral projection - part2

ထပ်တင်ပေးဖို့ပြောထားတာတွေကြောင့်part2ကိုထပ်တင်ပေးဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကprofessionalမဟုတ်ပဲ လေ့လာနေဆဲမလို့ကိုးကားခဲ့ရသမျှစာအုပ်တွေ မူရင်းစာရေးသူတွေကိုcrdပေးပါတယ်ဗျ။

1.The Rope technique

ဒီနည်းလမ်းကိုthe rope techniqueလို့ခေါ်ပီး စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Robert Bruce တီထွင်ခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုအများဆုံးထဲက နည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အဓိက သော့ချက်ကတော့ မျက်နှာကျက်ပေါ်က တွဲလောင်းကျနေတဲ့ စိတ်ကူးယဉ်ကြိုးဘဲ ဖြစ်ပါတယ်။
ပထမဆုံး ကုတင်ပေါ်မှာ သက်တောင့်သက်သာ လှဲပြီး စိတ်ကို ဖြေလျှော့ထားပါ။
အပေါ်က မျက်နှာကျက်ကိုကြည့်ပြီး ကြိုးတစ်ချောင်းရှိနေတယ်လို့ စိတ်ကူးယဉ်ပြီးမြင်အောင်ကြည့်ပါ။
မြင်ပြီဆိုရင် ကိုယ့်ရဲ့လက်တွေက အဲဒီကြိုးကို တွယ်တက်နေတယ်လိုစိတ်ကူးယဉ်ပါ။
ဖြည်းဖြည်းချင်း အမြင့်ရောက်သွားတယ်လို့စိတ်ကူးယဉ်ပါ။
ခနကြာရင် ခေါင်းမူးသလိုလို ကိုယ်ထဲက တုန်ခါလာသလိုလို ခံစားလာရပါမယ်။
ဒါကတော့ soul က ခန္တာကိုယ်ထဲက ထိန်းချုပ်မှုအပြည့်အဝနဲ့ ထွက်ခွာတော့မယ့် လက္ခဏာပါ။
စိတ်ကူးထဲမှာ အပေါ်ကိုဆက်တက်နေပါ။ တအောင့်ကြာရင် soul က ခန္တာကိုယ်ထဲကနေ ထိန်းချုပ်မှုအပြည့်အဝနဲ့ ထွက်ခွာနိုင်ပါပြီ။

  1. The Monroe technique

ဒီနည်းလမ်းကိုတော့ နက္ခတ်ဗေဒပညာရှင် Dr. Robert Monroe က တီထွင်ခဲ့တာပါ။
အထိရောက်ဆုံး နည်းတွေထဲမှာ ပါပါတယ်။
ပထမဆုံး လုပ်ရမှာက ကုတင်ပေါ်မှာ လှဲနေပြီး စိတ်ကို ဖြေလျှော့ထားပါ။
အိပ်ငိုက်လာတဲ့အချိန်ကျရင် အိပ်မပျော်အောင် ထိန်းထားပါ။
အိပ်ခြင်းနဲ့ နိုးခြင်းကြားမှာ ထိန်းထားပါ။
မျက်လုံးမှိတ်ထားတဲ့ အခါမြင်ရတဲ့ အမှောင်ထုကို ကြည့်နေရင်း ဆက်ထိန်းထားပါ။
တအောင့်ကြာရင် ခေါင်းမူးလာသလိုလို ခန္တာကိုယ်ထဲက တုန်ခါသလိုလို ခံစားလာရပါမယ်။
အဲအချိန်ကျရင် ကိုယ့် ရုပ်ခန္တာထဲကနေ soul ကို ခွဲထုတ်ဖို့ကြိုးစားရပါမယ်။

6 months ago
Astral projection -part 1

Astral projection -part 1

Astral projection မြန်မာလိုဝိညာဥ်လွှင့်ခြင်းကို အသုံးအနှုန်းတွေမရှုပ်ပဲလွယ်လွယ်နားလည်အောင်ရှင်းပြသွားမှာပဲ ဖြစ်ပါတယ်။
Astral projection ဆိုတာကတော့ ကို့ခန္ဓာကိုယ်ကနေ ကို့စိတ်ဝိညာဥ်ကို ခွာအောင်လုပ်ခြင်းလို့အလွယ်ပြောလို့ရပါတယ်။ ကျွန်တော်တို့ဟာညဘက်တွေမှာအိပ်မက်မက်လေ့ရှိကျပါတယ်။ဒါပေမယ့် အိပ်မက်တိုင်းကိုတော့အစအဆုံးမမှတ်မိနိုင်ပဲ နိုးပီးငါးမိနစ်အကြာမှာ အကြောင်းအရာတော်တော်များများမေ့လျော့သွားကြပါတယ်။တစ်ချို့အိပ်မက်တွေကတော့ စလယ်ဆုံးကိုကောင်းကောင်းကြီးမှတ်မိနေတာမျိုးကိုကြုံရတတ်ပါတယ်။ဒါက မိမိကိုယ်တိုင်မသိလိုက်ခင်မှာကို့စိတ်ဝိညာဥ်ကို သေချာမထိန်းချုပ်နိုင်ပဲလွှင့်လ်ိုက်ခြင်းမျိုးနဲ့တူပါတယ်။ ဒါကိုတော့ astral projectionလို့မခေါ်ပဲ lucid dreamingလို့ခေါ်ပါတယ်။
Astral projection နဲ့ပတ်သတ်ပီးကွဲပြားတဲ့အယူအဆတွေအများအပြားရှိပါတယ်။မြန်မာအယူအဆ အရ ဝိညာဥ်လွှင့်ခြင်းဟာ အတိတ် ပစ္စုပ္ပန် ကာလတွေကိုယ်ပြန်သွားနိုင်ပီးအနာဂတ်ကိုသွားရောက်နိုင်ခြင်းမရှိပါဘူး။ ပရလောကနဲ့လဲ ဆက်သွယ်နိုင်ခြင်းမျိုးတွေကစလို့ အိပ်မက်ပေးတာ တခြားအစီအရင်ပြုလုပ်ခြင်းများ နဲ့လဲဆက်စပ်ပီးသုံးလို့ရတယ်လို့ယူဆကျပါတယ်။ဝိညာဥ်လွှင့်ရာမှာ ကို့ခန္ဓာနှင့်ဝိညာဥ်ကြားမှာ ကြိုးတစ်ချောင်းဆက်စပ်နေပီး ထိုကြိုးပြတ်တောက်သွားခြင်းမျိုးဖြစ်ပါကသေဆုံးနိုင်တယ်လို့လက်ခံယုံကြည်ကျပါတယ်။ နှလုံးရောဂါအခံရှိသူများ ကိုယ်ခံအားနည်းသူများ ပြုလုပ်ဖို့မသင့်ပါဘူး။ဘာလို့လဲဆိုတော့ ကို့ခန္ဓာမှ ဝိညာဥ်ကွဲထွက်တဲ့အခါမှာ တုန်ခါမှုလှိုင်းဟာကြိမ်နှုန်းအများအပြားနဲ့တုန်ခါတာကြောင့်အသက်အန္တရာယ်ထိခိုက်စေနိုင်သလို spritual worldထဲရောက်သွားခဲ့ရင်လဲ ကြောက်လန့်ပီးသေစေနိုင်တဲ့အထိဖြစ်နိုင်တယ်လို့ယူဆကျပါတယ်။စာဖတ်သူတို့ရောဘယ်လိုထင်လဲဗျ။စိတ်ဝင်စားတယ်ဆို part 2ထပ်လုပ်ပေးပါမယ် စမ်းသပ်ရမယ့်နည်းတွေတခြားဆက်စပ်နေတဲ့အကြောင်းရာတွေ spritual worldနဲ့အချိန်ကွာခြားမှုအကြောင်းတွေပါထပ်လုပ်ပေးပါ့မယ်။တစ်ချက်cmtမှာအကြံပေးခဲ့ပါဦး။

6 months ago
6 months ago

Gloomy sunday orginal version

6 months ago
Sucide Song (or) Gloomy sunday

Sucide Song (or) Gloomy sunday

ဒီသီချင်းကိုလူတော်တော်များများကsucide songဆိုပီးတင်စားရတဲ့အထိဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်။
Gloomy sundayဆိုတဲ့သီချင်းကို ဟန်ဂေရီ စန္ဒယားပညာရှင်တေးရေးဆရာ Rezső Seress ရေးစပ်ပြီး 1933 ခုနှစ်တွင်စတင်ထုတ်ဝေခဲ့တဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ပထမဆုံးအကြိမ် ဟမ်ဂေရီ ဂီတပညာရှင် Pál Kalmár က မူရင်းစတင်သီဆိုခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ English versionအနေနဲ့Hal kempလိုအဆိုတော်တွေကပြန်လည်သီဆိုခြင်းမျိုးတွေလဲရှိခဲ့ပါတယ်။အဲ့တော့ ဆက်သွားလိုက်ရအောင်။ဒီသီချင်းကို sucide songလို့အဓိက ခေါ်ရတဲ့အကြောင်းအရင်းကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဒီသီချင်းနားထောင်ပီး မိမိကိုကိုယ်သတ်သေမှု ၁၀၀ဝန်းကျင်ခန့်ရှိခဲ့သလို သီချင်းရေးသားသူကလဲသူ့ချစ်သူသေဆုံးတာနဲ့ပတ်သတ်ပီးရည်ရွယ်ရေးသားခဲ့တာပါ။သီချင်းထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်မှုနဲ့အဆုံးသတ်ကိုဖော်ပြတဲ့စာသားအများအပြားပါဝင်ပါတယ်။နောက်ဆုံး BBC (British Broadcasting Corporation) ကနိုင်ငံအတွင်းမှာနားထောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။တော်တော်များများက Gloomy sundayကိုအခုထပ်တိုင် ကျိန်စာသင့်သီချင်းတစ်ပုဒ်အဖြစ်လက်ခံထားကျပါတယ်။မြို့ပြရာဇဝင် တွေပြောစကားတွေကြားမှာဆို ဒီသီချင်းကိုဆိုရင်း ကိုယ့်ဘာသာ သတ်သေသွားမှုတွေဟာ မြို့ရဲ့စားသောက်ဆိုင်တွေမှာလဲအများအပြားဖြစ်ပွားခဲ့ပါတယ်လို့လက်ခံယုံကြည်ကျပါတယ်။ဒီသီချင်းဟာအခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်ပီးsucide songအဖြစ်ခံယူထားကျတုန်းပါပဲဗျ။စာဖတ်သူတို့ရောဘယ်လိုထင်လဲ။

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago