Youth Renaissance

Description
Revitalize Your Future💡
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana

1 week, 4 days ago

5.Life lessons
- Romance novels can provide valuable lessons about the complexities and challenges of life.

✓ “Drawbacks”

  1. Including inappropriate contents for children
    - Some topics that are included in love stories can be inappropriate for youngsters.
    - For instance, the emotions and complex relationships between adults.

  2. Causing hallucinations
    - Children will have misconceptions and misunderstandings of real life since romance novels can have imaginative and unrealistic storylines.

  3. Reducing concentration in education
    - Reading romance stories excessively can lead children to not having enough time in their education.

  4. Physical influence
    - Some behavior of characters in the stories can influence children mentally.
    - For example, losing self-control and acting impulsively.

✓ In conclusion,
Choose books that are appropriate for children’s age.
Control their reading time and help them balance with education.
Discuss about books with them and it is important to try to understand their perspective.

Although reading is a good habit for children, the right choice and guidance are also crucial. Wishing from Youth Renaissance organization for everyone to have benefits from reading and have a great future ahead.

Content- Moor Cho
Translator- Zar Chi Oo Mhwe Mhwe
Graphic- Yati Pyae Sone Oo

#Youth_Renaissance
#children
#romancenovels
#novels

1 week, 4 days ago

၂။ စိတ်ထင်ယောင်ထင်မှားဖြစ်စေခြင်း
- အချစ်ဝတ္ထုတွေက စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ကလေးတွေမှာ လက်တွေ့ဘဝနဲ့ ကွဲလွဲတဲ့ အတွေးတွေ ဖြစ်စေနိုင်ပါတယ်။

၃။ ပညာရေးအာရုံစိုက်မှု လျော့နည်းခြင်း
- အချစ်ဝတ္ထုတွေကို အလွန်အကျွံဖတ်ရှုရင် ပညာရေးအတွက် အချိန်ပေးမှု လျော့နည်းသွားနိုင်ပါတယ်။

၄။ အပြုအမူပိုင်းဆိုင်ရာ လွှမ်းမိုးမှု
- ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ အပြုအမူတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးနိုင်ပါတယ်။
- ဥပမာ - စိတ်မထိန်းနိုင်တာ၊ စိတ်လိုက်မာန်ပါလုပ်တာမျိုး။

✓ နိဂုံးချုပ်အနေနဲ့အကြံပြုချင်တာကတော့...
- ကလေးတွေကို အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ စာအုပ်တွေ ရွေးချယ်ပေးပါ။
- စာဖတ်ချိန်ကို ထိန်းညှိပေးပြီး ပညာရေးနဲ့ ဟန်ချက်ညီအောင် ကူညီပေးပါ။
- ကလေးတွေနဲ့ စာအုပ်အကြောင်း ဆွေးနွေးပြီး သူတို့ရဲ့ အတွေးအမြင်တွေကို နားလည်ပေးဖို့အလွန်အရေးကြီးပါတယ်။

ကလေးတွေအတွက် စာဖတ်ခြင်းက ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပေမယ့် ရွေးချယ်မှုနဲ့ ထိန်းကျောင်းမှုကလည်း အလွန်အရေးကြီးတဲ့အရာဖြစ်တာကိုသတိထားစေချင်ပါတယ်။အားလုံးပဲ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားရပြီး‌ကောင်းမွန်တဲ့အနာဂတ်တွေကိုပုံဖော်နိုင်ဖို့ဆုတောင်းရင်း Youth Renaissance ကနေနှုတ်ဆက်လိုက်ရပါတယ်။

[English Version]

❝The benefits of reading romance novels for children and some points to take consideration❞

Romance novels are usually an interesting genre for youngsters. Reading love stories has the power to nurture children’s imagination and emotions, improve their communication skills and help them solve problems themselves. However, romance literature can lead youngsters to believe in inappropriate contents, so parents and adults need to provide guidance.

Although reading plays a crucial role in improving children's intelligence, parents and teachers should consider carefully whether or not to let youngsters read romance stories. Mainly, it is important to choose books for them depending on their age and level of understanding.

Choosing books that contain not only lots of illustrations but also with fewer text and simple words for children up to 2 years old can develop their language skills and visual cognition.

As children at the age of 3 to 5 years can become interested in reading and drawing, it can be impactful for them to select books with simple and interesting stories.

Since ages 6 to 8 years old children have improved their reading skill, they can read fantasy and books with stories related to real life. At these ages, their imagination and language skills can be developed from reading. Therefore, books that nurture their reading should be opted for.

As children at age 9 and above have improved reading skills, they can read fiction, detective novels and books that contain social issues. Youngsters around these ages can understand complex stories and challenging books which will help develop their knowledge.

Whether children should read romance stories is based on the storyline and their age. It is better to choose stories that depict love in simple and appropriate ways such as family love, friendships, self-love, and love for animals. Youngers should read novels that include contents like romantic love only when they reach a certain age.

Encouraging youngsters to read romance novels and discussing the plot is an effective approach to enhance their mentality and communication skills. Asking children questions like “what kind of love do you see in these stories, friendship or family love” will foster critical thinking and different perspectives.

Here are some advantages and disadvantages of children reading romance novels.

✓ “Benefits”

  1. Improve reading skills
    - Love stories can strengthen children’ interests in reading and improve their reading skill.
    - It will support them in learning new vocabularies.

  2. Emotional development
    - Romance stories help youngsters understand their emotions and enhance their social skills.
    - It also helps them express their emotions.

  3. Creativity development
    - Stories enhance children's imagination and foster their creativity.

  4. Communication skills
    - Children’s communication skills can be improved through learning interaction between characters.

1 week, 4 days ago

[English Version Below]
❝ ကလေးများအတွက် အချစ်ဝတ္ထုဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် သတိပြုရမည့်အချက်များ❞

အချစ်ဝတ္ထုတွေဟာ ကလေးတွေအတွက် စိတ်ဝင်စားစရာဖြစ်လေ့ရှိပါတယ်။ အချစ်ဝတ္ထုဖတ်တာဟာ ကလေးတွေရဲ့စိတ်ကူးဉာဏ်နဲ့ ခံစားချက်တွေကို ဖော်ထုတ်နိုင်တဲ့စွမ်းအားတွေရှိနေပြီး လူမှုဆက်ဆံရေးမှာလည်းပိုမိုကောင်းမွန်လာနိုင်သလို အရွယ်ရောက်လာတဲ့အခါမှာလည်း ကိုယ်တိုင်အခက်အခဲတွေကို ဖြေရှင်းနိုင်ကြမှာပါ။ ဒါပေမဲ့လည်း အချစ်ဝတ္ထုတွေဟာ ကလေးတွေအတွက် မမှန်ကန်တဲ့အကြောင်းအရာတွေကို ပိုမိုယုံကြည်နိုင်စေတာကြောင့် ကလေးတွေ စာဖတ်တဲ့အခါမှာ လူကြီး၊မိဘတွေအနေနဲ့ လမ်းညွှန်ပြသပေးဖို့လိုအပ်ပါတယ်။

ကလေးတွေအတွက်စာဖတ်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပေမယ့် အချစ်ဝတ္ထုတွေကို ဖတ်သင့်၊မဖတ်သင့်ဆိုတာကတော့ မိဘ/ဆရာတွေအနေနဲ့ သေသေချာချာစဉ်းစားရမဲ့ အကြောင်းအရာတစ်ခုပါပဲ။ အဓိကအားဖြင့် ကလေးရဲ့ အသက်အရွယ်နဲ့ နားလည်နိုင်စွမ်းအပေါ် မူတည်ပြီး သင့်တော်တဲ့စာအုပ်တွေကို ရွေးချယ်ဖတ်ရှုခိုင်းသင့်ပါတယ်။

မွေးကင်းစကနေ အသက် (၂) နှစ်အရွယ်ကလေးတွေအတွက်ကိုတော့ ရုပ်ပုံများများပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ရုံသာမက စာသားနည်းပြီး ရိုးရှင်းတဲ့စကားလုံးတွေနဲ့ ရေးသားထားတဲ့စာအုပ်တွေကို ဖတ်ပြတာဟာလည်း ဘာသာစကားနဲ့အမြင်စွမ်းရည်ကို ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

အသက် (၃) နှစ်ကနေ (၅) နှစ်အရွယ်ကလေးတွေကတော့ စာဖတ်တာနဲ့ ပုံဆွဲတာတို့ကို စပြီးဝါသနာပါလာပြီဖြစ်တာကြောင့် ရိုးရှင်းပြီး စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးရင် ပိုထိရောက်စေပါတယ်။

အသက် (၆) နှစ်ကနေ (၈) နှစ်အရွယ်ကလေးတွေမှာတော့ စာဖတ်နိုင်စွမ်းတိုးတက်လာပြီဖြစ်တာကြောင့် စိတ်ကူးယဉ်ဝတ္ထုတွေ၊ လက်တွေ့ဘဝနဲ့ ဆက်စပ်တဲ့ဇာတ်လမ်းတွေပါတဲ့စာအုပ်တွေကို ဖတ်ရှုနိုင်ပါပြီ။ ဒီအရွယ်မှာ ကလေးတွေဟာ စာဖတ်ခြင်းကနေ စိတ်ကူးစိတ်သန်းတွေ ပိုမိုဖွံ့ဖြိုးလာပြီး ဘာသာစကားစွမ်းရည်တွေလည်း တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စာဖတ်စွမ်းရည်ကို အားပေးမယ့် စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။

အသက် (၉) နှစ်နဲ့အထက်ကလေးတွေမှာတော့ စာဖတ်နိုင်စွမ်း မြင့်မားလာပြီဖြစ်တာကြောင့် စိတ်ကူးယဉ်ဝတ္ထုတွေ၊ စုံထောက်ဝတ္ထုတွေနဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေပါဝင်တဲ့ စာအုပ်တွေကို ဖတ်ရှုနိုင်ပါပြီ။ ဒီအရွယ်မှာ ကလေးတွေဟာ ရှုပ်ထွေးတဲ့ဇာတ်လမ်းတွေ၊ စိန်ခေါ်မှုတွေပါတဲ့စာအုပ်တွေကို နားလည်နိုင်စွမ်းရှိလာပြီး သူတို့ရဲ့အသိပညာတွေကို ပိုမိုတိုးတက်စေနိုင်ပါတယ်။

အချစ်ဝတ္ထုတွေကို ကလေးတွေဖတ်သင့်၊မသင့်ဆိုတာကတော့ ဇာတ်လမ်းအကြောင်းအရာနဲ့ ကလေးရဲ့အသက်အရွယ်အပေါ် မှာပဲမူတည်မှာပါ။ အသက်ငယ်တဲ့ ကလေးတွေအတွက် အချစ်ရဲ့ အဓိပ္ပာယ်ကို မိသားစုရဲ့ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်းအပေါ်ထားတဲ့ချစ်ခြင်း၊ မိမိကိုယ်ကိုယ်ချစ်ခြင်း၊ တိရိစ္ဆာန်လေးတွေအပေါ်ထားတဲ့ချစ်ခြင်း စတဲ့ ရိုးရိုးရှင်းရှင်းဖော်ပြထားတဲ့ဇာတ်လမ်းတွေကို ရွေးချယ်ပေးသင့်ပြီး အသက်ကြီးလာမှသာ သမီးရည်းစားချစ်ခြင်းတို့လိုအကြောင်းအရာတွေပါတဲ့ ဝတ္ထုတွေကိုဖတ်ရှုသင့်ပါတယ်။

ကလေးတွေကိုအချစ်ဝတ္ထု‌တွေဖတ်စေပြီး ဇာတ်လမ်းထဲကအချက်အလက်တွေနဲ့ ချိတ်ဆက်ဆွေးနွေးပေးတာဟာ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးကို ဖွံ့ဖြိုးစေမှာပါ။ ကလေးတွေကို "ဒီဇာတ်လမ်းထဲမှာ ဘယ်လိုအချစ်ကိုတွေ့ရသလဲ? သူငယ်ချင်းအချစ်လား? မိသားစုအချစ်လား?" စတဲ့မေးခွန်းတွေနဲ့မေးမြန်းပြီး သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ကွဲပြားမှုတွေကို ဖော်ထုတ်လေ့လာနိုင်မှာဖြစ်ပါတယ်။

ကလေးတွေအတွက် အချစ်ဝတ္ထုဖတ်ရှုခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ ဆိုးကျိုးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

✓"ကောင်းကျိုးများ"

၁။ စာဖတ်စွမ်းရည်တိုးတက်လာခြင်း
- အချစ်ဝတ္ထုတွေက စာဖတ်တာကို စိတ်ဝင်စားစေပြီး ကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို တိုးတက်စေပါတယ်။
- ဝေါဟာရအသစ်တွေ သင်ယူရာမှာလည်း အထောက်အကူဖြစ်စေမှာပါ။

၂။ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု
- အချစ်ဝတ္ထုတွေက ခံစားချက်တွေကို နားလည်သဘောပေါက်စေပြီး လူမှုဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာစေမှာပါ။
- မိမိရဲ့ ခံစားချက်တွေကိုလည်း ဖော်ထုတ်တတ်စေပါတယ်။

၃။ စိတ်ကူးစိတ်သန်းတိုးတက်ခြင်း
- ဇာတ်လမ်းတွေက ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကို မြှင့်တင်ပေးပြီး ဖန်တီးနိုင်စွမ်းကို အားကောင်းစေပါတယ်။

၄။ လူမှုဆက်ဆံရေးစွမ်းရည်
- ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးပုံစံတွေကို လေ့လာရာကနေ လူမှုဆက်ဆံရေးမှာ ပိုမိုတတ်ကျွမ်းလာစေပါတယ်။

၅။ ဘဝနဲ့ပတ်သက်တဲ့ သင်ခန်းစာများ
- အချစ်ဝတ္ထုတွေက ဘဝရဲ့ အရှုပ်ထွေးမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ ပေးနိုင်ပါတယ်။

✓"ဆိုးကျိုးများ"

၁။ အသက်အရွယ်နဲ့ မလိုက်ဖက်ခြင်း
- အချစ်ဝတ္ထုတွေမှာ ပါဝင်တဲ့ အကြောင်းအရာတချို့က ကလေးတွေအတွက် မသင့်တော်တာမျိုး ဖြစ်နိုင်ပါတယ်။
- ဥပမာ - လူကြီးတွေရဲ့ ခံစားချက်တွေ၊ ရှုပ်ထွေးတဲ့ ဆက်ဆံရေးပုံစံတွေ။

1 week, 4 days ago
Youth Renaissance
1 week, 6 days ago

[English Version]
“Are you an Active Learner or a Passive Learner?”
Learning is a very important thing for everyone but not everyone has the same learning style. Some can absorb the lessons they are learning and some tend to engage with their lessons while learning. Now, let’s find out whether you are an Active Learner or a Passive Learner.

“What is Passive Learning?”
Passive learning is a learning style where you absorb the information like a sponge without interacting much with the information. For example: listening to a lecture, watching a video and reading a book. Even though you are listening to a lecture, watching a video or reading, you are not engaging with the information from them. It’s like watching a movie without deeply thinking about the storyline.

“What is Active learning?”
Active learning is not that different from a normal form of studying. You just simply engage with the information you are learning. Making flashcards/notes, teaching friends what you learnt and participating in discussions are all part of Active learning.

“Which learning style is better?”
Both Passive learning and Active learning have their advantages. You can memorise a lot of basic information in no time in passive learning.
Although Active learning requires more effort, it helps you remember information for the long run according to the observations of the scientists.

“How do we practise Active learning?”
Among the many Active learning exercises, the one that I like would be the Learning cell strategy. It is a method where two students two students memorize information by asking each other questions based on something they learnt together.
(It is the same as how we usually ask and answer questions. But in the Learning cell strategy, the questions and answers tend to be the ones that need critical thinking rather than just memorizing information.)

“What kind of Learner are you?”
What method do you use when you are learning something? Are you more of a Passive Learner or an Active Learner? Or do you tend to learn the information you don’t know yet in a Passive learning form in the beginning and then do Active Learning by making notes?
Either way, learning is neither boring nor very difficult. The more you learn, the easier it gets. Let’s end this today hoping you would be able to learn more beneficially because of these different learning styles.

Content- Nicholas
Translator- May Zin Oo
Graphic- Yati Pyae Sone Oo

#Youth_Renaissance
#activelearners
#passive
#learner

1 week, 6 days ago

[English Version Below]
❝ သင်က Active Learner တစ်ယောက်လား Passive Learner တစ်ယောက်လား ❞

သင်ယူရေးက လူတိုင်းရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ သင်ယူမှုပုံစံက မတူညီကြပါဘူး။ တစ်ချို့သူတွေက စာတွေကိုခေါင်းထဲရောက်အောင် စုပ်ယူ (absorb) လုပ်နိုင်ပြီး တစ်ချို့သူတွေကတော့ သူတို့သင်ယူနေတဲ့စာနဲ့ engage လုပ်ပြီး သင်ယူကြသူတွေရှိပါတယ်။ အဲ့တော့သင်ကရော Active Learner တစ်ယောက်လား Passive Learner တစ်ယောက်လား အဖြေရှာကြည့်ရအောင်

❝ Passive learning ဆိုတာဘာလဲ ❞
Passive learning ဆိုတာကတော့ ကိုယ်သင်ယူနေတဲ့ အကြောင်းအရာအချက်အလက်တွေနဲ့ interact သိပ်မလုပ်ဘဲ ရေမြှုပ်တစ်ခုလို စုပ်ယူပြီး သင်ယူတဲ့ပုံစံဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် လက်ချာတစ်ခုကိုနားထောင်နေတာမျိုး၊ ဗီဒီရိုတစ်ဗုဒ်ကို ကြည့်နေတာမျိုး၊ ဖတ်စာအုပ်တစ်အုပ်ကို ဖတ်နေတာလိုမျိုးပေါ့။ သင်က လက်ချာနားထောင်နေတယ်၊ ဗီဒီရိုကြည့်နေတယ်၊ စာဖတ်နေတယ်ဆိုပေမဲ့ သူ့ထဲမှာပါတဲ့ အကြောင်းအရာအချက်အလက်တွေနဲ့ engage လုပ်နေတာမဟုတ်ပါဘူး။ ဥပမာအားဖြင့် သာမန်ကျနော်တို့ ရုပ်ရှင်ကြည့်ကြတဲ့အခါ မြင်နေကြားနေပေမဲ့ ဒီဇာတ်လမ်းအပေါ် လေးလေးနက်နက်မစဉ်းစားပဲ ကြည့်ရုံကြည့်နေတာလိုမျိုးပေါ့။

❝ Active learning ဆိုတာဘာလဲ ❞

Active learning ဆိုတာကလည်း သာမန်ထက်ပိုပြီးတော့ တအားထူးသွားတဲ့ ပုံစံမဟုတ်ပါဘူး။ Active learning မှာကတော့ ကိုယ်သင်ယူနေတဲ့အကြောင်းအရာနဲ့ engage လုပ်ပါတယ်။ Flashcards/ notes ထုတ်တာလိုမျိုး၊ သူငယ်ချင်းတစ်ယောက်ကို ကိုယ်လေ့လာခဲ့တာတွေ ပြန်ပြီးတော့ သင်ပေးတာလိုမျိုး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆင်နွဲကြတာမျိုးက Active learning ထဲမှာပါပါတယ်။

❝ဘယ်လို learning style က ပိုပြီးတော့ကောင်းလဲ ❞

Passive learning ရော Active learning ရောက သူ့ဟာနဲ့သူ ကောင်းကျိုးတွေရှိပါတယ်။ Passive learning မှာဆိုရင် အခြေခံအချက်တွေနဲ့ information အများကြီးတွေကို ခဏအတွင်း မှတ်မိနိုင်ပါတယ်။

Active learning မှာတော့ ကိုယ်ကအားပိုထုတ်ရတယ်ဆိုပေမဲ့ သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များအရတော့ Active learning ဟာ ရေရှည်မှတ်မိဖို့ကိုပိုပြီးတော့ အထောက်အပံ့ပေးပါတယ်တဲ့။

❝ Active learning ဘယ်လိုလုပ်ကြည့်မလဲ ❞

Active learning exercises တွေအများကြီးရှိတဲ့ထဲကမှ ကျနော်သဘောကျမိတဲ့ တစ်ခုကိုပြောပါဆိုရင် Learning cell strategy ပါပဲ။ ကျောင်းသားနှစ်ယောက်က အတူတူဖတ်ထားမှတ်ထားခဲ့တဲ့ အရာတစ်ခုကို အခြေခံလို့ တစ်ယောက်ကိုတစ်ယောက် မေးခွန်းမေးရင်း အဖြေပြောရင်း ကျက်မှတ်ကြတဲ့ နည်းလမ်းပါပဲ။
(ကျွန်နော်တို့ လုပ်နေကြ တစ်ယောက်ကိုတစ်ယောက် မေးခွန်းမေးပြီး ဖြေကြတဲ့ပုံစံလိုပါပဲ။ ဒါပေမဲ့ Learning cell မှာလုပ်တဲ့ အမေးအဖြေတွေက ကျက်မှတ်ခဲ့တဲ့အရာကို အမေးအဖြေလုပ်တာထက် စဉ်းစားပြီးဖြေရတဲ့ အမေးအဖြေတွေဖြစ်ပါတယ်)

❝သင်ကကော ဘယ်လို Learner တစ်ယောက်ပါလဲ ❞

သင်စာတစ်ခုခုကို လေ့လာသင်ယူနေတဲ့အချိန်မှာ ဘယ်လိုနည်းလမ်းမျိုးသုံးသလဲ။ သင်က Passive Learner ဘက်သွားသလား Active Learner ဘက်သွားသလား။ ဒါမှမဟုတ် အစပိုင်းမှာတော့ ကိုယ်မသိသေးတဲ့အကြောင်းအရာကို Passive learning ပုံစံမျိုးနဲ့ နားထောင်ပြီးမှ နောက်တစ်ခါကျရင် နုတ်ထုတ်တာလိုမျိုးနဲ့ Active learning ပြန်လုပ်တာပါလား။

ဘယ်လိုပဲဖြစ်ဖြစ် သင်ယူတယ်ဆိုတာက ပျင်းစရာကောင်းစရာမလိုသလို အများကြီးခက်ခဲစရာလည်း မဟုတ်ပါဘူး။ လုပ်လေလုပ်လေ တစ်ဖြည်းဖြည်းလွယ်လာလေလေပါပဲ။ Learning လုပ်တဲ့ပုံစံအကြောင်းပြောတဲ့အတွက် ပိုပြီး အကျိုးရှိတဲ့ နည်းလမ်းတွေနဲ့ သင်ယူနိုင်ကြမယ်လို မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ရပါတယ်။

#Youth_Renaissance
#activelearners
#passive
#learner

1 week, 6 days ago
Youth Renaissance
1 month ago

❝ Maintaining the balance between education and mental health❞

In today’s fast-paced and competitive world, students need to prioritize their mental well-being in addition to having the necessary skills to excel academically. Balancing education and mental health is the main factor to make long term success and happiness.

However, expectations and exam pressures can lead to anxiety and worries amid studies. Excessive pressure can not only impact a student’s potential and concentration but also his or her health. Therefore, students' mental health is important and needs to be taken care of regularly.

The most common factors that cause for mental pressures in education are

  1. Academic Pressure
    Deadlines, exams and the need to achieve high scores are among the most significant stressful things for students in education.

  2. Time Management Issues
    Maintaining the balance between studying, curricula, extracurricular activities and personal issues can be challenging for students.

  3. Comparison with Others
    Most students from Asia often compare themselves because of their parents' comparison with peers since childhood. This can lead to a feeling of insufficiency and a lowered sense of self-esteem.

  4. Lack of Support
    Lack of adequate support from family, friends, and teachers can cause mental pressure.

These issues can lead to stress and can make it difficult to balance between work and personal life for students.

Since students can be affected by stress, I would like to mention some ways to balance between academics and mental health.

  1. Time Management
    - Build a time-table that incorporates leisure time
    - Use to-do-list and productivity apps
    - Prioritize tasks based on their importance and urgency.

  2. Practicing Self-Care
    - Get 7–8 hours of sleep.
    - Eat healthy diets
    - Do exercises that relieve stress

  3. Engaging in Stress-relief Activities
    - Practice mindfulness, meditation or breathing exercise
    - Pursue hobbies that you enjoy such as drawing, reading
    - Spend time with nature to relax

  4. Building a Support System
    - Share your happiness with family and friends
    - If needed, seek support and advice from psychiatrists, peers, and counselors

Schools, especially, play a crucial role in providing proper support for mental health. So, they should foster open discussions and counselling services to seek advice for mental well-being.

Maintaining the balance between mental health and education cannot only help students cope with common challenges but also to achieve a better life. It is important to continuously try to take care of our mental health and overcome stress. I would like to conclude by reminding that understanding oneself and prioritizing mental health can achieve both academic success and an enjoyable life.

Content- Moor Cho
Translator- Zar Chi Oo Mhwe Mhwe
Graphic - Yadi Pyae Sone Oo

#Youth_Renaissance
#depression
#knowledgesharing

1 month ago

[English version below]

❝ ပညာရေးနှင့် စိတ်ကျန်းမာရေးကို ညီမျှစွာထိန်းသိမ်းခြင်း ❞

ဒီနေ့ခေတ်ရဲ့ မြန်ဆန်တဲ့ပြိုင်ဆိုင်မှုတွေကြားထဲမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပညာရေးမှာ ထူးချွန်စွာရပ်တည်နိုင်ဖို့အတွက် လုံလောက်တဲ့အစွမ်းသတ္တိတွေရှိဖို့အပြင် စိတ်ကျန်းမာရေးကိုပါဦးစားပေးဖို့လိုအပ်လာပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပညာရေးကိုညီမျှအောင်ထိန်းသိမ်းတာဟာ ရေရှည်အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ဆောင်ရွက်ဖို့အဓိကအကျဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေအတွက် စိတ်ကျန်းမာရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်။ စိတ်ကျန်းမာရေးကလည်း သင်ယူမှုစွမ်းဆောင်ရည်၊ ဖန်တီးမှုနဲ့ ကိုယ်ပိုင်တိုးတက်မှုတို့အတွက် အခြေခံအုပ်မြစ်တစ်ခုပါပဲ။ သို့ပေမယ့် သင်ကြားမှုတွေကြားမှာ မျှော်လင့်ချက်တွေနဲ့ စာမေးပွဲဖိစီးမှုတွေကြောင့် စိုးရိမ်မှု၊ ပင်ပန်းနွမ်းနယ်မှုတွေအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။ မသင့်တော်တဲ့ ဖိစီးမှုတွေဟာ ကျောင်းသားတစ်ဦးရဲ့စွမ်းဆောင်ရည်နဲ့အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်သလို ကျန်းမာရေးလည်းဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့်ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးဟာလည်း အရေးကြီးတာဖြစ်လို့ အစဉ်အမြဲဂရုစိုက်ဖို့လိုအပ်ပါတယ်။

ပညာရေးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေထဲက အဓိကအကျဆုံးအရာတွေကတော့-
1. ပညာရေးဖိအား (Academic Pressure)
ပညာရေးမှာကျောင်းသားတွေအတွက် Deadline တွေ၊ စာမေးပွဲတွေနဲ့ အမှတ်ကောင်းကောင်းရဖို့အတွက်ကဖိအားအများဆုံးအရာတွေဖြစ်ပါတယ်။

  1. အချိန်စီမံခန့်ခွဲမှုပြဿနာတွေ (Time Management Issues)
    ကျောင်းသားတွေအတွက်တော့လေ့လာမှု‌တွေ၊ သင်ရိုးညွှန်းတမ်းအပြင်လုပ်ဆောင်ရတဲ့ ပြင်ပလှုပ်ရှားမှုတွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဟန်ချက်ညီအောင်လုပ်ဆောင်ရတာက အလွန်ကြီးမားတဲ့ပြဿနာလို့တောင်ဆိုနိုင်ပါတယ်။

  2. အခြားသူတွေနဲ့ နှိုင်းယှဉ်မှုအပေါ်ခံစားရတာတွေ (Comparison with Others)
    ငယ်စဉ်ကတည်းက မိဘတွေရဲ့နှိုင်းယှဉ်ဆုံးမမှုတွေကြောင့် Asian က ကျောင်းသားအများစုဟာ သူတို့ကိုယ်သူတို့ ရွယ်တူတွေနဲ့ နှိုင်းယှဉ်ကြည့်တတ်ကြပါတယ်။ အဲဒီလိုနှိုင်းယှဉ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ခံစားကြရတာဟာလည်းအလွန်ဆိုးဝါးတဲ့ပြဿနာတစ်ခုပါပဲ။

  3. ပံ့ပိုးမှုမရရှိခြင်း (Lack of Support)
    ကျောင်းသားတွေအနေနဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆရာတွေထံကနေ လုံလောက်တဲ့အားပေးမှု မရရှိတာကလည်း စိတ်ကိုဖိ‌စီးစေနိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေဟာ ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုတွေဖြစ်စေနိုင်သလို တာဝန်ကိစ္စ‌တွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပါ မျှတအောင်မလုပ်နိုင်တာလည်းဖြစ်လာနိုင်ပါတယ်။

ကျောင်းသားတွေဟာ စိတ်ဖိစီးမှုကိုအများဆုံးခံစားကြရတာကြောင့် ပညာရေးနဲ့စိတ်ကျန်းမာရေးကို ညီမျှအောင်ထိန်းသိမ်းနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လေ့ကျင့်နိုင်ပါတယ် —

1️⃣. အချိန်စီမံခန့်ခွဲမှု (Time Management)
- အချိန်ဇယားတစ်ခုတည်ဆောက်ပြီး နားချိန်နဲ့ပေါင်းစပ်ထားပါ။
- To-do list နဲ့ productivity apps တို့ကို အသုံးပြုပါ။
- အရေးကြီးတဲ့အလုပ်နဲ့ အရေးပါတဲ့အလုပ်တွေပေါ်အခြေခံပြီး ဦးစားပေးသင့်တာကို ဦးစားပေးပါ။

2️⃣. မိမိကိုယ်ကိုယ်ဂရုစိုက်မှု (Practicing Self-Care)
- ၇-၈ နာရီလုံလောက်စွာ အိပ်စက်ပါ ။
- ကျန်းမာတဲ့ အစားအသောက်တွေကို စားပါ။
- စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ့်အားကစားတွေလုပ်ပါ။

3️⃣. စိတ်ဖိစီးမှု့ကိုလျှော့ပါးစေတဲ့လှုပ်ရှားမှုတွေ (Engaging in Stress-Relief Activities)
- mindfulness, meditation (သို့မဟုတ်) အသက်ရှူလေ့ကျင့်ခန်းတွေလေ့ကျင့်ပါ။
- ကိုယ်နှစ်သက်တဲ့ ဝါသနာတွေ — ပန်းချီဆွဲခြင်း၊ စာဖတ်ခြင်း စသဖြင့် ဆောင်ရွက်ပါ။
- သဘာဝတရားကြီးကိုခံစားပြီး စိတ်ကိုသက်သာစေပါ။

4️⃣. ပံ့ပိုးမှုစနစ်တစ်ခုတည်ဆောက်ခြင်း (Building a Support System)
- မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်ပျော်ရွှင်မှုကို မျှဝေပါ။
- လိုအပ်တယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်တွေ၊ သက်တူရွယ်တူတွေနဲ့ အတိုင်ပင်ခံ (counselor) တွေဆီက အကြံဉာဏ်နဲ့အကူအညီတွေရယူပါ။

အထူးသဖြင့်တော့ ကျောင်းတွေဟာ စိတ်ကျန်းမာရေးအပေါ် သင့်လျော်တဲ့အထောက်အပံ့ပေးဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေကြပါတယ်။ ဒါကြောင့် ကျောင်းတွေအနေနဲ့လည်း ကျောင်းသားတွေအတွက် စိတ်ကျန်းမာရေးအခက်အခဲတွေကို ဖွင့်ဟဆွေးနွေးနိုင်တဲ့ စကားဝိုင်းတွေ ပြုလုပ်ပေးတာ၊ ကျောင်းတွင်း စိတ်ကျန်းမာရေးအကြံပေးဝန်ဆောင်မှုတွေဖွင့်လှစ်ပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။

ပညာရေးနဲ့ စိတ်ကျန်းမာရေးကို ညီမျှအောင်ထိန်းသိမ်းတာဟာ သာမန်အခက်အခဲတွေကိုရင်ဆိုင်နိုင်ရုံတင်မကဘဲ ပိုမိုကြီးမားတဲ့ ဘဝတစ်ခုကိုပါရရှိစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နဲ့အလိုအလျောက်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်နားလည်ပြီး စိတ်ကျန်းမာရေးကိုဦးစားပေးတာက ပညာရေးနဲ့ဘဝကိုပါ ပိုပြီးသာယာနိုင်ကြောင်းအသိပေးရင်း

နိဂုံးချုပ်လိုက်ရပါတယ်။

[English version below]

1 month ago
Youth Renaissance
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana