Linn Yaung Ni Youth Organization

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3

3 months ago

NLD ဒုတိယဥက္ကဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်။

အောက်တိုဘာ ၇၊ ၂၀၂၄

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး၊ ၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း၊ áá‰ နှစ်
ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ်၊ á€€á€źá€Źá€¸á€–ဟတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅ခုနှစ်၊  အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး
မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU  အထူးကြပ်မတ် ကုသဆောင်တွင် ယနေ့ အောက်တိုဘာ (၇)ရက်၊ နံနက် ၃နာရီအချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၀န်ကြီးချုပ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာအောက်တိုဘာလ (၅)ရက် ညနေပိုင်းမှာကတည်းက မန္တလေးဆေးရုံကြီးမှာ သတိလစ်မေ့မျောနေခဲ့ပြီး အောက်တိုဘာ (၆)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် လာဖတ်ပြသွားတယ်လို့လည်း သိရပါတယ်။

နောက်ဆုံး အချိန်အထိ ယုံကြည်ရာကို
ရဲဝံ့စွာ ရပ်တည်ပြခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ထပ်တူ အထူးပဲ ဝမ်းနည်းကြေကွဲ ရပါတယ်ဆရာ။
ဂုဏ်ယူလေးစား ဦးညွတ်လိုက်ပါတယ်ဆရာ။

မပြီးဆုံးသေးတဲ့ တော်လှန်ရေး ခရီးကြမ်းကို ပြီးဆုံးအောင်မြင်သည်အထိ ရဲရဲဝံ့ဝံ့ ဆက်လက်လျှောက်လှမ်းသွားပါမည်ဟု ( Linn Yaung Ni Youth Organization ) လင်းရောင်နီလူငယ်အဖွဲ့အစည်းမှ လေးနက်စွာ သစ္စာဓိဌာန်ပြုပါတယ်ခင်ဗျာ။

#LinnYaungNiYouthOrganization_LYNYO

https://t.me/KxRG0oa3h2ZkYWE1https://t.me/+KxRG0oa3h2ZkYWE1

3 months ago

" မြန်မာ့ ဆရာများနေ့ "

အာဏာကိုခင်း
အဓမ္မမင်းရှေ့
ကဗျာသီရွတ်
ဆရာများနေ့၏
တေးသံကျူးဖော်
ကျောင်းသားတစ်စုရွတ်သံကြား
ဆရာအစစ်တွေ
သေကားသေ၏
ပြေးကားပြေး၏
မြေမရှိ..။

အိပ်စက်မွေ့ယာ
နှိုးလှန့်ချောက်ခြား
စိတ်တစ္ဆေကြား
ခွေးအမြူးအော်
မပျော်ငြားလည်း
မြေဖြူကိုင်လက်
သေနတ်စွဲလျက်
အနာဂတ်ပျိုးထောင်
မျိုးစေ့ပေါင်လျှက်
သေနတ်တစ်ဖက်
စာသင်လျှက်။

✍️နေမင်းညို

#LinnYaungNiYouthAssociation_LYNYA

3 months ago

အောက်တိုဘာ ၄၊ ၂၀၂၄။

အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ရှိသော တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို စစ်ကောင်စီက စစ်သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ အခြေခံစစ်သင်တန်းကို ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာ သိပ္ပံတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် တက်ရောက်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ပုသိမ်မြို့ရှိ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၆ ဦးကို အခြေခံစစ်သင်တန်း ပထမအကြိမ်ပေးခဲ့ပြီး ဇွန်လ ၂၄ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံဖွင့်လှစ်ခဲ့ကာ ယခုတွင် တတိယအကြိမ်အဖြစ် စခန်းချနည်းသင်တန်းထပ်မံဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်အမှတ် (၇) တက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်ကြားပေးနေပြီး နှစ်ပတ်ကြာသင်ကြားပေးမည်ဟု မြို့နယ်စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

#  သတင်းဓာတ်ပုံ-Credit
#LinnYaungNiYouthAssociation_LYNYA

3 months, 2 weeks ago
3 months, 2 weeks ago

❝Our Ambassador - Myanmar's Voice❞

အခုဆို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံ စတင် ကျင်းပနေပါပြီ။ ဒီနှစ်မှာလည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ပြည်သူ့အစိုးရ NUG နဲ့ ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို လက်ခံအသိအမှတ်ပြုပေးဖို့ ပြည်သူများက မဖြစ်မနေ တောင်းဆိုတိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။ တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြသွားကြမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်ထက်မှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို “ဘူးငြင်းဆန်”  လုံးဝ လက်မခံဖို့၊ အသိအမှတ် မပြုဖို့ တောင်းဆိုကြရမှာ ဖြစ်ပါတယ်။

ယခုချိန်ဟာ ဆိုးသွမ်းယုတ်မာတဲ့ နေရာမှာ ကမ်းကုန်နေပြီဖြစ်တဲ့ စစ်အာဏာရှင် ပေးတဲ့ ဒုက္ခဘေးဒဏ်တွေအပြင်၊ ရောဂါကပ်ဘေးနဲ့ သဘာဝဘေးဖြစ်တဲ့ ရေဘေးဒဏ်တွေကြား မိဘပြည်သူများရဲ့ ကိုယ်စိတ်နှစ်ပါးစလုံးဟာ အင်မတန် ကြေကွဲ ထိခိုက် နေရတဲ့အချိန် ဖြစ်ပါတယ်။ လူတွေအသက်ကို ကယ်ဖို့ထက်၊ လူတွေရဲ့ ဘဝကို ဖျက်စီးဖိနှိပ်နေတဲ့  မအလ စစ်အုပ်စုကတော့
“ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုပြီး သူတို့အာဏာနဲ့ အကျိုးစီးပွား ခိုင်မြဲရေးအတွက် လူထု ဘယ်လို ဘေးမျိုးနဲ့ ကြုံကြုံစနစ်ကျတဲ့ ကူညီမှု၊ ကယ်ဆယ်မှု၊ တာဝန်ယူ တာဝန်ခံမှုဆိုတာ ရှိနေမှာမဟုတ်ပါဘူး။

မြန်မာပြည်က လူထုရဲ့ ဒုက္ခ အထွေထွေတွေကို စာနာနားလည်မှုအပြည့်၊  မြန်မာပြည်သူများရဲ့ ရုန်းကန် တိုက်ပွဲဝင်နေမှုတိုင်းကို လေးစားမှုရှိစွာနဲ့  ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်ကနေ သံတမန်ရေးတိုက်ပွဲ ကို ဆင်နွှဲပြီး လူထုနဲ့ အတူ ရပ်တည်အသံထုတ် နေသူကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးမှာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရှိနေခြင်းသည် ဒီပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အင်မတန်မှ ထူးခြားကောင်းမွန်လှတဲ့ အားသာချက်ကြီးတရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေးယခင် ဘယ်တော်လှန်ရေး အချိန်အခါမှာမှ မရှိဖူး၊ မရဖူးတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကမ္ဘာကြီးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သိရှိနားလည်ဖို့အတွက် မြန်မာလူထုရဲ့အသံကို ကုလသမဂ္ဂစင်မြင့်ထက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုနိုင်သူ ဖြစ်ပါတယ်။ အဲဒီလိုအခွင့်အရေးမျိုးက သံအမတ်ကြီးတဦးတည်းမှာသာ ရှိပါတယ်။ ဒါ့ကြောင့် မြန်မာလူထုရဲ့ အသံကို မြန်မာ့သံအမတ်ကြီးက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဆက်လက် လက်ကမ်း တင်ပြ၊ ဆက််သွယ်၊ ထုတ်ဖော်ပေးနိုင်ဖို့ဆို လက်ရှိနေရာကို ဆက်လက် ရရှိနေဖို့ အထူးလိုအပ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို အချိန်နဲ့အမျှ အကြမ်းဖက်နေတယ်၊ သတ်ဖြတ်နေတယ်၊ ဖျက်ဆီးနေပါတယ်။ ဒီဖက်ဆစ်အုပ်စုဟာ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ မြန်မာပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို ဖိနှိပ်မှုမျိုးစုံကြားကနေ အချိန် (၃) နှစ်ခွဲ ကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဖော်ထုတ်ပြသကြလျက်ပါ။

သန်းနဲ့ချီတဲ့ မြန်မာပြည်သူတရပ်လုံး “ဘူး" ငြင်းဆန်၊ ဆန့်ကျင်နေတဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့
ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-
ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

“ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား..” ဘေးဒုက္ခအသွယ်သွယ်ကြားကနေ ပြည်သူချင်း ပေါင်းစည်း၊ ဖေးမမှုတွေနဲ့အတူ သက်လုံနဲ့ ခံနိုင်ရည်အားကို မြှင့်တင်ကြပါစို့။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။

#ငါတို့သံအမတ်ကြီးသည်ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်
#အာဏာရှင်ကိုဘူးငြင်းဆန်
#ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ
#OurAmbassadorMyanmarsVoice
#AcceptNUGRejectMilitary
#CredentialCampaign
#LinnYaungNiYouthOrganization_LYNYO
#OwlCommunity
#MayangoneDemocraticFront_MDF
#KyimyindaingNetworks_KMD18

3 months, 3 weeks ago

18.9.2024

ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

မုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ - တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။

? ရေ
- သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။

? အစားအစာ
- အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။

? တစ်ကိုယ်ရေသန့်ရှင်းရေး
- အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။

? ရေမစီးဘဲ ဝပ်နေခြင်း
- ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။

? ကြီးကြပ်ခြင်း
- လက်ပတိုစပိုင်ရိုးစစ် ကဲ့သို့ရောဂါများ မဖြစ်စေရန် ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။

? သန့်ရှင်းရေး
- ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။

? မသန့်ရှင်းသောအစားအစာများ
- ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။

?‍⚕️ သင် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။
?‍⚕️အထူးသဖြင့် သင်သည် ကယ်ဆယ်ရေးစခန်းတွင် ရှိနေပါက အခြားသူများသို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်စေနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #flood #disaster

#LinnYaungNiYouthOrganization_LYNYO

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Admin acc @vip_admin_3