📖 My own little world 📚

Description
Advertising
We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 16 hours ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 weeks, 1 day ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 17 hours ago

1 week, 1 day ago

Learners လေးတို့ရေ ခုရက်ပိုင်းကျန်းမာရေးဂရုစိုက်ကြပါနော်
#အိမ်နီးချင်းနိုင်ငံမှာဗိုင်းရပ်စ်တစ်မျိုးပျံ့နေတယ်လို့ကြားပါတယ်
#စိုးရိမ်ရပါသလား ❓
#NoroVirus

NoroVirus ဆိုတာ အလွယ်ပြောရရင် အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးတာပါ
- ဗိုက်အောင့်တယ်
- ပျို့တယ် အန်တယ်
- ဝမ်းပျက်တယ်ပေါ့
- ငွေ့ငွေ့ဖျားတာ ချမ်းတုန်တာ
- ခေါင်းကိုက်တာ
- ကိုယ်လက်ကိုက်တာ
- နုံးချိနေတာ မျိုးတွေဖြစ်တတ်ပါတယ်
အထက်လန်အောက်လျှောရောဂါ တစ်မျိုးပါပဲ ၊ ကူးစက်နှုန်းအရမ်းမြင့်ပါတယ် ၊
ဘယ်လိုကူးစက်တာလဲ
အူလမ်းကြောင်းကို ဒုက္ခပေးတဲ့အကောင်ဖြစ်တာကြောင့် ပါးစပ်ကနေတဆင့်ဝင်ပါတယ်
👉 လက်သေချာမဆေးတဲ့အခါ
👉 အစာတွေကို သေချာကျက်အောင်ချက်ပြုတ်မထားတဲ့အခါ
👉 ရေမသန့်တဲ့အခါ
👉 ယင်နားစာတွေ စားတဲ့အခါ ကူးစက်တတ်ပါတယ်

ရောဂါပိုးဝင်ပြီး ၁၂ နာရီကနေ ၄၈ နာရီ (၂ ရက်အတွင်း) ရောဂါလက္ခဏာပြပါတယ်

ပုံမှန်အားဖြင့်တော့ (၃) ရက် အတွင်းပြန်ကောင်းသွားကြပါတယ်

ဒါပေမယ့် Virus ဖြစ်တဲ့အတွက် ကိုယ်ခံအားမကောင်းတဲ့ (ကိုယ်ခံအားကောင်းစွာမဖွံ့ဖြိုးသေးတဲ့)
- ကလေးသူငယ်များ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါရှင်များ
- ကိုယ်ခံအားကျဆင်းမှုရောဂါရှင်များ
- ကိုယ်ခံအားထိန်းညှိဆေးသောက်နေရသူများ
- ကိုယ်အင်္ဂါအစားထိုးထားသူများ မှာ ဆိုးဝါးပြင်းထန်ပါတယ်

#ပြင်းထန်ကာလဝမ်းရောဂါ ကို ရင်ဆိုင်တိုက်ခိုက်ထားတာ မကြာသေးတဲ့ ကျွန်တော်တို့အတွက် NoroVirus အတွက် ရင်ဆိုင်ဖို့ #ကျန်းမာရေးအသိရှိနေပြီလို့ပြောလို့ရပါတယ်

✅ ဝမ်းပျက်လျှင် ဝမ်းသွားသလောက် ဓာတ်ဆားရည် သောက်ရပါမယ်
✳️ ဘာအရည်မှ မဝင်အောင်အန်နေတဲ့အခါမျိုးမှာတော့ ဆေးရုံ/ဆေးခန်း သွားပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်
✳️ မိမိ သဘောနဲ့ မိမိ ပိုးသတ်ဆေး ဝမ်းပိတ်ဆေး မသောက်ကြပါနဲ့

ဝမ်းပျက်ခြင်းရဲ့ ဆိုးကျိုးက အရည်ပြန်မဖြည့်နိုင်လျှင်
🚨 သွေးပေါင်ပြုတ်ကျတာ
🚨 Shock ရတာ
🚨 ကျောက်ကပ်ပျက်တာက စလို့ အသက်အန္တရာယ်အထိရှိတတ်ပါတယ်

အဲ့ဒါကြောင့် အရမ်းကြီးအဓိပ္ပာယ်မဲ့ကြောက်နေဖို့ မလိုသလို မပေါ့ဆသင့်ပါဘူး။

ဝမ်းပျက်အန်တာ အပြင် #အရေးကြီးတဲ့လက္ခဏာတွေက 🚨🚨🚨
အာခေါင်တွေအရမ်းခြောက်လာတယ်
ဆီးအရောင်အရမ်းရင့်ပြီး အရမ်းနည်းလာတယ်
တစ်နှစ်အောက်ကလေးတွေမှာ ၈ နာရီကြာတဲ့အထိ ဆီးမသွားဘူး
ကလေးတွေမှာ ၁၂ ကြာတဲ့အထိ ဆီးမသွားဘူး
မျက်တွင်းဟောက်ပက်ဖြစ်လာတယ်
မလှုပ်မရှားချင်နဲ့အိပ်ငိုက်လာတယ်
အထိုင်အထမူးပြီး ရိပ်ရိပ် ရိပ်ရိပ်ဖြစ်လာတယ်
ရင်အရမ်းတုန်လာမယ်
ကယောင်ကတမ်းတွေပြောပြီး သတိလစ်သွားမယ်
_*____
အကောင်းဆုံးက #မဖြစ်ရအောင်ကာကွယ်ကြတာပေါ့

  1. အစာမစားမီလက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ဆေးပါ
    (***ပေါ်ပင် Hand Spray နဲ့ မလုပ်ပါနဲ့ အခုပျံ့နေတဲ့ Virus က Alcohol resistant ပါတဲ့)
  2. အစားအစာတွေကို ယင်မနားရအောင် သေသေချာချာ ဖုံးအုပ်ထားပါ
  3. အစားအစာများကို သေသေချာချာ ကျက်အောင်ချက်ပြုတ်ပြင်ဆင်ပါ
  4. တကယ့်ရေသန့်သောက်ပါ (ရေကို သေချာစွာ ကျိုချက်သောက်သုံးပါ)
  5. မချက်ပြုတ်ပဲ အစိမ်းစားသောက်တာမျိုးတွေမလုပ်ပါနဲ့
  6. အပြင်စာတွေ အသုပ်စုံတွေ လမ်းဘေးယင်နားစာတွေ လုံးဝ ရှောင်ရပါမယ်

ဝမ်းပျက်ရောဂါအတွက် ထိရောက်တာက ဓာတ်ဆားရည်ပါ ဒီလို သတင်းလေးနည်းနည်းထွက်တာနဲ့ ဓာတ်ဆားစျေးတွေ ၊ သိပ်လိုတာမဟုတ်တဲ့ Probiotic စျေးတွေ မိုးအထိရောက်ကုန်တတ်ပါတယ် (တချို့က စိတ်ပူပြီး ဝယ်စုတော့ ပစ္စည်းပြတ်ကုန်တာလည်း ပါတာပေါ့)
“ဓာတ်ဆားရည်ဝယ်မရပါက
ရေတစ်လီတာ ကို သကြားလက်ဖက်ရည်ဇွန်း (၆) ဇွန်း
ဆားလက်ဖက်ရည်ဇွန်း (၁/၂) ထည့်ပြီး သမအောင်မွှေပြီး အသုံးပြုလို့ရပါတယ်”

ဝမ်းသွားသလောက် အမြန်ဆုံးပြန်ဖြည့်ရမှာဖြစ်ပါတယ်
❌ ဓာတ်ဆားသောက်ရင် ဝမ်းသွားနေလို့ မသောက်ဘူး ဆိုတာတို့
❌ သွေးတိုးရှိလို့ သွေးတက်မှာစိုးပြီး ဓာတ်ဆားမသောက်ဘူး
❌ ဆီးချိုရှိလို့ ဆီးချိုတက်မှာ စိုးပြီး ဓာတ်ဆားမသောက်ဘူး စတဲ့ လွဲမှားတဲ့အတွေးတွေက ကျောက်ကပ်ပျက်ခြင်းမှသည် အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင်
NoroVirus ဟာ Virus အသစ်မဟုတ်ပါဘူး
ကမ္ဘာအနှံ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ တရားခံပါ
Outbreak က အခုမှ ထရတာ မဟုတ်ပါဘူး သူ့ရာသီအလိုက် ထ ထ ဖြစ်တတ်ပါတယ်။

နောက်တစ်ကြိမ်ထပ်ပြောရရင်
“#အရမ်းကြီးအဓိပ္ပာယ်မဲ့ကြောက်နေဖို့မလိုသလို_ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး”

(Photo credit; MedicalNewsToday)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
00:30 am/13.12.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

1 week, 1 day ago
1 week, 5 days ago

ဒီနေ့ poll လေးတွေဖြေကြမယ်နော် သူငယ်ချင်းတွေရောဖြေလို့ရအောင် subscribers တို့က channel လေးကို share ပေးကြပါအုံးနော်

https://t.me/studywithRuby85

3 months, 1 week ago

**ရေဘေးသင့်ဒေသက MPT Sim Card  ကိုင်ဆောင်သူများ MPT အချင်းချင်း ဖုန်းပြောမိနစ် (၇၀၀) နဲ့ SMS အစောင် (၇၀၀) ကို ၇ ရက် အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။

*4040#ကိုခေါ်လိုက်နော်ရတယ်နော်။

လူသိများအောင်း Share နဲ့ ကူညီကြပါ။**

4 months, 1 week ago

大家好 Canolaအပေါ်မှာပြောခဲ့တဲ့ Chineseအတွက်30 Days Challenge လေးအကြောင်းကိုဒီနေ့postမှာပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ CanolaဒီChallengeလေးမှာအဓိက ကတော့Duolingo appကိုအသုံးပြုသွားမှာပါဒီChallengeလေးကို Canolaက basicပီးပီးသားသူတွေနဲ့HSK1တက်ရောက်ဆဲသူတွေအတွက်ရည်ရွ…

4 months, 1 week ago

ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။
ဆယ်စုနှစ်တစ်ခုလောက်
စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။

စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။
Year 1 နဲ့ Year 10
ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။

ကျွန်တော်ကတော့ နေ့ရက်တိုင်းကို
Iterative Process တွေလိုစဥ်းစားတယ်။
လတိုင်းကိုလဲ အလားတူပဲ။
ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်
နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။

မဖြစ်သေးတဲ့ ပြဿနာတွေကို
ကြိုတင်အဖြေရှာကြည့်မိတယ်။

လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။​
နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်
ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ
ရင်ခုန်ဖို့ သိပ်ကောင်းတယ်။

Phyo Paing @ Derek
#drphyopaing
#kevinnetwork

6 months, 1 week ago
6 months, 1 week ago
6 months, 1 week ago
8 months, 1 week ago

Hello Anna ပါရှင့် ?

ဒီနေ့မှာတော့ ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ချင်သူများအတွက် youth Innolab Myanmar ကနေ ကျင်းပပြုလုပ်မယ့် info sharing webinar လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

Youth Innolab Myanmar ဟာဆိုရင် လူ‌ငယ်တွေအကျိုးရှိမယ့် အစီအစဉ်တွေကို တင်ဆက်ယူဆောင်လာပေးတဲ့အပြင် မြန်မာနိုင်ငံရှိလူငယ်တွေအတွက် အဆင့်မြင့်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်

ဒီ webinar မှာဆိုရင်ဖြင့်
- အလုပ်လျှောက်နည်း
- work visa လျှောက်နည်း
- ဆောင်ရန် ရှောင်ရန်များ
- အကြံပြုချက်များ
- သိလိုရာများဖြေကြားခြင်း စတာတွေ ပါဝင်မှာပဲဖြစ်ပါတယ်။

မျှဝေပေးသွားမယ့် Speaker တွေကလည်း အလုပ်အကိုင်ချိတ်ဆက်ပေးရေးမှာ အတွေ့အကြုံရှိတဲ့ speaker တွေဖြစ်တာမို့ သင်ဟာ ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့သူတစ်ဦးဖြစ်မယ်ဆိုရင် များစွာ အကျိုးရှိစေမှာပဲဖြစ်ပါတယ်။

?ဆွေးနွေးမည့်ရက် - ဧပြီလ ၁၈ ၊ ၂၀၂၄ ။
⏰မြန်မာစံတော်ချိန် - ည ၇:၃၀ မှ ၈:၃၀ (မြန်မာစံတော်ချိန်)
? ပလပ်ဖောင်း- Zoom
https://zoom.us/j/6702713461?pwd=QW5UTmhxdnpUSk14TTBTajUyNVN6Zz09

အသေးစိတ်ကိုလည်း အောက်ပါ link ကနေတစ်ဆင့် youth Innolab Myanmar page မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

https://www.facebook.com/share/p/D5GDmyXQXuP92m7D/?mibextid=xfxF2i

#anna

Zoom Video

Join our Cloud HD Video Meeting

Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution…

We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 16 hours ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 2 weeks, 1 day ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 17 hours ago