Čółôrfùł ♥️

Description
ဗဟုသုတလေးတွေ ပိုကြွယ်ဝချင်တယ်ဆိုရင် ချန်နယ်လေးကိုjoin ထားလိုက်နော် 🕊

ဝင်ပြီးရင်ပြန်မထွက်ကြပါနဲ့လားဟင် လူအရမ်းနည်းနေလို့ပါ 😔

Start date - 18 . 12 . 2023 🕊

Channel bot - @Daisy_request_111_Bot

Need 130 sub
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

5 months, 1 week ago

တိတ်စိတ်

7 months, 1 week ago

Vpn ခံသုံးရင်ဖမ်းမယ်ဆိုတော့

Eva ခံသုံးကြတာပေါ့ အတောင်ပံနဲ့ဆိုတော့ ?

နိုင်ငံတကာပျံသန်းလိုရတယ်?
crd
#Riku

7 months, 2 weeks ago

ဘာကြောင့် Homophobia ဖြစ်နေရတာလဲ? ?‍??

Homophobia ဆိုတာက လိင်တူချစ်သူတွေကိုရွံရှာသူ LGBTQ+ ကိုလုံးဝကန့်ကွက်တဲ့သူတွေကိုဆိုလိုတာပါ။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်ဆိုတဲ့စကားအတိုင်းပဲ LGBTQ+ ကိုလုံးဝခါးခါးသီးသီးလက်မခံဘဲနဲ့ Homophobic ဖြစ်နေရတဲ့အကြောင်းအရင်းတွေလည်းရှိပါတယ်။

- မိမိနေထိုင်ရာပတ်ဝန်းကျင်နဲ့ အချိန်အတိုင်းအတာကာလတစ်ခုကြောင့်
- အတိတ်ကကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေကြောင့်
- ငယ်စဥ်ကတည်းကရိုက်သွင်းခံခဲ့ရတဲ့အကြောင်းအရာတစ်ချို့ကြောင့် စတဲ့အကြောင်းကြောင်းကြောင့် Homophobia ဆိုပြီးဖြစ်နေရတာပါ။

မိမိနေထိုင်ရာပတ်ဝန်းကျင်နဲ့ အချိန်အတိုင်းအတာကာလ

နွဲ့တဲ့တဲ့ယောက်ျားလေးတွေကိုမြင်တာနဲ့အခြောက်အခြောက်ဆိုပြီးဟာသအနေနဲ့စတတ်ကြတဲ့ပတ်ဝန်းကျင်မှာနေထိုင်ခဲ့ရတဲ့သူတွေအနေနဲ့တော့ LGBTQ+ လို့ပြောလိုက်တာနဲ့ သူတို့ရဲ့စိတ်ထဲမှာ ရွံစရာသတ္တဝါတွေ စနောက်စရာလေးတွေလောက်ပဲမြင်တတ်ကြပါတယ်။ အဲဒီလိုမျိုးအမြင်ရှိနေတဲ့လူတွေအနေနဲ့တော့ ဒီဘက်ခေတ်မှာ စာတစ်တန်ပေတစ်တန်နဲ့ LGBTQ+ အကြောင်းရှင်းပြနေရင်တောင်မှာ ရွံ့စရာမျက်ဝန်တွေနဲ့ပဲကြည့်နေမှာပါ။ ဘာလို့ဆို သူတို့ကြီးပြင်လာတဲ့နေရာ ၊ အချိန်ကာလ ၊ ပတ်ဝန်းကျင်အခြေအနေတွေဟာသူတို့ရဲ့အပေါ်မှာကြီးစွာရိုက်ခတ်မှုရှိနေတာကြောင့်ပါ။

အတိတ်ကကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေကြောင့် ?

ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် ကိုယ်နဲ့မျိုးတူယောက်ျားလေးတစ်ယောက်ဆီကနေ Sexual abuse လုပ်ခံခဲ့ရတဲ့ကလေးတွေက သူတို့အသက်ကြီးလာတဲ့အခါမှာ Gay ဆိုပြီးကြားလိုက်တာနဲ့ကို ရင်ထဲအသည်းထဲကနေရွံ့မုန်းတတ်ကြပါတယ်။ TharnType the series ကိုကြည့်ဖူးတဲ့သူတွေကတော့ဒီအကြောင်းကိုပိုနားလည်မှာပါ။ ဒီဇာတ်လမ်းမှာဆိုရင် Type က Homophobia တစ်ယောက်ဖြစ်ပြီးတော့ သူ Homophobia ဖြစ်ရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ငယ်ဘဝကအတိတ်ဆိုးတွေကြောင်လည်းဖြစ်ပါတယ်။

ငယ်စဥ်ကတည်းကရိုက်သွင်းခံခဲ့ရတဲ့အကြောင်းအရာ ?

မြန်မာကားတွေတော်တော်များများမှာဆို အခြောက်ကာရိုက်တာတွေကို ရှောက်သီးဆေးပြားရောင်တဲ့နေကာ သူငယ်မြင်ငမ်းငမ်းတတ်ဖြစ်နေတဲ့နေရာ စတဲ့နေရာတွေမှာ ချိုးနှိမ်ပြီးသရုပ်ဆောင်ခိုင်းတတ်ကြပါတယ်။ အဲလိုရုပ်ရှင်မျိုးနဲ့ကြီးပြင်းလာရတဲ့သူတွေအနေနဲ့သူတို့ရဲ့ငယ်စဥ်ဘဝထဲက မိန်းမလျာတွေမြင်တာနဲ့ စစရာနောက်စရာ ရွံစရာအနေနဲ့သာထင်မြင်နေတတ်ကြတာပါ။

အခုပြောသွားခဲ့တာတွေကတော့ Homophobia ဖြစ်နေတဲ့သူတွေအနေနဲ့ Homophobia ဖြစ်ရတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ကိုယ်ကလည်း Homophobia တစ်ယောက်ဖြစ်နေတယ်ဆိုရင်ဘာကြောင့်ဖြစ်နေရတာလဲဆိုတာကို Sharing လုပ်ပေးသွားကြပါဦး

#theblossoms100
#Homophobia
#ContentByNannSu
#GraphicByWintWah

7 months, 3 weeks ago
9 months, 1 week ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot