အခွင့်လမ်း by MYEO

Description
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 months ago

1 month, 3 weeks ago

Happy Valentine's Day ပါ MYEOers လေးတို့ရေ 🩷
ချစ်ရခင်ရတဲ့သူတွေနဲ့ဖြတ်သန်းနိုင်တဲ့ V-day လေးဖြစ်ကြပါစေနော်
ဒီကနေပဲ အားလုံးကို Chocolate ပေးလိုက်ပါတယ်နော် 🍫🍫

1 month, 3 weeks ago

လက်ရှိမှာ စာသင်နေတယ်၊ Community အတွက် Sharing လုပ်နေတယ်ဆို ဒီ Post ကို ဖတ်ကြည့်စေချင်ပါတယ်။👇

ဆရာ/ဆရာမတွေအနေနဲ့ Media & Information Literacy (MIL) ကို သိထားဖို့က အရမ်းအရေးကြီးပါတယ်။

ဒါမှသာ
🟢ကျောင်းသားတွေကို အတုအယောင်သတင်းတွေကနေ ကာကွယ်ပေးနိုင်မယ်၊
🟢ဒစ်ဂျစ်တယ်စွမ်းရည်တွေ ဖွံ့ဖြိုးအောင် ကူညီပေးနိုင်မယ်၊
🟢ပညာရေးမှာ နည်းပညာကို ထိရောက်စွာ အသုံးချနိုင်မယ်။

Media & Information Literacy ကို မသိရင်
🔴ဆရာ/ဆရာမတွေက ကျောင်းသားတွေကို အတုအယောင်သတင်းတွေကနေ ကာကွယ်ဖို့ သင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေက မှားယွင်းတဲ့သတင်းတွေကို ယုံကြည်မိနိုင်ပါတယ်။
🔴MIL ကို မသိရင် ကျောင်းသားတွေကို ဒစ်ဂျစ်တယ်ခေတ်မှာ လိုအပ်တဲ့ သတင်းအချက်အလက်စီမံခန့်ခွဲနိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ဖွံ့ဖြိုးအောင် သင်ပေးနိုင်မှာ မဟုတ်ပါဘူး။
🔴ဒစ်ဂျစ်တယ်နည်းပညာတွေကို ပညာရေးမှာ ထိရောက်စွာ အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ကြားရေးက ခေတ်နဲ့မလိုက်တော့ဘဲ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။
🔴MIL ကို မသိရင် ဆရာ/ဆရာမတွေက လူမှုအသိုင်းအဝိုင်းကို သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။
🔴ကျောင်းသားတွေကိုလည်း အနာဂတ်မှာ လိုအပ်မယ့် ဒစ်ဂျစ်တယ်စွမ်းရည်တွေ၊ သတင်းအချက်အလက်စီမံခန့်ခွဲနိုင်စွမ်းတွေ ဖွံ့ဖြိုးအောင် သင်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်
Media Information literacy
Digital information literacy
Impact of Misinformation, Disinformation and Malinformation
Impact of Bias
Data privacy and Password Security Risks
စတာတွေကို (၄)ရက်တာ (အခမဲ့) သင်ပေးသွားမယ့်

“Think Before You Share: Media and Information Literacy for the Classroom”
ဆိုတဲ့ Free Training လေးကို စာရင်းပေးထားလိုက်ပါ။

🗓Date & Time🕰
17 th Feb orientation( 6:00PM -8:00PM)
19th Feb Day 1 ( 6:00PM -8:00PM)
20th Feb Day 2 ( 6:00PM -8:00PM)
21st Feb Day 3 ( 6:00PM -8:00PM)

ဒီ Training က လူငယ်တိုင်း တက်သင့်သလို တခြားသူတွေကို ပြန်သင်ပေးနေရတဲ့ ဆရာ/ဆရာမတွေ၊ ကိုယ့်လူမှုပတ်ဝန်းကျင်ကို ပြန် Share ချင်တဲ့ Community Youth Leader တွေအနေနဲ့လည်း မဖြစ်မနေ Join သင့်ပါတယ်။

Training ကို Join ပြီးသွားရင်
မီဒီယာတွေမှာ တွေ့ရသော မှားယွင်းသတင်းများ၊ လှည့်ဖြားသတင်းများနှင့် ဘက်လိုက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို သတိပြုမိသွားမယ်။
စာသင်ခန်းအတွင်းမှာ အဲ့လိုသတင်းအမှားတွေကြောင့် ဖြစ်လာမယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများ သင်ပေးနိုင်သွားမယ်။

ကျင့်ဝတ်နှင့်ညီသော၊ မတူကွဲပြားသည့် အမြင်များကို ထင်ဟပ်စေသော မီဒီယာပါဝင်မှုများကို ဖန်တီးပြီး မျှဝေနိုင်သွားမယ်။
မှားယွင်းသတင်းနှင့် လှည့်ဖြားသတင်းများ၏ သက်ရောက်မှုကို နားလည်ပြီး ၎င်းတို့ကို မည်သို့ သိရှိနိုင်မည်၊ တိုက်ဖျက်နိုင်မည်ဆိုသည်ကို ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ သူများကို ပညာပေးနိုင်သွားမယ်။
ဒီဂျစ်တယ် မီဒီယာရဲ့ လွှမ်းမိုးမှုကို နားလည်သွားပြီး မီဒီယာပေါ်က အချက်အလက်တွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်သွားမယ်။
စကားဝှက်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို နားလည်ပြီး ခိုင်မာသော စကားဝှက်များ ဖန်တီးနိုင်သွားမယ်။
ဒီဂျစ်တယ်ခြေရာကို စီမံခန့်ခွဲပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်ခိုးယူခံရခြင်း သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများကဲ့သို့သော အန္တရာယ်များကို ကာကွယ်နိုင်သွားမယ်။
လူမှုမီဒီယာပေါ်တွင် ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်ပြီး အခြားသူများနှင့် လေးစားမှုရှိသော ဆက်ဆံရေးကို တည်ဆောက်မြှင့်တင်နိုင်သွားမယ်။
အွန်လိုင်းအငြင်းပွားမှုများနှင့် မှားယွင်းသတင်းများ ပျံ့နှံ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို နားလည်သွားမယ်။

🏆အဲ့ဒီ အသိပညာတွေကို (အခမဲ့) လေ့လာနိုင်မယ့်အပြင် သေချာလေ့လာလို့ Myanmar Teacher Platform မှာ Certificate ရရှိတဲ့သူတွေကိုလည်း ဖုန်းဘေလ်ပြန်ပေးသွားမှာမို့လို့ ငွေမကုန်တဲ့အပြင် ပညာရော၊ ငွေပါ ပြန်ရနိုင်မယ့် အခွင့်အရေးပါ။🏆

အဲ့ဒီတော့ လက်မလွှတ်ဘဲ မြန်မြန်သာ နေရာယူဖို့ အောက်က Link မှာ Telegram Link ကို ရအောင်ယူထားတော့နော်။👇
https://m.me/myeo.hub?ref=thinkbefore_youshare

(တကယ်လို့ Link ကနေ Join လို့ အဆင်မပြေဘူးဆို MYEO Messenger မှာ thinkbefore_youshare လို့ စာပို့လိုက်ပါ)

Telegram Group ထဲရောက်မှ အဆင်ပြေမှာမို့လို့ Telegram Link ရတာနဲ့ Join ထားလိုက်တော့နော်။

ပြီးရင် ပြန်ကြည့်ပေးလို့ရအောင် Comment မှာ Ready လို့ မန့်ခဲ့ပေးပါဦး။

#MediaInformationLiteracy
#MyanmarTeacherPlatform
#MYEO

1 month, 3 weeks ago

MYEOer တို့အနေနဲ့ Digital skills နဲ့ပတ်သတ်ပြီး ဘာသင်တန်း တွေတက်ချင်သေးလဲ ။

4 months ago
Hello MYEOers လေးတို့အတွက် အလုပ်သင်အခွင့်အရေးလေးတစ်ခုပါ ဒါကတော့ ASEAN …

Hello MYEOers လေးတို့အတွက် အလုပ်သင်အခွင့်အရေးလေးတစ်ခုပါ ဒါကတော့ ASEAN Foundation မှာ internship ဆင်းခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ CV မှာထည့်လို့အကောင်းဆုံး experience တစ်ခုဖြစ်မှာမလို့ လျှောက်ဖို့တိုက်တွန်းပါရစေ။ တကယ့်ကိုကောင်းလွန်းတဲ့ အတွေ့အကြုံအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်နော်။
https://mymyeo.com/blog/2024/12/05/asean-foundation-internship-programme/

4 months ago
အခွင့်လမ်း by MYEO
4 months, 1 week ago

MYEOers လေးတို့ရေ Sweet December ပါနော် ❄️☃️
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလေးကို ရောက်လာပြီဆို‌တော့ နောက်နှစ်အတွက် အားအင်အပြည့်နဲ့ကြိုးစားပြီး တစ်နှစ်တာအတွင်းမှာ ကိုယ်ရဲ့ ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည်သုံးသပ်ကြရင်း ပိုကောင်းတဲ့နှစ်သစ်တစ်ခုကို အတူတူ သွားကြပါမယ်နော် အားလုံးပဲ အစစအရာရာအဆင်ပြေတဲ့ sweet december လေးဖြစ်ကြပါစေ ?
MYEO က လူငယ်တွေနဲ့အမြဲအတူရှိနေမှာပါ ?

4 months, 1 week ago
ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုတဲ့ MYEOers လေးတို့အတွက် ဒီပြိုင်ပွဲလေးမှာဝင်ပြိုင်ကြည့်ဖို့ အခွင့်အရေးကောင်းလေးပါ။ …

ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုတဲ့ MYEOers လေးတို့အတွက် ဒီပြိုင်ပွဲလေးမှာဝင်ပြိုင်ကြည့်ဖို့ အခွင့်အရေးကောင်းလေးပါ။ Theme လေးကတော့ "The Future of Farming: Pathways to Carbon-Neutral Agriculture’’ ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှက နိုင်ငံသားတိုင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်လေးတွေကို သေချာဖတ်ပြီးဝင်ပြိုင်ကြည့်ကြနော်
https://mymyeo.com/blog/2024/11/27/18th-searca-photo-contest-2024/

4 months, 1 week ago
Soft Skills တွေအကြောင်း နားထောင်ရဖို့ Talk Show …

Soft Skills တွေအကြောင်း နားထောင်ရဖို့ Talk Show Zoom link လေးအားလုံးဆီကို ပေးပို့လိုက်ပါတယ်နော်

MYEO is inviting you to a scheduled Zoom meeting.
Join Zoom Meeting
https://us02web.zoom.us/j/88158427774?pwd=EIrTjVrYPry0V0cGdbyoxKUUnKnEj2.1
Meeting ID: 881 5842 7774
Passcode: 077229

???? - ??.??.????
???? - ?:?? ?? - ?:?? ?? (???)

ဒီတစ်ခေါက်ဖိတ်ခေါ်ထားတဲ့သူကတော့ NDEN Debate Society ရဲ့ Debate Trainer တစ်ယောက်ဖြစ်တဲ့ Ma Ja Seng Lu (Mary) ဖြစ်ပြီး Students Learning Resources Center, SLRC ရဲ့ Teacher တစ်ယောက်လည်းဖြစ်ပါတယ်။

? ပညာရေး
? လူမှု‌ဆက်ဆံရေး နဲ့
? လုပ်ငန်းခွင်တွေအပြင်
? Relationship တွေအတွက်ပါ Soft Skill က ဘယ်လိုအရေးပါလဲဆိုတာကို ဒီ Talk Show မှာပြောသွားမှာပါ။

အားလုံးနဲ့ စနေနေ့ညလေးမှာ ဆုံချင်ပါတယ်နော် See you..

4 months, 1 week ago
MYEO ရဲ့ Canva Workshop မှာဆိုရင် အခြေခံကစသင်ပြီးတော့ …

MYEO ရဲ့ Canva Workshop မှာဆိုရင် အခြေခံကစသင်ပြီးတော့ သင်တန်းသားတွေကလည်း review ကောင်းတွေအများကြီးပေးထားတာကြောင့် စိတ်ချလက်ချနဲ့ လာပြီးတက်ရောက်လို့ ရပါတယ်နော် Fees ကလည်း 15,000 ကျပ်သာကျသင့်မှာဖြစ်ပါတယ်။
Workshop ကို Join မယ်ဆိုရင်တော့
အောက်က Link မှာ စာရင်းပေးလိုက်ရုံပါပဲ။?
https://m.me/myeo.hub?ref=visual_creation_with_canva

တကယ်လို့ Link က အဆင်မပြေတာ၊ စာမကျလာတာမျိုးတွေ ဖြစ်ခဲ့ရင် visual creation with canva ဆိုတဲ့စာလေးပို့ပြီး စာရင်းဆက်ပေးနိုင်ပါတယ်။

?Canva Essentials: Hands-On Design Workshop?
?November 30, 2024 (စနေနေ့)
?10:00 am - 12:00 pm (Morning Session)
2:00 pm - 4:00 pm (Evening Session)

4 months, 1 week ago
Hungary Government ကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီးတော့ မြန်မာနိုင်ငံကကျောင်းသားတွေလည်းလျှောက်ထားလို့ရပါပြီ။ ပညာသင်ဆုတွေ …

Hungary Government ကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီးတော့ မြန်မာနိုင်ငံကကျောင်းသားတွေလည်းလျှောက်ထားလို့ရပါပြီ။ ပညာသင်ဆုတွေ အများကြီးပေးမှာဖြစ်တော့ ကိုယ်နဲ့ကိုက်ညီတဲ့ ပရိုဂရမ်ဆိုရင် လျှောက်ကြည့်ကြဖို့ တိုက်တွန်းပါရစေနော်။ Scholarship အကြောင်းတွေကို ဖတ်တဲ့အခါ ကိုယ်တိုင် website တွေထဲကစာတွေကို သေချာဖတ်ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီမှုရှိမရှိကို လေ့လာဖို့ အကြံပေးပါရစေနော်။
https://mymyeo.com/blog/2024/11/25/hungary-government-scholarship/

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 months ago