ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated hace 1 año, 7 meses
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated hace 3 años, 6 meses
မင်းနဲ့ကိုယ်က
နေ နဲ့ လ လိုပဲ
မျက်နှာခြင်းဆိုင်တွေ့ရပေမဲ့
မနီးကပ်နိုင်ဘူး
#N (နှောင်းလူ)
ဆုံးဖြတ်ရခက်တဲ့ လောကကြီးမှာ သင်ပေးမဲ့ ဆရာများရှိလား?
အချစ်ရေးမှာ စွဲလမ်းမိတာ လား ချစ်မိတာလားမသိ
မနာကျင်စေခြင်ပေမဲ့ စွန့်လွတ်ခြင်းကို ဦးတည်ခဲ့တယ်
#N (နှောင်းလူ)
ဆေးဝယ်တိုက် မှဆိုရင်
ဆေးသောက်နော်ဆိုတဲ့ကျွန်မရှုံးပါတယ် ။
-ကွေကွင်းရာ
#(ယွန်း)
ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်
ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေးချမ်းနေရော ။
-နွေသစ်ငြိမ်း
ငါမရှိလဲဖြစ်တဲ့ မင်းဘဝလေး
အဆင်ပြေနေမှတော့
နူတ်မဆက်ဘဲ ဒီဆက်ဆံရေးကို
ပြတ်တောက်ပေးပါ့မယ်။
-ရှင်လွန်းညို
မင်းပြန်မချစ်နိုင်ဘူးဆိုတဲ့
အသိတစ်ခုနဲ့တင်
အရာရာရှုံးခဲ့ရတဲ့ကောင်ပါ
ဂုဏ်ပကာသနအစား
ကဗျာရေးခြစ်နေတဲ့ကောင်ပါ
ငွေမရှိရင်
ဘယ်မေတ္တာစစ်စစ်ပေါ်မှာမှ
အချစ်ဆိုတဲ့နက္ခတ်ကြယ်လေးမကြွေပါဘူး
ငါက ကဗျာရေးခြစ်နေတဲ့ကောင်ပါ
# ခန့်ထည်
နာကျင်ခြင်းအနုပညာ
သို့/မမ
ချစ်ခြင်းမေတ္တာနဲ့ပျိုးတဲ့ပန်း
မေတ္တာရနံ့သင်းပျံ့ပါရယ့်လား မမ။
ကြည့်ပါ ရှု့ပါ ခံစားပါ မမ
ဒါပေမဲ့ ပန်းတော့မပန်ရ
မမကပန်းမှမလိုတာ
မမကပန်းမှမလိုတာဗျာ။
•ခန့်သွယ်
ကျွန်တော့်ရဲ့မမ - ၁
ကျွန်တော် ဟာ
မာသာထရီဇာ လောက်
လူသားတွေကိုဂရုဏာမထားနိုင်ပါဘူး
ဒါပေမဲ့ ကျွန်တော်
ကိုယ့်အမှားနဲ့ ကိုယ်နေထိုင်ပါတယ်
ကိုယ့်တရားနဲ့ ကိုယ်နေထိုင်ပါတယ်
အဲ့ဒါဟာ
ကျွန်တော်ရဲ့ ယဉ်ကျေးမှုပေါ့
-လှသန်း
ဒီနှစ်အတွက်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ပေးနိုင်ဖို့ အထူးကြိုးစားခဲ့ပြီး
အချစ်ခံရဖို့ အတင်းမကြိုးစားသင့်ကြောင်း
တိတိကျကျ သိခဲ့ရပါတယ်။
-ဘယ်လာခင်
သူငယ်ချင်းရေ ဟယ်လင်ကဲလားကိုလဲကြားဖူးခဲ့ နပိုလီယန်လဲ ကြားဖူးခဲ့ ဟစ်တလာလဲ ကြားဖူးခဲ့ သမိုင်းရဲ့အထင်ကရ အမှားတွေအမှန်တွေလဲ ချန်ခဲ့။
စစ်တလင်းက စစ်သူရဲလိုငါတို့ ကဗျာကိုရူးသွပ်ခဲ့။
ချစ်ခြင်းမေတ္တာအကြာင်းပြောရင် စိတ်လိုက်မာန်ပါ။
စစ်အကြာင်းပြောရင် ဒေါသတွေပါနဲ့ နေ့စဉ် ငါတို့ သုံးသပ်ခဲ့ ဝေဖန်ခဲ့ ကျန်ခဲ့ကြ နေရစ်ခဲ့ကြ။
ဆီးကရက်တွေ မီးရှို့ ခေတ်ကို မီးတိုက် စရိုက်မဲ့ အနေအထားမဲ့ မျက်နှာမွဲ အဲ့သလို ခေါင်းမာရင်း ထက်ထက်ကျန်ရစ်ခဲ့ ။
အိမ်ကဘုရား လမ်းထိပ်ကဘုရား ရွှေတိဂုံသွားဆုတောင်းခဲ့ အလိုရှိသမျှ အတွက် ဘုရားအပူကပ်ခဲ့ ခြေခြိတ်ပြီးနေခဲ့ အကျိုးမဲ့ တရားမဲ့ စာနာမှုမဲ့ မင်းနဲ့ငါ ကျန်ရစ်ခဲ့။
အရာရာကို လက်တစ်ဖြစ်စာမကပုံအော်ခဲ့ကြတယ် ။
အသက်ရှုလိုက်တိုင်း လွှတ်လပ်မှုတွေ ရသလောက်ရှုသွင်းခဲ့။
ရက်စက်ခြင်းတရားကို ငါတို့လှည့်မကြည့် အကြင်နာတရားမဲ့သူတွေနဲ့ တစ်ဝိုင်းထဲ ထိုင်ခဲ့ အရာရာဟာ မတတ်သာလို့ပါ အဲ့သလို ဆင်ခြင်ပေးခဲ့။
သူငယ်ချင်းရေ ကမ္ဘာခြားခဲ့ ကျန်ရစ်သူတွေဟာငရဲ လားကြပြီး ထွက်ခွာသွားသူတွေဟာဘာဖြစ်ကြတာလဲ ကွာ ဘာဖြစ်ကြမှာလဲ ။
မသေချာတာတွေဖက်တွယ်ရင်း လက်ရှိတွေကို မငှဲ့ခဲ့ အဲ့သလိုခတ်ထဲ ငါတို့ဟာလဲ အရိုင်းဆန်စွာကြီးပြင်းခဲ့။
# လေနု
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated hace 1 año, 7 meses
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated hace 3 años, 6 meses